20 November 2012 |By Good Health
အလှအပရဲ့ နောက်ကွယ်မှာ သွားရဲ့ ကဏ္ဍက ချန်ထားလို့ မရဘူး။ မျက်နှာ ကို ကြည့်ပါ။ လှုပ်လို့ ရတာ နှစ်ခုရှိပါ တယ်။ မျက်လုံးနဲ့ ပါးစပ်ပါ။ တချို့က ပြော ကြတယ်။ ပါးက လှုပ်လို့ ရတာပဲတဲ့။ ဘယ် လိုပဲပြောပြော၊ မျက်နှာမှာ လှုပ်လိုက်တဲ့ အတွက် အမူအရာ၊ အပြုအမူနဲ့ စိတ်ညှို့ အားကို ဖြစ်စေတာပါ။ မျက်လုံးကို အရင် ကြည့်မယ်ဆိုရင် မျက်စိမမြင်တဲ့သူကို ကြည့်လိုက်ပါ။ မျက်နှာရဲ့ အလှဟာ မပြည့် စုံတာကို ခံစားရလိမ့်မယ်။ သွားမရှိတဲ့ ပါးစပ်ကို ပုံဖော်ကြည့် နိုင်ပါတယ်။ မျက်နှာတစ်ခုအတွက် သွား မရှိတဲ့ မျက်နှာဟာ အလှအပကို ပျက်စေ တယ်။ ဥပဓိရုပ်ကို ပျောက်စေတယ်။ ရုပ် ရည်အိုမင်းစေတယ်။ သွားမရှိရင် သွားတု တပ်ရပါမယ်။
သွားတုဟာ သွားအစစ် မဟုတ်တာကို တပ်ထားရသူ သိပါတယ်။ ပြုံးလိုက်၊ ရယ်လိုက်၊ ဟလိုက်တိုင်းမှာ သွား ရဲ့ အနေအထား၊ အရောင်၊ ပုံစံ၊ အထား အသိုတွေဟာ ဆွဲဆောင်မှုကို ဖြစ်စေပါ တယ်။ အကြောင်းကတော့ စကားပြော တဲ့အခါ မျက်နှာချင်း ကြည့်ပြောပါတယ်၊ သွားရောဂါအကြောင်း မဆွေးနွေးခင် သွား က မျက်နှာအလှကို ဖျက်နေတဲ့ အချက် တွေကို ဦးစားပေးပြောချင်ပါတယ်။2012 Miss International ပွဲမှာ ယှဉ်ပြိုင်သူအားလုံးက ရွှင်ပျပြုံးချိုတဲ့ အပြုံးရှိတာကြောင့် လှပတဲ့သွားတွေကို မြင်ရပါတယ်။ ပြိုင်ပွဲဝင်သူ အားလုံးဟာ ပါးစပ်ကို အပြည့်ဖွင့်၊ သွားအားလုံး ပေါ် အောင် အပြုံးနဲ့ နှုတ်ခွန်း ဆက်ကြပါတယ်။ လေယာဉ်မယ်ရွေးရာမှာ သွားမလှသူတွေ ဦးစားပေးမခံရပါ။ ကုန်တိုက်မှာ မပြုံး တတ်သူ အလုပ်မခန့်ပါ။ အပြုံးရဲ့နောက် ကွယ်မှာရှိတဲ့ ခံစားချက်ပါတဲ့ အပြုံးက ဆွဲဆောင်မှု၊ ကြည်ညိုမှု၊ လေးစားမှု၊ ခင် မင်လိုမှုနဲ့ အထင်ကြီး ကိုးကွယ်မှုတွေ ပါလာပါတယ်။
ဒါကြောင့် မျက်နှာအလှမှာ သွားအလှဟာ အရေးကြီးပါတယ်။ အ ကြောင်းကတော့ မျက်နှာရဲ့ အနေအထား ကို ပုံမှန်အတိုင်း သွားမပေါ်အောင် နေ ကြည့်ပါ။ အေးစက်မာကျော မာနကြီးပြီး ခက်ထန်တဲ့ သဏ္ဌာန်ဆောင်နေပါတယ။် ပါးစပ်ဟပြီး သွားပေါ်အောင် ပြုံးတာက ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကိုပါ စိုပြည် စေပါတယ်။ အေးချမ်းစေပါတယ်။ ရွှေအချိုးကို မောင်ကေနိုင်း ပြောခဲ့ ပြီးပါပြီ။ ပတ်ဝန်းကျင်၊ သတ္တဝါ၊ လူ့ခန္ဓာ ကိုယ်အားလုံးဟာ အလှအပနဲ့ ကြည့်ရှုဖွယ် ဖြစ်စေတဲ့ အချက်က ရွှေအချိုးနဲ့ မကင်း ပါဘူး။ သွားကလည်း ရွှေအချိုးနဲ့ ပြည့်စုံ မယ်ဆိုရင် ဘယ်လောက်လှပလိမ့်မလဲ ဆိုတာကို ပုံဖော်ကြည့်မိပါတယ်။ သိပ္ပံပ ညာနဲ့ လက်တွေ့ပညာရပ်တွေဖြစ်တာ ကြောင့် သွားတွေရဲ့ ရွှေအချိုးတိုင်းတာခဲ့ တာကို ချန်လှပ်ထား ပါတော့မယ်။
အပေါ်ရှေ့သွား နှစ်ချောင်းကြားတွင် အမည်းမြင်ရခြင်း
အပေါ်ရှေ့သွား နှစ်ချောင်းကြား မှာ အမည်းဝိုင်းသေးသေးလေးကနေ ကြီးကြီးမြင်ရတတ်ပါတယ်။ တချို့မှာ ဖြစ် ဖြစ်ချင်း သတိထားကြပြီး ချက်ချင်းပြုပြင် တတ်ပါတယ်။ သွားနှစ်ချောင်းကြားမှာ စားကြွင်းစားကျန်တွေ ညပ်ကျန်နေပြီး သွားဆွေးတာ ဒါမှမဟုတ် သွားပိုးစားတာ ဖြစ်ပေါ်လာပါတယ်။ ကြီးလာတဲ့ သွား ဆွေးပေါက်က ပြုပြင်ရခက်ခဲတတ်ပါ တယ်။ ဖြစ်တတ်တာကတော့ နောက်ကျ ရင် သွားကိုက်၊ သွားနာဖြစ်တာ၊ ပြုပြင် ထားတဲ့အခါ အရောင်ကွဲနေတာ၊ ပြုပြင် ပြီး ကြာရှည် ခိုင်ခံ့မှုမရှိတာ စတဲ့ ပြဿနာ တွေရှိတတ်ပါတယ်။ စောစောကုရင် မြန် မြန်ကောင်းမွန်ပြီး လှပတာ၊ ခိုင်ခံ့တာ၊ အ ရောင်ညီတာစတဲ့ အကျိုးတွေ ရရှိပါတယ်။
ပြုပြင်ခြင်း
သွားဆွေးတဲ့ ပမာဏ အပေါ် မူတည်ပြီး ပြုပြင်နိုင်ပါတယ်။ သေးငယ် ရင် သွားဖာတာ၊ ကြီးနေရင် ကုသတာ၊ အရောင်မတူရင် သွားကို ချွတ်လိုက်တာ နဲ့ ပြုပြင်ပေးနိုင်ပါတယ်။
သွားကျဲခြင်း
သွားကျဲတာကလည်း အလှအပကို ပျက်စီးစေပါတယ်။ လီယိုနာဒိုဒါဗင်ချီက ညီညာတာ၊ မျှတတာက အလှလို့ ဆိုပါ တယ်။ မညီမညာ ကျိုးတိုးကျဲတဲ မြင်ကွင်း က မပြည့်စုံတဲ့ မြင်ကွင်းဖြစ်နေပါတယ်။ အသံထွက်တဲ့အခါမှာလည်း သွားကျဲ လွန်းရင် လေထွက်တတ် ပါတယ်။
ပြုပြင်ခြင်း
ကျဲနေတဲ့သွားတွေက ကြီး သွားရင် စေ့သွားပါတယ်။ ဒါကြောင့် သွားအ ရောင်နဲ့ တူညီတဲ့ သွားဖာပစ္စည်းနဲ့ သွား ဘက်ဆိုင်ရာသုံး ရောင်ခြည်နဲ့ ကျဲနေတဲ့ သွားကို ညီပြီး စေ့သွားအောင် ပြန်လည် အလှဆင်နိုင်ပါတယ်။
ရှေ့သွားများ ချွန်သေးသေးဖြစ်နေခြင်း
တချို့သွားတွေဟာ ချွန်ချွန်သေးသေး ပုံစံတွေနဲ့ မြင်တွေ့ရတာကြောင့် မျက်နှာအ တွက် မလှပါဘူး။ ပါးစပ်ထဲမှာ ရှိနေတဲ့ သွားတွေရဲ့ Anatomy မူရင်းအတိုင်း ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။
ပြုပြင်ခြင်း
သွားပုံစံ၊ သွားအရောင်၊ သွားအရွယ် တူအောင်တွက်ပြီး သေးချွန် နေတဲ့ သွားတွေမှာ သွားတု ပြန်စွပ်ကာ အလှဆင်ပြုပြင်နိုင်ပါတယ်။
ရှေ့သွားများ အပြင်သို့ ထွက်နေခြင်း
အပြင်ကို ရှေ့သွားတွေ ထွက်နေတာ ကို သွားခေါ၊ အုန်းခြစ်၊ ပေါက်ခေါ စသ ဖြင့် အမည်ပြောင်ပေးကြပါတယ်။ တချို့ က ပါးစပ်ပိတ်မရအောင် အပြင်ထွက်နေ တာကြောင့် ခပ်တည်တည် နေလို့ မရပါ။ အမြဲတမ်း ပါးစပ်ဟနေသလို ဖြစ်နေပါတယ်။ အဲဒီလိုအခြေအနေက မေးရိုးထွက်နေတာ၊ သွားတွေ သီးသန့် ထွက်နေတာရှိပါတယ်။ မေးရိုးထွက်နေတာက ပြုပြင်ရ ခက်ခဲပြီး သွားသီးသန့်ထက်တာက ပြုပြင်နိုင်ပါတယ်။
ပြုပြင်ခြင်း
သွားတွေ သီးသန့်အပြင် ရှေ့ကို ထွက်နေရင် သွားညှိကုသပညာရှင် တွေနဲ့ ဆွေးနွေးပြီး ပြုပြင်အလှဆင်နိုင်ပါ တယ်။ ပါးစပ်ထဲမှာ သွားညှိကု ကိရိယာ တပ်ဆင်ထားရပါတယ်။
သွားနှင့် သွားဖုံးတစ်ဝိုက် မည်းနေခြင်း
သွားနဲ့သွားဖုံးပတ်ဝန်းကျင်မှာ ညို ညိုမည်းမည်းတွေ အဖတ်လိုက်ကပ်နေ တာကို တွေ့ဖူးကြပါလိမ့်မယ်။ အဲဒီအ ရာတွေက သွားကို စနစ်မှန် ပုံမှန် မတိုက် လို့ တံတွေးကတစ်ဆင့် ရရှိလာတဲ့ ကျောက် တွေ၊ ပလပ်တွေ တွယ်ကပ်နေတာပါ။ မိမိ ဘာသာ ဖယ်ထုတ်လို့ မရပါ။ ကွမ်းစား တာ၊ ဆေးလိပ်သောက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပြုပြင်ခြင်း
သွားဖုံးနားတစ်ဝိုက် မည်းနေ တဲ့ ချိုး(ဂျိုး)တွေကို ခြောက်လတစ်ကြိမ် ဖယ်ထုတ်သန့်စင်ပေးသင့်ပါတယ်။ အဲဒါ တွေကို ဖယ်ထုတ်လိုက်တာနဲ့ လှပလာပါ လိမ့်မယ်။ ကျောက်ခဲတွေကို ကိုယ့်ဘာ သာကိုယ် ဖယ်ထုတ်လို့ မရနိုင်ပါဘူး။ သွား ဘက်ဆိုင်ရာဆေးခန်းတွေမှာ ကျောက်ခဲ တွေ ဖယ်ထုတ်တဲ့ စက်ကိရိယာတွေနဲ့ ဖယ်ထုတ်သန့်စင်မှသာ ဖြူဖွေးတောက် ပြောင်လှပတဲ့ သွားတွေ ရရှိနိုင်ပါတယ်။
သွားဖုံးများ ဖောင်းကြွနေခြင်း
သွားဖုံးတွေမှာလည်း အလှရှိပါ တယ်။ သိသာထင်ရှားစွာ မြင်နိုင်တဲ့ ဖောင်းနေတဲ့သွားဖုံးတွေ(ရောင်နေတာ)၊ နီမြန်းနေတာတွေရှိခဲ့ရင် မျက်နှာရဲ့အလှ ကို ပျက်စေပါတယ်။ သွားဖုံးကို ပြုပြင်ပေး ဖို့ လိုအပ်ပါတယ်။ ပြုပြင်ပြီးရင် သွားဖုံး အလှ၊ သွားအလှ အချိုးညီနေပါလိမ့်မယ်။
ပြုပြင်ခြင်း
သွားဖုံးကို ကိုယ့်ဘာသာ ကိုယ် ပြုပြင်လို့ မဖြစ်နိုင်ပါ။ ကျွမ်းကျင် တဲ့ သွားဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက် အရ ပြုပြင်နိုင်ပါတယ်။ ရောဂါရှိပြီး ဖောင်းကြွ နီမြန်းနေတာဖြစ်လို့ ရောဂါကို ကုသရပါမယ်။ ရောင်နေတဲ့၊ ကြီးနေတဲ့ သွားဖုံးကို ခွဲလိုက်ရင် ပြန်လည်ကောင်း သွားပြီး သွားဖုံးကျန်းမာ လာပါလိမ့်မယ်။
သွားများ ညိုမည်းခြင်း
တချို့သွားတွေက ကျောက်ခဲတွေ ကြောင့်မဟုတ်ဘဲ ညိုမည်းနေတာကို မြင်တွေ့ရနိုင်ပါတယ်။ တချို့သွားတွေက သွားအသက်မရှိလို့ ညိုမည်းနေတာ ဖြစ် ပါတယ်။ သွားအသက်ရှိတဲ့ ညိုမည်းနေ တဲ့ သွားတွေကို Whitening Teeth နည်း နဲ့ ပြုပြင်ပြီး လှပအောင် လုပ်နိုင်ပါတယ်။
ပြုပြင်ခြင်း
ပုံမှန်အားဖြင့် သွားဖြူစေဖို့ သွားတိုက်တဲ့နည်းနဲ့ ပြုပြင်နိုင်ပါတယ်။ အဲဒီနည်းနဲ့ မရရင် အထူးသီးသန့် သွား ဖြူစေနိုင်တဲ့ နည်းတွေနဲ့ ပြုပြင်ပြီး ဖြူဖွေး လာအောင် အချိန်ပေးလုပ်ရပါတယ်။
သွားများထပ်နေခြင်း
တချို့သွားတွေက နေရာမလောက် လို့ သွားထပ်တာ၊ ဘယ်ညာမညီတာ၊ ရွေ့ နေတာ၊ စောင်းနေတာ၊ သီးသန့်အပြင် တွန့်နေတဲ့အခြေအနေတွေ ဖြစ်ပါ တယ်။ သွားထပ်နေသူတွေကို သွားသူဌေးလို့ ခေါ်ကြတယ်။ အကြောင်းကတော့ ရယ် မော်လိုက်တိုင်း သွားတွေကို တစ်ထပ်ပို မြင်တွေ့ရတာကြောင့်ပါ။ ဒီလိုသွားထပ် တာကလည်း အလှအပပျက်စေပါတယ်။
ပြုပြင်ခြင်း
သွားထပ်တာက မျိုးရိုးလိုက် တတ်ပါတယ်။ မိဘက သွားထပ်သူဖြစ် ရင် သားသမီးတွေပါ သွားထပ်တတ်ပါ တယ်။ သွားထပ်တာကို သီးသန့် သွားညှိ ကုဆရာဝန်နဲ့ ပြုပြင်မယ်ဆိုရင် လှသွား ပါလိမ့်မယ်။ သွားထပ်သူတွေဟာ သွားလှ ဖို့နဲ့ သွားတွေ ညီညာဖို့အတွက် ပြုပြင်သင့် ပါတယ်။ သွားကျန်းမာရေးက သွားညီ တာနဲ့လည်း ဆက်စပ်နေပါတယ်။
အောက်သွားများ အထဲဝင်နေခြင်း
တချို့မှာ ထူးထူးခြားခြား အဘိုး၊ အဘွားတွေလို အောက်မေးရိုးက ရှေ့ကို ထွက်နေတာ တွေ့ရပါတယ်။ ရှားပေမယ့် အောက်မေးရိုးရှေ့ထွက်ရင် မလှပါဘူး။
ပြုပြင်ခြင်း
အောက်မေးရိုးရှေ့ကို ထွက်တာက ပြုပြင်ရတာ ခက်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့သွားညှိကု ဆရာဝန် တွေနဲ့ တိုင်ပင်ပြီး စောစောကုမယ်ဆို ရင်တော့ အောင်မြင်နိုင်ခြေ ရှိပါတယ်။
Burcal Corridor
ဘာကယ်ကော်ရီဒါဆိုတာ ရယ်မော လိုက်တဲ့အခါ ပါးစပ်တွင်းကြည့်မယ်ဆိုရင် ရှေ့သွားတွေကို မြင်ရပြီး အံသွားနေရာမှာ မည်းမှောင်၊ ချိုင့်ဝင်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရှေ့သွားတွေက ဖြူဖွေးပြီး နောက်အံသွားတွေက အပြည့်မပေါ်တော့ သွားအလှ ပျက်နေပါတယ်။ ဘာကယ် ကော်ရီဒါဖြစ်သူ အတော်များများရှိပါ တယ်။ တချို့မှာ အံသွားမရှိလို့၊ တချို့က အံသွားအထဲဝင်နေလို့ပါ။
ပြုပြင်ခြင်း
ဖြစ်ပွားရတဲ့ အကြောင်းရင်း ပေါ်မူတည်ပြီး လှပအောင် ပြုပြင်ရပါ တယ်။ တချို့က ရှေ့သွားပဲဖြူနေပြီး အံသွား တွေ မည်းနေတာလည်း ဖြစ်နိုင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။