ကြုံတွေ့ခဲ့ရသော သမီးတော်များ
- ကိုရင်မောင်
Tomorrow ဂျာနယ်တွင် သမီးတော်ရာဇ၀င်ကို ဆရာ လက်စောင်းထက် ရေးနေသည်ကို ဖတ်ရှုရသော အခါတွင် ဤသမီးတော်များသည် အဘယ်ကြောင့် လူများအား ဗိုလ်ကျနှိပ်စက်မှုများ ပြုနေသနည်းဟု စဉ်းစားမိပါသည်။ ၄င်းတို့၏ ဖခင်မှာ အာဏာရှင်ကြီးဟု ပြောသော်လည်း တဖက်မှ ကြားသိရသည်မှာ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်ကြောင်း သိရပါသည်။
၎င်းတို့၏ ရမ်းကားမှု ဗိုလ်ကျမှုများကို ၄င်းတို့ဖခင်သိရှိပုံ မပေါ်နိုင်ပါ။
သို့သော် ဤဖြစ်ရပ်များအတွက် အာဏာရှင်ကြီးတွင် တာဝန်ရှိပါသည်။ တစ်ချိန်က ဆိုဗီယက် ယူနီယံကြီးတွင် အာဏာရှင် စတာလင် အုပ်ချုပ်ခဲ့ပါသည်။ သို့သော် ၄င်းတို့၏ သမီးမှာ ဆရာ လက်စောင်းထက်၏ ဆောင်းပါးမှ သမီးတော်များကဲ့သို့ လုပ်ကိုင်သည်ကို မကြားခဲ့ရပါ။ အလားတူပင် တရုတ်ပြည်မှ အာဏာအပြည့်အ၀ရှိသော ဥက္ကဋ္ဌကြီး မော်စီတုန်းသည် သူ၏သမီးအား သူ့နားတွင် မနေစေဘဲ Communeတွင် ထားပါသည်။ ၀န်ကြီးချုပ် ချူအင်လိုင်းမှ ၄င်းဖခင်မသိစေဘဲ အိမ်သို့ခေါ်၍ ရံဖန်ရံခါ ကျွေးမွေးပါသည်။ ထို့နည်းတူ ၄င်းအခြား အာဏာရှင် ခေါင်းဆောင်များသည် မိမိတို့၏ သားသမီးများအား ထင်တိုင်းကြဲခွင့်မရပါ။ သို့သော် မြန်မာနိုင်ငံ၏ အာဏာရှင် သမီးတော်များမှာ ချွင်းချက်ဖြစ်ပုံရပါသည်။ တရုတ်နိုင်ငံတွင် သမီးတော် တစ်ဦးသည် အိမ်ဖော်မလေးအား မကျေနပ်၍ အလွန်အေးသော တရုတ်ပြည်၊ ဘေကျင်းမြို့ ဆောင်းရာသီတွင် အနွေးထည် မ၀တ်စေဘဲ ပြစ်ဒဏ်ပေးခဲ့ကြောင်းကိုလည်း သံအမတ်ကြီး ပြောပြခဲ့ပါသည်။ ယင်းသံအမတ်ကြီးသည် သမီးတော်ဒဏ်မခံနိုင်၍ ပင်စင်ယူသွားပါတော့သည်။
သမီးတော်များနှင့် ပတ်သက်၍ တစ်ခါက မန္တလေးမြို့တော်ဝန်သည် စိတ်ညစ်စွာဖြင့် ငြီးထွားသည်ကို ကြားခဲ့ရဘူးပါသည်။ မြို့တော်ဝန်မှ ၄င်း၏သူငယ်ချင်း တစ်ဦးအား “အရင်အကြွေးတောင် မကျေသေးဘူးကွာ၊ အခုထပ်ယူသွားပြန်ပြီ” ၄င်း၏ ပြောကြားချက်မှာ ရွှေဆိုင်များတွင် တင်သော အကြွေးများ မကျေသေးမီ နောက်ထပ် အကြွေးတင်ရှိနေပုံကို ပြောပြခြင်း ဖြစ်ပါသည်။ ဤနေရာတွင် ယခင်အာဏာရှင် ဦးနေ၀င်းသည် ခရီးလှည့်လည်သောအခါတွင် မည်သည့် သားသမီးများကိုမှ ခေါ်သွားသော ထုံးစံမရှိပါ။ ဆယ်ခါတစ်ခါလောက် လိုက်ချင် လိုက်ရမည်။ ထိုကာလ၊ ဦးနေ၀င်းသည် တိုင်းနယ်ပြည်နယ်များသို့ သွားသောအခါတိုင်း ကုန်ကျစရိတ်ကို သမ္မတရုံးမှ ရှင်းပါသည်။ တပ်မတော် အစိုးရ တစ်လျှောက်လုံးတွင် နိုင်ငံတော် အကြီးအကဲနှင့်တကွ ကျန်ဝန်ကြီးများသည် သက်ဆိုင်ရာ ဒေသ၏ စရိတ်များကို အသုံးပြုပြီး ၄င်းတို့၏ ခရီးစဉ်များကို သွားလာခဲ့ပါသည်။ ၀န်ကြီးဌာနထဲတွင် ဘတ်ဂျက်ရှိပြီးသား ဖြစ်သော်လည်း မည်သည့်ဗိုလ်ချုပ်ကြီးမျှ ကုန်ကျစရိတ်များ ရှင်းလင်းသည်ကို မကြားခဲ့ရဘူးပါ။ သက်ဆိုင်ရာ စစ်တိုင်းမှူးများသည် ၄င်းကုန်ကျစရိတ်များကို အစီအစဉ် အမျိုးမျိုးဖြင့် ရှာဖွေခဲ့ကြပါသည်။ မြို့နယ်များရှိ သက်ဆိုင်ရာဌာန ချုပ်များသည် စစ်တိုင်း သို့မဟုတ် ဗျူဟာတို့မှ ခွဲတမ်းချသည့်အတိုင်း ကုန်ကျငွေများကို နည်းအမျိုးမျိုးဖြင့် ရှာကြံခဲ့ရပါသည်။ နောက်ဆုံးတွင် ပြည်သူများသာ ခံခဲ့ရပါသည်။
သမီးတော်များနှင့် ပတ်သက်၍ ကြုံခဲ့ရဖူးသော အတွေ့အကြုံကို ရေးသားဖော်ပြပါမည်။ အာဏာရှင်ကြီးနှင့် အကြီးအကဲ မိသားစု အဖွဲ့ဝင် အားလုံးသည် ၀န်ကြီးပေါင်း မြောက်မြားစွာဖြင့် နယ်စပ်ဒေသ ကော့သောင်းမြို့လေးသို့ ဆိုက်ရောက်လာပါသည်။ ကော့သောင်းသည် ယခင်ကာလက (ဂ) အဆင့်မြို့နယ်လေးသာ ဖြစ်သော်လည်း ယခုအခါ ခရိုင်မြို့ ဖြစ်နေပါသည်။ အာဏာရှင်ကြီးနှင့် မိသားစုသည် ကော့သောင်းတပ်နယ်ရှိ ရိပ်သာကြီးတွင်နေပြီး၊ ကစထမှူး စစ်ထောက်ချုပ်၊ တိုင်းမှူး၊ ၀န်ကြီးများမှာ ရိပ်သာ၏ အပြင်ဘက်ရှိ ရိပ်သာများတွင် နေကြရပါသည်။ ၀န်ကြီး၊ ဗိုလ်ချုပ်ဆိုသူမှာလည်း တစ်ခန်းတွင် နှစ်ယောက်ဆီ နေကြရ၍ အတော်ပင် ငြီးငြူရကြောင်း ကြားသိရပါသည်။ ကော့သောင်းတွင် အဓိကပြဿနာမှာ မော်တော်ယာဉ်များ လုံလောက်မှု မရှိခြင်း ဖြစ်ပါသည်။ မြို့ထဲမှ စလွန်းကားများ ချောဆွဲရပါတော့သည်။ ယာဉ် စီစဉ်ရာတွင် သမီးတော်များကို တစ်ဦးလျှင် တစ်စီးနှုန်းကျ စီစဉ်ထားပြီး ၀န်ကြီးများတွင် ၀န်ကြီး သုံးဦးလျှင် ကားတစ်စီးနှုန်းဖြင့် စီစဉ်ခဲ့ပါသည်။ အချို့ကားများမှာ အဲယားကွန်း မရှိခြင်းကြောင့် ၀န်ကြီးများသည် ပူပြင်းသော ကော့သောင်း ရာသီဥတုတွင် ချွေးတလုံးလုံးဖြင့် အာဏာရှင်၏ နောက်မှ လိုက်နေပြီး သမီးတော်များမှာ တစ်ဦးလျှင် တစ်စီးဖြင့် စမတ်ကျ နေပါသည်။ ကော့သောင်းမြို့သည် သေးငယ်သော မြို့တစ်မြို့ ဖြစ်၍ မည်သည့်နေရာကိုမျှ လည်ပတ်စရာမရှိပါ။ သမီးတော်များသည် ဈေးအတွင်းဝင်ပြီး စိတ်တိုင်းကျ မွှေပါတော့သည်။
သမီးတော်များအား တာဝန်ယူ၍ လိုက်ပို့ရသော ဗျူဟာမှူး ကတော်မှာလဲ ရင်တထိတ်ထိတ်ဖြင့် ကော့သောင်း ဈေးထဲသို့ ၀င်ရောက်ခဲ့ပါတော့သည်။ သမီးတော်များသည် တွေ့သမျှ ပစ္စည်းများကို အ၀တ်အထည်ဆိုလျှင်လည်း အလိတ်လိုက်၊ ပါတိတ်လုံချည်ဆိုလျှင်လည်း အစည်းလိုက်၊ ဇာများဆိုလျှင်လည်း အလိတ်လိုက် လက်ညိုးထိုးကာ ယူပါတော့သည်။ ဈေးထဲတွင် စိတ်တိုင်းကျ ၀ယ်ခြမ်းပြီးနောက် ဗျူဟာမှူးကတော်သည် ဆိုင်များသို့ သွားရောက်ပြီး ကုန်ကျ စရိတ်များကို တွက်ချက်လိုက်သောအခါတွင် သိန်းနှစ်ရာနီးပါးခန့် ရှိပါသည်။ ဤပမာဏမှာ မန္တလေးကဲ့သို့ တိုင်းကြီးများတွင် အကင်းလောက်သာ ဖြစ်သော်လည်း ကော့သောင်းကဲ့သို့ မြို့ငယ်လေးတွင် ဗျူဟာမှူးသည် ဤငွေအတွက် ခေါင်းခဲရပါတော့သည်။ သို့သော် အရိပ်သုံးပါးကို နားလည်သော ယုဇန ဦးဌေးမြင့်သည် တန်ဖိုးအားလုံးကို ရှင်းပေးလိုက်၍ ဗျူဟာမှူးလုပ်သူမှာ အသက်ရှူ ချောင်ခဲ့ရလေတော့သည်။
သမီးတော်များနှင့် ပတ်သက်၍ ဆရာလက်စောင်းထက် ရေးသား ဖော်ပြချက်များသည် တစ်ထောင့် တစ်ည ပုံပြင်များထက်ပင် ဖတ်၍ ကောင်းပါသည်။ ပြောရလျှင် မြန်မာနိုင်ငံ၏ တစ်ထောင့်တစ်ည ပုံပြင်များ ဖြစ်ပါသည်။ ကြားသိရသော အချက်အလက်များအရ ၄င်း၏ ရေးသားချက်များမှာ ကိုယ်တိုင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက် တစ်ခုဖြစ်၍ ကော့သောင်းကဲ့သို့ မြို့ကလေးတွင် ဤသို့ဖြစ်ပါက မြို့ကြီးများတွင် မည်ကဲ့သို့ လုပ်ဆောင်မည်ကို စဉ်းစားတွေးခေါ် ကြည့်ကြပါ။
- ကိုရင်မောင်
(Tomorrow မှကူးယူဖော်ပြပါသည်။)
- ကိုရင်မောင်
Tomorrow ဂျာနယ်တွင် သမီးတော်ရာဇ၀င်ကို ဆရာ လက်စောင်းထက် ရေးနေသည်ကို ဖတ်ရှုရသော အခါတွင် ဤသမီးတော်များသည် အဘယ်ကြောင့် လူများအား ဗိုလ်ကျနှိပ်စက်မှုများ ပြုနေသနည်းဟု စဉ်းစားမိပါသည်။ ၄င်းတို့၏ ဖခင်မှာ အာဏာရှင်ကြီးဟု ပြောသော်လည်း တဖက်မှ ကြားသိရသည်မှာ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်ကြောင်း သိရပါသည်။
၎င်းတို့၏ ရမ်းကားမှု ဗိုလ်ကျမှုများကို ၄င်းတို့ဖခင်သိရှိပုံ မပေါ်နိုင်ပါ။
သို့သော် ဤဖြစ်ရပ်များအတွက် အာဏာရှင်ကြီးတွင် တာဝန်ရှိပါသည်။ တစ်ချိန်က ဆိုဗီယက် ယူနီယံကြီးတွင် အာဏာရှင် စတာလင် အုပ်ချုပ်ခဲ့ပါသည်။ သို့သော် ၄င်းတို့၏ သမီးမှာ ဆရာ လက်စောင်းထက်၏ ဆောင်းပါးမှ သမီးတော်များကဲ့သို့ လုပ်ကိုင်သည်ကို မကြားခဲ့ရပါ။ အလားတူပင် တရုတ်ပြည်မှ အာဏာအပြည့်အ၀ရှိသော ဥက္ကဋ္ဌကြီး မော်စီတုန်းသည် သူ၏သမီးအား သူ့နားတွင် မနေစေဘဲ Communeတွင် ထားပါသည်။ ၀န်ကြီးချုပ် ချူအင်လိုင်းမှ ၄င်းဖခင်မသိစေဘဲ အိမ်သို့ခေါ်၍ ရံဖန်ရံခါ ကျွေးမွေးပါသည်။ ထို့နည်းတူ ၄င်းအခြား အာဏာရှင် ခေါင်းဆောင်များသည် မိမိတို့၏ သားသမီးများအား ထင်တိုင်းကြဲခွင့်မရပါ။ သို့သော် မြန်မာနိုင်ငံ၏ အာဏာရှင် သမီးတော်များမှာ ချွင်းချက်ဖြစ်ပုံရပါသည်။ တရုတ်နိုင်ငံတွင် သမီးတော် တစ်ဦးသည် အိမ်ဖော်မလေးအား မကျေနပ်၍ အလွန်အေးသော တရုတ်ပြည်၊ ဘေကျင်းမြို့ ဆောင်းရာသီတွင် အနွေးထည် မ၀တ်စေဘဲ ပြစ်ဒဏ်ပေးခဲ့ကြောင်းကိုလည်
သမီးတော်များနှင့် ပတ်သက်၍ တစ်ခါက မန္တလေးမြို့တော်ဝန်သည် စိတ်ညစ်စွာဖြင့် ငြီးထွားသည်ကို ကြားခဲ့ရဘူးပါသည်။ မြို့တော်ဝန်မှ ၄င်း၏သူငယ်ချင်း တစ်ဦးအား “အရင်အကြွေးတောင် မကျေသေးဘူးကွာ၊ အခုထပ်ယူသွားပြန်ပြီ” ၄င်း၏ ပြောကြားချက်မှာ ရွှေဆိုင်များတွင် တင်သော အကြွေးများ မကျေသေးမီ နောက်ထပ် အကြွေးတင်ရှိနေပုံကို ပြောပြခြင်း ဖြစ်ပါသည်။ ဤနေရာတွင် ယခင်အာဏာရှင် ဦးနေ၀င်းသည် ခရီးလှည့်လည်သောအခါတွင် မည်သည့် သားသမီးများကိုမှ ခေါ်သွားသော ထုံးစံမရှိပါ။ ဆယ်ခါတစ်ခါလောက် လိုက်ချင် လိုက်ရမည်။ ထိုကာလ၊ ဦးနေ၀င်းသည် တိုင်းနယ်ပြည်နယ်များသို့ သွားသောအခါတိုင်း ကုန်ကျစရိတ်ကို သမ္မတရုံးမှ ရှင်းပါသည်။ တပ်မတော် အစိုးရ တစ်လျှောက်လုံးတွင် နိုင်ငံတော် အကြီးအကဲနှင့်တကွ ကျန်ဝန်ကြီးများသည် သက်ဆိုင်ရာ ဒေသ၏ စရိတ်များကို အသုံးပြုပြီး ၄င်းတို့၏ ခရီးစဉ်များကို သွားလာခဲ့ပါသည်။ ၀န်ကြီးဌာနထဲတွင် ဘတ်ဂျက်ရှိပြီးသား ဖြစ်သော်လည်း မည်သည့်ဗိုလ်ချုပ်ကြီးမျှ ကုန်ကျစရိတ်များ ရှင်းလင်းသည်ကို မကြားခဲ့ရဘူးပါ။ သက်ဆိုင်ရာ စစ်တိုင်းမှူးများသည် ၄င်းကုန်ကျစရိတ်များကို အစီအစဉ် အမျိုးမျိုးဖြင့် ရှာဖွေခဲ့ကြပါသည်။ မြို့နယ်များရှိ သက်ဆိုင်ရာဌာန ချုပ်များသည် စစ်တိုင်း သို့မဟုတ် ဗျူဟာတို့မှ ခွဲတမ်းချသည့်အတိုင်း ကုန်ကျငွေများကို နည်းအမျိုးမျိုးဖြင့် ရှာကြံခဲ့ရပါသည်။ နောက်ဆုံးတွင် ပြည်သူများသာ ခံခဲ့ရပါသည်။
သမီးတော်များနှင့် ပတ်သက်၍ ကြုံခဲ့ရဖူးသော အတွေ့အကြုံကို ရေးသားဖော်ပြပါမည်။ အာဏာရှင်ကြီးနှင့် အကြီးအကဲ မိသားစု အဖွဲ့ဝင် အားလုံးသည် ၀န်ကြီးပေါင်း မြောက်မြားစွာဖြင့် နယ်စပ်ဒေသ ကော့သောင်းမြို့လေးသို့ ဆိုက်ရောက်လာပါသည်။ ကော့သောင်းသည် ယခင်ကာလက (ဂ) အဆင့်မြို့နယ်လေးသာ ဖြစ်သော်လည်း ယခုအခါ ခရိုင်မြို့ ဖြစ်နေပါသည်။ အာဏာရှင်ကြီးနှင့် မိသားစုသည် ကော့သောင်းတပ်နယ်ရှိ ရိပ်သာကြီးတွင်နေပြီး၊ ကစထမှူး စစ်ထောက်ချုပ်၊ တိုင်းမှူး၊ ၀န်ကြီးများမှာ ရိပ်သာ၏ အပြင်ဘက်ရှိ ရိပ်သာများတွင် နေကြရပါသည်။ ၀န်ကြီး၊ ဗိုလ်ချုပ်ဆိုသူမှာလည်း တစ်ခန်းတွင် နှစ်ယောက်ဆီ နေကြရ၍ အတော်ပင် ငြီးငြူရကြောင်း ကြားသိရပါသည်။ ကော့သောင်းတွင် အဓိကပြဿနာမှာ မော်တော်ယာဉ်များ လုံလောက်မှု မရှိခြင်း ဖြစ်ပါသည်။ မြို့ထဲမှ စလွန်းကားများ ချောဆွဲရပါတော့သည်။ ယာဉ် စီစဉ်ရာတွင် သမီးတော်များကို တစ်ဦးလျှင် တစ်စီးနှုန်းကျ စီစဉ်ထားပြီး ၀န်ကြီးများတွင် ၀န်ကြီး သုံးဦးလျှင် ကားတစ်စီးနှုန်းဖြင့် စီစဉ်ခဲ့ပါသည်။ အချို့ကားများမှာ အဲယားကွန်း မရှိခြင်းကြောင့် ၀န်ကြီးများသည် ပူပြင်းသော ကော့သောင်း ရာသီဥတုတွင် ချွေးတလုံးလုံးဖြင့် အာဏာရှင်၏ နောက်မှ လိုက်နေပြီး သမီးတော်များမှာ တစ်ဦးလျှင် တစ်စီးဖြင့် စမတ်ကျ နေပါသည်။ ကော့သောင်းမြို့သည် သေးငယ်သော မြို့တစ်မြို့ ဖြစ်၍ မည်သည့်နေရာကိုမျှ လည်ပတ်စရာမရှိပါ။ သမီးတော်များသည် ဈေးအတွင်းဝင်ပြီး စိတ်တိုင်းကျ မွှေပါတော့သည်။
သမီးတော်များအား တာဝန်ယူ၍ လိုက်ပို့ရသော ဗျူဟာမှူး ကတော်မှာလဲ ရင်တထိတ်ထိတ်ဖြင့် ကော့သောင်း ဈေးထဲသို့ ၀င်ရောက်ခဲ့ပါတော့သည်။ သမီးတော်များသည် တွေ့သမျှ ပစ္စည်းများကို အ၀တ်အထည်ဆိုလျှင်လည်း အလိတ်လိုက်၊ ပါတိတ်လုံချည်ဆိုလျှင်လည်း အစည်းလိုက်၊ ဇာများဆိုလျှင်လည်း အလိတ်လိုက် လက်ညိုးထိုးကာ ယူပါတော့သည်။ ဈေးထဲတွင် စိတ်တိုင်းကျ ၀ယ်ခြမ်းပြီးနောက် ဗျူဟာမှူးကတော်သည် ဆိုင်များသို့ သွားရောက်ပြီး ကုန်ကျ စရိတ်များကို တွက်ချက်လိုက်သောအခါတွင် သိန်းနှစ်ရာနီးပါးခန့် ရှိပါသည်။ ဤပမာဏမှာ မန္တလေးကဲ့သို့ တိုင်းကြီးများတွင် အကင်းလောက်သာ ဖြစ်သော်လည်း ကော့သောင်းကဲ့သို့ မြို့ငယ်လေးတွင် ဗျူဟာမှူးသည် ဤငွေအတွက် ခေါင်းခဲရပါတော့သည်။ သို့သော် အရိပ်သုံးပါးကို နားလည်သော ယုဇန ဦးဌေးမြင့်သည် တန်ဖိုးအားလုံးကို ရှင်းပေးလိုက်၍ ဗျူဟာမှူးလုပ်သူမှာ အသက်ရှူ ချောင်ခဲ့ရလေတော့သည်။
သမီးတော်များနှင့် ပတ်သက်၍ ဆရာလက်စောင်းထက် ရေးသား ဖော်ပြချက်များသည် တစ်ထောင့် တစ်ည ပုံပြင်များထက်ပင် ဖတ်၍ ကောင်းပါသည်။ ပြောရလျှင် မြန်မာနိုင်ငံ၏ တစ်ထောင့်တစ်ည ပုံပြင်များ ဖြစ်ပါသည်။ ကြားသိရသော အချက်အလက်များအရ ၄င်း၏ ရေးသားချက်များမှာ ကိုယ်တိုင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက် တစ်ခုဖြစ်၍ ကော့သောင်းကဲ့သို့ မြို့ကလေးတွင် ဤသို့ဖြစ်ပါက မြို့ကြီးများတွင် မည်ကဲ့သို့ လုပ်ဆောင်မည်ကို စဉ်းစားတွေးခေါ် ကြည့်ကြပါ။
- ကိုရင်မောင်
(Tomorrow မှကူးယူဖော်ပြပါသည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။