လောကကြီးမှာ နေရာတစ်နေရာ နှင့် ဇော်ဝင်းထွဋ်
📣📣📣📣📣📣📣📣📣📣📣📣📣📣📣📣📣📣📣
Q - ကိုဇော်ဝင်းထွဋ် ငယ်ဘဝအကြောင်းလေးနဲ့ စရအောင်...။
အထူးသဖြင့် ဝါသနာပေါ့။ ဘယ်လိုဝါသနာ ပါခဲ့တယ်ဆိုတာလေး...။
A - ကလေးဘဝတစ်လျှောက်လုံးကို လွှမ်းမိုးခဲ့တာကတော့ ပန်းချီကားတွေရယ်၊
ကာတွန်းရုပ်ကလေးတွေရယ်၊ MAD မဂ္ဂဇင်းထဲက အရုပ်တွေ၊ ပုဂံဘုရားတွေ၊
ဆရာဦးသောင်းဟန်ရဲ့  ကောင်မလေးပုံတွေ၊ မင်းမင်းလတ်သီချင်းတွေ။
မေ့မေ့အစီအစဉ်နဲ့ Recording လုပ်တော့ ကျွန်တော်(၃)တန်း၊ ရည်မွန်တီးဝိုင်းနဲ့၊
(၉) တန်းရောက်တော့ ကိုယ်တိုင်တီးဝိုင်းတစ်ဝိုင်းမှာ ပါနေပြီ။ ဆိုတယ်၊ တီးတယ်။
ကျွန်တော့်အစ်ကိုရယ်၊ သူငယ်ချင်းတွေရယ်။
(၁၀) တန်းအောင်တော့ ပန်းချီပြပွဲတွေမှာ တစ်ကား၊ နှစ်ကား တင်ကြည့်တယ်
OASIS တီးဝိုင်းမှာလည်း ဂစ်တာဝင်တီးနေပြီ။ ဗိုလ်ချုပ်အောင်ဆန်းဈေးထဲက
ကိုလှစိန်ဆိုင်မှာ ပို့စကဒ်လေးတွေဆွဲပြီး တင်ရောင်းတယ်။ မုန့်ဖိုးလောက်တော့
အိုကေတယ်။ ဂစ်တာတီးလို့ရတဲ့ပိုက်ဆံကို ဖေဖေ့ကိုအပ်တယ် (အဲဒီတုန်းက
ဖေဖေ့မျက်နှာကို အခုကြည့်ချင်လိုက်တာ) အဲဒီဝါသနာနှစ်ခုက အခုလည်း
ရှေ့ဆင့်နောက်ဆင့်ပါပဲ။
Q - ဘယ်အရွယ်ကစပြီး...ကိုယ့်ကို ကိုယ် တွေ့ရှိတယ်လို့ ထင်ခဲ့သလဲ...။
A - သမီးလေး မွေးလာတော့မှ ဘယ်လောက်မေ့လျော့စွာနဲ့ လူဖြစ်နေခဲ့သလဲဆိုတာ
စဉ်းစားမိတယ်။ လောကကြီးထဲကို ကျွန်တော့်အားကိုးနဲ့ လူတစ်ယောက်
ရောက်လာပြီလေ...။
Q - အသက်မွေးဖို့ကိစ္စကို စဉ်းစားခဲ့တဲ့အခါ ဖြစ်ချင်တာ၊ ဖြစ်နေတာ
ဘယ်လိုစဉ်းစားခဲ့သလဲ။
A - အရင်က ငါသီချင်းတွေဆိုပြီး ပိုက်ဆံတွေရမယ်လို့ တစ်ခါမှမတွေးခဲ့မိဘူး။
ကျွန်တော် စိတ်ကူးယဉ်ခဲ့တာကတစ်မျိုး။ KARATE-DO တစ်ခုဖွင့်ချင်တာ၊
ဆရာဂျင်မီရဲ့  ဂျူကာဒိုကိုရောက်တော့ ကျွန်တော် (၁၆) နှစ်၊ (၃) နှစ်လောက်သင်တယ်။
(ကျွန်တော်ကစားရင်းနဲ့ ရင်ဘတ်ကိုအကန်ခံထိလို့ သတိမေ့သွားတော့
ဆရာဂျင်မီကပွေ့ပြီးရေပတ်တို က်ပေးခဲ့တာ အခုထိ မှတ်မိနေတယ်)
ကျွန်တော်က မကောင်းဘူး။ ကိုယ်ကဆော်ရရင် ကျေနပ်နေတယ်။
ကိုယ့်ကိုဆော်သွားပြီဆိုရင် စိတ်ကထိန်းမရတော့ဘူး။ အဲဒီပညာက
စိတ်ဓာတ်ရေးရာနဲ့ အများကြီးဆိုင်တယ်။ များများသည်းခံရင် များများတိုးတက်မှာပဲ၊ KARATE မကျွမ်းကျင်ခဲ့ပေမယ့်အခက်အခဲတွေကို ရင်ဆိုင်ချင်တဲ့ စိတ်တော့ရခဲ့ပါတယ်။
ပထမနှစ်ရောက်တော့ Boxing training ဝင်ပြီး စင်ပေါ်တက်ထိုးတယ်။
ကျွန်တော်မနိုင်ခဲ့ဘူး။ ကိုယ့်ကိုထိရင် ဟန်မပျက်နေနိုင်တဲ့ အကျင့်တစ်ခုပဲ
အမြတ်ထွက်တယ်။ အဲဒီကိစ္စကို အိမ်ကလဲ သဘောမတူဘူးလေ။
မိဘတွေက ဂီတနဲ့ပဲ သဘောတူခဲ့တယ်ဆိုပါစို့။ အခုလည်း ကြိုးဝိုင်းတစ်ခုထဲ
ရောက်နေပြန်ပြီ။ အချိန်အကန့်အသတ်မရှိ ဒိုင်လူကြီးလည်း မပါဘူး။
သည်ပွဲကတော့ ကျွန်တော် ရှုံးလို့မဖြစ်ဘူး။
Q - ကိုယ်လုပ်ချင်တာနဲ့ လောကကြီးဖြစ်နေတာ...ကဏ္ဍကောစြ ဖစ်တာတွေ ရှိမှာပေါ့။
ဇော်ဝင်းထွဋ်ရယ်လို့ လူတွေအသိအမှတ်ပြု မခံရခင်က ပတ်ဝန်းကျင်က
ဘယ်လိုပြောခဲ့ကြ၊ ဆိုခဲ့ကြသလဲ။
A - ကိုယ်လုပ်ချင်တာလုပ်၊ လောကကြီးကိုလည်း သူ့အတိုင်းနေပစေ၊
အဲဒါကောင်းတယ်။ကျွန်တော်အသိ အမှတ်ပြု မခံရခင်က မျိုးစုံအပြောခံခဲ့ရတယ်။
အခုတော့ ပိုဆိုးမှာပေါ့။
Q - ဖြစ်ချင်တာကို သွားရတဲ့လမ်းမှာ ခေါင်းမာရတာလေးတွေ ရှိတတ်ပါတယ်။ ခင်ဗျား
ခေါင်းမာခဲ့ရပုံလေးတွေ ဆိုပါဦး။
A - သီချင်းဆိုတဲ့ ကိစ္စကလွဲရင် ဘယ်ဟာမှ ခေါင်းမမာပါဘူး။ ကျန်တာအားလုံး
လိုက်လျောနိုင်ပါတယ်။ မင်္ဂလာဆောင်တွေ လာငှားတယ်။ မဆိုဘူး။
ပကာသနလုပ်တဲ့နေရာတွေ သိပ်မသွားဖြစ်ဘူး။ တကယ့်ပရိသတ်တွေ့ရင်
ဘယ်လိုဆိုရဆိုရ၊ တစ်ခါတုန်းက ဇွဲကပင်တောင်ခြေမှာ ဟိုင်းလပ်ကား
နောက်ဖုံးပေါ်ဂစ်တာတီးပြီး ဆိုပြခဲ့ဖူးတယ်။ ချာတိတ်တွေက ထိုင်ကြည့်ကြတယ်။
ကျွန်တော့်အတွက် အရသာပဲ။ အဆိုတော်တွေဟာ သီချင်းဆိုတဲ့ငှက်ကလေးတွေ
မဟုတ်ဘူး။ သီချင်းဆိုတဲ့ စက်တွေလည်းမဟုတ်ဘူး။ ငှက်တွေတောင်
ပတ်ဝန်းကျင်က သာသာယာယာရှိနေမှ သီချင်းဆိုကြမှာ (ဆရာဦးဝင်းဖေရဲ့ 
ငှက်ကလေးကို ဖတ်ဖူးမှာပေါ့)။ ပရိသတ်ကို ဘာမှမပေးနိုင်ဘဲ အလကား
လျှောက်အော်မနေချင်ဘူး။ မချမ်းသာချင် နေပစေ (ဆရာပေါ်ဦးသက်
ပြောသလို မရှိမရှားဘဲ ကောင်းပါတယ်) ။
Q - လူငယ်တစ်ယောက်ဟာ သူဖြစ်ချင်တာကို သွားတဲ့ခရီးမှာ...
ဖြစ်နေတာကို တွန်းတိုက် သွားရတဲ့အခါ ဘယ်လိုသဘောထားမျိုး
ထားသင့်တယ်လို့ ထင်သလဲ။ ဆိုလိုတာက လောကအပေါ်၊
ပတ်ဝန်းကျင်အပေါ်၊ ပြီးတော့ ကိုယ့်ကိုကိုယ်အပေါ်..စသဖြင့် ပေါ့။
A - လောကအပေါ် အကောင်းမြင်မယ်။ ပတ်ဝန်းကျင်အပေါ် စေတနာထားမယ်။
ကိုယ့်ကိုယ်ကိုလည်း မညာဘူးဆိုရင် ဖြစ်နေတဲ့ အခြေအနေမှာ မျှော်လိုက်နေချင်တဲ့
စိတ်လည်းရှိမှာ မဟုတ်တော့ဘူး။ အဲဒီက အင်အားနဲ့ တွန်းတိုက်သွားရမှာပဲ။
Q - လူတစ်ယောက်ဟာ နေရာသစ်တစ်နေရာကိုရောက်ဖို့ ပထမဆုံးလိုအပ်ချက်က
တွေးပုံကိုပြောင်းရမယ် ဆိုလို့ရှိရင်...ကိုဇော်ဝင်းထွဋ်ရဲ့ အတွေ့အကြုံတစ်ရပ်နဲ့ယှဉ်ပြီး
ပြောစေချင်ပါတယ်။
A - လူဆိုတာ တွေးတဲ့သတ္တဝါပဲ၊ တွေးမှာပဲ၊ အဲဒီအတွေးကို သတ္တိရှိရှိနဲ့ ထလုပ်ဖို့သာ
ခက်တာ။ နေရာသစ်တစ်ခုကို ရောက်ချင်ရင်တော့ စွန့်လွှတ်ရဲ့တဲ့ သတ္တိက
အဓိကကျမယ် ထင်တယ်။ ကျွန်တော့်ဘဝမှာ မစွန့်လွှတ်ရဲတာနဲ့ မရခဲ့တဲ့
နေရာတွေရှိသလို၊ စွန့်လွှတ်ရဲခဲ့တာတွေကြောင့် လည်း ဒီနေရာမှာ
ရောက်နေတယ်လို့ ယူဆတာပဲ။
Q - ပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ..။ အခုရောက်နေတဲ့ နေရာနဲ့ပဲ
ကိုဇော်ဝင်းထွဋ် ကျေနပ်နေတော့မလား။ ဒါဖြင့် ဘာတွေ ဆက်လုပ်သင့်သေးသလဲ။
ဘာတွေ ရည်မှန်းထားသေးသလဲ။
A - ရောက်နေတဲ့ နေရာတစ်ခုကို အတိုင်းအတာတစ်ရပ်အထိ ကျေနပ်မှ
နေရာသစ်တစ်ခုကို အားနဲ့အင်နဲ့ သွားနိုင်မှာပေါ့။
သြဂုတ်လ၊ ၁၉၉၃
သင့်ဘဝ အောင်မြင်ရေး
# Ka Lee
# Ko Naing
#ရော့ခ်နှင့်ပတ်ဝန်းကျင်
—📣📣📣📣📣📣📣📣📣📣📣📣📣📣📣📣📣📣📣
Q - ကိုဇော်ဝင်းထွဋ် ငယ်ဘဝအကြောင်းလေးနဲ့ စရအောင်...။
အထူးသဖြင့် ဝါသနာပေါ့။ ဘယ်လိုဝါသနာ ပါခဲ့တယ်ဆိုတာလေး...။
A - ကလေးဘဝတစ်လျှောက်လုံးကို လွှမ်းမိုးခဲ့တာကတော့ ပန်းချီကားတွေရယ်၊
ကာတွန်းရုပ်ကလေးတွေရယ်၊ MAD မဂ္ဂဇင်းထဲက အရုပ်တွေ၊ ပုဂံဘုရားတွေ၊
ဆရာဦးသောင်းဟန်ရဲ့  ကောင်မလေးပုံတွေ၊ မင်းမင်းလတ်သီချင်းတွေ။
မေ့မေ့အစီအစဉ်နဲ့ Recording လုပ်တော့ ကျွန်တော်(၃)တန်း၊ ရည်မွန်တီးဝိုင်းနဲ့၊
(၉) တန်းရောက်တော့ ကိုယ်တိုင်တီးဝိုင်းတစ်ဝိုင
ကျွန်တော့်အစ်ကိုရယ်၊ သူငယ်ချင်းတွေရယ်။
(၁၀) တန်းအောင်တော့ ပန်းချီပြပွဲတွေမှာ တစ်ကား၊ နှစ်ကား တင်ကြည့်တယ်
OASIS တီးဝိုင်းမှာလည်း ဂစ်တာဝင်တီးနေပြီ။ ဗိုလ်ချုပ်အောင်ဆန်းဈေးထဲက
ကိုလှစိန်ဆိုင်မှာ ပို့စကဒ်လေးတွေဆွဲပြီး တင်ရောင်းတယ်။ မုန့်ဖိုးလောက်တော့
အိုကေတယ်။ ဂစ်တာတီးလို့ရတဲ့ပိုက်ဆံကို
ဖေဖေ့မျက်နှာကို အခုကြည့်ချင်လိုက်တာ) အဲဒီဝါသနာနှစ်ခုက အခုလည်း
ရှေ့ဆင့်နောက်ဆင့်ပါပဲ။
Q - ဘယ်အရွယ်ကစပြီး...ကိုယ့်ကို
A - သမီးလေး မွေးလာတော့မှ ဘယ်လောက်မေ့လျော့စွာနဲ့ လူဖြစ်နေခဲ့သလဲဆိုတာ
စဉ်းစားမိတယ်။ လောကကြီးထဲကို ကျွန်တော့်အားကိုးနဲ့ လူတစ်ယောက်
ရောက်လာပြီလေ...။
Q - အသက်မွေးဖို့ကိစ္စကို စဉ်းစားခဲ့တဲ့အခါ ဖြစ်ချင်တာ၊ ဖြစ်နေတာ
ဘယ်လိုစဉ်းစားခဲ့သလဲ။
A - အရင်က ငါသီချင်းတွေဆိုပြီး ပိုက်ဆံတွေရမယ်လို့ တစ်ခါမှမတွေးခဲ့မိဘူး။
ကျွန်တော် စိတ်ကူးယဉ်ခဲ့တာကတစ်မျိုး။ KARATE-DO တစ်ခုဖွင့်ချင်တာ၊
ဆရာဂျင်မီရဲ့  ဂျူကာဒိုကိုရောက်တော့ ကျွန်တော် (၁၆) နှစ်၊ (၃) နှစ်လောက်သင်တယ်။
(ကျွန်တော်ကစားရင်းနဲ့ ရင်ဘတ်ကိုအကန်ခံထိလို့ သတိမေ့သွားတော့
ဆရာဂျင်မီကပွေ့ပြီးရေပတ်တို
ကျွန်တော်က မကောင်းဘူး။ ကိုယ်ကဆော်ရရင် ကျေနပ်နေတယ်။
ကိုယ့်ကိုဆော်သွားပြီဆိုရင်
စိတ်ဓာတ်ရေးရာနဲ့ အများကြီးဆိုင်တယ်။ များများသည်းခံရင် များများတိုးတက်မှာပဲ၊ KARATE မကျွမ်းကျင်ခဲ့ပေမယ့်အခက်အခ
ပထမနှစ်ရောက်တော့ Boxing training ဝင်ပြီး စင်ပေါ်တက်ထိုးတယ်။
ကျွန်တော်မနိုင်ခဲ့ဘူး။ ကိုယ့်ကိုထိရင် ဟန်မပျက်နေနိုင်တဲ့ အကျင့်တစ်ခုပဲ
အမြတ်ထွက်တယ်။ အဲဒီကိစ္စကို အိမ်ကလဲ သဘောမတူဘူးလေ။
မိဘတွေက ဂီတနဲ့ပဲ သဘောတူခဲ့တယ်ဆိုပါစို့။ အခုလည်း ကြိုးဝိုင်းတစ်ခုထဲ
ရောက်နေပြန်ပြီ။ အချိန်အကန့်အသတ်မရှိ ဒိုင်လူကြီးလည်း မပါဘူး။
သည်ပွဲကတော့ ကျွန်တော် ရှုံးလို့မဖြစ်ဘူး။
Q - ကိုယ်လုပ်ချင်တာနဲ့ လောကကြီးဖြစ်နေတာ...ကဏ္ဍကောစြ
ဇော်ဝင်းထွဋ်ရယ်လို့ လူတွေအသိအမှတ်ပြု မခံရခင်က ပတ်ဝန်းကျင်က
ဘယ်လိုပြောခဲ့ကြ၊ ဆိုခဲ့ကြသလဲ။
A - ကိုယ်လုပ်ချင်တာလုပ်၊ လောကကြီးကိုလည်း သူ့အတိုင်းနေပစေ၊
အဲဒါကောင်းတယ်။ကျွန်တော်အသိ
အခုတော့ ပိုဆိုးမှာပေါ့။
Q - ဖြစ်ချင်တာကို သွားရတဲ့လမ်းမှာ ခေါင်းမာရတာလေးတွေ ရှိတတ်ပါတယ်။ ခင်ဗျား
ခေါင်းမာခဲ့ရပုံလေးတွေ ဆိုပါဦး။
A - သီချင်းဆိုတဲ့ ကိစ္စကလွဲရင် ဘယ်ဟာမှ ခေါင်းမမာပါဘူး။ ကျန်တာအားလုံး
လိုက်လျောနိုင်ပါတယ်။ မင်္ဂလာဆောင်တွေ လာငှားတယ်။ မဆိုဘူး။
ပကာသနလုပ်တဲ့နေရာတွေ သိပ်မသွားဖြစ်ဘူး။ တကယ့်ပရိသတ်တွေ့ရင်
ဘယ်လိုဆိုရဆိုရ၊ တစ်ခါတုန်းက ဇွဲကပင်တောင်ခြေမှာ ဟိုင်းလပ်ကား
နောက်ဖုံးပေါ်ဂစ်တာတီးပြီး ဆိုပြခဲ့ဖူးတယ်။ ချာတိတ်တွေက ထိုင်ကြည့်ကြတယ်။
ကျွန်တော့်အတွက် အရသာပဲ။ အဆိုတော်တွေဟာ သီချင်းဆိုတဲ့ငှက်ကလေးတွေ
မဟုတ်ဘူး။ သီချင်းဆိုတဲ့ စက်တွေလည်းမဟုတ်ဘူး။ ငှက်တွေတောင်
ပတ်ဝန်းကျင်က သာသာယာယာရှိနေမှ သီချင်းဆိုကြမှာ (ဆရာဦးဝင်းဖေရဲ့ 
ငှက်ကလေးကို ဖတ်ဖူးမှာပေါ့)။ ပရိသတ်ကို ဘာမှမပေးနိုင်ဘဲ အလကား
လျှောက်အော်မနေချင်ဘူး။ မချမ်းသာချင် နေပစေ (ဆရာပေါ်ဦးသက်
ပြောသလို မရှိမရှားဘဲ ကောင်းပါတယ်) ။
Q - လူငယ်တစ်ယောက်ဟာ သူဖြစ်ချင်တာကို သွားတဲ့ခရီးမှာ...
ဖြစ်နေတာကို တွန်းတိုက် သွားရတဲ့အခါ ဘယ်လိုသဘောထားမျိုး
ထားသင့်တယ်လို့ ထင်သလဲ။ ဆိုလိုတာက လောကအပေါ်၊
ပတ်ဝန်းကျင်အပေါ်၊ ပြီးတော့ ကိုယ့်ကိုကိုယ်အပေါ်..စသဖြင်
A - လောကအပေါ် အကောင်းမြင်မယ်။ ပတ်ဝန်းကျင်အပေါ် စေတနာထားမယ်။
ကိုယ့်ကိုယ်ကိုလည်း မညာဘူးဆိုရင် ဖြစ်နေတဲ့ အခြေအနေမှာ မျှော်လိုက်နေချင်တဲ့
စိတ်လည်းရှိမှာ မဟုတ်တော့ဘူး။ အဲဒီက အင်အားနဲ့ တွန်းတိုက်သွားရမှာပဲ။
Q - လူတစ်ယောက်ဟာ နေရာသစ်တစ်နေရာကိုရောက်ဖို့
တွေးပုံကိုပြောင်းရမယ် ဆိုလို့ရှိရင်...ကိုဇော်ဝင်
ပြောစေချင်ပါတယ်။
A - လူဆိုတာ တွေးတဲ့သတ္တဝါပဲ၊ တွေးမှာပဲ၊ အဲဒီအတွေးကို သတ္တိရှိရှိနဲ့ ထလုပ်ဖို့သာ
ခက်တာ။ နေရာသစ်တစ်ခုကို ရောက်ချင်ရင်တော့ စွန့်လွှတ်ရဲ့တဲ့ သတ္တိက
အဓိကကျမယ် ထင်တယ်။ ကျွန်တော့်ဘဝမှာ မစွန့်လွှတ်ရဲတာနဲ့ မရခဲ့တဲ့
နေရာတွေရှိသလို၊ စွန့်လွှတ်ရဲခဲ့တာတွေကြောင့်
ရောက်နေတယ်လို့ ယူဆတာပဲ။
Q - ပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ..။ အခုရောက်နေတဲ့ နေရာနဲ့ပဲ
ကိုဇော်ဝင်းထွဋ် ကျေနပ်နေတော့မလား။ ဒါဖြင့် ဘာတွေ ဆက်လုပ်သင့်သေးသလဲ။
ဘာတွေ ရည်မှန်းထားသေးသလဲ။
A - ရောက်နေတဲ့ နေရာတစ်ခုကို အတိုင်းအတာတစ်ရပ်အထိ ကျေနပ်မှ
နေရာသစ်တစ်ခုကို အားနဲ့အင်နဲ့ သွားနိုင်မှာပေါ့။
သြဂုတ်လ၊ ၁၉၉၃
သင့်ဘဝ အောင်မြင်ရေး
# Ka Lee
# Ko Naing
#ရော့ခ်နှင့်ပတ်ဝန်းကျင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။