ရွှေဆိုင်းကပ် ငှက်ပျောသီးကိစ္စ
--------------------
ဟိုတစ်နေ့က ရွှေကို လုံးဝ စားလို့ မရပါဘူးဆိုတဲ့ ပို့စ်ကို ရှင်းချင် ပါတယ်။
အဲဒီနေ့က ရွှေဟာ စားမိရင် heavy metal poison နဲ့ သေပါတယ်လို့ ပြောမိလိုက်ပါတယ်။ သတိပေးသူ သူငယ်ချင်းတစ်ဦးက ပြန်ရှင်းပြ ထားတာလေးက ရွှေသတ္တုကို အစားအသောက်ထဲ ထည့် စား လို့ ရပါ တယ်တဲ့။ ဥရောပမှာ အလယ်ခေတ် ကတည်းက ချမ်းသာ ကြွယ်ဝ သူတွေက ရွှေကို အစားအသောက် ထဲ ထည့်ပြီး စားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရွှေဟာ အရသာ မရှိသလို အာဟာရ လည်း မဖြစ်စေပါဘူးလို့ ဆိုပါတယ်။ European Food Safety Authority က သတ်မှတ်ထားတဲ့ E Numbers စာရင်းထဲမှာလည်း ရွှေ ပါဝင် ပါတယ်။ E Numbers ဆိုတာက အစားအသောက်ထဲမှာ ဘေး ကင်းစွာ ထည့်လို့ရတယ်ဆိုပြီး ခွင့်ပြုထားတဲ့ အရာ တွေကို စာရင်းလုပ် ထားတာပါ။ အဲဒီ E Numbers စာရင်းထဲမှာ ရွှေဟာ “E Number 175” ဖြစ်ပါ တယ်။
ကိုးကား လင့်ခ် များကတော့ -
ဝီကီပီးဒီးယားမှာ ဖော်ပြချက်အရ—
Ref : https://en.wikipedia.org/ wiki/Gold#Food_and_drink
Ref : https://en.wikipedia.org/ wiki/E_number
ရွှေသတ္တုစစ်စစ် (Pure Gold / Metallic Gold) ဟာ အဆိပ်မဖြစ်စေပေမယ့် ရွှေဒြပ်ပေါင်း (Gold Compounds / Gold Salts) များဟာ အဆိပ် ဖြစ်စေ ပါတယ်။ အစားအသောက်ထဲမှာ ရွှေသတ္တု (Metallic Gold) ကိုထည့်သွင်းခွင့်ပြုရတဲ့ အကြောင်း က— အစားအသောက်ထဲမှာ ထည့်ထားတဲ့ ရွှေသတ္တု (Metallic Gold) တွေဟာ ရွှေဒြပ်ပေါင်း (Gold Compounds / Gold Salts) အဖြစ် ပြောင်းလဲသွားခြင်း မရှိတဲ့အတွက် အစား အသောက်ထဲ ထည့်ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။
.
၎င်း ရွှေဒြပ်ပေါင်း (Gold Compounds / Gold Salts) များကတော့ ဒီပို့စ်မှာပြောထားသလို ကျောက်ကပ် ပျက်စီးခြင်း နဲ့ အခြား ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
.
Ref : https://en.wikipedia.org/ wiki/Gold#Toxicity
Ref : https://en.wikipedia.org/ wiki/ Gold_salts#Side_effects
.
ရွှေသတ္တုစစ်စစ် Pure Gold ဟာ 24 karat ရှိပြီး၊ ၎င်း ရွှေသတ္တု စစ်စစ်ဟာ စားတဲ့အခါ အဆိပ် မဖြစ်စေပါ။ ဒါက တစ်ပိုင်းဖြစ်ပါတယ်။
.
အပြားခတ် ရွှေဆိုင်းတွေကို Gold Leaf လို့ ခေါ်ပါတယ်။ ကမ္ဘာမှာ Gold Leaf များကို အများအားဖြင့် 22 karat ရှိတဲ့ ရွှေနဲ့ ပြုလုပ်လေ့ ရှိပါတယ်။
Ref : https://en.wikipedia.org/ wiki/Gold_leaf
Ref : https://en.wikipedia.org/ wiki/ Gold_leaf#Culinary_uses
.
ဒီမှာ 22 karat ချင်းတူတူ ထပ်ကွဲသွားတာက Food Grade (Edible Gold Leaf) နဲ့ Gilding အတွက် ထုတ်တဲ့ (Non-edible Gold Leaf) ဆိုပြီးတော့ပဲ ဖြစ်ပါတယ်။
Non-edible Gold Leaf နဲ့ Edible Gold Leaf အကြား ကွာခြားချက် က ဆိုင်းဆွဲလွယ်ကူဖို့ စပ်သတ္တု သုံးတဲ့အခါ ငွေဖြစ်ခြင်းနဲ့ ကြေးနီ ဖြစ်ခြင်း အပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ဒါနိုင်ငံတကာ စံ သတ်မှတ်ချက်ပါ။ အကယ်၍ ရွှေတုံးတစ်ခုဟာ မုန့်မှာ ကပ်ဖို့ ရွှေဆိုင်း လုပ်မယ်ဆိုရင် အဆင်ပြေ အောင် ရွှေရောင်းချသူကနေ ကြိုတင် ရှင်းပြ ရပါ တယ်။ သို့မဟုတ် "Edible-Food Grade" တံဆိပ် ကပ်ပြီး တော့ ရောင်းချရပါတယ်။ ဒါဆိုရင် ငွေစပ် ထားတဲ့ 22 karat ရွှေမှန်း တန်းသိ ပြီးတော့ ဘေး ကင်း စွာ အသုံးပြုနိုင်ပါတယ်။
အကယ်၍ ကြေးနီသုံးထားခဲ့မယ်ဆိုရင်ေ တာ့..
ဟုတ်ပါ တယ်။ အဲ့သည် နေ့က ကျွန်တော် တင်တဲ့ ပို့စ် ထဲကလို Heavy Metal
Poisoning ဖြစ်ဖို့ အစ ပျိုး နေမှာ ဖြစ်ပြီးတော့ စားနေတဲ့သူများ ရပ်တန်းက
ရပ်သင့် ပါတယ်။
ဒီတော့ မြန်မာနိုင်ငံက ဘုရားတွေမှာ ဝယ်လို့ရတဲ့ ရွှေဆိုင်းဟာ ငွေပါသလား ကြေးနီပါသလား။ ထုတ်လုပ် သူများ လုပ်ကိုင်နေသူများ ဝင်ရောက် ဆွေးနွေး ဖြေကြား အသိပေးကြ စေလိုပါတယ်။
ဒီတော့ မူလ ကျွန်တော်တို့ တင်ခဲ့တဲ့ ပို့စ်မှာ ရွှေကို စားလို့ မရတဲ့ ရှုထောင့်ကနေ ကြည့်ပြီးတော့ အပြင်း အထန် ရှုံ့ချမိတဲ့ အတွက် တောင်းပန် လို ပါတယ်။ သို့သော် ကြေးနီကြောင့် တော့ တကယ် ဥပါဒ် ဖြစ်နိုင်တယ် ဆိုတာကို ဆက်လက် ဆော်သြပါရစေ။
ဆက်လက်ပြီးတော့ မြန်မာ့ရွှေဆိုင်း လုပ်ငန်းရှင်များ နဲ့ ရွှေပန်းတိမ် ပညာရှင်များက ဒီပို့စ် ကို ဆက်လက် အဖြေ ထုတ်ပေးကြပါလို့ တိုက်တွန်း နှိုးဆော်လိုက် ရပါတယ်။
--------------------
နိဂုံးချုပ်နေနဲ့ ဆရာသွေးသစ်ရဲ့ ရွှေဆိုင်း ကဗျာလေး နဲ့ ချုပ်သိမ်းပါရစေ။
--------------------
ဟင်းထုပ်ရယ်ကမ်း နေ့စာဝမ်းအတွက် လုပ်ငန်းကိုပြေး မောင်ဝင်မယ်
၂၄ ဂရမ်ရွှေ စက်ကြိတ်နန်းဆွဲ ဖဲပြားသဏ္ဍာန်နဲ့ ရလိမ့်မယ်။
မန်ကျီးရွက်ငယ် ကိုက်ကာအုပ်ထပ် ရွက်လေးရာနှစ်ဆယ် စ ထုတယ်။
နာရီဝက်မယ် ပြန့်ကားလာဝယ် အပူမျှဖို့ အရေးကြီးတယ်။
အထုပ်သေးပြင်ထုပ် ခြောက်စခွဲလို့ ပြန်အုပ် တစ်နာရီ ဆက်ထုကွယ်။
အရွယ်ကြီးလာ နေရာမဆံ့လို့ ခုနှစ်ရာ့နှစ်ဆယ်ထုပ် ပြောင်းထုမယ်။
ငါးနာရီသာသာ ထပ်ထောင်းကာမှ နောက်ဆုံးအလှ ကြွလာတယ်။
ပါးလျ ပြန့်ကား အထူပါးလှ ဆံနွယ်စရဲ့ တစ်စ ခြောက်သွယ်။
မောင်ကြီးချွေးပန်း လုံးကာဖျန်းလည်း ဖုကြွကြွက်သား ကျစ်လှတယ်။
ဘုရားရွှေချ လုံးတော်ကျသမို့ ဘာသာရေးတွေး မမောတယ်။
ဒို့မြို့ဒို့ရွာ ဒီနေရာသာ တွေ့ရခဲတဲ့ အလုပ်ဖြစ်တယ်။ ထုမယ်... ထုမယ်...။
- မှတ်စုကြမ်း #kyawnge
--------------------
ဟိုတစ်နေ့က ရွှေကို လုံးဝ စားလို့ မရပါဘူးဆိုတဲ့ ပို့စ်ကို ရှင်းချင် ပါတယ်။
အဲဒီနေ့က ရွှေဟာ စားမိရင် heavy metal poison နဲ့ သေပါတယ်လို့ ပြောမိလိုက်ပါတယ်။ သတိပေးသူ သူငယ်ချင်းတစ်ဦးက ပြန်ရှင်းပြ ထားတာလေးက ရွှေသတ္တုကို အစားအသောက်ထဲ ထည့် စား လို့ ရပါ တယ်တဲ့။ ဥရောပမှာ အလယ်ခေတ် ကတည်းက ချမ်းသာ ကြွယ်ဝ သူတွေက ရွှေကို အစားအသောက် ထဲ ထည့်ပြီး စားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရွှေဟာ အရသာ မရှိသလို အာဟာရ လည်း မဖြစ်စေပါဘူးလို့ ဆိုပါတယ်။ European Food Safety Authority က သတ်မှတ်ထားတဲ့ E Numbers စာရင်းထဲမှာလည်း ရွှေ ပါဝင် ပါတယ်။ E Numbers ဆိုတာက အစားအသောက်ထဲမှာ ဘေး ကင်းစွာ ထည့်လို့ရတယ်ဆိုပြီး ခွင့်ပြုထားတဲ့ အရာ တွေကို စာရင်းလုပ် ထားတာပါ။ အဲဒီ E Numbers စာရင်းထဲမှာ ရွှေဟာ “E Number 175” ဖြစ်ပါ တယ်။
ကိုးကား လင့်ခ် များကတော့ -
ဝီကီပီးဒီးယားမှာ ဖော်ပြချက်အရ—
Ref : https://en.wikipedia.org/
Ref : https://en.wikipedia.org/
ရွှေသတ္တုစစ်စစ် (Pure Gold / Metallic Gold) ဟာ အဆိပ်မဖြစ်စေပေမယ့် ရွှေဒြပ်ပေါင်း (Gold Compounds / Gold Salts) များဟာ အဆိပ် ဖြစ်စေ ပါတယ်။ အစားအသောက်ထဲမှာ ရွှေသတ္တု (Metallic Gold) ကိုထည့်သွင်းခွင့်ပြုရတဲ့ အကြောင်း က— အစားအသောက်ထဲမှာ ထည့်ထားတဲ့ ရွှေသတ္တု (Metallic Gold) တွေဟာ ရွှေဒြပ်ပေါင်း (Gold Compounds / Gold Salts) အဖြစ် ပြောင်းလဲသွားခြင်း မရှိတဲ့အတွက် အစား အသောက်ထဲ ထည့်ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။
.
၎င်း ရွှေဒြပ်ပေါင်း (Gold Compounds / Gold Salts) များကတော့ ဒီပို့စ်မှာပြောထားသလို ကျောက်ကပ် ပျက်စီးခြင်း နဲ့ အခြား ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
.
Ref : https://en.wikipedia.org/
Ref : https://en.wikipedia.org/
.
ရွှေသတ္တုစစ်စစ် Pure Gold ဟာ 24 karat ရှိပြီး၊ ၎င်း ရွှေသတ္တု စစ်စစ်ဟာ စားတဲ့အခါ အဆိပ် မဖြစ်စေပါ။ ဒါက တစ်ပိုင်းဖြစ်ပါတယ်။
.
အပြားခတ် ရွှေဆိုင်းတွေကို Gold Leaf လို့ ခေါ်ပါတယ်။ ကမ္ဘာမှာ Gold Leaf များကို အများအားဖြင့် 22 karat ရှိတဲ့ ရွှေနဲ့ ပြုလုပ်လေ့ ရှိပါတယ်။
Ref : https://en.wikipedia.org/
Ref : https://en.wikipedia.org/
.
ဒီမှာ 22 karat ချင်းတူတူ ထပ်ကွဲသွားတာက Food Grade (Edible Gold Leaf) နဲ့ Gilding အတွက် ထုတ်တဲ့ (Non-edible Gold Leaf) ဆိုပြီးတော့ပဲ ဖြစ်ပါတယ်။
Non-edible Gold Leaf နဲ့ Edible Gold Leaf အကြား ကွာခြားချက် က ဆိုင်းဆွဲလွယ်ကူဖို့ စပ်သတ္တု သုံးတဲ့အခါ ငွေဖြစ်ခြင်းနဲ့ ကြေးနီ ဖြစ်ခြင်း အပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ဒါနိုင်ငံတကာ စံ သတ်မှတ်ချက်ပါ။ အကယ်၍ ရွှေတုံးတစ်ခုဟာ မုန့်မှာ ကပ်ဖို့ ရွှေဆိုင်း လုပ်မယ်ဆိုရင် အဆင်ပြေ အောင် ရွှေရောင်းချသူကနေ ကြိုတင် ရှင်းပြ ရပါ တယ်။ သို့မဟုတ် "Edible-Food Grade" တံဆိပ် ကပ်ပြီး တော့ ရောင်းချရပါတယ်။ ဒါဆိုရင် ငွေစပ် ထားတဲ့ 22 karat ရွှေမှန်း တန်းသိ ပြီးတော့ ဘေး ကင်း စွာ အသုံးပြုနိုင်ပါတယ်။
အကယ်၍ ကြေးနီသုံးထားခဲ့မယ်ဆိုရင်ေ
ဒီတော့ မြန်မာနိုင်ငံက ဘုရားတွေမှာ ဝယ်လို့ရတဲ့ ရွှေဆိုင်းဟာ ငွေပါသလား ကြေးနီပါသလား။ ထုတ်လုပ် သူများ လုပ်ကိုင်နေသူများ ဝင်ရောက် ဆွေးနွေး ဖြေကြား အသိပေးကြ စေလိုပါတယ်။
ဒီတော့ မူလ ကျွန်တော်တို့ တင်ခဲ့တဲ့ ပို့စ်မှာ ရွှေကို စားလို့ မရတဲ့ ရှုထောင့်ကနေ ကြည့်ပြီးတော့ အပြင်း အထန် ရှုံ့ချမိတဲ့ အတွက် တောင်းပန် လို ပါတယ်။ သို့သော် ကြေးနီကြောင့် တော့ တကယ် ဥပါဒ် ဖြစ်နိုင်တယ် ဆိုတာကို ဆက်လက် ဆော်သြပါရစေ။
ဆက်လက်ပြီးတော့ မြန်မာ့ရွှေဆိုင်း လုပ်ငန်းရှင်များ နဲ့ ရွှေပန်းတိမ် ပညာရှင်များက ဒီပို့စ် ကို ဆက်လက် အဖြေ ထုတ်ပေးကြပါလို့ တိုက်တွန်း နှိုးဆော်လိုက် ရပါတယ်။
--------------------
နိဂုံးချုပ်နေနဲ့ ဆရာသွေးသစ်ရဲ့ ရွှေဆိုင်း ကဗျာလေး နဲ့ ချုပ်သိမ်းပါရစေ။
--------------------
ဟင်းထုပ်ရယ်ကမ်း နေ့စာဝမ်းအတွက် လုပ်ငန်းကိုပြေး မောင်ဝင်မယ်
၂၄ ဂရမ်ရွှေ စက်ကြိတ်နန်းဆွဲ ဖဲပြားသဏ္ဍာန်နဲ့ ရလိမ့်မယ်။
မန်ကျီးရွက်ငယ် ကိုက်ကာအုပ်ထပ် ရွက်လေးရာနှစ်ဆယ် စ ထုတယ်။
နာရီဝက်မယ် ပြန့်ကားလာဝယ် အပူမျှဖို့ အရေးကြီးတယ်။
အထုပ်သေးပြင်ထုပ် ခြောက်စခွဲလို့ ပြန်အုပ် တစ်နာရီ ဆက်ထုကွယ်။
အရွယ်ကြီးလာ နေရာမဆံ့လို့ ခုနှစ်ရာ့နှစ်ဆယ်ထုပ် ပြောင်းထုမယ်။
ငါးနာရီသာသာ ထပ်ထောင်းကာမှ နောက်ဆုံးအလှ ကြွလာတယ်။
ပါးလျ ပြန့်ကား အထူပါးလှ ဆံနွယ်စရဲ့ တစ်စ ခြောက်သွယ်။
မောင်ကြီးချွေးပန်း လုံးကာဖျန်းလည်း ဖုကြွကြွက်သား ကျစ်လှတယ်။
ဘုရားရွှေချ လုံးတော်ကျသမို့ ဘာသာရေးတွေး မမောတယ်။
ဒို့မြို့ဒို့ရွာ ဒီနေရာသာ တွေ့ရခဲတဲ့ အလုပ်ဖြစ်တယ်။ ထုမယ်... ထုမယ်...။
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။