အမှိုက်အိတ်လို မဖြစ်စေနဲ့ 
+++++++++++++++++
တစ်ရက်မှာ အိမ်ဘေးနားက ဦးလေးကြီး တစ်ယောက် သူ့ တူကို ဆူတဲ့ အသံကြားလိုက်ရတယ်။ တူကလည်း တော်တော်
ဆိုးပုံရပါတယ်။ စကားလည်း နားထောင်ပုံမရပါ။
ဦးလေးကြီးက လက်ထဲမှာလည်း ပလက်စတစ် အိတ်တစ်လုံးကိုင်လို့  အမှိုက်တွေ သွားပစ်မယ်နဲ့ တူပါတယ်။ ပါးစပ်က
လည်း တူလုပ်တဲ့သူကို ဆူနေတာပါ။
"မင်းတို့  လူငယ်တွေ တော်တော် ခတ်တယ်...ခေါင်းထဲမှာ တန်ဖိုးရှိတာဆိုလို့  ဘာမှ ထည့်မထားကြဘူး...တစ်နေ့ လာ
လည်း အပြင်ထွက် ပျော်ပါး..လျှောက်လည်ကြ..တစ်နေကုန်မှ အိမ်ပြန်လာတယ်...ပြီးရင် စားကြ သောက်ကြ၊ ဒါလုပ်ပြီး
ရင် အိပ်ယာထဲ တန်းဝင်ကြရော..."
" ဦးလေးကလည်း..ကျွန်တော်တို့ က ဒီချိန်လေး ဒီလိုနေရတာကို..ဦးလေးတို့ တုန်းကလည်း နေခဲ့တာပဲ ...နောက်ကျရင်
ကျွန်တော်လည်း အလုပ်တွေဘာတွေ လုပ်တော့မှာကို..."
" အေး ငါတို့ တုန်းက နေခဲ့တာမှန်တယ်..အချိန်နဲ့ ခါနဲ့  ထွက်တာကွ...ပြီးရင်လည်း အိမ်မှာလည်း ၀ိုင်းကူသေးတယ်..ကိုယ့်
အတွက်လည်း ကြိုးစားဖို့ တော့ အမြဲတွေးနေတာ....မင်းတို့ က လွန်လွန်းတယ်....တစ်နေ့ လည်း အပျော်၊ တစ်နေ့ လည်း
အပျော်...ကြာရင် ငါ့လက်ထဲက အမှိုက်အိတ်လို ဖြစ်သွားမယ်..သုံးမရတဲ့ ပစ္စည်းတွေ ထည့်ထားခံရလို့ ..လမ်းဘေးအမှိုက်
တောင်းထဲ ခုလို အစွန့် ပစ်ခံရမယ်ကွ.."
ဒီဦးလေး ပြောတာ ဟုတ်တာပဲ လို့ တွေးမိပါတယ်။ အိတ်တစ်လုံးဟာ မကောင်းတဲ့ ပစ္စည်းစုပ်တွေ ထည့်ထားလို့ သာ အမှိုက်
တောင်းထဲရောက်တာပေါ့။ တန်ဖိုးရှိတဲ့ ပစ္စည်းကောင်းတွေ ထည့်ထားကြည့်ပါလား လမ်းဘေး ဘယ်ရောက်ပါ့မလဲ။ အိမ်မှာ
ပဲ ချိတ်ထားခံရမှာပေါ့။
လူတစ်ယောက်ဆိုလည်း သူသာ တန်ဖိုးရှိအောင် လူ့ ပတ်ဝန်းကျင်မှာ နေကြည့် ဘယ်သူမှာ ချောင်မထိုးဘူး၊ မစွန့် ပစ်ကြပါ
ဘူး။ လူ့ တန်ဖိုးမဲ့အောင် နေတဲ့သူကတော့ အမှိုက်အိတ်လိုပဲ ဘယ်သူမှ အရေးမလုပ် လမ်းဘေးမြောင်းထဲ ပစ်ခံရမှာ သေချာ
တယ်။
လူဟာ တန်ဖိုးရှိလာအောင် မိမိကိုယ်တိုင် နေထိုင်တတ်ရမယ်။ လုပ်ကိုင် ဆောင်ရွက်တတ်ရမယ်။ ဒီတန်ဖိုးကို အကဲဖြတ်တဲ့
နေရာမှာတော့ ပတ်ဝန်းကျင်က အဓိက ကျတယ်။ ပတ်ဝန်းကျင်ဆိုတာလည်း ပြစ်ထားလို့ မသင့်ဘူး။ အထိုက်အလျောက်
သူတို့ အမြင်မှာ အဆင်ပြေအောင် နေတတ်ရမယ်။
ပတ်ဝန်းကျင်ဆိုတာလည်း ဂရုစိုက်စရာမလိုပါဘူး၊ ကိုယ်နေချင်သလို နေလိုက်မယ်၊ ငါက ဘာပူစရာရှိလည်း မိဘတွေက
လည်း ချမ်းသာတာပဲ စားလို့ တောင် မကုန်ပါဘူး။ ဘာမှမတတ်လည်း ထိုင်စားလို့ ရတယ်၊ဘာမှ မလုပ်ဘူးကွာ ဆိုရင်တော့
ကျိန်းသေပါတယ်၊ ဒီလိုလူစားမျိုးဟာ လူ့ အမှိုက်ဖြစ်မှာပါပဲ။
တစ်ချိန်မှာတော့ လူ့ အမှိုက်ဆိုတာ စွန့် ပစ်ခြင်းကို ခံရဦးမှာ မလွဲဘူး။ ဒါကြောင့် ကိုယ့်ဟာ အသိတွေ၊ တန်ဖိုးရှိတဲ့ ပညာရပ်တွေ
စတဲ့ ပစ္စည်းကောင်းတွေထည့်တဲ့ အိတ်မျိုးပဲ ဖြစ်နေပါစေ။ မကောင်းတဲ့ အလေ့အကျင့်တွေ၊ အပြုအမူတွေလို ပစ္စည်းစုပ်တွေ
ထည့်ထားခံရတဲ့ အိတ်မျိုး မဖြစ်ပါစေနဲ့ ဆိုတာကို ရေးသားတင်ပြလိုက်ပါတယ်။
+++++++++++++++++
တစ်ရက်မှာ အိမ်ဘေးနားက ဦးလေးကြီး တစ်ယောက် သူ့ တူကို ဆူတဲ့ အသံကြားလိုက်ရတယ်။ တူကလည်း တော်တော်
ဆိုးပုံရပါတယ်။ စကားလည်း နားထောင်ပုံမရပါ။
ဦးလေးကြီးက လက်ထဲမှာလည်း ပလက်စတစ် အိတ်တစ်လုံးကိုင်လို့  အမှိုက်တွေ သွားပစ်မယ်နဲ့ တူပါတယ်။ ပါးစပ်က
လည်း တူလုပ်တဲ့သူကို ဆူနေတာပါ။
"မင်းတို့  လူငယ်တွေ တော်တော် ခတ်တယ်...ခေါင်းထဲမှာ တန်ဖိုးရှိတာဆိုလို့  ဘာမှ ထည့်မထားကြဘူး...တစ်နေ့ လာ
လည်း အပြင်ထွက် ပျော်ပါး..လျှောက်လည်ကြ..တစ
ရင် အိပ်ယာထဲ တန်းဝင်ကြရော..."
" ဦးလေးကလည်း..ကျွန်တော်တို့ က ဒီချိန်လေး ဒီလိုနေရတာကို..ဦးလေးတို့ တုန်းကလည်း နေခဲ့တာပဲ ...နောက်ကျရင်
ကျွန်တော်လည်း အလုပ်တွေဘာတွေ လုပ်တော့မှာကို..."
" အေး ငါတို့ တုန်းက နေခဲ့တာမှန်တယ်..အချိန်နဲ့ ခါနဲ့  ထွက်တာကွ...ပြီးရင်လည်း အိမ်မှာလည်း ၀ိုင်းကူသေးတယ်..ကိုယ့်
အတွက်လည်း ကြိုးစားဖို့ တော့ အမြဲတွေးနေတာ....မင်းတို့ က လွန်လွန်းတယ်....တစ်နေ့ လည်း အပျော်၊ တစ်နေ့ လည်း
အပျော်...ကြာရင် ငါ့လက်ထဲက အမှိုက်အိတ်လို ဖြစ်သွားမယ်..သုံးမရတဲ့ ပစ္စည်းတွေ ထည့်ထားခံရလို့ ..လမ်းဘေးအမှိုက်
တောင်းထဲ ခုလို အစွန့် ပစ်ခံရမယ်ကွ.."
ဒီဦးလေး ပြောတာ ဟုတ်တာပဲ လို့ တွေးမိပါတယ်။ အိတ်တစ်လုံးဟာ မကောင်းတဲ့ ပစ္စည်းစုပ်တွေ ထည့်ထားလို့ သာ အမှိုက်
တောင်းထဲရောက်တာပေါ့။ တန်ဖိုးရှိတဲ့ ပစ္စည်းကောင်းတွေ ထည့်ထားကြည့်ပါလား လမ်းဘေး ဘယ်ရောက်ပါ့မလဲ။ အိမ်မှာ
ပဲ ချိတ်ထားခံရမှာပေါ့။
လူတစ်ယောက်ဆိုလည်း သူသာ တန်ဖိုးရှိအောင် လူ့ ပတ်ဝန်းကျင်မှာ နေကြည့် ဘယ်သူမှာ ချောင်မထိုးဘူး၊ မစွန့် ပစ်ကြပါ
ဘူး။ လူ့ တန်ဖိုးမဲ့အောင် နေတဲ့သူကတော့ အမှိုက်အိတ်လိုပဲ ဘယ်သူမှ အရေးမလုပ် လမ်းဘေးမြောင်းထဲ ပစ်ခံရမှာ သေချာ
တယ်။
လူဟာ တန်ဖိုးရှိလာအောင် မိမိကိုယ်တိုင် နေထိုင်တတ်ရမယ်။ လုပ်ကိုင် ဆောင်ရွက်တတ်ရမယ်။ ဒီတန်ဖိုးကို အကဲဖြတ်တဲ့
နေရာမှာတော့ ပတ်ဝန်းကျင်က အဓိက ကျတယ်။ ပတ်ဝန်းကျင်ဆိုတာလည်း ပြစ်ထားလို့ မသင့်ဘူး။ အထိုက်အလျောက်
သူတို့ အမြင်မှာ အဆင်ပြေအောင် နေတတ်ရမယ်။
ပတ်ဝန်းကျင်ဆိုတာလည်း ဂရုစိုက်စရာမလိုပါဘူး၊ ကိုယ်နေချင်သလို နေလိုက်မယ်၊ ငါက ဘာပူစရာရှိလည်း မိဘတွေက
လည်း ချမ်းသာတာပဲ စားလို့ တောင် မကုန်ပါဘူး။ ဘာမှမတတ်လည်း ထိုင်စားလို့ ရတယ်၊ဘာမှ မလုပ်ဘူးကွာ ဆိုရင်တော့
ကျိန်းသေပါတယ်၊ ဒီလိုလူစားမျိုးဟာ လူ့ အမှိုက်ဖြစ်မှာပါပဲ။
တစ်ချိန်မှာတော့ လူ့ အမှိုက်ဆိုတာ စွန့် ပစ်ခြင်းကို ခံရဦးမှာ မလွဲဘူး။ ဒါကြောင့် ကိုယ့်ဟာ အသိတွေ၊ တန်ဖိုးရှိတဲ့ ပညာရပ်တွေ
စတဲ့ ပစ္စည်းကောင်းတွေထည့်တဲ့ အိတ်မျိုးပဲ ဖြစ်နေပါစေ။ မကောင်းတဲ့ အလေ့အကျင့်တွေ၊ အပြုအမူတွေလို ပစ္စည်းစုပ်တွေ
ထည့်ထားခံရတဲ့ အိတ်မျိုး မဖြစ်ပါစေနဲ့ ဆိုတာကို ရေးသားတင်ပြလိုက်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။