.......................... .......................... .......................... ......
Nz(ရိုးရာလေး)
ww.yoyarlay.com
#Nz_yyl
#news_yyl
Unicode Version
ဘဝမှာ ပထမဆုံး ထီထိုးပြီး ဒေါ်လာ ၂ သန်းဆု ပေါက်ခဲ့သူ
.......................... .......................... .......................... ......
ဘဝမှာ ထီတစ်ခါမျှ မထိုးဖူးတဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဟာ ပထမဆုံး ထီထိုးတဲ့အကြိမ်မှာပဲ အမေရိကန်ဒေါ်လာ ၂ သန်းဆု ဆွတ်ခူးခဲ့ပါတယ်။
ကန်ဒေါ်လာ ၂ သန်းဆု ပေါက်ခဲ့သူက ဖလော်ရီဒါ ပြည်နယ်မှာ နေထိုင်တဲ့ ဖရက်ဒရစ်ဝေါ်ကာပါ။ ဖရက်ဒရစ်ဝေါ်ကာဟာ သူ့ဘဝမှာ တစ်ကြိမ်မှ ထီမထိုးဘူးဆိုတာကို Powerball ထီဌာနက တာဝန်ရှိသူတွေက အတည်ပြုခဲ့တယ်လို့ fox13news.com က ဖော်ပြထားပါတယ်။ သူဟာ အခြားသူတစ်ဦး ရွေးပြီးမှ မထိုးဘဲထားခဲ့တဲ့ နံပါတ်ဖြည့်ပြီးသား ထီလက်မှတ်ကို ရွေးချယ်ပြီး ထီပေါက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ သမိုင်းတစ်လျှောက် အလယ်ပုံဆုကြေးငွေ အများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ Powerball ထီဖွင့်ပွဲကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အလယ်ပုံဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံထိ မြင့်တက်ခဲ့တဲ့ Powerball ထီဖွင့်ပွဲက အမေရိကန် ပြည်သူတွေကြား တော်တော်ရေပန်းစားခဲ့ပါတယ်။ ဒီအကြောင်းကြားပြီးတဲ့နောက် ဖရက်ဒရစ်ဝေါ်ကာ ထီထိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။
''ဒေါ်လာသန်းထောင်ချီတဲ့ Powerball ထီဆုကြေးအကြောင်း ကြားပြီးတော့ ထီလက်မှတ်ဝယ်ပြီး ကံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ စတိုးဆိုင်က ထီလက်မှတ် အရောင်းကောင်တာကို ရောက်တဲ့အချိန်မှာ နံပါတ်ရွေးပြီးသား ထီလက်မှတ်တစ်စောင် တွေ့တယ်''လို့ ဖရက်ဒရစ်ဝေါ်ကာက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ထီဖွင့်ပွဲမှာ ပေါက်မဲနံပါတ်က ၄၊ ၈၊ ၁၉၊ ၂၇၊ ၃၄ ဖြစ်ပြီး Powerball နံပါတ်က ၁၀ ပါ။ ဖရက်ဒရစ်ဝေါ်ကာဟာ Powerball နံပါတ်ကလွဲပြီး နံပါတ်ငါးလုံး တူညီခဲ့ပါတယ်။ ဒီအတွက် သူဟာ ဒေါ်လာ ၁ သန်း ဆုရခဲ့ပြီး
သူထိုးခဲ့တဲ့ ထီလက်မှတ်က ၃ ဒေါ်လာတန် ဆုကြေးဆတိုးပေးတဲ့ Power Play အမျိုးအစားဖြစ်တာကြောင့် နောက်ထပ်တစ်သန်း ထပ်ရခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ သန်း ပိုင်ဆိုင်သွားတာဖြစ်ပါတယ်။
—..........................
Nz(ရိုးရာလေး)
ww.yoyarlay.com
#Nz_yyl
#news_yyl
Unicode Version
ဘဝမှာ ပထမဆုံး ထီထိုးပြီး ဒေါ်လာ ၂ သန်းဆု ပေါက်ခဲ့သူ
..........................
ဘဝမှာ ထီတစ်ခါမျှ မထိုးဖူးတဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဟာ ပထမဆုံး ထီထိုးတဲ့အကြိမ်မှာပဲ အမေရိကန်ဒေါ်လာ ၂ သန်းဆု ဆွတ်ခူးခဲ့ပါတယ်။
ကန်ဒေါ်လာ ၂ သန်းဆု ပေါက်ခဲ့သူက ဖလော်ရီဒါ ပြည်နယ်မှာ နေထိုင်တဲ့ ဖရက်ဒရစ်ဝေါ်ကာပါ။ ဖရက်ဒရစ်ဝေါ်ကာဟာ သူ့ဘဝမှာ တစ်ကြိမ်မှ ထီမထိုးဘူးဆိုတာကို Powerball ထီဌာနက တာဝန်ရှိသူတွေက အတည်ပြုခဲ့တယ်လို့ fox13news.com က ဖော်ပြထားပါတယ်။ သူဟာ အခြားသူတစ်ဦး ရွေးပြီးမှ မထိုးဘဲထားခဲ့တဲ့ နံပါတ်ဖြည့်ပြီးသား ထီလက်မှတ်ကို ရွေးချယ်ပြီး ထီပေါက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ သမိုင်းတစ်လျှောက် အလယ်ပုံဆုကြေးငွေ အများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ Powerball ထီဖွင့်ပွဲကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အလယ်ပုံဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံထိ မြင့်တက်ခဲ့တဲ့ Powerball ထီဖွင့်ပွဲက အမေရိကန် ပြည်သူတွေကြား တော်တော်ရေပန်းစားခဲ့ပါတယ်။
''ဒေါ်လာသန်းထောင်ချီတဲ့ Powerball ထီဆုကြေးအကြောင်း ကြားပြီးတော့ ထီလက်မှတ်ဝယ်ပြီး ကံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ စတိုးဆိုင်က ထီလက်မှတ် အရောင်းကောင်တာကို ရောက်တဲ့အချိန်မှာ နံပါတ်ရွေးပြီးသား ထီလက်မှတ်တစ်စောင် တွေ့တယ်''လို့ ဖရက်ဒရစ်ဝေါ်ကာက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ထီဖွင့်ပွဲမှာ ပေါက်မဲနံပါတ်က ၄၊ ၈၊ ၁၉၊ ၂၇၊ ၃၄ ဖြစ်ပြီး Powerball နံပါတ်က ၁၀ ပါ။ ဖရက်ဒရစ်ဝေါ်ကာဟာ Powerball နံပါတ်ကလွဲပြီး နံပါတ်ငါးလုံး တူညီခဲ့ပါတယ်။ ဒီအတွက် သူဟာ ဒေါ်လာ ၁ သန်း ဆုရခဲ့ပြီး
သူထိုးခဲ့တဲ့ ထီလက်မှတ်က ၃ ဒေါ်လာတန် ဆုကြေးဆတိုးပေးတဲ့ Power Play အမျိုးအစားဖြစ်တာကြောင့် နောက်ထပ်တစ်သန်း ထပ်ရခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ သန်း ပိုင်ဆိုင်သွားတာဖြစ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။