Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 17, 2016

ထိုက်ကျိဆရာကြီးအဖြစ် သူ့ကိုသတိရနေစေချင်တဲ့ ဂျက်မာ

ထိုက်ကျိဆရာကြီးအဖြစ် သူ့ကိုသတိရနေစေချင်တဲ့ ဂျက်မာ
=============================
သူ့နာမည်အရင်းက မာယွင် ပါ။ သူ့နာမည်ဟာ အသံထွက်ရခက်တဲ့အတွက် အင်္ဂလိပ်အမျိုးသမီးမိတ်ဆွေတစ်ယောက်က ဂျက်လို့ အတိုကောက်ခေါ်ရာကနေ ဂျက်မာဖြစ်လာခဲ့တာပါ။ အခုတော့ ဂျက်မာ ဆိုရင် တရုတ်မှာအချမ်းသာဆုံးဘီလျံနာအဖြစ် တော်တော်များများက သိနေကြပါပြီ။
ကမ္ဘာ့အချမ်းသာဆုံးနံပါတ် ၁၈ ဖြစ်တဲ့ ဂျက်မာကို ၁၉၆၄ စက်တင်ဘာ ၁၀ ရက်မှာ တရုတ်နိုင်ငံ ဟန်ကျိုးမှာ မွေးခဲ့ပါတယ်။ မိဘနှစ်ပါးက ရိုးရာဂီတနဲ့ပုံပြောသူတွေအဖြစ် အသက်မွေးကြသူတွေဖြစ်ပါတယ်။ သူဟာ ငယ်ငယ်ထဲက အင်္ဂလိပ်စာတတ်ချင်လို့ စက်ဘီးတစ်စီးနဲ့ အနီးအနားက ဟိုတယ်ကို သွားပြီး နိုင်ငံခြားသားတွေနဲ့စကားပြောပါတယ်။ နိုင်ငံခြားသားတွေကို ဟိုဟိုဒီဒီလိုက်ပို့ရင်း သူတို့နဲ့စကားပြောလေ့ကျင့်ပါတယ်။

လူငယ်ဘ၀ရောက်လာတဲ့ မာဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၃ ခါကျပြီးမှ ဟန်ကျိုးဆရာအတတ်သင်ကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ သူဟာ အင်္ဂလိပ်စာနဲ့နိုင်ငံတကာကုန်သွယ်ရေးဘာသာသင်ဆရာအဖြစ် ဟန်ကျိုးဒိုင်စီတက္ကသိုလ်မှာ သင်ပြပေးခဲ့ပါတယ်။

တရုတ်မှာ အကြီးဆုံးအွန်လိုင်းရှော့ပင်းကုမ္ပဏီအလီဘာဘာရဲ့ ဥက္ကဌဖြစ်လာမယ့် ဂျက်မာဟာ ၁၉၉၄ ရောက်မှ အင်တာနက်ဆိုတဲ့စကားလုံးကို ကြားဖူးတာပါ။ ၁၉၉၅ မှာ သူ အမေရိကန်ရောက်တော့ မိတ်ဆွေတွေရဲ့အကူအညီနဲ့ အင်တာနက်နဲ့ထိတွေ့ခွင့်ရပါတယ်။ ပထမဆုံးအင်တာနက်စသုံးချိန်မှာ သူက ဘီယာဆိုတဲ့ စကားလုံးကို စရှာပါတယ်။ နိုင်ငံတော်တော်များများရဲ့ ဘီယာနဲ့ပတ်သက်တဲ့အချက်အလက်တွေကို အင်တာနက်မှာ ရှာတွေ့ပေမယ့် တရုတ်က ဘီယာနဲ့ပတ်သက်တဲ့အချက်အလက်ကို တစ်ခုမှ မတွေ့ပါဘူး။ တရုတ်နဲ့ပတ်သက်တဲ့ ယေဘုယျအချက်အလက်တွေကို ရှာတော့လည်း မတွေ့တော့ အံ့သြခဲ့ရပြန်ပါတယ်။ ဒါနဲ့ သူနဲ့ သူ့သူငယ်ချင်းဟာ တရုတ်နဲ့ပတ်သက်တဲ့ အရုပ်ဆိုးဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ၀က်ဘ်ဆိုက်တင်ပြီး ၅ နာရီအတွင်း သူ ဘယ်သူလဲဆိုတာသိချင်တဲ့ တရုတ်နိုင်ငံသားတွေဆီက အီးမေးလ်တွေ ရောက်လာပါတယ်။ ဒါကြောင့်ပဲ အင်တာနက်နဲ့ ကြီးကြီးကျယ်ကျယ်အလုပ်လုပ်လို့ရမယ်လို့ မာတစ်ယောက် သိလာခဲ့တာပါ။ ၁၉၉၅ ဧပြီမှာ မာ၊ သူ့ဇနီးနဲ့ သူငယ်ချင်းတစ်ယောက်ဟာ ဒေါ်လာ ၂ သောင်းကို အရင်းတည်ပြီး အင်တာနက်ကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့ပါတယ်။ ကုမ္ပဏီတွေအတွက် ၀က်ဘ်ဆိုက်တွေဖန်တီးဖို့ ရည်ရွယ်ခဲ့တာပါ။ သူက သူတို့ကုမ္ပဏီကို တရုတ်အ၀ါရောင်စာမျက်နှာ လို့ခေါ်ပါတယ်။ ၃ နှစ်အတွင်း သူ့ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၈ သိန်းရရှိခဲ့ပါတယ်။ (၂၀၁၀ နှီးနှောဖလှယ်ပွဲတစ်ခုမှာ မာက သူ့တစ်သက် ကွန်ပျူတာကုတ်တစ်ကြောင်းတောင် မရေးခဲ့သလို ၀ယ်သူကို တစ်ခါမှ ဈေးမရောင်းဖူးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ သူဟာ သူ့ရဲ့ပထမဆုံးကွန်ပျူတာကို အသက် ၃၃ နှစ်မှ ပိုင်ဆိုင်ဖူးတာပါ)

၁၉၉၉ မှာ မာဟာ ဟန်ကျိုးကို သူ့အဖွဲ့နဲ့ပြန်လာပြီး အလီဘာဘာကို သူငယ်ချင်း ၁၇ ယောက်နဲ့ ထူထောင်ခဲ့ပါတယ်။ အရင်းအနှီးငွေ ယွမ် ၅ သိန်းနဲပါပ။ အခုအချိန်မှာတော့ အလီဘာဘာကို နိုင်ငံနဲ့ဒေသပေါင်း ၂၄၀ ကျော်က မန်ဘာ ၇၉ သန်းကျော်က သုံးစွဲနေပါပြီ။

၂၀၀၇ မှာ ငါးမန်းတွေကို ဆူးတောင်အတွက် သတ်ဖြတ်နေတဲ့ဓလေ့ကို ကမ္ဘာတစ်ဝန်းရှုံ့ချနေချိန်မှာ မာက သူနဲ့သူ့မိသားစုဟာ အခုအချိန်ကစပြီး တစ်သက်လုံး ငါးမန်းတောင်ဟင်းချိုမစားတော့ဘူး လို့ ကြေညာခဲ့ပါတယ်။ ၂၀၀၉ ကစပြီး အလီဘာဘာရဲ့ အွန်လိုင်းအရောင်းအ၀ယ်လုပ်ငန်းအားလုံးမှာ ငါးမန်းတောင်ပစ္စည်းတွေ ရောင်းချနေခြင်းကို ပိတ်ပင်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအတွက် နှစ်စဉ်အမြတ်ငွေရဲ့ ၀.၃% ကို သုံးစွဲမယ်လို့လည်း ၂၀၁၀ ကစပြီး သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၅ မှာတော့ နယူးယောက်မြို့ ပေါလ်စမစ်မှာ ဧက ၂၈၁၀၀ ကျယ်ဝန်းတဲ့ ခြံကြီးတစ်ခြံကို ၀ယ်ယူပြီး Brandon Park အမည်ပေးပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမြေယာအဖြစ် အသုံးပြုခဲ့ပါတယ်။

မာဟာ ၂၀၁၁ ကစပြီး အလီဘာဘာဝန်ထမ်းတွေကိုသင်ပေးဖို့ ထိုက်ကျိဆရာတွေ ငှားပေးခဲ့ပါတယ်။ စီဖူဝမ်၊ ဂျက်လီနဲ့ မာတို့ဟာ အလီဘာဘာမှာ ထိုက်ကျိကို ပုံမှန်သင်ပေးကြပြီး ၀န်ထမ်းတွေက မတက်မနေ တက်ရပါတယ်။ တစ်နေ့မှာတော့ လူတွေဟာ သူ့ကို တရုတ်ရဲ့အကြီးဆုံးအင်တာနက်ကုမ္ပဏီထူထောင်သူကြီးအဖြစ်ထက် ထိုက်ကျိဆရာကြီးအဖြစ် သတိရနေကြလိမ့်မယ်လို့ မာက ပြောပါတယ်။

စုပြည့်စုံ
Ref: Alumni Profile, Profile of Jack Ma@Forbes, Wikipedia

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။