ရေနွေးကြမ်း အလွန်အကျွံသောက်တာ အန္တရာယ်ရှိသလား
Catechin လို့ခေါ်တဲ့ antioxidant ကျေးဇူးကြောင့် ရေနွေးကြမ်းက ကျန်းမာရေး အကျိုးကျေးဇူး တစ်ပုံတစ်ခေါင်း ပိုမိုရရှိစေတယ်လို့ သုတေသနတစ်ခုက ဖော်ပြထားပါတယ်။ မှတ်ဥာဏ် ပိုမိုကောင်းမွန်စေမှုကစ ကင်ဆာကာကွယ်ပေးခြင်း အထိပါ အားလုံး ဆက်နွယ်နေပါတယ်။
ကံမကောင်းစွာနဲ့ပဲ လက်ဖက်ခြောက်ရဲ့ ဆိုးကျိုးများအကြောင်းလည်း ကျွန်ုပ်တို့ ကြားသိရပါတယ်။ ယူကေနိုင်ငံမှာ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အွန်လိုင်းမှာ မှာယူတဲ့ ဆေးဖက်ဝင် တရုတ်လက်ဖက်ခြောက် တစ်နေ့ (၃) ခွက်သောက်ပြီးနောက် အသည်းဖျက်ဆီးမှုကြောင့် ဆေးရုံရောက်ခဲ့ပါတယ်။ အဲဒီရေနွေးကြမ်း တစ်နေ့ (၃) ခွက်က အရမ်းများလွန်းနေလို့ ဖြစ်ပါတယ်။ အများအားဖြင့် လက်ဖက်ခြောက်နဲ့ ပတ်သက်ပြီး ကျန်းမာရေး အန္တရာယ်ဖြစ်စေတာတွေက လိုအပ်သည့်ထက် ပိုသောက်ခြင်း သို့မဟုတ် ဈေးဆိုင်ဈေးမှာ ရောင်းတဲ့ ကိုယ်အလေးချိန်ကျဖျော်ရည်တေ
လက်ဖက်ခြောက်မှာပါတဲ့ tannins ခေါ်သဘာဝဆိုးဆေးက သံဓာတ်စုပ်ယူမှုကို အဟန့်အတား ဖြစ်စေတယ်လို့ အာဟာရဆိုင်ရာ ပါရဂူ Mike Roussell, Ph.D က ဆိုပါတယ်။ ဒီတော့ ပဲ၊ ကြက်ဥ သို့မဟုတ် နို့ဖြင့် ပြုလုပ်တဲ့ ထုတ်ကုန်ပစ္စည်းစတဲ့ အဓိကအားဖြည့်ပေးတဲ့ အရင်းအမြစ်တွေကနေ သံဓာတ် ရရှိဖို့ ပိုနည်းနိုင်တဲ့ သဘောဖြစ်ပါတယ်။
တကယ်တော့ ရေနွေးကြမ်း (၁) ခွက်မှာ ကဖီးဓာတ် ၂၅ ကနေ ၅၀ မီလီဂရမ်ပါဝင်လို့ ကော်ဖီထက် ကဖီးဓာတ် ပိုနည်းပါတယ် (ကော်ဖီ (၁) ခွက်မှာ ပုံမှန်အားဖြင့် ၉၅ ကနေ ၂၀၀ မီလီဂရမ် ပါလေ့ရှိပါတယ်)။
ဆိုတော့ တစ်နေ့ (၄) ခွက်သတ်မှတ်ပါ။ ဒီပမာဏက ကိုယ်အလေးချိန်လျော့ကျစေနို
TrendMyanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။