အောင် နိုင် ထွန်း added 14 new photos.Follow
ရှောင်တိမ်းဖို့မလွယ်တဲ့ ချောင်းရိုက်ကင်မရာများ
မိန်းကလေးများ များများသာဖတ်ကြ
အဖြစ်များလာနေတဲ့ ရေချိုးခန်း၊အိမ်သာတွေထဲက မိန်းမသားများ၏ ဝတ်လစ်စလစ်ပုံများကို ခိုးရိုက်ကြကာ အင်တာနက် သို့ တင်နေကြတာကိုစိတ်မကောင်း ဖွယ်တွေ့ရှိနေရပါတယ်။
အဆိုပါကိစ္စများ မဖြစ်ပေါ်စေရန် တာစီးဖို့ မလွယ်ကူပေမဲ့ အတက်နိုင်ဆုံး ရှောင်ရန် ဆောင်ရန်အချို့တော့ရှိနေပါတယ်။
(၁) မိန်းကလေးများ ရေချိုးတော့မယ် ဆိုရင် ကိုယ့်ရေချိုးခန်းကို ရေမချိုးခင် လုံခြုံမူ့ရှိ မရှိ စစ်ဆေးပြီးမှသာ ရေချိုးဖို့ အကြံပြုချင်ပါတယ်။
(၂) ဟိုတယ် ( သို့မဟုတ်) အများသုံးရေအိမ် ဖြစ်ပါက ရေဆွဲမောင်းတံများ၊စက္ကူလိပ်များ၊ မီးလုံးများ ၊ ပန်းအိုးများ ၊ တခါးလော့ချတံများ၊ ပိုစတာများ ၊ ပစ္စည်းချိတ်တံများ စသည်တို့တွင် လျှီု့ဝှက်ထားတက် ကြသည်။
(၃) တံခါးဂျက် ကောင်းမကောင်း၊အကာအရံ လုံမလုံ၊ တိုက်ခန်းဖြစ်နေရင် တောင်မှ အပေါက်ဖေါက် ထားလား၊ အတွင်းက မမြင်အောင် အပြင်ကမှ မြင်နိုင်အောင် အပေါက်ဖေါက်ထား သလား၊ ခေါင်မိုးရှိတယ် ဆိုရင် တောင် အမိုးနဲ့ အကာအကြား လက်လျှိုလို့ ရနိုင်လားဆိုတာသေချာ စစ်ဆေးပြီးမှသာရေချိုးကြ တာ အကောင်းဆုံးပါလို့ အသိပေးချင်ပါတယ်။
မကြာသေးမှီ ကဖြစ်ခဲ့ တဲ့အမူအရဆိုရင် ဗဟန်းမြို့နယ်မှာ တိုက်ခန်း
ငါးလွှာအထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေ ကြပါတယ်၊ ဘေးချင်းကပ် တိုက်ခန်း ငါးလွှာမှာလဲ လူငယ် လင်မယား မိသားတစ်စု နေကြတယ်လို့သိရတယ်။
တစ်နေ့မှာ ပြသာနာ အကြီးအကျယ်တက်ပြီး ရပ်ကွက် ရုံးကို တိုင်ကြားတဲ့အထိ ဖြစ်ကြတယ်။
အကြောင်းရင်းက တစ်ဖက် တိုက်ခန်းငါးလွှာက ယောင်္ကျားဖြစ်သူက ဒီဖက်ငါးလွှာ က ကျောင်းသူတွေ နေတဲ့ ရေချိုးခန်းကခေါင်မိုးနဲ့ နံရံ လွတ်နေတဲ့ ကြားမှာဟမ်းဖုန်း နဲ့ ကျောင်းသူလေးတွေ ရေချိုးနေတာကို ဗွီဒီယို ခိုးရိုက်နေတာ ဖမ်းမိသွားတဲ့ အမှု့အခင်း ဖြစ်တယ်လို့ သိရတယ်။
ဘယ်အချိန်ကထဲက ရိုက်နေလဲ ဘယ်လောက်ကြာနေ ပြီလဲဆိုတာ ကတော့ ကာယကံ ရှင်ကိုယ်တိုင် သာသိနေမယ်လို့ ယူဆရတယ်။
မိန်းကလေးတွေ ရေချိုးတာမှာ လုံချီမပါဘဲ ဝတ်လစ်စလစ်ရေချိုးနေတာကို ဘယ်ပွန်းဆိုက်တွေမှာ တင်လိုက်ပြီလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး။
မိန်းကလေးတယောက် အဖို့ လူသိကြတော့လဲ တစ်ရှက်က နှစ်ရှက်ဖြစ်တော့မှာ ဆိုတာတော့ သေချာနေပြီဖြစ်တယ်။
ရပ်ကွက်ရုံးကို တိုင်ကြားတော့လဲ နယ်က မိဝေးဖဝေး လာနေကြတဲ့ မိန်းကလေးတွေခင်မျာ ဖိဖိစီးစီး ပြောနိုင် အောင်နိုင်အောင် မလုပ်နိုင်ကြတော့ အမှု့က နောက်ဆုံးတော့ ဝေလေလေ ဖြစ်တာနဲ့ ပဲ အဆုံးသတ်ရ တယ်လို့လဲ ကြားသိခဲ့ရတယ်။
အိမ် ထောင်သည် ယောကျာင်္းမှ မဟုတ်၊ ကြီးကြီးငယ်ငယ် အခုလို ကျင့်ဝတ်နဲ့ မညီ၊ စာရိတ္တပိုင်း မကောင်းတဲ့ယောင်္ကျား၊ မောင်နှမသားချင်း စာနာမှု့မရှိတဲ့ ယောင်္ကျားတစ်ချို့တွေကြောင့် မနစ်နာသင့်ပဲ နစ်နာနေကြ သူတွေ ဘယ်လောက်တောင် ရှိနေပါပြီလဲဆိုတဲ့ ကိစ္စကတော့ယနေ့ခေတ်မှာ မေးခွန်းထုတ်စရာ တခုဖြစ်လို့ လာနေပါပြီ။
ဒီလိုအဖြစ်မျိုးကို နိုင်ငံတကာမှာလည်း တွေ့ကြုံနေရတာဖြစ်ပေမဲ့ မြန်မာ့ယဉ်ကျေးမူတွေ ကိုဥပခါပြုနေတဲ့ လုပ်ရပ်တွေက နိုင်ငံနှင့်လူမျိုးအတွက် များစွာ ထိခိုက်စေတယ် ဆိုတာ အထင်အရှားတွေ့ရှိရမှဖြစ်တယ်။
ယခုလို ပြုလုပ်သူမျးကို ထိထိရောက်ရောက် ပြစ်မူ ၊ ပြစ်ဒဏ်များပေးဖို့လိုအပ် သလို ဆောင်ရွက်ပေးဖို့ လူမူအသိုက်အဝန်း ကလိုလားမူ တိုးတက်လာပြီဆိုတာ မငြင်းနိုင်မယ့် အချက်ဖြစ်ပါတယ်။
အချူပ်ဆိုရသော် မိန်းမပျိုလေးတွေနေတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေကိုလဲ လုံလုံခြုံခြုံ ရှိနေဖို့ ကြိုတင်ပြီး ဆောင်ရွက်ကြပါလို့ တင်ဆက်ပေးလိုက်ပါတယ်။
Credit: Myawady News

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။