Soe Tint
ဦးဝင်းထိန်ရဲ့စကားတစ်ခွန်းကြောင့်
တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်ရပါတယ်ဆိုတော့.....??
နေစမ်းပါဦး
ဂုဏ်သိက္ခာဆိုတာ အဲလောက်တောင်
ပွန်းလွယ်ပဲ့လွယ်သလား ?
လူတစ်ယောက် မတော်တဆပြောလိုက်မိတဲ့ စကားတစ်ခွန်းတည်းနဲ့လည်းထိတတ်ခိုက်တတ်တာပဲလား
စစ်တပ်ဂုဏ်သိက္ခာ အဲသလောက်တောင်ပါးလျသလား
ဒါမှမဟုတ်
အစကတည်းက ရှိမနေတာများလား ?
ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်အကျုပ်ချုပ်နဲ့ ပိတ်လှောင်ထားပြီး
သူမအနေနဲ့ ဘာမှပြန်လည်ခုခံနိုင်ခွင့်
မရှိတဲ့အနေအထားတစ်ခုမှာ
တပ်မတော်အစိုးရကနေပြီး နိုင်ငံပိုင်
သတင်းစာတွေ မီဒီယာရုပ်သံတွေကနေပြီး
"ကုလားမယား" "အနောက်မျှော် ပုဆိန်ရိုး" စသဖြင့် ယောကျာ်းကြီးတွေတန်မဲ့နဲ့ အခြေအမြစ်မရှိတဲ့ အောက်တန်းစားဝေါဟာရတွေ တွင်တွင်သုံးပြီး
အချုပ်အနှောင်ခံ မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဝိုင်းချခဲ့ကြတုန်းကတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်သိက္ခာ တစ်ပြားသားမှ ပွန်းပဲ့မသွားရပါလား
မပွန်းပဲ့ရုံအပြင် ပိုလို့တောင် တောက်ပြောင်ထင်ရှားလာခဲ့သေးတယ်မဟုတ်လား ?
မှတ်ထားကွဲ့....!
ဂုဏ်သိက္ခာဆိုတာ
ကိုယ့်လုပ်ရပ် ကိုယ့်သမိုင်းကြောင်းအပေါ်မှာပဲ
မူတည်တယ်
ဘေးစကားကြောင့် ဘယ်တော့မှ အရာမယွင်းဘူး
ဘေးစကားကြောင့် ယွင်းတယ်ဆိုရင်လည်း
အဲဒါ ဂုဏ်သိက္ခာမဟုတ်တော့ဘူး
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
"သမ္မတအနားယူမယ် ဘဏ်စနစ်တွေပြိုလဲတော့မယ်"
အစရှိတဲ့ ကောလဟာလတွေလွှင့်ပြီး နောက်ကွယ်ကနေ မှိုင်းတိုက်နေတဲ့အဖွဲ့ဟာ USDPလား စစ်တပ်လား မသိသေးဆိုတဲ့ ဦးဝင်းထိန်ရဲ့
မရေရာမသေချာတဲ့ မှန်းဆထင်မြင်ချက် စကားကိုခေါ်တာမဟုတ်ဘူး
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
ကျောင်းသားထုဘက်လှည့်ပြီး
သေနတ်မောင်း တစ်ဗြောင်းဗြောင်းဆွဲဖြုတ်ခဲ့တဲ့
သမိုင်းကိုခေါ်တာ
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
စနစ်တကျ အကွက်ချကြံစည်ခဲ့တဲ့
ဒီပဲယင်းအရေးအခင်း လုပ်ကြံမှုကြီးကို
ခေါ်တာ
၂၀၀၇ရွှေဝါရောင် အရေးအခင်းကိုခေါ်တာ
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
ကိုပါကြီးကိုသတ်ပြီး အဲဒီအတွက် ဘာပြစ်မှုမှ မခံရဘဲ တရားရုံးထဲကနေ ခေါင်းမော့ရင်ကော့ပြီး ထွက်သွားနိုင်တာကိုပြောတာ
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
ဘယ်ပြည်သူမှမကြည်ဖြူဘဲ လွှတ်တော်ထဲ
ခပ်တည်တည် ဝင်ထိုင်နေတာကိုခေါ်တာ
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
ဘာသာရေး လူမျိုးရေး အမြဲမီးမွှေးနေတဲ့
တိပ်ပိတ်ဂတုံးကိုမှ ရွေးချယ်ဆည်းကပ်တာမျိုးကိုခေါ်တာ
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ နောက်ကွယ်က
ခိုင်းစေသူတွေထဲမှာ
တပ်မတော်သား၂ယောက်ပါနေတာကိုပြောတာ
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
စစ်ဗိုလ်တွေကတိုက်ဆောက် စစ်သားတွေက
ဗိုက်မှောက် နောက်ဆုံးတစ်နေ့ ချိုင်းထောက်ပဲ ရတယ်ဆိုတာမျိုးကိုဆိုလိုတာ
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
ငြိမ်းချမ်းမှ ဖြစ်တော့မယ့်တိုင်းပြည်တစ်ပြည်မှာ
အမြဲစစ်မျက်နှာအသစ်ဖွင့်ချင်နေတာမျိုးကိုခေါ်တာ
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
တောင်သူလယ်သမားတွေကို
သူတို့ပိုင်လယ်တွေထဲကနေမောင်းထုတ်ပြီး
တပ်ပိုင်ဆိုင်းဘုတ် သွားစိုက်တာကို ခေါ်တာ
ဂုဏ်သိက္ခာထိခိုက်တယ်ဆိုတာ
ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ
ကိုယ့်အလုပ်မဟုတ်တာတွေကို
မတတ်ဘဲ လိုက်လုပ်နေတာကိုခေါ်တာ
မှတ်ထား
မသေမချင်းမှတ်ထား
ဖင်မွှေးဖြူတဲ့အထိ မှတ်ထား
ဂုဏ်သိက္ခာရှိချင်ရင်
စစ်တပ်ဟာ စစ်တန်းလျားပြန်ရမယ်
စစ်တပ်ဟာ အရပ်သားအစိုးရ လက်အောက်မှာနေရမယ်
စစ်တပ်ဟာ စစ်တပ်အလုပ်ပဲလုပ်ရမယ်
ဒီလိုမှမဟုတ်ရင်တော့
စစ်တပ်ရဲ့ဂုဏ်သိက္ခာဟာ ဗလာပဲဖြစ်နေလိမ့်မယ် ။
credit to သာဂိ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။