နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ added 5 new photos — feeling ဗဟုသုတ ကဏ္ဍ.
ပလတ်စတစ်ဆန်နဲ့ ဆန်အစစ် ခွဲခြားနည်း
(၂၀၁၆)ခုနှစ် နိုဝင်ဘာလ ကစပြီး ပလတ်စတစ်ဆန်တွေ ပေါ်ထွက်လာနေတဲ့ သတင်းတွေ ထွက်လာခဲ့တာပါ ။ ဖန်တီးထားတဲ့ ဆန်အတုတွေဟာ တကယ့် ဆန်အစစ် နဲ့ လုံးဝ နီးပါးတူပါတယ်။
တရုတ်ဘက်ကနေ ထုတ်တယ်လို့ ပြောနေကြပြီး
ကျန်းမာရေးအာဏာပိုင်တွေကတရုတ်ဆန်ထုတ်သူတွေ ကို သတိပေးတာမျိုးတွေအထိ
ဖြစ်ခဲ့ပါတယ်။ ဆန်အတုတွေ ကို မီလာမင်း လို့ခေါ်တဲ့ ပလတ်စတစ် တစ်မျိုးကို
သုံးပြီး ဆန်အဖြစ် ပုံပြောင်းကြတာပါ။
အာလူးကစီဓါတ် နဲ့ပလတ်စတစ်တို့ကို ရောပြီး၊ တကယ့် ထမင်းအနံ့လိုဖြစ်အောင် အနံ့ကိုပါ ထည့်ပြီး ထုတ်ထား တာပါ။အရသာကပါတကယ့်ထမင်းနဲ့ တူပါတယ်။
ဆန် အတု၊အစစ် ခွဲတဲ့ နည်းကတော့…
#ထောင်းပါ
ဆန်ကို ငရုတ်ဆုံထဲထည့်ပြီးထောင်းကြည့်လိုက်ပါ။ အဖြူရောင် အမှုန့်ဖြစ်သွားရင်တော့ ဆန်အစစ် ဖြစ်ပြီး အ၀ါရောင် အစွန်းအထင်း ကျန်ခဲ့ရင်တော့ ပလတ်စတစ်ဆန်ပါ။
#ရေစိမ်ကြည့်
ရေတစ်ဖန်ခွက်လောက်ယူပြီး ဆန်အနည်းငယ်ကို ထည့်ပါ။ပလတ်စတစ်ဆန် ဆိုရင် ရေပေါ်မှာ ပေါ်နေမှာပါ။
#မီးရှို့
မီးရှို့ကြည့်ပါ။ပလတ်စတစ်ဆန် ဆိုရင် သေချာပေါက် ပလတ်စတစ် အနံ့ ထွက်လာပြီး တောက်လောင် နေမှာပါ။
#ဆူအောင်တည်
ဆန်အနည်းငယ်ကို ရေနဲ့ဆူအောင်တည်ပြီး ချက် ကြည့်ပါ။ ပြီးရင်တော့ ရလာတဲ့ထမင်းကို ပုလင်းထဲ ထည့်ပြီး (၃) ရက်လောက်စောင့်ကြည့်ပါ။ ပလတ်စတစ်ဆန် ဆိုရင် မှိုမတတ်ပဲ၊ ဆန်အစစ် ဆိုရင်တော့ မှိုတတ်တာကို တွေ့ရမှာပါ။
Credit Nilar(Shwemom)
Ref;/technofizi
Photo Credit Original

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။