မနက်က အလုပ်နောက်ကျနေလို့ တက်စီငှားစီးမိပါတယ် ကားဆရာ ကိုလေကြွားနဲ့ တိုးတာဗျာ
'ဒါက ငါ့ကိုယ်ပိုင်ကားလေ'
'အော်...'
'ကိုယ့်ကားကိုယ်မောင်းတော့ ကိုယ်ပိုင်စီးပွားရေးပေါ့'
'အင်း...'
'ငါ့အလုပ်မှာတော့ ငါဘုရင်ပဲ ငါသခင်ပဲ'
'အဲ...'
'ငါ့ကို ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုပြီး ဘယ်သူမှ လာအမိန့်ပေးလို့ မရဘူး'
'ကဲ... ရှေ့ကျရင် ညာဘက်ကွေ့ မီးပွိုင့်တွေ့ရင် ဘယ်ကွေ့ ဂိတ်နံပတ် ၃ ဆိုတဲ့ နေရာမှရပ် ကြားလား'
'ဟုတ်ကဲ့ ဟုတ်ကဲ့'
.
.
သို၎ကန် - ရမ်းချသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။