Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 3, 2016

အမျိုးသမီးမ၀င်ရ (ဇနီးတော် ရာဇ၀င် - ၁)

အမျိုးသမီးမ၀င်ရ
(ဇနီးတော် ရာဇ၀င် - ၁)

သမီးတော် ရာဇ၀င်တွေ အပတ်စဉ်ဖတ်ပြီး ပျင်းရိလာသူတွေ အတွက် ဒီတစ်ပတ်ကစပြီး ဇနီးတော်တွေရဲ့ ရာဇ၀င်ကို အလှည့်ကျ တင်ဆက်ပေးသွားမှာဖြစ်တယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့သူတွေဟာ ပြည်သူတွေနဲ့ လက်အောက်ငယ်သားတွေ အပေါ်မှာ ဘယ်လိုပဲ မတော်မတရားတွေ လုပ်လုပ်၊ အိမ်ကချည်တိုင်ကြီးကိုတော့ ကြောက်ကြပါတယ်။ ဒါကြောင့်လည်း အရင်အစိုးရ လက်ထက်မှာ ဇနီးတော်တွေက ၀န်ကြီး ၀န်ကလေးတွေကို နောက်ကွယ်က ကြိုးကိုင်ပြီး လာဘ်ပေးလာဘ်ယူကအစ ဆွေမျိုးကောင်းစားရေး ၀ါဒတွေအထိ လုပ်ကိုင်နိုင်ခဲ့ကြတယ်။ ဆွေမျိုးကောင်းစားရေး ဆိုရာမှာလည်း ယောက်ျားဖက်က အမျိုးအဆွေတွေ မပါဘဲ ဇနီးတော်တွေက သူတို့ရဲ့ ဆွေမျိုးတွေကိုပဲ ကောင်းစားအောင် လုပ်ခဲ့တာ ဖြစ်တယ်လို့ အငြိမ်းစား ၀န်ကြီး တစ်ပါးက စိတ်နာနာနဲ့ ပြောပြခဲ့ဖူးတယ်။

ဒီတစ်ပတ် စတင်ရေးသားမယ့် ဇနီးတော်ကတော့ တန်ခိုးကြီးပြီး ၀င်ငွေရှာပေးနိုင်တဲ့ ထိပ်သီး ၀န်ကြီးဌာနက ၀န်ကလေး ကတော် ဖြစ်ပါတယ်။ ပြီးတော့ ဒီဇနီးတော်က အိမ်နိမ့်စံဘ၀ ကတည်းက ပါလာတဲ့ ဇနီးတော် မဟုတ်ဘဲ ဒုတိယ ဇနီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့လင်တော်မောင် အကြောင်းကို မြွေမြွေချင်း ခြေမြင်တတ်သူလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင်က ပထမ ဇနီးမယားကို အလဲထိုးပြီး သရဖူ သိမ်းပိုက်လာသူဖြစ်တဲ့ အတွက် သူ့ခင်ပွန်းကို အမျိုးသမီးတွေနဲ့ ကင်းကင်း ရှင်းရှင်းနေဖို့ အမြဲကြတ်မတ်သလို အခါအားလျော်စွာ surprise checkနဲ့ လျှပ်တစ်ပြက် စစ်ဆေးမှုတွေလည်း လုပ်လေ့ရှိပါတယ်။ သူ့ခင်ပွန်း ၀န်ကလေးရဲ့ ဌာနကလည်း ၀န်ထမ်း ချောချောလေးတွေ ရှိသလို အပြင် ကုမ္ပဏီတွေက ၀န်ကြီးဌာနနဲ့ ဆက်သွယ်ဖို့ ကောင်မ ချောချောလေးတွေကိုပဲ လွှတ်လေ့ရှိတာတွေ၊ အဲဒီ ကောင်မလေးတွေကလည်း ရန်ကုန်ကနေ နေပြည်တော် အထိ လာရတော့ တစ်နေ့လုံး ရုံးမှာပဲ အချိန်ဖြုန်းရ တာတွေဟာ ဒီဇနီးတော် အတွက် ကြားရနားဝ မသက်သာစရာတွေ ချည်းပါ။ ဒါကြောင့် တစ်ခါက အဲဒီဇနီးတော်က ညည်းဖူးပါတယ်။ ဘယ့်နှယ်တော် အလုပ်မရှိ ကြောင်မရေချိုး နိုင်ငံရဲ့ မြို့တော်ကို နေပြည်တော်ကို ရွှေ့ရတယ်လို့။ တကယ်ဆိုရင် ရန်ကုန် တစ်ဖက်ကမ်း ဒလလောက် ရွှေ့ရင် တော်ရောပေါ့တဲ့။ သူတို့အတွက် ဆိုရင် အဲဒီလို တွေးတာခေါ်တာတွေက တော်တာ။

ဒါပေမဲ့ ဇနီးတော် အခက်တွေ့နေတာ တစ်ချက်ရှိပါတယ်။ ဒါကတော့ အလုပ်ကိစ္စ အတွက် သူ့ခင်ပွန်း ရုံးခန်းထဲကို အမျိုးသမီးလေးတွေ ၀င်ထွက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ဇနီးတော်က ရုံးမှာ သူ့သူလျှိုတွေ ဒလံတွေ ထားတာဆိုတော့ ဒီနေ့တော့ ဘာအလုပ်ကို အကြောင်းပြပြီး ဘယ်ကောင်မလေးက အခန်းထဲဝင်တာ အချိန် ဘယ်လောက်ကြာတယ်တို့၊ ဘယ်ကုမ္ပဏီကတော့ လွှတ်လိုက်ရင် ကောင်မလေး ချောချောငယ်ငယ် တောင့်တောင့်ဖြောင့်ဖြောင့်လေးကိုပဲ လွှတ်တာတို့၊ အဲဒီကောင်မလေး လာရင် အဘက တစ်ခါထဲ ခွင့်ပြုမိန့်ထုတ်ပြီး လက်မှတ်ထိုးပြီးသည် အထိ သူ့အခန်းထဲက စောင့်ခိုင်းတာတို့ဆိုတဲ့ သတင်းတွေက ဇနီးတော်ဆီကို ရောက်ရောက်နေတယ်။ မှန်ချင်လည်း မှန်မယ်။ အမှန်တစ်ဝက် အမှားတစ်ဝက်နဲ့ ဇနီးတော်ရဲ့ မျက်နှာသာပေးမှုကို ခံရချင်လို့ တံမြက်စည်းလှဲတဲ့ သန့်ရှင်းရေး အဒေါ်ကြီး ၀င်တာကိုလည်း ကုမ္ပဏီ ၀န်ထမ်းငယ်ငယ် ချောချောလေးဆိုပြီး ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အဲဒီသတင်းကြားရလေ ဇနီးတော် ရင်မောရလေ ဖြစ်နေတယ်။ လုပ်ငန်း ကိစ္စဆိုတော့ သူ့ကို ထမင်း၀၀ ကျွေးထားတဲ့ အလုပ်ဖြစ် နေလေတော့ ပြောရမှာလည်း အခက်တွေ့နေတာပေါ့။

ဒီတော့ ဇနီးတော်က ဘာအမိန့် တစ်ခုကို တရားမ၀င် ထုတ်လိုက်သလဲဆိုရင် သူ့လင်တော်မောင် အခန်းထဲကို ဘယ်အမျိုးသမီးမှ ပေးမ၀င်ရဘူးလို့ ရုံးအဖွဲ့ကို ပြောလိုက်တယ်။ ဒီလိုလုပ်မှသာ သူ့မျက်ကွယ်မှာ သူ့ယောက်ျား မဟုတ်မတရား ဖောက်ပြားလို့ မရနိုင်ဘူးဆိုပြီး သူ့ဟာသူ ပီတိတွေ ဖြစ်နေတယ်။ ဒါပေမဲ့ ဒီသူထုတ်လိုက်တဲ့ အမိန့်ကြောင့် သူ့ယောက်ျား အလုပ်ပြုတ်ဖို့ ဖန်လာတယ် ဆိုတာကိုတော့ သူ့ရဲ့တိမ်လှတဲ့ အသိဉာဏ်က မတွေးမိခဲ့ပါဘူး။ တစ်နေ့မှာ နိုင်ငံခြားက စီးပွားရေးနဲ့ ဆိုင်တဲ့ အရေးကြီး အဖွဲ့တစ်ဖွဲ့ ရောက်လာပါတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ အမျိုးသမီး ဖြစ်ပါတယ်။ ၀န်ကြီးလုပ်တဲ့သူ ခရီးသွားနေလို့ ၀န်ကလေးနဲ့တွေ့ပါ။ ဆွေးနွေးပါဆိုပြီးလည်း မှာသွားပါတယ်။ ပြောရရင် အဲဒီ့ ၀န်ကလေးက အဲဒီဌာနမှာ အောက်သက်ကစပြီး တက်လာတာ ဆိုတော့ ဌာနအကြောင်း ၀န်ကြီးထက်လည်း ပိုနားလည်ပါတယ်။

ပြဿနာကတော့ Callခန်း အ၀င်မှာ စပါတယ်။ ရုံးအဖွဲ့က ကျန်တဲ့သူတွေကို ၀င်ခွင့်ပြုပေမယ့် ခေါင်းဆောင် အမျိုးသမီးကို ၀င်ခွင့်မပြုပါဘူး။ ၀န်ကလေးက အမျိုးသမီးတွေနဲ့ အတွေ့မခံပါဘူးလို့ ကြားကောင်းအောင် ပြောပေမယ့် အဲဒီအမှုက ကြီးသွားတယ်။ နိုင်ငံခြားမှာ Discriminateလို့ ခေါ်တဲ့ လိင်အရ၊ အသားအရောင်အရ ခွဲခြားနှိမ်ချ ဆက်ဆံမှုတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချလေ့ရှိတယ်။ အခု အမျိုးသမီး မ၀င်ရဆိုတော့ ကျား/မလိင် ခွဲခြားပြီး နှိမ်ချဆက်ဆံတဲ့ သဘော သက်ရောက်သွားတယ်။ ပြီးတော့ လာတွေ့တဲ့ နိုင်ငံခြား အဖွဲ့က ဥရောပကဆိုတော့ လူတိုင်း ဘာသာမရွေး၊ အသားအရောင် မရွေး၊ လိင်မရွေး၊ အဆင့်အတန်း မရွေး တန်းတူရည်တူ ဆက်ဆံနေထိုင်ခွင့် ရှိရမယ်ဆိုတဲ့ ဒီမိုကရေစီ နိုင်ငံကြီးက အဖွဲ့ ဖြစ်နေလေတော့ ဟိုက ပြဿနာ ရှာပါလေရော။

သို့သော်လည်း နီးရာဓားပဲ ကြောက်တာလား၊ အဆင်းမှာ ဘီးတပ်ချင်တာလား မသိရတဲ့ ရုံးအဖွဲ့ ကတော့ ဇနီးတော် မှာထားတဲ့အတိုင်း တစ်ချက်ကလေးမှ အလျှော့ မပေးဘဲ မ၀င်ရဘူးပဲ တွင်တွင် ပြောရာကနေ ပြဿနာက ကြီးသထက်ကြီးပြီး ၀န်ကလေးခမျာ သူဘာမှမသိဘဲ အလုပ်က အနားပေးခြင်း ခံလိုက်ရပါတော့တယ်။ အာဏာရှင် အုပ်ချုပ်တဲ့ တစ်ချိန်လုံးမှာ အာဏာရှင်ကြီးရဲ့ အနောက် နန်းမတော်ကြီးကစလို့ ဇနီးတော်တွေဟာ အတော် လက်စောင်းထက် ခဲ့ကြပါတယ်။ အလုပ်ကို ဘယ်လောက် ကြိုးစားပမ်းစား လုပ်လုပ်၊ ဇနီးတော်တွေ စိတ်ငြိုငြင်တဲ့ အမှုနဲ့ ပြုတ်သွားတဲ့ ၀န်ထမ်းတွေ၊ အရာရှိတွေလည်း မနည်းလှပါဘူး။ ဇနီးတော်တွေက တီဗီဆိုရင်လည်း ပါလိုက်ချင်တာပဲ။ တီဗီမှာပါချင်တဲ့ ရောဂါကြောင့် ၀ါဆိုသင်္ကန်း ကပ်ပွဲတွေ၊ သင်္ကြန်ပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြတယ်။ မြန်မာ့ရုပ်သံက သတင်း ကြေညာသူတွေ၊ ကင်မရာမင်းတွေကို လာဘ်ထိုးပြီး သူတို့သတင်းတွေ မပါပါအောင် လုပ်ခဲ့ကြတယ်။ ဒါကြောင့် အဲဒီခေတ်က ညဘက် ၈နာရီ သတင်းတွေဟာ ၉ နာရီလည်းမပြီး၊ ၁၀ နာရီလည်း မပြီးတဲ့ ညတွေ ရှိခဲ့ဖူးတယ်။ ဒီလို ဇနီးတော်တွေ အကြောင်းကို ဒီအပတ်ကစပြီး အပတ်စဉ် ဖော်ပြပေးသွားမှာဖြစ်လို့ ကိုယ်တိုင် ကြုံခဲ့ဖူးသူများ Tomorrowကို ဆက်သွယ်နိုင်ကြောင်းပါ ခင်ဗျား။

လက်စောင်းထက်
01/14/2015

(Tomorrow မှကူးယူဖော်ပြပါသည်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။