Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 3, 2016

ရွှေပုံးကြီးပြန်ပေးလို့ အချုပ်ထဲရောက်ရတဲ့ ရဲဘော်တွေ (ဇနီးတော်ရာဇ၀င် - ၂)

ရွှေပုံးကြီးပြန်ပေးလို့ အချုပ်ထဲရောက်ရတဲ့ ရဲဘော်တွေ
(ဇနီးတော်ရာဇ၀င် - ၂)

ဘ၀ရှင် မင်းတရားကြီးက ခရီးသွားရင် ဇနီးသားသမီး ခြွေရံသင်းပင်းတွေနဲ့ သွားတာကို အားကျပြီး အဲဒီခေတ်က ၀န်ကြီးတွေရဲ့ အပေါ်မှာရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ နေရာအနှံ့ကို ဇနီးတော်တွေ၊ သားတော် သမီးတော်တွေနဲ့ ခရီးထွက်လေ့ရှိပါတယ်။ တချို့ကတော့ ဇနီးတော်တွေက သူတို့လင်တော်မောင် ရာထူးရှင်ကြီးတွေကို စိတ်မချလို့ မလိုက်ချင်ပဲ လိုက်ရတာလို့လည်း ပြောကြတယ်။ ဘာပဲပြောပြော မြွေမြွေချင်းဆိုတော့ ဘယ်ခြေထောက်ကြီးကတော့ ကိုက်လို့ ကောင်းသလဲဆိုတာ မြင်ကြမှာပေါ့။ ဖြစ်မှ ဘ၀ရှင် မင်းတရားဆီကို သွားသံတော်ဦး တင်ပြီး ကျွန်မ လင်ကတော့ သွားလေရာ ကောင်မလေး တစ်ယောက် ခေါ်ခေါ်သွားနေလို့ ဘယ်လိုမှ ထိန်းလို့ မရတော့ပါဘူး။ အငြိမ်းစားသာ ပေးပေးပါတော့လို့ ပြောခဲ့ရတဲ့ ဇနီးတော်တွေကလည်း တကယ် ရှိခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းနဲ့ မဆိုင်ပေမယ့် အဲဒီ့ ၀န်ကြီး ခရီးသွားလို့ ရိပ်သာတွေမှာ တည်းမယ်ဆိုရင် အဲဒီရိပ်သာ က အခန်းတံခါးတွေ အားလုံးဟာ အဖွင့်အပိတ်လုပ်ရင် လုံးဝအသံ မမြည်စေရပါဘူး။ အဲဒါကို ကိုယ်ရေးအရာရှိက အမြဲစစ်ဆေးရပါတယ်။ ဒါမှ ညအချိန်မတော် ဆောင်တော်ကူးရင် အသံမထွက်မှာကိုး။ ဒီဇာတ်လမ်းက အခုရေးမှာနဲ့ မဆိုင်ပေမယ့် ဇနီးတော်တွေက သူတို့ လင်တော်မောင်တွေကို ထိန်းဖို့လိုက်ရတယ်ဆိုတဲ့ ဘက်က အသံတွေကို ပြောပြတာဖြစ်ပါတယ်။

အခုခရီးစဉ်ကတော့ တန်ခိုးထွားတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦး မိသားစုလိုက် ပုဂံက တပ်မတော် ဧည့်ဂေဟာမှာ တည်းနေစဉ် ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပါ။ အဲဒီ့ဗိုလ်ချုပ်ကြီးက ဘ၀ရှင် မင်းတရားကြီးနဲ့လည်း ပေါက်ရောက်ပြန်၊ သူ့ဇနီးတော် ဇီဝကမကြီးကလည်း သမီးတော်တွေနဲ့ နန်းမတော်ကြီးကို လိုလေသေးမရှိ ထောက်ပံ့ထားလို့ သူပြောရင် ဘ၀ရှင်မင်းတရားကြီးရော၊ မိသားစုကရော ခွင့်မပြုတာ မရှိသလောက် ဖြစ်ပြန်ဆိုတော့ အဲဒီ့ကာလတုန်းမှာ အလွန်တန်ခိုး ထွားခဲ့တာပေါ့။ ဒါကြောင့် အဲဒီ့မိသားစု ပုဂံရောက်ပြီဆိုတာနဲ့ ရန်ကုန်နဲ့ မန္တလေးက စီးပွားရေး လုပ်ငန်းရှင်တွေဟာ ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း ဆိုသလို ပုဂံကို အုပ်စုလိုက် ချီတက်လာကြပါတယ်။

ပြီးရင် အကြောင်းမရှိ အကြောင်းရှာပြီး ဧည့်ရိပ်သာမှာ လာပြီး ဂါရ၀ ပြုကြတာပေါ့လေ။ ဒီနေရာမှာ စီးပွားရေးသမားတိုင်း လျင်တာမဟုတ်ဘူး။ အတီးအတ စီးပွားရေးသမားက ပါသေးတယ်။ ဒီအတီးအတသမားတွေက ပေးလည်းပေးရသေး။ သူတို့ပေးတာကို ဘယ်သူမှလည်း မသိ ဆိုတာမျိုးတွေ၊ အခုမှ လူကြီးတွေနဲ့ ဆက်ဆံရတော့ ကြောက်တာလည်း ပါမှာပေါ့။ ငါကတော့ ပေးလိုက်တာပဲ။ ဒါပေမဲ့ စိတ်ဆိုးပြီး မင်းက ငါ့ကို လာဘ်ထိုးရအောင် ဘာကောင်မို့လို့လဲဆိုပြီး ပြဿနာရှာမှာ စိုးလေတော့ ပေးတော့ပေးတယ်။ လူမသိအောင် ပေးကြတယ်။ အဲဒီလို အတီးအတ မအူမလယ် စီးပွားရေးသမားတွေကြောင့် ရိုးသားတဲ့ ရဲဘော်တစ်စု အချုပ်ထဲ ရောက်သွားတယ်ဆိုရင် ညောင်ဦးကမ်းပါးပြိုတာနဲ့ စံပါနဂိုက နွားမကြီး ပေါင်ကျိုးတာ ဆက်စပ်တယ်ဆိုတဲ့ ရှေးလူကြီးသူမတွေရဲ့ စကား မှန်တာကို သိရမှာဖြစ်တယ်။

ဒီတစ်ခေါက်မှာ သူတို့ရဲ့သမီး နှစ်ယောက်ကလည်း ပါလာလေတော့ သမီးတော်လေး တစ်ပါးက ရိပ်သာမှာ နေ့ရောညရော အလုပ် လုပ်နေရတဲ့ ရဲဘော်လေးတွေကို သနားပြီး သူ့အမေ အိပ်ခန်းထဲမှာ တောင်ပုံရာပုံဖြစ်နေတဲ့ လက်ဆောင်တွေထဲက ဘီစကစ်တစ်ဘူးကို ပေးလိုက်တယ်။ ရဲဘော်လေးတွေ စားကြပေါ့။ ရဲဘော်လေး တစ်စုလည်း နေ့လည်ခင်း တပ်မတော်ရိက္ခာ လက်ဖက်ရည် တိုက်ချိန်မှာ ဘီစကစ်ဘူးလည်း ဖွင့်လိုက်ရော အထဲမှာ ၀င်းဝင်း လက်နေတဲ့ ရွှေချောင်းတွေ တွေ့လိုက်ရတယ်။ ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး အဲဒီအထဲက တာဝန်ခံ အကြပ်လေးက ဇနီးတော် အခန်းဝမှာ အဲဒီဘူးလေး ကိုင်ပြီးသွားတော့ ဇနီးတော်က ဘာလာလုပ်တာလဲပေါ့။ အကြပ်လေးက မနက်က မမလေးက ကျွန်တော်တို့ကို မုန့်စားဖို့ ပေးပါတယ်။ အဲဒါ ဘူးကိုလည်း ဖောက်ရော ရွှေချောင်းတွေ တွေ့လို့ လာပေးတာပါလဲ ပြောရော အငမ်းမရ အဲဒီဘူးကို ဆွဲယူပြီး အခန်းထဲ ၀င်သွားပါတယ်။ ခဏနေတော့ ဇနီးတော်က ကားတစ်စီးနဲ့ သုတ်သီးသုတ်ပြာ အပြင်ထွက်သွားပါလေရော။ ရဲဘော်လေး တစ်စုလည်း ဒီကိစ္စကို မေ့လိုက်ကြပါပြီ။ သူတို့က မြက်ပေါက်ဖို့၊ သစ်ပင်ရေလောင်းဖို့၊ ချိုးတော်ရေ ဆက်သဖို့ တာဝန်တွေက ရှိသေးတာကိုး။ ဒါပေမဲ့ ညနေစောင်းချိန်မှာ အဲဒီရဲဘော်လေး တစ်စုကို တပ်ရေးဗိုလ်ကြီးက တပ်ရင်းဌာနချုပ်ကို လာရမယ်လို့ အမိန့်ချပါတယ်။ ရောက်လည်း သွားရော ပထမဆုံး မေးတဲ့မေးခွန်းက မင်းတို့ယူထားတဲ့ ရွှေ ၂၀ကျပ်သား ဘယ်မှာဖွက်ထားသလဲတဲ့။ ရဲဘော်တွေလည်း ပျာပျာသလဲနဲ့ လုံးဝမယူရကြောင်း၊ မုန့်ပုံးအဖွင့်မှာ ရွှေချောင်းတွေ တွေ့လို့ ချက်ချင်း ပြန်သွားပေးခဲ့ကြောင်း ပြောပေမယ့် သူတို့အားလုံးကို အချုပ်ထဲ ထည့်ထားလိုက်ပါတယ်။

ထည့်ရတဲ့ အကြောင်းက ဇနီးတော်ကြီးက အဲဒီမုန့်ပုံးထဲက ရွှေချောင်းတွေကို မြို့ထဲက ရွှေဆိုင်မှာ သွားချိန်ကြည့်တော့ ၈၀ ကျပ်သားပဲ ရှိနေတာ တွေ့ရတယ်။ ဒီတော့ ပေးတဲ့သူတွေက ၈၀ကျပ် သားတော့ ပေးမှာမဟုတ်ဘူး။ ပေးရင် တစ်ပိဿာ အတိပေးမှာ။ ဒါကြောင့် ပျောက်နေတဲ့ ၂၀ ကျပ်သားက ရဲဘော်လေး တစ်စုက ဖြောင်လိုက်တယ်ထင်ပြီး ဒီလို ဇာတ်တွေရှုပ်ကုန်တာဖြစ်တယ်။ ရဲဘော်လေး တစ်စုကတော့ အချုပ်ထဲမှာ တစစ်ထဲ အစစ်ခံနေရပေမယ့် သူတို့မှ မယူတာ။ နောက်ဆုံးမှာ ဘယ်လိုမှ စစ်မရလို့ ပြန်လွှတ်လိုက်ရပေမယ့် အဲဒီတပ်ရင်းမှာတော့ ဟိုးလေးတကျော် ဖြစ်သွားပါတယ်။ တာဝန်ကျ အကြပ်လေးကတော့ စိတ်နာပြီး တပ်မတော်ကနေ တစ်ခါတည်း နှုတ်ထွက်သွားပါတယ်။ အခုတော့ နေပြည်တော်က စားသောက်ဆိုင် တစ်ဆိုင်မှာ မန်နေဂျာလုပ်ရင်း သူနဲ့သိတဲ့သူတွေကို အဲဒီ့အကြောင်း ပြန်ပြောပြနေလေရဲ့။

လက်စောင်းထက်
02/06/2015

(Tomorrow မှကူးယူဖော်ပြပါသည်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။