Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 3, 2016

ဂျစ်ပစီည (သို့) ကိုညီထွဋ် နဲ့ အင်ပါယာ တို့ရဲ့ အလှပဆုံး ရောခ့်အင်လ်ရိုးည

🎸🎸 ဂျစ်ပစီည
(သို့)
ကိုညီထွဋ် နဲ့ အင်ပါယာ တို့ရဲ့
အလှပဆုံး ရောခ့်အင်လ်ရိုးည 🎸🎸
…………………………………………………………………

ဂျစ်ပစီတွေလို မရပ်မနား ခရီးနှင်ရင်း နှစ်သစ် ဆီကို သွားကြရတော့မယ့် ရောခ့်အင်ရိုး ခရီးသည် ဂျစ်ပစီ များအတွက် ကိုညီထွဋ် နဲ့ အင်ပါရာ တီးဝိုင်းတို့က ဦးဆောင်ခဲ့ပြီး အနာဂတ် မှာ အားထားရမယ့် မျိုးဆက်သစ် တီးဝိုင်းတွေ ဟာ နှစ်သစ်ကို ရောက်ရှိတော့မယ့် ၃၁ ရက်နေ့ ညမှာ လှပတဲ့ ရောခ့်အင်ရိုး ညလေးအဖြစ် ဖန်တီး ပေးထားခဲ့ပါတယ်။ အဲဒီအတွက် ဒီညလေး ကိုဖန်တီးပေးခဲ့သူများဖြစ်တဲ့ ကိုညီထွဋ် နဲ့ အင်ပါရာတီးဝိုင်း, ပါဝင်ဖြေဖျော် ပေးခဲ့ကြတဲ့ တီးဝိုင်းများ, ဒီပွဲမှာ ပါဝင်ခဲ့ကြတဲ့ သက်ဆိုင်သူ
များအားလုံးကို ကျွန်တော် တို့ နဲ့ ပရိတ်သတ်များ အားလုံးက အထူးပဲ ကျေးဇူးတင်မိပါတယ်။
ဒီညဟာ ထူးခြားမှု, လှပသိမ်မွေ့မှု တွေနဲ့ အေးချမ်းစွာ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင် စွာ ဖြတ်သန်းရခဲ့ရတဲ့ အမှတ်တရ ညလေးပါ။ ပွဲမစခင် ကိုညီထွဋ် တို့ ဇနီးမောင်နှံ ရဲ့အလှုဖြစ်တဲ့ မုန်ဟင်းခါး နဲ့ မုန့်တွေကို အပြင်မှာ မသိခဲ့ကြပေမယ့် တစ်ဝိုင်းထဲထိုင် ပျော်ရွှင် စွာ စားသုံးခဲ့ကြတဲ့ ပရိတ်သတ် များရဲ့ ပေါင်းစည်းမှု ဟာ ထူးခြားလွန်းခဲ့ပြီး ချစ်စရာ မြင်ကွင်းကို စတင်ခံစားမိစေခဲ့ပါတယ်။ ( မုန့်ဟင်းခါးကလည်း တစ်ကယ်ကောင်းပါ)ညရှစ်နာရီ ဝန်းကျင်မှာတော့ ပွဲစတင်ခဲ့ပါပြီ။ ဒါဟာ အရေးပါတဲ့ အခိုက်အတန့်ပါပဲ ဘာဖြစ်လို့ လည်းဆိုတော့ အနာဂတ် ရောခ့်ဂီတရဲ့ အရေးပါ လာမယ့် မျိုးဆက်သစ် တီးဝိုင်းများရဲ့ သီချင်းသံ များကို ခံစားခွင့် ရခဲ့ လို့ပဲဖြစ်သလို ဒီတီးဝိုင်းများ နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကိုညီထွဋ် နဲ့ အင်ပါယာ တို့ကို ထပ်မံကျေးဇူးတင်စရာပဲဖြစ်ပါတယ်။ ပါဝင်ခဲ့တဲ့ မျိုးဆက်သစ် တီးဝိုင်း နံမည်တွေ ကိုမှတ်မိသလောက် ဖော်ပြလိုက်ပါတယ်။ Romantic, Soul 7, Life Machine, No U Turn, Runaway Bride, General Tiger Gun တို့ပါ ဝိုင်းနံမည် နဲ့ စာလုံးပေါင်းမှားခဲ့တာပဲဖြစ်ဖြစ် မပါခဲ့တဲ့ တီးဝိုင်းတွေရှိရင်လည်း ကျွန်တော် ကို နားလည်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ တစ်ခေါက်ပဲ မိတ်ဆက်ပေးတဲ့ အတွက် မနည်း လိုက်နားထောင်ခဲ့ရတာပါ။ ဒီမျိုးဆက်သစ် တီးဝိုင်းတွေရဲ့ ဖန်တီးမှုတွေ စင်ပေါ်မှာ အားရပါးရ သီဆိုသွားပုံ တွေဟာ နှစ်သစ် နဲ့ အတူ ပေါ်ထွက်လာတော့မယ့် ရောခ့်ဂီတ ရဲ့ အနာဂတ်တွေပါ။ သူတို့တွေဟာ ရောခ့်ဂီတ ရဲ့ ဂျင်နရေးရှင်း ပုံစံမျိုးစုံ ကိုဖန်တီးထားခဲ့သလို သူတို့ နဲ့ အတူ လိုက်ပါစီးမျောသွားစေလောက် အောင်ကို ကောင်းမွန် ခဲ့ကြပါတယ်။
ည ၉ နာရီ စွန်းစွန်းမှာတော့ ကိုညီထွဋ် တို့ရဲ့ အင်ပါရာစပါပြီ အဖွင့်သီချင်းကတော့ အင်ထရို တွေထဲမှာ အမြူးကြွ ဆုံးနဲ့ ပရိတ်သတ်ကို ဆွဲအခေါ်နိုင်ဆုံး သီချင်းတွေ ထဲမှာပါဝင်တဲ့ ရာဇဝင် အယ်ဘမ် ထဲက အရိပ်ရဲ့အရိပ် ပဲဖြစ်ပါတယ်။ ပြီးတာနဲ့ ရောခ့်အင်ရိုး သီချင်းတစ်ပုဒ်ဖြစ်တဲ့ ဒီလိုသေချာ တယ်, အချစ်သေနတ်, ဆွဲအား, အချစ်ရဲ့မိုး, စတဲ့ ငယ်စဉ်ချာတိတ်ဘဝက လွမ်းမောဖွယ် သီချင်း အဟောင်းတွေကို ဆက်တိုက်ဆိုပေးခဲ့တာပါ။ အဲဒါတွေ အပြီးမှာတော့ ကိုညီထွဋ်က ဝီစကီ တိုက်ပါတယ် ခရီးသွားမီးခိုးတန်းထဲက အချစ်အတွက် အရက်တစ်ခွက်ပါပဲ။ စီးကရက် ပါတွဲသောက် ခိုင်းသွားပြီး ကင်ဆာ ကိုဆိုပေးသွား သလို ပဲရစ်မြို့ ကို ပြန်ယူသွား,မင်အချစ်က သေစေနိုင်တယ်, ရာဇဝင်, လောကဟင်းလင်းပြင် ဆိုပြီး ဆက်တိုက် အဟောင်းတွေနဲ့ ရင်ခုန်သွားစေ ခဲ့သလို ပထမပိုင်း ပြီးသွားခဲ့တာပါ။
အဲဒါအပြီးမှာတော့ Noon တီးဝိုင်းနဲ့အတူ ကိုဇော်ထက်, ကိုဘိုဘို, ကိုရင်ဂို , လိမ္မော်သီး နဲ့ မျိုးဆက်သစ် တွေ ဖြေဖျော်ပေးခဲ့ပြန်ပါတယ်။ ကိုဇော်ထက်ရဲ့ မင်းရဲ့စိတ် ရယ် Ozzy ရဲ့ ခရေဇီထရိန်းနဲ့ ခုန်လို့ကောင်းခဲ့သလို ကိုဘိုဘို ကတော့ ဂြို လ်သားတွေနဲ့အတူ တစ်ခါက ရောခ့်အင်ရိုး သီချင်းကို ပရိတ်သတ်တွေ နဲ့
မြူးကြွစွာ ဖြေဖျော်ခဲ့ပါတယ်။ ကိုရင်ဂိုက မြန်မာ နိုင်ငံသားများအတွက် ၂၀၁၆ ဟာ ပြည်စုံတဲ့ နှစ်တစ်ခုအဖြစ် ဆုတောင်းပေးရင်း အချစ်ဟာ မီးလား သီချင်းနဲ့ ပရိတ်သိတ် တွေကို ဖမ်းစားသွား ခဲ့သလို လိမ္မော်သီးက
ပျောက်ဆုံးသွားမှာစိုး နဲ့ ကိန္ဒရီ ချောင်းခြား အမှာစကား တွေကို သီဆိုခဲ့ပါတယ်။
ညဥ့် ၁၂ နာရီ မတိုင်ခင် ကိုညီထွဋ် တို့ ပြန်လည်စတင်ခဲ့ပြီး ထူးခြားတိုက်ဆိုင်စွာပဲ ရာဇဝင် ထဲက တစ်နာရီသီချင်းနဲ့ စဖွင့်ခဲ့ပြန်ပါတယ်။ ပြီးတာနဲ့ လူ, ခရီးသွားမီးခိုးတန်းများ ဆိုခဲ့ပြီး နှစ်သစ် ပြောင်းမယ့် ည ၁၂ နာရီ ကို ပရိတ်သတ်
များနဲ့ ပျော်ရွှင်စွာကောင့်ဒေါင်းလုပ်ပေးသွားခဲ့သလို ဂန္တဝင်စိမ်း ကိုဆက်တိုက်ဆိုးပေးပြီး တီးဝိုင်းက ကိုဇော်မျိုးတို့ ဦးဂျွန် တို့ ဦးလီယိုနတ်နဲ့ တီးဝိုင်းသားတွေ စုပေါင်းပြီး ဆေးဆိုးပန်းရိုက်မျက်နှာ ထဲက မယ်သီတာကို ခိုးတာဘယ်သူလဲ, ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ စိတ်တေလေ သီချင်းတွေ ကိုလည်း ဆိုပေးခဲ့ပါတယ်။ ကိုညီထွဋ် နဲ့ အင်ပါရာ ဟာ မမောနိုင်မပန်းနိုင် လောက်အောင်ပါပဲ ဆိုသွားခဲ့တာ သီချင်းအပုဒ် သုံးဆယ် ကျော် လောက်မယ် ထင်ပါတယ်။
အများအားဖြစ် သီချင်းဟောင်းတွေ ကိုအဓိက ဦးစားပေးသွားခဲ့သလို အဝါရောင်လမ်းလေး, ဝေဒနာရထား, အသည်းကွဲရေဒီယို, အချစ်နဲ့ဘဝ, ဖန်ဆင်းသူ,ဂန္တာရီ,ရောခ့်အင်ရိုးရှိုး, စီးကရက်မီးခိုးများ, နေရစ်အုံးလေ,အဆုံး,အချစ်ဒဏ်ရာ, ဘဝကမလွယ်, ရယ် ရိုးပွဲရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဂျစ်ပစီ မိုးတိမ် ခွေထဲက ဂျစ်ပစီ မိုးတိမ် နဲ့ နေခဲ့ဦးလေ အပါအဝင် ပရိတ်သတ် တွေ တောင်းထားတဲ့ အများဆုံး တူညီခဲ့တဲ့ ကောင်းကင်မေမေ, ကိုညီထွဋ် ရဲ့ သား အီတိုး ရဲ့ အခူးစတစ် ဂစ်တာလက်သံ နဲ့အတူ မှတ်မိသေးရဲ့လား ရယ် သားအဖ နှစ်ရောက်တွဲ ပြီး ပဲ့ကိုင်ရှင် ကိုဆက်ဆိုပေးထားသွားခဲ့ပြီး နောက်ဆုံး သီချင်းကတော့ ရွက်လွှင့်ခြင်း နဲ့ လှပတဲ့ နှစ်သစ်ကူး ညလေးကို စိတ်ဓတ်အင်အား
များစွာ ပေးပြီး အဆုံးသတ်သွားခဲ့ပါတယ်။
အထူးသဖြစ် ဒီညမှာ ရာဇဝင် ခွေထဲက သီချင်း တွေဟာ အများဆုံးဖြစ်မလားပါပဲ။ သီချင်းအဟောင်းအများစု နဲ့ အမှတ်ရစရာ
များစွာကို ဖန်တီးပေးထားခဲ့တာပဲဖြစ်ပါတယ်။ ကျန်ခဲ့တာလေး တွေရှိနိုင်ပေမယ့် ကျွန်တော် ကိုယ်တိုင် စီးမျောနေလွန်းခဲ့တော့ အတတ်နိုင်ဆုံး ကြိုးစား ဖော်ပြပေးထားတာပါ။ ကိုယ်ကလည်း ဂျစ်ပစီ တွေလို အဝေးမှာ မရပ်မနား ခရီးနှင်နေရတဲ့လူ ဖြစ်သလို ကျွန်တော် လို အဝေးမှာ ရောက်နေတဲ့ မကြည့်ခဲကြရတဲ့ SSFS ရဲ့ ဂျစ်ပစီ ဘော်ဒါများအတွက် ကံကောင်းစွာ ကျွန်တော် ရောက်ရှိနေခဲ့တဲ့ ဂျစ်ပစီ ညရဲ့ ကြည်နူးဖွယ် အခိုက်အတန့်လေးမှာ ခံစားမိလွန်းခဲ့တာလေးကို ပြန်လည်မျှ ဝေပေးလိုက်တာပဲဖြစ်ပါတယ်။

CREDIT- Scorpion Soup For Soul

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။