Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 3, 2016

လူ့ရဲ့ တစ်သက်။

လူ့ရဲ့ တစ်သက်။

လူ့တစ်သက်မှာ

ပြောမထွက်နိုင်တဲ့ လျှို့ ၀ှက်ချက်တွေရှိမယ်၊

ပြန်ကောက်ယူလို့မရတဲ့ အတိတ်တွေရှိမယ်၊

တို့ထိခွင့်တောင် မရှိတဲ့ အိပ်မက်တွေရှိမယ်၊

မေ့လို့မရတဲ့ အချစ်ရှိမယ်၊

ထမင်းကြမ်း၊ဟင်းကြမ်းစားမှ သံယောဇဉ်အစစ်ကိုတွေ့ တာရှိမယ်၊

ဘ၀ဟာ တစ်ကယ်တော့ လွယ်လွယ်လေး…

မိမိကိုယ့်ကိုယ်ကို ပြုံးပြ ၊

ဘေးနားကသူကို ကြင်နာ၊

အတိတ်တွေကို အရောင်တင်၊

ရိုးစင်းလွယ်ကူတာကို ကိုယ့်အတွက်ချန်၊

လူ့ဘ၀ဟာ အကြမ်းရည် တစ်ခွက်လိုပဲ…

များလည်းကောင်းတယ်၊ နည်းလည်းကောင်းတယ်၊ ဘာကိုလုမှာလဲ ..

ပျစ်လည်းကောင်းတယ်၊ ကျဲလည်းကောင်းတယ်၊ သူ့အရသာနဲ့ သူပဲ …

ခါးလည်းကောင်းတယ်၊ ပေါ့လည်းကောင်းတယ်၊ သူ့အကြိုက်နဲ့ သူပဲ …

လောသောက်လည်းရတယ်၊ ဖြည်းဖြည်းသောက်လည်းရတယ်၊ သူ့ ဖီလင်နဲ့သူပဲ…

ပူတုန်းသောက်လည်းကောင်းတယ်၊ အအေးခံသောက်လည်းကောင်းတယ်၊ အဲတော့ဘာဖြစ်လဲ …

လူ့ဘ၀ဆိုတာ.. ကိုယ်က

သွားဂရုစိုက်လို့ နာကျင်ရတာ၊

သံသယထားလို့ ဒဏ်ရာရတာ၊

ပေါ့ပေါ့တွေးပေးလို့ ပျော်ရွှင်ရတာ၊

ဖျော့ဖျော့မြင်ကြည့်လို့ စိတ်ချမ်းသာရတာ၊

ကျနော်တို့တွေဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဧည့်သည်တွေလေ…

လူ့ဘ၀က ကိစ္စတော်တော်များများ ကျနော်တို့စိတ်တိုင်းကျ မဖြစ်နိုင်ဘူး၊

အားလုံးက ရေစက်ကြောင့်ပဲ၊

တွေ့ ဆုံ ကြုံ ကွဲ ဓမ္မတာပဲ ၊

သံယောဇဉ်နက်ရှိုင်းလည်း စောစောသွားတာနဲ့ နောက်ကျပြီးသွားတာ ကွာရုံပဲ… ၊

ရေစက်ရှိလို့ တွေ့ဆုံတယ်၊ ရေစက်ကုန်တော့ ကွဲကွာတယ်၊

ကမ္ဘာပေါ်က အရာတွေအကုန်လုံး အဲဒီလိုပဲ၊

လာသင့်တာအရာက သူ့ဖာသာသူလာတယ်၊

မလာသင့်တဲ့အရာက ဘယ်လောက်မျှော်လင့် မျှော်လင့်… မလာဘူး၊

ရေစက်ဆုံဖို့ ဖိအားမပေးဘူး၊ ရေစက်ကုန်လို့ ပြန်ဆွဲမဆက်ဘူး၊

လာရင်ကြိုလိုက်တယ်၊ သွားရင် ပို့လိုက်တယ်၊

အားလုံးက ကံစီမံရာပဲ… ငြိမ်းချမ်းလို့နေတယ်၊

လူဖြစ်ဖို့ ..

တကယ်တော့ ပစ္စည်းတွေ အများကြီးမလိုပါဘူး၊

သက်ရှင်ကျန်းမာတဲ့ ခန္ဓာကိုယ်ရယ်၊ အချစ်စစ်တစ်ခုရယ်၊

အသက်မသေအောင် စားနိုင်သောက်နိုင်တဲ့ ဘ၀ရယ်ရှိရင် တော်ပြီ၊

ပေါ့ပေါ့နေ ပေါ့ပေါ့တွေး၊ သံယောဇဉ်ကို အလေးအနက်ပေး၊

လူတစ်ယောက်နဲ့ လူတစ်ယောက်ကြားမှာ ရေစက်တစ်မျိုး၊

စိတ်တစ်ခုနဲ့ စိတ်တစ်ခုကြားမှာ အဆက်အသွယ်တစ်မျိုး၊

အချစ်တစ်ခုနဲ့ အချစ်တစ်ခုကြားထဲမှာ ခံစားချက်တစ်မျိုး၊

သံယောဇဉ်တစ်ခုနဲ့ သံယောဇဉ်တစ်ခုကြားမှာ စိတ်အရင်းခံတစ်မျိုး၊

အမှားတစ်ခုနဲ့ အမှားတစ်ခုကြားမှာ ခွင့်လွှတ်မှုတစ်မျိုး၊

လူ့ဘ၀ဆိုတာ အဲလိုပေါင်းသင်းမှုတစ်မျိုး၊

ချမ်းသာမှုက ပိုက်ဆံနဲ့ ဘာမှမသက်ဆိုင်ဘူး၊

ချမ်းသာမှုက ရွှေ၊ငွေ၊တိုက်တာ၊ကားတွေ မဟုတ်ဘူး၊

ရာထူးဂုဏ်ဒြပ်တွေ မဟုတ်ဘူး၊

နာမည် မဟုတ်ဘူး၊

ချမ်းသာမှုက …

ကိုယ်ငိုတဲ့အချိန် လူအချို့ ကိုယ့်အတွက်ရင်နာပေးရင်၊

ပင်ပန်းတဲ့အချိန် လူတစ်ယောက်မှီခိုစရာရှိရင်၊

လိုချင်တဲ့ ပိစိသေးကွေးလေးမျှော်လင့်ချက်ကို လိုက်ဖြည့်ဆည်းပေးနိုင်တဲ့သူတစ်ယောက် ဘေးမှာရှိရင်၊

ကိုယ့်ကိုချစ်ပြီး ကိုယ့်ကိုနားလည်တဲ့သူတစ်ယောက်ရှိရင်၊

သူ့ဆီမှာ ဘာပဲရှိရှိ .. အမြဲတမ်းအကောင်းဆုံးဆိုတာကို ကိုယ့်အတွက်ချန်ထားပေးတဲ့သူရှိရင်၊

အဲဒါ ချမ်းသာနေတာ ..

ရှုခင်းဘယ်လောက်လှလှ တူတူခံစားပေးမယ့်သူမရှိရင်၊

အမျိုးအမည်မသိတဲ့ သိမ်မွေ့တဲ့ ဒဏ်ရာတစ်ခုတော့ရမှာ အမှန်ပဲ၊

ဘ၀မှာ ဇိမ်ခံပစ္စည်းတွေ ဘယ်လောက်ရှိရှိ၊ တူတူဝေမျှမယ့်သူမရှိရင်

အမျိုးအမည်မသိတဲ့ အေးစက်သိမ်ငယ်မှု တစ်ခုတော့ရှိမှာ အမှန်ပဲ၊

ဒုက္ခအကြပ်အတည်းဘယ်လောက်ရှိရှိ၊ တစ်ကယ်လို့ လူတစ်ယောက်အဖော်ပြုမျှဝေခံစားပေးရင်

အမျိုးအမည်မသိတဲ့ စိတ်လှုပ်ရှားမှုတစ်ခုတော့ ရှိမှာအမှန်ပဲ၊

နေ့ရက်တွေဘယ်လောက်ခါးသီးခါးသီး၊ တစ်ကယ်လို့ လူတစ်ယောက်အဖော်ပြုနေပေးနေရင်

အမျိုးအမည်မသိတဲ့ ပျော်ရွှင်မှုကို ရရှိမှာအမှန်ပဲ၊

ချမ်းသာမှုဆိုတာ ခံစားချက် သေးသေးလေးတစ်ခု၊

ဆင်းရဲချမ်းသာနဲ့ ဘာမှမဆိုင်ဘူး၊

အချစ်ဆိုတာလည်း မိုးလောက်ကြီးတဲ့ ရိုမက်တစ်ပေးမှုနဲ့ ဘာမှမဆိုင်ဘူး၊

surprise အကြီးကြီးလုပ်တာမျိုးမဟုတ်ဘူး၊

ကိုယ့်ကို ဘယ်လိုမောင်းထုတ် မောင်းထုတ် မခွဲခွာ၊ မပြောင်းရွေ့ ဘဲ အစာတောင်းတဲ့ခွေးလို သူ့နားမှာကပ်နေတာ…

ပိုက်ဆံအချို့ ပျောက်သွားရင် လက်နှစ်ဖက်ရှိနေသရွေ့ ပြန်ရှာလို့ရတယ်၊

အချစ်တစ်ခုပျောက်သွားရင် နှလုံးသားနှစ်ခုရှိလည်း ဘယ်လိုပြန်ရှာပြန်ရှာ တွေ့ မှာမဟုတ်ဘူး .. ၊

ပိုက်ဆံက အရာဝတ္ထုပေါ်က ဆန္ဒပြည့်ဝမှု၊

ချမ်းသာမှုက စိတ်ဝိညဉ်ပေါ်က ဆန္ဒပြည့်ဝမှု၊

အချစ်ကိုပိုက်ဆံနဲ့ ၀ယ်လို့မရသလို၊

ပိုက်ဆံနဲ့ ၀ယ်လို့ရရင်လည်း အချစ်စစ်မဟုတ်ဘူး၊

မိန်းကလေးတွေရုပ်ကို လှအောင်ပြင်တာထက်၊ ဘ၀ကိုလှအောင်ပြင်ပေါ့၊

ပိုက်ဆံသုံးဖြုန်းလို့နိုင်တာထက် ဘ၀ကိုပြုံးနိုင်အောင် နေပေါ့၊

နွေးထွေးတဲ့ ရင်ခွင်တစ်စုံ၊ မှီခိုအားထားရတဲ့ ပခုံးတစ်ဖက်၊

ချမ်းသာမှုဆိုတာ နင့်ရဲ့စိတ်ကို နားလည်တဲ့သူ၊

နွေးထွေးမှုဆိုတာ နင့်ကိုအဖော်ပြုနေပေးချင်တဲ့သူ ..၊

ချမ်းသာမှုရဲ့ အရင်းမြစ်က ခံစားချက်၊

ပျော်ရွှင်မှုရဲ့ အရင်းမြစ်က ခံယူချက်၊

သင့်ဟာဆိုရင် သွားမှာမဟုတ်ဘူး၊ ဆွဲမထားနဲ့၊

သင့်ဟာမဟုတ်ဘူးဆိုရင် ဆွဲထားလို့မရဘူး၊ တောင်းမဆိုနဲ့၊

ရိုးစင်းတဲ့ကိစ္စကို နက်နက်နဲနဲထိ သွားတွေးရင်

ရှုပ်ထွေးသွားတတ်တယ်၊ နောက်ဆုံး စိတ်ညစ်ရတယ်၊

ရှုပ်ထွေးတဲ့ကိစ္စကို ပေါ့ပေါ့လေးတွေးထားရင်

ဂရုစိုက်မှုနည်းပြီး ပျော်ရွှင်ရတယ်၊

အရမ်းကြီး Serious ဖြစ်ရင် ပင်ပန်းတယ်၊ အရမ်းကြီးပေါ့တော့လည်း အပြစ်ဖြစ်တယ်၊

ဥာဏ်ရှိတဲ့သူက နိုးတစ်ဝက်၊ မနိုးတစ်ဝက်၊ မူးတစ်ဝက်၊ ပြေတစ်ဝက်နဲ့ ကိစ္စကို ဖြေရှင်းတတ်တယ်၊

ကမ္ဘာကြီးက အဲဒီတိုင်းပဲ. .

အရမ်းရင်းနှီးတဲ့သူကို သွားဂရုမစိုက်တာ ကြာရင်. တစ်ဖြည်းဖြည်း မှေးမှိန်သွားကော၊

အရမ်းရင်းနှီးတဲ့ကိစ္စကို သွားပြန်မတွေးရင် ကြာရင်. တစ်ဖြည်းဖြည်း မေ့ပျောက်သွားကော၊

သူ စိတ်ပြောင်းသွားတာမဟုတ်ဘူး၊ သူ မခင်တော့တာမဟုတ်ဘူး၊

ကမ္ဘာကြီးကိုယ်၌ကိုယ်က အဲဒီလိုပဲ ..

နှစ်၊ လ ရေက နင်နဲ့ငါကြားက သံယောဇဉ်ကို တိုက်စားတယ်၊

အသက်လေက နင်နဲ့ငါကြားက သစ္စာကို တိုက်သွားတယ်၊

အချိန်လက်ဖ၀ါးက နင်နဲ့ငါရဲ့ မျက်လုံးနှစ်စုံကို ပိတ်လိုက်တယ်၊

ဒါ့ပြင် ငါနဲ့ နင့်စိတ်ထဲက နင်နဲ့ငါ့ရဲ့ ပုံရိပ်တွေကို ဖျက်သွားတယ်၊

ဘယ်လောက်ပဲ အကျွမ်းတ၀င်ဖြစ်တဲ့ လမ်းဖြစ်နေပါစေ..

မလျှောက်တာကြာရင်

သူစိမ်းတွေ ပြန်ဖြစ်သွားတတ်တယ် ..

အဲဒါ ဘ၀ပဲ …

Credit စာပေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။