စွဲလန်းမှုတဏှာကြောင့်.ဘဝဆုံးသွားနိုင်တယ်။
ကျနော်.ကလေးဘဝကတဲက.အခုလူကြီးဖြစ်တဲ့အထိ.ပုံပြင်တွေကြို က်တယ်။.ဖတ်တယ်။
ဒီလောက်.အသက်ကြီးနေမှ.ပုံပြ င်တွေကြိုက်တယ်ဆိုလို့.လူရယ်စရာကောင်းလှပါတယ်။.ရှင်းပြ ပါရစေ။
ငယ်ငယ်တုံးက.ပုံပြင်ကြိုက်တ ယ်ဆိုတာ.ကလေးတွေသဘာဝပါ။.အပြ င်မှာ.မဖြစ်နိုင်တာတွေကို.ပုံပြင်ထဲမှာရနိုင်လို့ပါ။.S leeping Beautyပုံပြင်ထဲမှာ.မင်းသား လေးက.မီးတောက်တွေမှုတ်နေတဲ့န ဂါးကြီးကို.ဓါးနဲ့ခုတ်ဖြတ်တိုက်ခိုက်အောင်နိုင်ပြီး.အိ ပ်ပျော်နေတဲ့မင်းသမီးလေးကို .အနမ်းပေးရင်း.အသက်ပြန်ရှင် အောင်လုပ်ပေးခဲ့တာဖတ်ပြီး.ကိုယ်က.မင်းသားနေရာမှာခံစားစိတ်ကူးယဉ်ခဲ့ရတယ်။.ဆင်းရဲသားလေးက.ဘုရင့်သမားတော်ကြီးတွေမကုသနိုင်တဲ့.ဘုရင်ကြီးရဲ့ ရောဂါကို.ပျောက်ကင်းအောင်.ကုပေးနိုင်လို့.သူ့သမီးတော်နဲ့ထိမ်းမြားပေးခံရရင်.ကိုယ် လဲဆင်းရဲသားလေးနေရာမှာ.ခံစားပျော်မိတယ်။.ဘာပဲဖြစ်ဖြစ်. ကလေးပုံပြင်လေးတွေဟာ.ဘယ်တော့ မှ.မကောင်းတာကို.သင်မပေးပါ ဘူး။.သူများကို.လိမ်ညာဖို့. သူခိုးကြီးဖြစ်ဖို့.မရိုးမသားလုပ်ပြီး.သူဋ္ဌေးကြီးဖြစ်ဖိုဆိုတာမျိုးတွေ့.မတိုက်တွန်းဘူး။.ဒါတွေက.ကလေးဘဝကပုံပြင်လေးတွေပါ။
လူကြီးဖြစ်လာတော့လဲ.ပုံပြင် လေးတွေကို.စိတ်ဝင်စားပြန်တယ်။.ဘာလို့လဲဆိုတော့.ပုံပြင် ဟာလဲ.ကဗျာတပုဒ်လိုပါပဲ။.ကဗျာတပုဒ်ကို.ရုတ်တရက်ဖတ်လိုက် ရင်.နားမလည်ဘူး။.အခါခါပြန်ဖ တ်မှ.ဘာဆိုလိုတယ်ဆိုတာ.ရေးေ ရးသဘောပေါက်လာတယ်။.ထပ်တွေးရ င်တွေးသလို.အဓိပ္ပါယ်တွေအများကြီးပေါ်လာတယ်။.အတွေးဆန့်ရင်ဆန့်သလောက်.တွေးလို့ရတယ်။. ဒါက.ကဗျာရဲ့အရသာပါ။
ပြောချင်တာက.လူကြီးပိုင်းအရွယ်ကျမှဖတ်တဲ့ပုံပြင်လေးတွေ ဟာလဲ.ကဗျာလိုပါပဲ။.အတွေးနယ် ချဲ့လို့ကောင်းတယ်။..လူတော် တော်များများသိပြီးဖြစ်နေကြ မဲ့.အောက်ကပုံပြင်လေးကိုဖတ် ကြည့်ရအောင်။
တောရွာလေးတရွာမှာ.မျောက်တကောင်ဟာ.လူမရှိတဲ့အိမ်ထဲကို.ပွင့်နေတဲ့ပြုတင်းပေါက်ကနေ.ဝ င်လာတယ်။.မီးဖိုချောင်မှာ.ထ န်းလျက်ခဲတွေထဲ့ထားတဲ့စဥ့်အိုးတလုံးကိုတွေ့လို့.စဥ့်အိုးအဖုံးကို.မယူဖွင့်ပြီး.ထန်းလျက်ခဲတလုံးကိုနိုက်စားလိုက်တယ်။.ကြိုက်လို့.နောက်၂လုံး.ထပ်ယူစားပြန်တယ်။.နောက် တော့.စိတ်မထိန်းနိုင်တော့လို့.လက်တဆုပ်စာ.ထန်းလျက်ခဲတွေနိုက်ယူလိုက်တယ်။.သူ့လက်ကို.ပြန်ဆွဲထုတ်တော့.သူ့လက်ကိုနူတ်မရတော့ဘူး။.သူ့လက်သီးဆုပ်ဟာ.အိုးအဝကျဉ်းမှာ.တစ်နေ ပြီ။.။.ဒီတော့.သူ့လက်လွှတ်အောင်.အတင်းရုန်းလို့.ထန်းလျက်အိုးလဲ.လှုပ်ခါပြီး.အသံတွေထွက်လာတယ်။.အိမ်နီးချင်းတွေက .အသံကြားလို့.လာကြည့်ကြတော့ .မျောက်ကိုတွေ့သွားကြပြီး.ေ အ်ာဟစ်မောင်းထုတ်ကြတယ်။.ဒါေ ပမဲ့.မျောက်ဟာ.သူ့လက်ကိုဖြေ ပြီး.မပြေးပဲ.လက်သီးကိုဆုတ် ကိုင်ထားလို့.ရွာသားတွေက.မျောက်ကိုရိုက်သတ်လိုက်ကြတယ်။
ဒီပုံပြင်လေးကိုဖတ်ပြီး.တော်တော်တုံးတဲ့မျောက်ပဲ.လက်သီးဆုပ်ထားတာဖြေပြီး.ထွက်ပြေး ရင်ရရဲ့သားနဲ့လို့.မှတ်ချက် ပေးပြုံးမိကြလိမ့်မယ်။.ကျနော်ကတော့.အဲဒီပုံပြင်လေးကနေ. အခုလိုအတွေးပေါ်လာမိတယ်။
လူ့လောကကြီးမှာ.ဒီမျောက်လို ဖြစ်နေကြတဲ့လူတွေအများကြီးပါ။.မျောက်သေရတာ.ထန်းလျက်ကို စွဲလန်းတပ်မက်တဲ့တဏှာကြောင့် ပါ။.ဒီလိုပါပဲ.လူတွေမှာလဲ. တဏှာကြောင့်.ဘဝပျက်.သေဆုံးတာတွေအများကြီးပါ။.တဏှာဆိုလို့.ဖိုမကိစ္စတခုထဲကိုဆိုလိုတာမဟုတ်ပါ။.တစုံတရာကို.စွဲလန်းတပ်မက်မောခြင်းကိုပြောတာပါ။.စွဲလန်းမှုကြီးရင်.မျောက် လိုပဲ.သေသွားလိမ့်မယ်။.ဥပမာ .အရက်သောက်တယ်။.ပိုက်ဆံကုန် တယ်။.ရောဂါရမယ်။.ဒါပေမဲ့.အရ က်ကို.မသောက်ရမနေနိုင်အောင် .စွဲလမ်းပြီး.ဖြတ်မရလို့.နောက်ဆုံးအသဲကျွမ်းပြီးသေသွား နိုင်တယ်။.ထို့နည်းတူပဲ.လူင ယ်လေးတွေ.ဂိမ်းမကစားရ.မနေနိုင်လောက်အောင်.စွဲလမ်းနေရင် .အသက်မသေတောင်.စာမေးပွဲကျ.ေ နာက်ဆုံးလူ့အောက်ကျနောက်ကျဘ ဝမှာ.တသက်တာကုန်ဆုံးသွားရမှာပဲ။.(နိုင်ငံခြားမှာ.လူငယ် တချို့.ကွန်ပြူတာဂိမ်းကို.၂ ရက်.၃ရက်မအိပ်ပဲကစားရင်း.နှ လုံးရပ်သွားတာတွေရှိတယ်)။
လူတွေက.စွဲလမ်းတပ်မက်ခြင်းတ ဏှာလို့ပြောရင်.ဘာသာရေးကိစ္စ လို့မြင်ကြတယ်။.တကယ်တော့.လူ တွေနေ့စဉ်သတိမထားမိတဲ့စွဲလမ်းမှုတွေမှာ.အရမ်းအားသန်သွား ရင်.မိမိဘဝထိခိုက်မယ်ဆိုတာ. သတိပြုစေချင်ပါတယ်။.မနက်မိုးလင်းကတဲက.အိပ်တဲ့အချိန်ထိ. ဖုံးscreenလေးပွတ်ရင်း.ဖေ့ဘွတ်ကြည့်နေတာလဲ.တဏှာစွဲလမ်း တပ်မက်ခြင်းဆိုတာ.သတိပြုစေချင်ပါတယ်။.ကျနော်လဲ.အဲဒီတဏှာက.ရုန်းထွက်နိုင်သေးဘူး။.( အမေရိကန်နိုင်ငံမှာတော့.ဖုံးနဲ့Facebook.twitterတွေကြည့်ရင်း.လမ်းဖြတ်ကူးတာ.တနေ့( ၁၀)ယောက်လောက်.ကားတိုက်သေဆုံးနေတယ်လို့ဖတ်ရတယ်)။
ဗန်းမော်သိန်းဖေ
၂၀၁၅၊ဒီဇင်ဘာလ(၂၇)ရက်
ကျနော်.ကလေးဘဝကတဲက.အခုလူကြီ
ဒီလောက်.အသက်ကြီးနေမှ.ပုံပြ
ငယ်ငယ်တုံးက.ပုံပြင်ကြိုက်တ
လူကြီးဖြစ်လာတော့လဲ.ပုံပြင်
ပြောချင်တာက.လူကြီးပိုင်းအရ
တောရွာလေးတရွာမှာ.မျောက်တကေ
ဒီပုံပြင်လေးကိုဖတ်ပြီး.တော
လူ့လောကကြီးမှာ.ဒီမျောက်လို
လူတွေက.စွဲလမ်းတပ်မက်ခြင်းတ
ဗန်းမော်သိန်းဖေ
၂၀၁၅၊ဒီဇင်ဘာလ(၂၇)ရက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။