"လူလူချင်းပဲလေ"ဆိုတဲ့ ကီးမာ Lawm Kima
ဒီတစ်ခါတော့ ခင်ဗျားတို့ကို အမိုက်စား ရေး/ဆို/ တီး
ချင်းအနုပညာရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရေဘေးရန်ပုံငွေပွဲမှာ
`လူလူချင်းပဲလေ´စာတန်းကို ဂစ်တာမှာရေးထားတဲ့ လူတစ်ယောက် တစ်ပုဒ်ဆို
ဆိုသလောက် လက်စွမ်းပြသွားတာ တချို့တွေသတိထားမိကြမှာပါ။ အဲ့ဒီကျမှ
ကျွန်တော်တို့လည်း ကီးမာဆိုတာ ဘယ်သူလဲ ဘာလဲဆိုပြီး
လိုက်ရှာကြတော့တာပေါ့။တွေ့ပါပြီ... Bo Bo ဖြန့်ချိရေးက 2014, August
လမှာ ဘုရားစူး တစ်နိုင်ငံလုံးကို ဖြန့်ချိပေးခဲ့ပါတယ်။ သူရေး သူဆို
သူတီးတယ်။ တေးသီချင်းပေါင်း ဆယ့်တစ်ပုဒ်ပါတယ်။ ၃ ပုဒ်က rock instrumental။
Studioက Counterpoint. အနုပညာနယ်မှာ ကျင်လည်နေတာတော့ ကြာပြီ။ ခုလည်း Park
Royal မှာ တီးနေတယ်။ Lead Guitarist အဖြစ် အသက်မွေးနေတာ
နှစ်နှစ်ဆယ်ဝန်းကျင်ရှိနေပြီ။
မသိသူတွေအတွက်တော့ အသစ်ပေါ့။ ရဲဝံ့တယ် စိတ်ထဲရှိတာကို ချပြခဲ့တယ်။ သူ့ကို
လူချင်းသိရအောင် ရှာနေတာတော့ကြာပြီ။ တနေ့ကမှ ဖရန့်ဖြစ်တယ်။
အွန်လိုင်းပေါ်တင်ဖို့ ခွင့်တောင်းတယ်၊ သူကိုယ်တိုင်က လိုလိုလားလားနဲ့
ခွင့်ပြုပေးပါတယ်။ လူလူချင်းပဲလေ ဖြစ်တည်ခဲ့ပုံကို ဖတ်ကြည့်ကြပါဦး.......
""လူလူချင်းပဲလေ ဖြစ်ပေါ်လာပုံလေး ဝေငှချင်လို့ပါ။ကျွန်တော်ငယ်ငယ်လေးကတည်းက(၁၀ နှစ်သားဝန်းကျင်)အခြေအနေမဲ့ မရှိဆင်းရဲသား အထူးသဖြင့် ကလေးနှင့် သက်ကြီးရွယ်အိုတွေကိုတွေ့တိုင်း ဝမ်းနည်းတဲစိတ် သနားတဲ့စိတ်တွေနှင့် ပြည့်နှက်ခံစားခဲ့ရပါတယ်။ဘဝ ကို အမျိုးမျိုးဖြတ်သန်းလာခဲ့ပေ မယ့်
သူတို့နဲ့ပက်သတ်တဲ့ ဒီခံစားမှုဟာ မပျောက်ကွယ်ခဲ့ပါဘူး။ ယခုချိန်ထိပါပဲ။၂၀၁၁
စက်တင်ဘာ ၁၁ ရက် နံနက်၁၀နာရီ ၁၇မိနစ်ကနေ ညနေ ၅နာရီ၁၇ မိနစ်အတွင်းမှာ
ရေးစပ်ခဲ့ပါတယ်။မရေးစပ်မီရက်ပိုင်း၌ စကော့ဈေးကိုသွားခဲ့ပါတယ်။အ ဝင်ဘက်
ဂုံးကျော်တံတားပေါ်၌ အသက်၆၅ဝန်းကျင် ကျွန်တော့်အမေအရွယ်
အမျိုးသမီးတဦးကို နေ့လည်နေ့ခင်း နေပူပူအောက် ထီးမပါဘဲ
ကွန်ကရစ်ပူပူပေါ်ထိုင်ကာ အကူအညီတောင်းခံနေတာကို ကျွန်တော်တွေ့မြင်ခဲ့ရပါတယ် ။ဘာကြောင့်
ဒီအမေအိုက ဒီလိုဖြစ်နေရတာလဲ သူမရဲ့မြေးတွေအတွက်လား သူမကိုယ်တိုင်အတွက်လား
သို့မဟုတ် သူမရဲ့သားသမီးတွေအတွက်လား ဆိုပြီး ကိုယ့်ကိုယ်ကိုမေးခွန်းတွေထုတ်နေပါတယ်။(ဒီထက်ကြေကွဲစရာ တွေလည်းကြုံခဲ့ဖူးပါတယ်) ဒါပေမယ့် ကျွန်တော်အရမ်းကြေကွဲခံစားခဲ့ရပါတယ်။
သူတို့ကို ငွေအနည်းငယ် မျှဝေခဲ့တာကလွဲလို့ ထိထိရောက်ရောက်
မကူညီခဲ့ဖူးပါဘူး။ ကိုယ်တတ်ထားတဲ့ ဒီပညာလေးနဲ့ သူတို့အတွက်
စိတ်နှလုံးအပြည့်နှင့် ရေးစပ်လိုက်ပါတော့တယ်။ လူလူချင်းပဲလေ
(ကီးမာ)13.8.2014(8:48 am)""
ဒီမှာဒေါင်း ➳ ➳ ➳ https://my.pcloud.com/ publink/ show?code=kZI1pHZirDp58AgIw ps2cjAmwVRLBUiXzFk
—ဒီတစ်ခါတော့ ခင်ဗျားတို့ကို အမိုက်စား ရေး/ဆို/
""လူလူချင်းပဲလေ ဖြစ်ပေါ်လာပုံလေး ဝေငှချင်လို့ပါ။ကျွန်တော်ငယ
ဒီမှာဒေါင်း ➳ ➳ ➳ https://my.pcloud.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။