ပန်းစကား
----------
(၁)
ပန်းတချို့က နေ့မှာပွင့်ပြီး ညမှာအိပ်တယ်။
ပန်းတချို့က ညမှာပွင့်ပြီး နေ့မှာအိပ်တယ်။
မတူတဲ့ပန်းက အိပ်တဲ့ပုံစံလည်းမတူဘူး၊ အိပ်ချိန်လည်းမတူဘူး၊ အိပ်ချိန် အတိုအရှည်လည်းမတူဘူး။ ပန်းတချို့က အိပ်နေရင်း ညင်ညင်သာသာဟောက်တတ်တယ်။
ပန်းတွေလည်း အိပ်တတ်ပါသလား….
တစ်နေ့က ကလေးမလေးတစ်ယောက်နဲ့ သူ့မေမေရဲ့စကားသံတချို့ကို ကျွန်မကြားလိုက်မိတယ်။
“ပန်းကြွေတယ်ဆိုတာ ပန်းအိပ်ပျော်သွားတာလား မေမေ”
“ဟုတ်တယ်… ပန်း အိပ်ပျော်သွားတာ”
“ဒီလိုဆိုရင် သူဘယ်အချိန် နိုးလာမှာလဲ”
“နောက်နှစ် နွေဦးမှာပေါ့”
“ဒီလောက်အချိန်အကြာကြီး သူအိပ်သွားတယ်ပေါ့…”
တကယ်တော့ ပန်းအိပ်ရင် နွေဦးလည်းအိပ်သွားတယ်။
ပန်းနိုးတော့ နွေဦးလည်း နိုးလာတယ်။
နွေဦးက ပန်းကိုနှိုးလိုက်တာလား… ပန်းက နွေဦးကိုနှိုးလိုက်တာလား…။
(၂)
ကြာပန်းက ကမ္ဘာမြေကြီးပေါ်မှာ နှစ် သန်းပေါင်းတစ်သန်းကျော်ကတည်းက ရှိနေခဲ့ပြီ။ အဲဒီတုန်းက လူတွေမမွေးဖွားသေးဘူး။
မနက်ခင်းတိုင်းက ကြာပန်းပွင့်တဲ့အချိန်ဖြစ်တ ယ်။ တကယ်လို့ ကြာပန်းတစ်ပွင့်ဟာ မနက်ခင်းပိုင်းမှာ ကိုယ့်အပြုံးကိုမပွင့်လန်းဘူးဆိုရင် နေ့ခင်း၊ ညခင်းရောက်လည်း သူဟာ မပွင့်နိုင်တော့ပါဘူး။ ညဆိုရင် ပိုလို့တောင် မပွင့်တတ်တော့ပါဘူး။
ဒီကနေ့မနက်မှာပွင့်တဲ့ ကြာပန်းက မနေ့ကပွင့်တဲ့ကြာပန်းမဟုတ်ဘူး။
မနက်ဖြန်ပွင့်မယ့် ကြာပန်းလည်းမဟုတ်ဘူး။ တခြားနေရာဒေသကနေပွင့်တဲ့
ကြာပန်းလည်းမဟုတ်ဘူး။ ကြာပန်းတစ်ပွင့်တိုင်းမှာ သူ့ကိုယ်ပိုင်တမူထူးခြားတာေ တွရှိတယ်။ ကြာပန်းတစ်ပွင့်တိုင်းက ကမ္ဘာပေါ်မှာ တစ်ပွင့်တည်းပဲရှိတယ်။
ပန်းပွင့်တစ်ပွင့်တိုင်းဟာ တစ်သက်မှာတစ်ခါသာ ပွင့်ရတယ်။ ဒါကြောင့် သူဟာ လေးနက်ရတယ်၊ ဂရုစိုက်ရတယ်၊ အမှုမဲ့မဖြစ်ရဘူး၊ မလွဲချော်ရဘူး။ လွဲချော်တာနဲ့ ပန်းပွင့်ချိန်ဆိုတဲ့အခွင့် အရေးကို ဘယ်တော့မှရတော့မှာ မဟုတ်ဘူး။
ပန်းပွင့်တဲ့နေ့က ပန်းရဲ့မွေးနေ့ဖြစ်တယ်.. ပန်းရဲ့ အထိမ်းအမှတ်နေ့ဖြစ်တယ်… ပန်းရဲ့နှစ်သစ်ဖြစ်တယ်။
ပန်းမှာလည်း ဦးနှောက်ခြောက်စရာ၊ စိတ်ညစ်စရာတွေရှိတယ်၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေရှိတယ်။ ဒါပေမယ့် စိတ်ညစ်လို့၊ ဝမ်းနည်းလို့၊ စိတ်ရှုပ်လို့ဆိုပြီး သူတို့ဟာ သူတို့ရဲ့မွှေးရနံ့ကိုထုတ်လွှ င့်ဖို့ မမေ့ကြဘူး။ သူတို့ရဲ့အလှတရားကိုထုတ်ဖော်ဖို့ မမေ့ကြဘူး။
ဒီလောကမှာ ပန်းပွင့်ဖို့မေ့သွားတဲ့ပန်းဆိုတာ မရှိပါဘူး…
(၃)
ပန်းတွေက နွေဦးရာသီမှာပဲ ပွင့်လန်းတယ်လို့ တချို့ကဆိုတယ်.. အဲဒီလိုလည်း မဟုတ်ပါဘူး။
နွေမှာဆိုရင် နှင်းဆီ၊ ပိတောက်၊ လက်ပံတွေ ဝေဝေဆာဆာဖူးပွင့်တယ်။
မိုးမှာဆိုရင် ဂန္ဓာမာ၊ စပယ်၊ ဇီဇဝါတွေ လှလှပပဖူးပွင့်တယ်။
ဆောင်းမှာဆိုရင် ချယ်ရီ၊ ခရစ္စမတ်ရွက်လှ၊ မက်မွန်ပန်းတွေ ဖူးပွင့်တယ်။
နှင်းဖွဲဖွဲကျတဲ့ရာသီမှာတော င် ထင်းရှူးပွင့်တွေက နှင်းတွေကြားမှာ ရဲရဲဖူးပွင့်ကြတယ်။
တကယ်တော့ နွေမိုးဆောင်းဘာရာသီပဲဖြစ်ြ ဖစ် ပန်းတွေက ပွင့်မယ်ဆို ပွင့်လိုက်တာပါပဲ။
အချိန်မရွေး ပန်းတွေပွင့်တယ်၊ ပန်းပွင့်တဲ့အချိန်ဆိုတာရှိ တယ်။
ပန်းမပွင့်တာဟာ မပွင့်တဲ့အကြောင်းတရားရှိသလို ပန်းပွင့်တာဟာလည်း ပွင့်တဲ့အကြောင်းတရားရှိတယ် ။ ဘယ်အချိန်ပွင့်ပွင့် ပွင့်တဲ့အကြောင်းတရားကိုယ်စီ သူတို့မှာရှိကြတယ်။
ပန်းပွင့်တိုင်းမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ နွေဦးရာသီတစ်ခုရှိကြတယ်။ သူတို့ဘယ်အချိန်ပွင့်ရင် အဲဒီအချိန်ဟာ သူတို့ရဲ့နွေဦးရာသီပဲဖြစ်တယ်။
ဆောင်းနှင်းကြားမှာပွင့်တဲ့ ချယ်ရီဟာ ဆောင်းရာသီကိုအံတုပြီး နွေဦးရာသီဆီ အရောက်လှမ်းပါတယ်။
(၄)
ကုမုဒြာ၊ ညမွှေးပန်း၊ စပယ်ပန်း၊ Morning Glory စတဲ့ပန်းတွေဟာ ညအချိန်မှာပွင့်တဲ့ ပန်းဖြစ်တယ်။ ကမ္ဘာမြေကြီးအိပ်မောကျချိန်၊ လူတွေအိပ်မက်မက်ချိန်မှာ သူတို့ဟာအစွမ်းကုန်ပွင့်လန်းနိုင်ဖို့ ကြိုးစားနေချိန်ဖြစ်တယ်။
လှလှပပပွင့်ထားတဲ့ ပန်းပွင့်ကိုပဲ လူတွေတွေ့မြင်ကြတာ၊ အဲဒီလို ပွင့်ဖို့ ပန်းတစ်ပွင့်တိုင်းရဲ့ကြိုး စားရုန်းကန်မှုကိုတော့ ညကပဲသိပါတယ်။
ပန်းပွင့်တဲ့အချိန်မှာ ပန်းဟာ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အသံမထွက်၊ ဘယ်သူ့ကိုမှမပြောဘဲ ပွင့်လန်းတယ်။ ဘယ်ပန်းကမှ သူပွင့်ခါနီး လှုပ်လှုပ်ရှားရှားဖြစ်တာမျိုး၊ အော်ကြီးဟစ်ကျယ်နဲ့ “ငါ ပွင့်တော့မယ်… ငါ ပန်းပွင့်တော့မယ်” လို့ မအော်ဘူး။
တကယ်လို့ လူက ပန်းတစ်ပွင့်ဖြစ်ခဲ့ရင် ဆိတ်ဆိတ်ငြိမ်ငြိမ်ပွင့်လန်းတတ်တဲ့လူ ဘယ်နှယောက်များရှိနိုင်မလဲ။
(၅)
ပန်းတွေမှာ အဖြူ၊ အဝါ၊ အပြာ၊ အနီ၊ အစိမ်း၊ ကြက်သွေး၊ ပန်းရောင်၊ အနက်.. စတဲ့အရောင်တွေ အမျိုးမျိုးရှိကြတယ်။ အနီရောင်က ကြက်သွေးရောင်ထက် အထက်တန်းမကျသလို အဝါရောင်ကလည်း အဖြူရောင်ထက် မနိမ့်ကျပါဘူး။ ပန်းရောင်က အနီရောင်ကို ကိုယ်စားမပြုနိုင်သလို အပြာရောင်ကလည်း အစိမ်းရောင်ကို ကိုယ်စားမပြုနိုင်ပါဘူး။ ပန်းတိုင်းက သူ့အရောင်နဲ့သူ ကြီးကျယ်မြင့်မြတ်ပါတယ်။
စပယ်မှာလည်း သူ့ဆွဲဆောင်မှုနဲ့သူ၊ နှင်းဆီမှာလည်း သူ့တောက်ပမှုနဲ့သူ၊ ဂန္ဓမာကလည်း လူကိုညို့ယူနိုင်သလို မက်မွန်ပွင့်တွေကလည်း လူကိုဖမ်းစားနိုင်ပါတယ်။ ဇီဇဝါလှသလို အမည်အသိတဲ့ပန်းရိုင်းတွေကလည်း လှပါတယ်။ ပန်းတိုင်းမှာ သူ့အလှနဲ့သူ ကိုယ်စီရှိကြတယ်။ ပန်းတစ်ပွင့်ရဲ့အလှက အခြားပန်းတစ်ပွင့်ကို ကိုယ်စားမပြုနိုင်ပါဘူး။
ပန်းတစ်ပွင့်က အခြားပန်းတစ်ပွင့်ကို မနာလိုမဖြစ်တတ်ဘူး။ မခွဲခြားဆက်ဆံတတ်ဘူး။ ရန်ငြိုးမထားတတ်ဘူး။ အညိုးအတေးမထားတတ်ဘူး။ မဆဲတတ်ဘူး။
ပန်းတစ်ပွင့်က သူပွင့်ချိန်ရောက်လို့ဆိုပြီး အခြားပန်းတစ်ပွင့်မပွင့်အော င် မတားဆီးဘူး။ တခြားပန်းပွင့်တာပိုလှတယ်ဆိုပြီး သူ့ထက်ပိုလှတဲ့ပန်းတွေကို မနာလိုတာမရှိဘူး။
ပန်းဘယ်ကမှ ကိုယ့်ကို ကိုယ်စားမပြုနိုင်ဘူးဆိုတာ ပန်းတိုင်းသိတယ်။ ကိုယ့်အဖူးကို ကိုယ်ပဲပွင့်ရတယ်။ တခြားပန်းလောက် ပွင့်တာမလှပါစေ ကိုယ့်ကိုယ်ကိုပွင့်လန်းကြတ ယ်။ တခြားပန်းတွေ ဘယ်လောက်လှပအောင် ပွင့်နေနေ ကိုယ်တိုင်ပွင့်လန်းဖို့က အရေးအကြီးဆုံးဖြစ်တယ်။
ပန်းတစ်ပွင့်ညိုးနွမ်းလို့ ကြွေသွားရင် သူဟာ တခြားပန်းတစ်ပွင့်ရဲ့အာဟာရြ ဖစ်သွားတယ်။ ပန်းတစ်ပွင့်သေဆုံးသွားရင် သူနံဘေးကပန်းက ပိုလှလှပပဖူးပွင့်နိုင်တယ်။ ပန်းပွင့်တွေရဲ့ကြားမှာပဲ ပန်းတွေက ရှင်သန်ချင်နေခဲ့တာ…
(၆)
တဆေးနွယ်ပန်းက မနက်၃နာရီမှာပွင့်တယ်။ ဒါဟာ နေ့ရက်တစ်ရက်တာမှာ အစောဆုံးပွင့်တဲ့ပန်းဖြစ်တယ်။ အဲဒီနောက်မှာ Morning Glory၊ နှင်းဆီရိုင်း…စတဲ့ပန်းတွေပွင့်ကြတယ်။
ပန်းပွင့်သေးပေမယ့် အရင်ဆုံး အစောဆုံးပွင့်ကြတယ်။ ညအမှောင်ကိုခွင်းပြီး
ပွင့်လန်းကြတယ်။ နေဆိုတဲ့ပန်းပွင့်ကြီးကို လန့်နှိုးအောင်
ပွင့်ပစ်လိုက်ကြတယ်။
ပန်းတစ်ပွင့်ရဲ့ရှေ့မှာ သင့်စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားရင် ပန်းပွင့်တဲ့အသံကို သင်ကြားနိုင်တယ်လို့ လူတွေကပြောကြတယ်။ ပန်းပွင့်ချိန် တကယ်ပဲ အသံရှိသလား..
ပန်းပွင့်တစ်ပွင့်တိုင်း စကားပြောတတ်တယ်လို့ လူတွေက ဆိုကြတယ်။ ပွင့်အာလိုက်တဲ့ ပန်းတွေက ဟလိုက်တဲ့ ပါးစပ်လိုပါပဲ။ ပွင့်ဖတ်တွေက ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလွှာတွေပေါ့။ ပါးစပ်ရှိရက်နဲ့ ပန်းတွေပြောတဲ့စကားကို ဘာလို့မကြားရတာပါလိမ့်….
တကယ်တော့ ပန်းတွေဟာ ပါးစပ်ရှိရက်နဲ့ နှုတ်ဆိတ်သူတွေဖြစ်တယ်။ သူတို့ဟာ စကားပြောစရာမလိုခဲ့ဘူး.. ပန်းဆိုတဲ့သူတို့ကိုယ်တိုင် ကပဲ အလှဆုံးစကားလုံးတွေဖြစ်နေခဲ့ ပါတယ်။
(၇)
ပန်းအများရဲ့အသက်က တိုတောင်းကြတယ်။ ပန်းပွင့်ချိန် တိုကြတယ်။ ဖရုံပွင့်၊ ဖရဲပွင့်တွေက မနက်ခင်းမှာပွင့်ပြီး နေ့ခင်းပိုင်းမှာ ညိုးနွမ်းကုန်ကြတယ်။ Morning Gloryက အရမ်းလှတဲ့ပန်းပါ။ ဒါပေမယ့် ၆ နာရီ ၇နာရီလောက်သာခံတယ်။ အဝါရောင်ပန်းတွေပွင့်တဲ့ ဒုဓလီက ၁ဝနာရီလောက်ပဲခံတယ်။ ဂန္ဓမာပန်း၊ ကျောက်ပန်း(Lithops) တွေက နည်းနည်းခံတယ်။ ၅ရက် ၆ ရက်လောက်ခံတယ်။ ချယ်ရီပန်း ပန်းပွင့်ချိန်က ၄ ရက်ကနေ ၁ဝရက်လောက်ပဲရှိတယ်။ မက်မွန်ပန်း၊ စပယ်ဝါတွေကလည်း ၁ဝရက်လောက်ပဲခံတယ်။ သစ်ခွပန်းတွေက ပိုတာရှည်ခံတယ်။ တချို့သစ်ခွပန်းတွေက တစ်လလောက်ခံတယ်။ အပူပိုင်းမှာပွင့်တဲ့ သစ်ခွပန်းတစ်မျိုးက ရက်ပေါင်း ၈ဝခံတယ်။ ပန်းတွေထဲမှာ အသက်အရှည်ဆုံးပန်းဖြစ်တယ်။
ကုမုဒြာပန်းက ၃နာရီလောက်သာခံတဲ့ ပန်းဖြစ်တယ်။ သူဟာ ပန်းတွေထဲမှာ အသက်အတိုဆုံးပန်းတော့မဟုတ်ဘူး။ တောင်အမေရိကားတိုက် အမေဇုံတောမှာရှိတဲ့ ဗီတိုရီးယားကြာပန်းတစ်မျိုး ကတော့ မနက်ခင်းပိုင်းလေးမှာပဲပွင့်ပြီး နာရီဝက်အကြာမှာ ညိုးနွမ်းသွားပါတယ်။
ဂျပန်စာရေးဆရာ Yasunari Kawabata က ပြောတယ်… “ပန်းပွင့်တာ သေဖို့”တဲ့။ လောကမှာရှိတဲ့ ပန်းတွေတိုင်းက သေရမှာကိုကြောက်လို့ဆိုပြီး မပွင့်ဘဲမနေကြဘူး။ ပွင့်ပြီးရင် ညိုးနွမ်းသေဆုံးရမယ်ဆိုပြီး မပွင့်ရဲဘဲလည်းမနေဘူး။ အချိန်ဘယ်လောက်တိုတိုလေးပဲခံခံ သူတို့ကတော့ အလှဆုံးပွင့်လန်းပြီး အလှဆုံးအချိန်ကို လူ့လောကမှာထားရစ်ခဲ့ကြတယ်။
သူတို့သေဆုံးသွားရင် သူတို့ရဲ့နောက်မျိုးဆက်တွေ ဆက်ပေါ်လာတယ်။ သူတို့ရဲ့နောက်မျိုးဆက်တွေ ဆက်ပွင့်လန်းတယ်။ ပန်းပွင့်ချိန်မှာ ပန်းရှေ့သင်ရောက်လာတာဟာ သင်နဲ့ပန်းရဲ့ရှေးရေစက်ပဲဖြ စ်တယ်။
(၈)
တောင်ပေါ်မှာ လှလှပပပွင့်လန်းနေတဲ့ တောရိုင်းပန်းတစ်ပွင့်ကို ကျွန်မတွေ့လိုက်တယ်။ အဲဒီပန်းရဲ့နာမည်က ဘာလဲတော့မသိဘူး.. ဘာကြောင့် အဲဒီနေရာမှာ သူဆိတ်ဆိတ်ငြိမ်ငြိမ် ဖူးပွင့်နေသလဲဆိုတာကိုလည်း ကျွန်မ မသိဘူး။
ဒီတောင်က တခြားတောင်တွေရဲ့ပတ်လည်ကြား မှာရှိတယ်။
နာမည်ရှိတဲ့ တောင်လည်းမဟုတ်ဘူး။ တောင်တက်သမားတွေ မလာတာလည်း
နှစ်တွေကြာခဲ့ပြီ။ အရင်တုန်းကလည်း ဘယ်သူမှ အရောက်အပေါက်မရှိခဲ့တဲ့ တောင်ပါ။
ဒီတောရိုင်းပန်းလေးက အဲဒီတောင်မှာ စွင့်စွင့်ဟွင်းဟွင်းပွင့်လို့။ ကြည့်မယ့်သူမရှိသလို သိမယ့်သူလည်းမရှိဘူး။ တစ်သက်လုံးပွင့်ခဲ့တဲ့သူတို့ ကို ဘယ်သူ့မှ သိခဲ့မှာလည်းမဟုတ်ဘူး။ ဒါဆို သူ ဘာကြောင့် ပွင့်သလဲ…
လူတွေမသိလည်း၊ လူတွေ မကြည့်လည်း သူကတော့ ကြိုးစားပြီးပွင့်လန်းနေပါတ ယ်၊
အစွမ်းကုန် ပွင့်လန်းနေပါတယ်၊ လေးလေးနက်နက် ပျော်ပျော်ရွှင်ရွှင်
ပွင့်လန်းနေပါတယ်။ သူတို့သိတာက သူတို့ပွင့်တာကို မြက်ကလေးတွေကြည့်နေတယ်၊
ပိုးကောင်လေးတွေ ကြည့်နေတယ်၊ ငှက်ကလေးတွေ၊ တိမ်ဖြူဖြူတွေ၊ ကောင်းကင်ပြာပြာ၊
နေက ကြည့်နေတယ်ဆိုတာကို သူတို့သိတယ်။
ဒီတောရိုင်းပန်းလေးက အခြားပန်းတွေနဲ့ မပြိုင်ဆိုင်ဘူး၊ မလုဘူး၊ တခြားလူအတွက် သူပွင့်တာမဟုတ်ဘူး၊ သူ့အတွက် သူပွင့်လန်းတာပါ။
ဒီလောကမှာရှိတဲ့ ပန်းတစ်ပွင့်တိုင်းကို ချီးကျူးနှစ်သက်တဲ့လူတွေရှိ ကြတယ်လို့ တချို့ကပြောတယ်။ ဒီလိုဆိုရင် ဒီတောဒီတောင်ထဲမှာပွင့်တဲ့ တောရိုင်းပန်းလေးတွေကိုရော လူတွေ ချီးကျူးနှစ်သက်ခဲ့ကြသလား…
တကယ်တော့ လောကမှာရှိတဲ့ပန်းတစ်ပွင့်တိုင်းက
မွှေးခဲ့ဖူးတယ်၊ လှခဲ့ဖူးတယ်၊ ပွင့်ခဲ့ဖူးတယ်၊ လန်းဆန်းခဲ့ဖူးတယ်၊
ပျားပိတုန်းတွေ နမ်းရှုံ့ခဲ့ဖူးတယ်၊ လိပ်ပြာတွေနဲ့ တွေ့ဆုံခဲ့ဖူးတယ်၊
လေနုအေးတွေ အဖော်ပြုခဲ့ဖူးတယ်၊ နေရောင်တွေ ထွေးပွေ့ခဲ့ဖူးတယ်၊
ရှင်သန်လာတာကနေ ဖူးပွင့်သေဆုံးသွားတဲ့အထိ လူတွေမတွေ့ရှိခဲ့ဖူးလည်း၊
တစ်လောကလုံးက အသိအမှတ်မပြုခဲ့ဖူးလည်း… သူကတော့ အစွမ်းကုန်
လှလှပပဖူးပွင့်နေမှာပါပဲ…
တကယ်ပဲ တစ်ယောက်မှ အဲဒီပန်းလေးတွေကို မတွေ့ခဲ့ကြဘူးလား….
-------
မူရင်းလင့်-- http://www.85nian.net/ zhihui/38013.html
နိုင်းနိုင်းစနေ (The Chic မဂ္ဂဇင်း ဒီဇင်ဘာ)
----------
(၁)
ပန်းတချို့က နေ့မှာပွင့်ပြီး ညမှာအိပ်တယ်။
ပန်းတချို့က ညမှာပွင့်ပြီး နေ့မှာအိပ်တယ်။
မတူတဲ့ပန်းက အိပ်တဲ့ပုံစံလည်းမတူဘူး၊ အိပ်ချိန်လည်းမတူဘူး၊ အိပ်ချိန် အတိုအရှည်လည်းမတူဘူး။ ပန်းတချို့က အိပ်နေရင်း ညင်ညင်သာသာဟောက်တတ်တယ်။
ပန်းတွေလည်း အိပ်တတ်ပါသလား….
တစ်နေ့က ကလေးမလေးတစ်ယောက်နဲ့ သူ့မေမေရဲ့စကားသံတချို့ကို ကျွန်မကြားလိုက်မိတယ်။
“ပန်းကြွေတယ်ဆိုတာ ပန်းအိပ်ပျော်သွားတာလား မေမေ”
“ဟုတ်တယ်… ပန်း အိပ်ပျော်သွားတာ”
“ဒီလိုဆိုရင် သူဘယ်အချိန် နိုးလာမှာလဲ”
“နောက်နှစ် နွေဦးမှာပေါ့”
“ဒီလောက်အချိန်အကြာကြီး သူအိပ်သွားတယ်ပေါ့…”
တကယ်တော့ ပန်းအိပ်ရင် နွေဦးလည်းအိပ်သွားတယ်။
ပန်းနိုးတော့ နွေဦးလည်း နိုးလာတယ်။
နွေဦးက ပန်းကိုနှိုးလိုက်တာလား… ပန်းက နွေဦးကိုနှိုးလိုက်တာလား…။
(၂)
ကြာပန်းက ကမ္ဘာမြေကြီးပေါ်မှာ နှစ် သန်းပေါင်းတစ်သန်းကျော်ကတည်
မနက်ခင်းတိုင်းက ကြာပန်းပွင့်တဲ့အချိန်ဖြစ်တ
ဒီကနေ့မနက်မှာပွင့်တဲ့ ကြာပန်းက မနေ့ကပွင့်တဲ့ကြာပန်းမဟုတ်ဘ
ပန်းပွင့်တစ်ပွင့်တိုင်းဟာ တစ်သက်မှာတစ်ခါသာ ပွင့်ရတယ်။ ဒါကြောင့် သူဟာ လေးနက်ရတယ်၊ ဂရုစိုက်ရတယ်၊ အမှုမဲ့မဖြစ်ရဘူး၊ မလွဲချော်ရဘူး။ လွဲချော်တာနဲ့ ပန်းပွင့်ချိန်ဆိုတဲ့အခွင့်
ပန်းပွင့်တဲ့နေ့က ပန်းရဲ့မွေးနေ့ဖြစ်တယ်.. ပန်းရဲ့ အထိမ်းအမှတ်နေ့ဖြစ်တယ်… ပန်းရဲ့နှစ်သစ်ဖြစ်တယ်။
ပန်းမှာလည်း ဦးနှောက်ခြောက်စရာ၊ စိတ်ညစ်စရာတွေရှိတယ်၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေရှိတယ်။ ဒါပေမယ့် စိတ်ညစ်လို့၊ ဝမ်းနည်းလို့၊ စိတ်ရှုပ်လို့ဆိုပြီး သူတို့ဟာ သူတို့ရဲ့မွှေးရနံ့ကိုထုတ်လွှ
ဒီလောကမှာ ပန်းပွင့်ဖို့မေ့သွားတဲ့ပန်
(၃)
ပန်းတွေက နွေဦးရာသီမှာပဲ ပွင့်လန်းတယ်လို့ တချို့ကဆိုတယ်.. အဲဒီလိုလည်း မဟုတ်ပါဘူး။
နွေမှာဆိုရင် နှင်းဆီ၊ ပိတောက်၊ လက်ပံတွေ ဝေဝေဆာဆာဖူးပွင့်တယ်။
မိုးမှာဆိုရင် ဂန္ဓာမာ၊ စပယ်၊ ဇီဇဝါတွေ လှလှပပဖူးပွင့်တယ်။
ဆောင်းမှာဆိုရင် ချယ်ရီ၊ ခရစ္စမတ်ရွက်လှ၊ မက်မွန်ပန်းတွေ ဖူးပွင့်တယ်။
နှင်းဖွဲဖွဲကျတဲ့ရာသီမှာတော
တကယ်တော့ နွေမိုးဆောင်းဘာရာသီပဲဖြစ်ြ
အချိန်မရွေး ပန်းတွေပွင့်တယ်၊ ပန်းပွင့်တဲ့အချိန်ဆိုတာရှိ
ပန်းမပွင့်တာဟာ မပွင့်တဲ့အကြောင်းတရားရှိသလ
ပန်းပွင့်တိုင်းမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ နွေဦးရာသီတစ်ခုရှိကြတယ်။ သူတို့ဘယ်အချိန်ပွင့်ရင် အဲဒီအချိန်ဟာ သူတို့ရဲ့နွေဦးရာသီပဲဖြစ်တယ
ဆောင်းနှင်းကြားမှာပွင့်တဲ့
(၄)
ကုမုဒြာ၊ ညမွှေးပန်း၊ စပယ်ပန်း၊ Morning Glory စတဲ့ပန်းတွေဟာ ညအချိန်မှာပွင့်တဲ့ ပန်းဖြစ်တယ်။ ကမ္ဘာမြေကြီးအိပ်မောကျချိန်၊
လှလှပပပွင့်ထားတဲ့ ပန်းပွင့်ကိုပဲ လူတွေတွေ့မြင်ကြတာ၊ အဲဒီလို ပွင့်ဖို့ ပန်းတစ်ပွင့်တိုင်းရဲ့ကြိုး
ပန်းပွင့်တဲ့အချိန်မှာ ပန်းဟာ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အသံမထွက်၊ ဘယ်သူ့ကိုမှမပြောဘဲ ပွင့်လန်းတယ်။ ဘယ်ပန်းကမှ သူပွင့်ခါနီး လှုပ်လှုပ်ရှားရှားဖြစ်တာမျို
တကယ်လို့ လူက ပန်းတစ်ပွင့်ဖြစ်ခဲ့ရင် ဆိတ်ဆိတ်ငြိမ်ငြိမ်ပွင့်လန်
(၅)
ပန်းတွေမှာ အဖြူ၊ အဝါ၊ အပြာ၊ အနီ၊ အစိမ်း၊ ကြက်သွေး၊ ပန်းရောင်၊ အနက်.. စတဲ့အရောင်တွေ အမျိုးမျိုးရှိကြတယ်။ အနီရောင်က ကြက်သွေးရောင်ထက် အထက်တန်းမကျသလို အဝါရောင်ကလည်း အဖြူရောင်ထက် မနိမ့်ကျပါဘူး။ ပန်းရောင်က အနီရောင်ကို ကိုယ်စားမပြုနိုင်သလို အပြာရောင်ကလည်း အစိမ်းရောင်ကို ကိုယ်စားမပြုနိုင်ပါဘူး။ ပန်းတိုင်းက သူ့အရောင်နဲ့သူ ကြီးကျယ်မြင့်မြတ်ပါတယ်။
စပယ်မှာလည်း သူ့ဆွဲဆောင်မှုနဲ့သူ၊ နှင်းဆီမှာလည်း သူ့တောက်ပမှုနဲ့သူ၊ ဂန္ဓမာကလည်း လူကိုညို့ယူနိုင်သလို မက်မွန်ပွင့်တွေကလည်း လူကိုဖမ်းစားနိုင်ပါတယ်။ ဇီဇဝါလှသလို အမည်အသိတဲ့ပန်းရိုင်းတွေကလည
ပန်းတစ်ပွင့်က အခြားပန်းတစ်ပွင့်ကို မနာလိုမဖြစ်တတ်ဘူး။ မခွဲခြားဆက်ဆံတတ်ဘူး။ ရန်ငြိုးမထားတတ်ဘူး။ အညိုးအတေးမထားတတ်ဘူး။ မဆဲတတ်ဘူး။
ပန်းတစ်ပွင့်က သူပွင့်ချိန်ရောက်လို့ဆိုပြ
ပန်းဘယ်ကမှ ကိုယ့်ကို ကိုယ်စားမပြုနိုင်ဘူးဆိုတာ ပန်းတိုင်းသိတယ်။ ကိုယ့်အဖူးကို ကိုယ်ပဲပွင့်ရတယ်။ တခြားပန်းလောက် ပွင့်တာမလှပါစေ ကိုယ့်ကိုယ်ကိုပွင့်လန်းကြတ
ပန်းတစ်ပွင့်ညိုးနွမ်းလို့ ကြွေသွားရင် သူဟာ တခြားပန်းတစ်ပွင့်ရဲ့အာဟာရြ
(၆)
တဆေးနွယ်ပန်းက မနက်၃နာရီမှာပွင့်တယ်။ ဒါဟာ နေ့ရက်တစ်ရက်တာမှာ အစောဆုံးပွင့်တဲ့ပန်းဖြစ်တယ
ပန်းတစ်ပွင့်ရဲ့ရှေ့မှာ သင့်စိတ်ကိုတည်တည်ငြိမ်ငြိမ
ပန်းပွင့်တစ်ပွင့်တိုင်း စကားပြောတတ်တယ်လို့ လူတွေက ဆိုကြတယ်။ ပွင့်အာလိုက်တဲ့ ပန်းတွေက ဟလိုက်တဲ့ ပါးစပ်လိုပါပဲ။ ပွင့်ဖတ်တွေက ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလွှာတွေပေါ့။ ပါးစပ်ရှိရက်နဲ့ ပန်းတွေပြောတဲ့စကားကို ဘာလို့မကြားရတာပါလိမ့်….
တကယ်တော့ ပန်းတွေဟာ ပါးစပ်ရှိရက်နဲ့ နှုတ်ဆိတ်သူတွေဖြစ်တယ်။ သူတို့ဟာ စကားပြောစရာမလိုခဲ့ဘူး.. ပန်းဆိုတဲ့သူတို့ကိုယ်တိုင်
(၇)
ပန်းအများရဲ့အသက်က တိုတောင်းကြတယ်။ ပန်းပွင့်ချိန် တိုကြတယ်။ ဖရုံပွင့်၊ ဖရဲပွင့်တွေက မနက်ခင်းမှာပွင့်ပြီး နေ့ခင်းပိုင်းမှာ ညိုးနွမ်းကုန်ကြတယ်။ Morning Gloryက အရမ်းလှတဲ့ပန်းပါ။ ဒါပေမယ့် ၆ နာရီ ၇နာရီလောက်သာခံတယ်။ အဝါရောင်ပန်းတွေပွင့်တဲ့ ဒုဓလီက ၁ဝနာရီလောက်ပဲခံတယ်။ ဂန္ဓမာပန်း၊ ကျောက်ပန်း(Lithops) တွေက နည်းနည်းခံတယ်။ ၅ရက် ၆ ရက်လောက်ခံတယ်။ ချယ်ရီပန်း ပန်းပွင့်ချိန်က ၄ ရက်ကနေ ၁ဝရက်လောက်ပဲရှိတယ်။ မက်မွန်ပန်း၊ စပယ်ဝါတွေကလည်း ၁ဝရက်လောက်ပဲခံတယ်။ သစ်ခွပန်းတွေက ပိုတာရှည်ခံတယ်။ တချို့သစ်ခွပန်းတွေက တစ်လလောက်ခံတယ်။ အပူပိုင်းမှာပွင့်တဲ့ သစ်ခွပန်းတစ်မျိုးက ရက်ပေါင်း ၈ဝခံတယ်။ ပန်းတွေထဲမှာ အသက်အရှည်ဆုံးပန်းဖြစ်တယ်။
ကုမုဒြာပန်းက ၃နာရီလောက်သာခံတဲ့ ပန်းဖြစ်တယ်။ သူဟာ ပန်းတွေထဲမှာ အသက်အတိုဆုံးပန်းတော့မဟုတ်ဘ
ဂျပန်စာရေးဆရာ Yasunari Kawabata က ပြောတယ်… “ပန်းပွင့်တာ သေဖို့”တဲ့။ လောကမှာရှိတဲ့ ပန်းတွေတိုင်းက သေရမှာကိုကြောက်လို့ဆိုပြီး
သူတို့သေဆုံးသွားရင် သူတို့ရဲ့နောက်မျိုးဆက်တွေ ဆက်ပေါ်လာတယ်။ သူတို့ရဲ့နောက်မျိုးဆက်တွေ ဆက်ပွင့်လန်းတယ်။ ပန်းပွင့်ချိန်မှာ ပန်းရှေ့သင်ရောက်လာတာဟာ သင်နဲ့ပန်းရဲ့ရှေးရေစက်ပဲဖြ
(၈)
တောင်ပေါ်မှာ လှလှပပပွင့်လန်းနေတဲ့ တောရိုင်းပန်းတစ်ပွင့်ကို ကျွန်မတွေ့လိုက်တယ်။ အဲဒီပန်းရဲ့နာမည်က ဘာလဲတော့မသိဘူး.. ဘာကြောင့် အဲဒီနေရာမှာ သူဆိတ်ဆိတ်ငြိမ်ငြိမ် ဖူးပွင့်နေသလဲဆိုတာကိုလည်း ကျွန်မ မသိဘူး။
ဒီတောင်က တခြားတောင်တွေရဲ့ပတ်လည်ကြား
လူတွေမသိလည်း၊ လူတွေ မကြည့်လည်း သူကတော့ ကြိုးစားပြီးပွင့်လန်းနေပါတ
ဒီတောရိုင်းပန်းလေးက အခြားပန်းတွေနဲ့ မပြိုင်ဆိုင်ဘူး၊ မလုဘူး၊ တခြားလူအတွက် သူပွင့်တာမဟုတ်ဘူး၊ သူ့အတွက် သူပွင့်လန်းတာပါ။
ဒီလောကမှာရှိတဲ့ ပန်းတစ်ပွင့်တိုင်းကို ချီးကျူးနှစ်သက်တဲ့လူတွေရှိ
တကယ်တော့ လောကမှာရှိတဲ့ပန်းတစ်ပွင့်တ
တကယ်ပဲ တစ်ယောက်မှ အဲဒီပန်းလေးတွေကို မတွေ့ခဲ့ကြဘူးလား….
-------
မူရင်းလင့်-- http://www.85nian.net/
နိုင်းနိုင်းစနေ (The Chic မဂ္ဂဇင်း ဒီဇင်ဘာ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။