လေ့လာသင်ယူခြင်း ( Learning ) ဆိုတာ အသက်ရှင်သရွေ့ကာလပတ်လုံး လုပ်ဆောင်နေရမည့် အရာတစ်ခုပါ ။ လအများစုက တက္ကသိုလ်ကျောင်းက ဘွဲ့ရပြီးပြီဆိုတာနဲ့ လေ့လာသင်ယူခြင်းပြီးမြောက်ပြီးလို့ ခံယူထားကြပါတယ် ။ နောက်တစ်ခုကကျောင်း တွေမှာ စွဲမြဲလာတဲ့ စာကျက်ပျင်းတဲ့အလေ့အထကြောင့် လေ့လာသင်ယူခြင်း ကိုပါ တက်ကြွစွာလုပ်ဆာင်ရကောင်းမှန်း မသိဖြစ်နေကြပါတယ် ။
.
အမှန်တကယ်တော့ ကျွန်တော် တို့နေ့စဉ်ဘ၀တွေဟာ အမြဲတမ်းလေ့လာသင်ယူနေရတာပါ ။ ကျောင်းပြီးသွားသော်လည်း လုပ်ငန်းခွင်အတွက်လေ့လာရတယ် ၊ လုပ်ငန်းခွင် ရောက်တော့လည်း ကိုယ့်ရှေ့ကစီနီယာတွေဆီကလေ့လာရတယ် ၊ အလုပ်သဘောတရား ၊ မသိနားမလည်သေးတာတွေမှတ်သားနေရတယ် ။ ကိုယ့်ဆီမှာ သင်ယူလေ့လာမှုရှိနေသရွေ့ ကျွန်တော်တို့ရှေ့ကိုဆက်
နေတဲ့လူတစ်ယောက်လို ခံစားမိစေပါတယ် ။
.
တစ်ချို့ကတော့ သင်ယူလေ့လာဖို့နေနေသာသာ ကိုယ့်မှာရှိတ
ဲ့အရည်အချင်းကိုတောင်ဘယ်လိုအသုံးချရမလဲ မသိဖြစ်နေတက်ပါတယ် ။ အားလုံးကိုသေချာသုံးသပ်ကြည့်ရင် လက်ရှိရောက်နေတဲ့ဘ၀ကနေ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ဘ၀ကို ကူးပြောင်းချင်ရင်
လေ့လာသင်ယူခြင်းကို မလွဲမသွေလုပ်ဆောင်ရမှာပါ ။
.
ကုန်တိုက်တစ်ခုမှာ ၀န်ထမ်းလုပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ဥပမာပေးပါရစေ ။ နေ့စဉ် မနက်ကိုးနာရီအလုပ်လာ ညနေခြောက်နာရီအိမ်ပြန် သာမန်ဝန်ထမ်းဘ၀နဲ့ပဲ ဘ၀ကိုရှေ့ဆက်နေမှာလား ။ ဒီထက်ပို
ပြီးလစာရော ၊ ရာထူးပါကောင်းမွန်ချင်တယ် ၊ နောက်ဆုံးကိုယ်ပိုင်လုပ်ငန်းအထိလုပ်ဆောင်ချင်တယ်ဆိုရင်သာမန်ဝန်ထမ်းတွေလို ဒီတိုင်းဈေးဝယ်သူကို ဈေးရောင်းနေယုံနဲ့ မလုံလောက်ပါဘူး ။
.
လုပ်ငန်းခွင် မှာ ဈေးဝယ်သူတွေကို ဘယ်လိုဆက်ဆံရမယ် ၊ လုပ်ငန်း ကဘယ်လိုလည်ပတ်နေတယ် ၊ ကိုယ်လုပ်နေတဲ့အလုပ် ကိုအရင်ကျွမ်းကျင်အောင် လုပ်ဆောင်သင့်ပါတယ် ။ အဲ့နောက်
အားလပ်ရက်ပိတ်ရက်တွေမှာ ကိုယ့်အတွက်အကျိုးရှိစေမည့် သင်တန်း တွေတက်ရပါမယ် ။ အိမ်ပြန်ရောက်တဲ့အချိန်မှာလည်း သင်တင့်မျှတတဲ့ လေ့လာသင်ယူခြင်း ၊ စာဖတ်ခြင်းကို လုပ်ဆောင်ပေးရမှာ
ဖြစ်ပါတယ် ။မိတ်ကတ်လေးလူး ၊ အလှလေးပြင်ပြီး အလုပ်လေးသွားရုံနဲ့တော့ ဘ၀တွေက ပြောင်းလဲမသွားပါဘူး ။ သာမန်ထက်ပိုချင်တယ် သူများတွေထက်သာချင်ရင်တော့ ခွန်အားစိုက်ထုတ်ရပါတယ်။အလုပ်ပိုလုပ်ရပါတယ် ။
.
နောက်ဆုံးကိုယ့်ဆီမှာ လုပ်ငန်း ကျွမ်းကျင်မှုတွေ ၊ လုပ်ငန်းရဲ့သဘောတရားတွေသိလာတဲ့အခါ ဒီထက်ကောင်းတဲ့အလုပ်မှာဖြစ်စေ ၊ ဒီ လုပ်ငန်း မှာပဲ အကြံပြုတာတွေဖြစ်စေပြုလုပ်ပြီး ကိုယ့်မှာ
ရှိတဲ့ အရည်အချင်းတွေချပြလို့ရပါတယ် ။ ဒါမှမဟုတ် အပြင်မှာပဲ ကိုယ်ကျွမ်းကျင်ရာကို လုပ်ဆောင်မလားအဆင်ပြေနိုင်ပါတယ် ။
.
အဆုံးသတ်အနေနဲ့ လေ့လာခြင်း ဆိုတာ ယနေ့ခေတ်မှအရမ်းလွယ်ကူပါတယ် ။အင်တာနက်ရှိယုံ ဖုန်း ရှိယုံနဲ့ ကိုယ်သိချင်တာကို ရှာဖွေလိုရနေပါပြီ ။ ဒီလိုခေတ်ကြီးမှာ ဖေ့ဘွက် မှာပဲ အရေမရ
အဖက်မရတွေနဲ့အချိန်မကုန်ဖို့ အရေးကြီးပါတယ် ။ ကိုယ့် မိဘ ဆီက အားနည်းချက် အားသာချက်လေ့လာသင်ယူပါ ၊ မိတ်ဆွေသူငယ်ချင်းဆီက ကောင်းကွက်တွေလေ့လာပါ ၊ ချစ်သူရည်စားရဲ့ စိတ်နေစိတ်ထားတွေလေ့လာပါ ၊ ကိုယ်လုပ်နေတဲ့ပတ်ဝန်းကျင်မှာ ကျွမ်းကျင်ပိုင်နိုင်အောင်လေ့လာပါ။
.
အိမ်ကဘွဲ့လက်မှတ်တွေ မှိုတက်နေပါစေ ၊ ဦးနှောက် တွေမှိုမတက်ဖို့အရေးကြီးပါတယ် ။ လေ့လာသင်ယူခြင်းဖြင့် သင့်ဘ၀ကိုအကောင်းဆုံးတည်ဆောက်နိုင်ကြပါစေ။ ။
.
Credit : Nyan Lynn Moe (Smart Life)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။