#အသက် ၂၀ ကျော် ငယ်ရွယ်တဲ့အချိန်မှာ မြန်မြန်ဆန်ဆန် ရာထူးတက်ပြီး အောင်မြင်မှုရစေဖို့ CEO တစ်ယောက် ပေးတဲ့အကြံဥာဏ်
အလုပ်ခွင်နဲ့ အလုပ်နဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်ဆိုတာ တစ်ခါတလေကျရင် အဆင်ပြေအောင် နေထိုင်နိုင် ဖို့ ခက်ခဲပါတယ်။ လူငယ်တွေနဲ့ အခုမှအလုပ်စလုပ်တဲ့ လူတွေဆိုရင် ပိုဆိုးပါတယ်။ အလုပ်တစ်ခုရသွား တာနဲ့ မပြီးသေးပါဘူး၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားဖို့နဲ့ နှစ်အနည်းငယ် အတွင်းမှာ ရာထူးတက်ပြီး နေရာကောင်းကောင်းရဖို့ဆိုတာ အများကြီးပိုခက်ခဲပါတယ်။
Capify ကုမ္ပဏီရဲ့ CEO David Goldin ရဲ့စကားအရ အလုပ်ခွင်မှာရှိတဲ့ ၀ါရင့်စီးပွားရေးသမားတွေနဲ့
လူကြီးတွေဟာ လူငယ်တွေကို အထင်သေးကြပါတယ်တဲ့။ လူငယ်အများစုဟာ အလုပ်လုပ်ချင်စိတ် မရှိဘူး၊ သူများကိုပဲ မှီခိုချင်တယ်၊သင်ပေးရင် ဆရာလုပ်တယ်လို့ထင်ပြီး မကြိုက်ဘူး၊ ပေါင်းသင်းဆက်ဆံရေး မကောင်းဘူး၊ ရာထူးတော့ လိုချင်တယ် ကြိုးစားချင်စိတ်မရှိဘူး စသဖြင့် ထင်ကြပါတယ်တဲ့။
အမှန်တော့ တက်သစ်စလူငယ်တွေဟာ တီထွင်ဖန်တီးနိုင်မှုအကောင်း ဆုံး၊ စွန့်ဦးတီထွင်နိုင်စွမ်းအရှိဆုံးနဲ့ နည်းပညာပိုင်းမှာလည်း တတ်ကျွမ်းမှုအရှိဆုံးဖြစ်ပါတ ယ်လို့ Goldin က ပြောပါတယ်။ သူတို့တွေဟာ တိုးတက်နေတဲ့ လူ့အဖွဲ့အစည်းအတွက် အထောက်အကူအများကြီးဖြစ်နိုင်ပါတယ်၊ သူတို့အပေါ် ထင်မြင်
ယူဆချက်တွေ ကို ကျော်လွှားနိုင်ပြီး လုပ်ကိုင်နိုင်စွမ်းအပြည့်နဲ့ကြိုးစားရင်ပေါ့။
လူငယ်တွေကို အထင်သေးကြတဲ့လူတွေကို သူတို့တွေရဲ့အမြင်တွေ မှားနေတယ်ဆိုတာကို သက်သေပြနိုင်
ပြီး တော့ အသက် ၂၀ ကျော်ကျော်မှာပဲ ရာထူးကောင်းကောင်းရအောင်လို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ရှိပါတယ်။
၁။ အရာရာတိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ် ဆိုတာကို လက်ခံပါ။
Goldin ပြောစကားအရ လူငယ်တွေဟာ အလုပ်လုပ်တဲ့အခါ သူတို့သဘောမတူ၊ လက်မခံနိုင်တဲ့ စည်းကမ်း တွေ၊ ပေါ်လစီတွေကို တိုက်ခိုက်တာ၊ ပြောင်းလဲတာတွေလုပ်ဖို့ မကြိုးစားသင့်ပါဘူး။ ဒီလိုစည်း မျဉ်းစည်းကမ်း တွေကို ချမှတ်ထားတာဟာ အကြောင်းမဲ့မဟုတ်ပါဘူး၊ လူငယ်တွေ၊လူသစ်တွေဟာဒီလိုမျိုး
ကုမ္ပဏီစည်းကမ်း တွေနဲ့တွေ့ကြုံလာရပြီဆိုရင် လိုက်လျောညီထွေနေထိုင်သင့်ပါတယ်။Trust
the process လို့ Goldin ကပြောခဲ့ပါတယ်။ စည်းကမ်းတွေကို ဆန့်ကျင်မယ့်အစား
ကိုယ်က အဲဒီ စည်းကမ်းတွေကို လိုက်နာပြီးကောင်းကောင်းလုပ်ကိုင်နိုင်တယ်ဆိုတာကို ပြသပါ။
၂။ အလုပ်ထဲမှာ ကိုယ့်ကိုယ်ပိုင်ရည်မှန်းချ က်တွေ ချမှတ်ပြီးတော့ အကောင်အထည်ဖော်နိုင်အောင်
ကြိုးစားပါ။
သူများတွေခိုင်းတာ၊ ချမှတ်ပေးပေးတဲ့ target ကို လုပ်ဖို့ကို မစောင့်ဘဲနဲ့ ကိုယ်ကိုယ်တိုင်
ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေ ချမှတ်သင့်ပါတယ်။ ကိုယ့်အထက်လူကြီးကိုလည်း ကိုယ်ရဲ့ တာဝန်ယူတတ်မှုနဲ့ တိုးတက်မှုကိုပြသဖို့လိုပါတယ်။ ကိုယ့်ကို ဘယ်အရာက အလုပ်လုပ်ဖို့ တွန်းအားပေးသလဲဆိုတာကို စဉ်းစားကြည့်ပါ၊ ပိုက်ဆံလား၊ ရာထူးလား၊ အသိအမှတ်ပြုခံရဖို့လား၊
ပြီးရင် ကိုယ်လိုက်လုပ်လို့ရမယ့် ရေတိုပန်းတိုင်ငယ်လေးတွေ ချမှတ်ပြီး ရောက်အောင် လုပ်ပါ။ နောက်ထပ်
ရာထူးတိုးဖို့၊ တာဝန်အသစ်တွေယူဖို့ မပြောခင် ကောင်းမွန်တဲ့ရလဒ်တွေ ပြသနိုင်အောင် ကြိုးစားပါ။
၃။ ကိုယ့်ရဲ့ အထက်အရာရှိတွေ supervisor တွေ၊ စီနီယာတွေနဲ့ ရင်းနှီးပြီးတော့ ကောင်းမွန်တဲ့
ဆက်ဆံရေး ရအောင်ကြိုးစားပါ။
လူကြီးတွေဟာ အလုပ်ခွင်မှာ လူငယ်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ
ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ပြောဆို တာ၊ email ပို့တာတွေထက် လူကိုယ်တိုင် စကားပြောတာကို ပိုနှစ်သက်ကြတယ်လို့ Goldin က ပြောပါတယ်။ သူတို့တွေ ဘယ်လိုမပြုအမူတွေကိုကြိုက်တ တ်လဲဆိုတာကို သိအောင်လုပ်ပါ။ သူတို့ဟာမျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေးရတာကို e mail အသွားအလာနဲ့ ဆွေးနွေး
ရတာထက် ပိုကြိုက်နှစ်သက်တယ်ဆိုရင် သူရဲ့ ရုံးခန်းထဲသွားပြီး ပြောစရာရှိတာ တွေ၊ ဆွေးနွေးစရာရှိ
တာတွေကို လုပ်ပါ။ ဒါပေမဲ့ သူတို့အလုပ်လုပ်နေတုန်း သွားရှုပ်သလိုတော့ မဖြစ်မိပါစေနဲ့၊ ဘယ်တော့လာ မယ်၊အစည်းအဝေး ဘယ်တော့လုပ်မယ်ဆိုတာကို ကြိုတင် အသိပေးပါ။ email နဲ့ပဲ အရေးကြီးကိစ္စတွေကို
ဆွေးနွေးတတ်တဲ့လူဆိုရင်လည်း တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါ၊ ပိုအကျိုးရှိပါတယ်။
၎။ ဘယ်အရာတွေက ကိုယ့်ကုမ္ပဏီအလုပ်ကို တိုးတက်စေမလဲ၊ အောင်မြင်စေမလဲဆိုတာကို သိအောင်လုပ်ပါ။
ကိုယ်ရဲ့ ကုမ္ပဏီအတွက် အောင်မြင်မှုဆိုတာ ဘယ်လိုအရာလဲဆိုတာကိုနားလည်ေ အာင်လုပ်ပါလို့ Goldin က ပြောထားပါတယ်။ ကိုယ်အလုပ်ခွင် ပိုအောင်မြင်စေဖို့အတွက် ကိုယ့်ရဲ့အားသာချက်တွေကိုအသုံးချပါ၊ ကိုယ့် မန်နေဂျာအတွက် အရေးပါတဲ့အကြံဥာဏ်တွေ၊ အကူအညီတွေပေးနိုင်ပြီးတော့ ကုမ္ပဏီအတွက်ပါ
အရေးပါတဲ့ လူတစ်ယောက်ဖြစ်ပါစေ။
၅။ ကိုယ်က အမှီအခိုကင်းကြောင်း၊ ကိုယ့်အားကိုယ်ကိုးနိုင်ကြောင်းပြပါ။
လူငယ်တွေကို သူများကို မှီခိုတယ် ကိုယ့်အားကိုယ်မကိုးဘူးလို့ ထင်ကြတဲ့ အတွေးမှားတွေ ပျောက်သွား
အောင်လို့ အလုပ်ခွင်မှာ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ပညာတွေကိုသင်ယူပြီးတော့ အလုပ်ခွင်မှာ အမှီအခိုကင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ တစ်ခုခုကို ကိုယ် မလုပ်တတ်ဘူးဆိုရင်
‘မလုပ်တတ်ဘူး’ လို့ပဲ မပြောဘဲ နဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာ သိတဲ့၊ တတ်တဲ့လူတွေစီက သင်ယူပြီးတော့ လုပ်ပါ။ ဒါမှ နောက်တစ်ခါမှာ ကိုယ် ဘယ်သူ့ အကူအညီမှမလိုဘဲ ကိုယ်တိုင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
စာညွှန်း- Businessinsider မှာဖော်ပြထားတဲ့ A CEO shares his best advice for getting promoted quickly when you're in your 20s ကို မှီငြမ်းရေးသားထားတာဖြစ်ပါတ ယ်။
အလုပ်ခွင်နဲ့ အလုပ်နဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်ဆိုတာ တစ်ခါတလေကျရင် အဆင်ပြေအောင် နေထိုင်နိုင် ဖို့ ခက်ခဲပါတယ်။ လူငယ်တွေနဲ့ အခုမှအလုပ်စလုပ်တဲ့ လူတွေဆိုရင် ပိုဆိုးပါတယ်။ အလုပ်တစ်ခုရသွား တာနဲ့ မပြီးသေးပါဘူး၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားဖို့နဲ့ နှစ်အနည်းငယ် အတွင်းမှာ ရာထူးတက်ပြီး နေရာကောင်းကောင်းရဖို့ဆိုတာ အများကြီးပိုခက်ခဲပါတယ်။
Capify ကုမ္ပဏီရဲ့ CEO David Goldin ရဲ့စကားအရ အလုပ်ခွင်မှာရှိတဲ့ ၀ါရင့်စီးပွားရေးသမားတွေနဲ့
လူကြီးတွေဟာ လူငယ်တွေကို အထင်သေးကြပါတယ်တဲ့။ လူငယ်အများစုဟာ အလုပ်လုပ်ချင်စိတ် မရှိဘူး၊ သူများကိုပဲ မှီခိုချင်တယ်၊သင်ပေးရင် ဆရာလုပ်တယ်လို့ထင်ပြီး မကြိုက်ဘူး၊ ပေါင်းသင်းဆက်ဆံရေး မကောင်းဘူး၊ ရာထူးတော့ လိုချင်တယ် ကြိုးစားချင်စိတ်မရှိဘူး စသဖြင့် ထင်ကြပါတယ်တဲ့။
အမှန်တော့ တက်သစ်စလူငယ်တွေဟာ တီထွင်ဖန်တီးနိုင်မှုအကောင်း
ယူဆချက်တွေ ကို ကျော်လွှားနိုင်ပြီး လုပ်ကိုင်နိုင်စွမ်းအပြည့်န
လူငယ်တွေကို အထင်သေးကြတဲ့လူတွေကို သူတို့တွေရဲ့အမြင်တွေ မှားနေတယ်ဆိုတာကို သက်သေပြနိုင်
ပြီး တော့ အသက် ၂၀ ကျော်ကျော်မှာပဲ ရာထူးကောင်းကောင်းရအောင်လို
၁။ အရာရာတိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်
Goldin ပြောစကားအရ လူငယ်တွေဟာ အလုပ်လုပ်တဲ့အခါ သူတို့သဘောမတူ၊ လက်မခံနိုင်တဲ့ စည်းကမ်း တွေ၊ ပေါ်လစီတွေကို တိုက်ခိုက်တာ၊ ပြောင်းလဲတာတွေလုပ်ဖို့ မကြိုးစားသင့်ပါဘူး။ ဒီလိုစည်း မျဉ်းစည်းကမ်း တွေကို ချမှတ်ထားတာဟာ အကြောင်းမဲ့မဟုတ်ပါဘူး၊ လူငယ်တွေ၊လူသစ်တွေဟာဒီလိုမျ
ကုမ္ပဏီစည်းကမ်း တွေနဲ့တွေ့ကြုံလာရပြီဆိုရင်
၂။ အလုပ်ထဲမှာ ကိုယ့်ကိုယ်ပိုင်ရည်မှန်းချ
ကြိုးစားပါ။
သူများတွေခိုင်းတာ၊ ချမှတ်ပေးပေးတဲ့ target ကို လုပ်ဖို့ကို မစောင့်ဘဲနဲ့ ကိုယ်ကိုယ်တိုင်
ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေ ချမှတ်သင့်ပါတယ်။ ကိုယ့်အထက်လူကြီးကိုလည်း ကိုယ်ရဲ့ တာဝန်ယူတတ်မှုနဲ့ တိုးတက်မှုကိုပြသဖို့လိုပါတယ
ပြီးရင် ကိုယ်လိုက်လုပ်လို့ရမယ့် ရေတိုပန်းတိုင်ငယ်လေးတွေ ချမှတ်ပြီး ရောက်အောင် လုပ်ပါ။ နောက်ထပ်
ရာထူးတိုးဖို့၊ တာဝန်အသစ်တွေယူဖို့ မပြောခင် ကောင်းမွန်တဲ့ရလဒ်တွေ ပြသနိုင်အောင် ကြိုးစားပါ။
၃။ ကိုယ့်ရဲ့ အထက်အရာရှိတွေ supervisor တွေ၊ စီနီယာတွေနဲ့ ရင်းနှီးပြီးတော့ ကောင်းမွန်တဲ့
ဆက်ဆံရေး ရအောင်ကြိုးစားပါ။
လူကြီးတွေဟာ အလုပ်ခွင်မှာ လူငယ်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ
ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ပြောဆို တာ၊ email ပို့တာတွေထက် လူကိုယ်တိုင် စကားပြောတာကို ပိုနှစ်သက်ကြတယ်လို့ Goldin က ပြောပါတယ်။ သူတို့တွေ ဘယ်လိုမပြုအမူတွေကိုကြိုက်တ
ရတာထက် ပိုကြိုက်နှစ်သက်တယ်ဆိုရင် သူရဲ့ ရုံးခန်းထဲသွားပြီး ပြောစရာရှိတာ တွေ၊ ဆွေးနွေးစရာရှိ
တာတွေကို လုပ်ပါ။ ဒါပေမဲ့ သူတို့အလုပ်လုပ်နေတုန်း သွားရှုပ်သလိုတော့ မဖြစ်မိပါစေနဲ့၊ ဘယ်တော့လာ မယ်၊အစည်းအဝေး ဘယ်တော့လုပ်မယ်ဆိုတာကို ကြိုတင် အသိပေးပါ။ email နဲ့ပဲ အရေးကြီးကိစ္စတွေကို
ဆွေးနွေးတတ်တဲ့လူဆိုရင်လည်း
၎။ ဘယ်အရာတွေက ကိုယ့်ကုမ္ပဏီအလုပ်ကို တိုးတက်စေမလဲ၊ အောင်မြင်စေမလဲဆိုတာကို သိအောင်လုပ်ပါ။
ကိုယ်ရဲ့ ကုမ္ပဏီအတွက် အောင်မြင်မှုဆိုတာ ဘယ်လိုအရာလဲဆိုတာကိုနားလည်ေ
အရေးပါတဲ့ လူတစ်ယောက်ဖြစ်ပါစေ။
၅။ ကိုယ်က အမှီအခိုကင်းကြောင်း၊ ကိုယ့်အားကိုယ်ကိုးနိုင်ကြေ
လူငယ်တွေကို သူများကို မှီခိုတယ် ကိုယ့်အားကိုယ်မကိုးဘူးလို့
အောင်လို့ အလုပ်ခွင်မှာ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ပညာတွေကိုသင်ယူပြီးတော့ အလုပ်ခွင်မှာ အမှီအခိုကင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ တစ်ခုခုကို ကိုယ် မလုပ်တတ်ဘူးဆိုရင်
‘မလုပ်တတ်ဘူး’ လို့ပဲ မပြောဘဲ နဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာ သိတဲ့၊ တတ်တဲ့လူတွေစီက သင်ယူပြီးတော့ လုပ်ပါ။ ဒါမှ နောက်တစ်ခါမှာ ကိုယ် ဘယ်သူ့ အကူအညီမှမလိုဘဲ ကိုယ်တိုင်လုပ်ဆောင်နိုင်မှ
စာညွှန်း- Businessinsider မှာဖော်ပြထားတဲ့ A CEO shares his best advice for getting promoted quickly when you're in your 20s ကို မှီငြမ်းရေးသားထားတာဖြစ်ပါတ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။