အောင်မြင်မှုကို ဘယ်လိုလုပ်ယူမလဲ..?
************************** ***
မှားရမှာမကြောက်ပါနဲ့။ အမှားတစ်ခုစီဟာ ခင်ဗျားတို့ရဲ့ ဘဏ်မှာ အပ်လိုက်တဲ့ အနာဂတ် ဝင်ငွေတွေဖြစ်တယ်။
အသက် ၂၀ မတိုင်ခင်မှာ ကျောင်းသားကောင်း တစ်ယောက် ဖြစ်အောင်လုပ်ပါ။ ရသမျှ အတွေ့အကြုံတွေကို ခံစားပါ။ သုံးသပ်ပါ။
အသက် ၃၀ မတိုင်ခင်မှာ တစ်ယောက်ယောက် နောက်ကို လိုက်ပါ။ သိပ်မကြီးလှတဲ့ ကုမ္ပဏီ တစ်ခုခုကို သွားပါ။ များသောအားဖြင့် ကုမ္ပဏီကြီးတွေက ခင်ဗျားတို့ကို လုပ်ငန်းလည်ပတ်ပုံ သင်ပေးနိုင်တယ်။ အဲဒီမှာ ဆိုရင်တော့ ခင်ဗျားတို့ဟာ ယန္တယား တစ်လုံးရဲ့ စက်သွားတစ်ခုသာသာ နေရာမှာ နေရမယ်။
ဒီတော့ ကုမ္ပဏီ သေး တစ်ခုခုကို သွားပါ။ ကုမ္ပဏီက လူနည်းစုနဲ့ လှုပ်ရှားနေရတယ် ဆိုရင် ခင်ဗျားတို့ သင်ယူစရာတွေ အလွန်များတယ်။ မျှော်လင့်ချက်ထားပုံတွေ သင်ယူနိုင်မယ်။ ရည်မှန်းချက်ကို ဦးတည် လှုပ်ရှားပုံတွေ လေ့လာနိုင်မယ်။ ကိုယ်တိုင်လည်း တသားထဲ ဝိုင်းဝန်းလှုပ်ရှားလို့ ရနိုင်မယ်။
ဒီတော့ အသက် ၃၀ မတိုင်ခင် ဆိုတာ ခင်ဗျားတို့ ဘယ်ကုမ္ပဏီမှာ လုပ်နိုင်ဖို့ ဆိုတာထက် ဘယ်လို ခေါင်းဆောင်အောက်မှာ လုပ်ရဖို့ ဆိုတာ အရမ်း အရေးကြီးပါတယ်။ သူဌေးနဲ့ ခေါင်းဆောင် အဲဒီမှာ ကွဲပြားမှာပဲ။ ခေါင်းဆောင်ကောင်း တစ်ယောက်ဟာ ခင်ဗျားတို့ကို သင်ယူစရာ အတုခိုး စရာတွေ အများကြီး ပြပေးနိုင်တယ်။
အသက် ၃၀ ကနေ ၄၀ ကြားကာလ ကတော့ စဉ်းစားရမယ့် ဘဝ တဆစ်ချိုး ဖြစ်တယ်။ ခင်ဗျားတို့ အခုဆိုရင် သင်ယူပြီးပြီ ရင့်ကျက်လာပြီ။ ကိုယ့်လုပ်ငန်းကိုယ် စလုပ်မလား။ ဒါမှမဟုတ် ကုမ္ပဏီကြီးတစ်ခုမှာ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ဝင်ရောက် လုပ်ကိုင်သွားမလား။
အသက် ၄၀ ကနေ ၅၀ ကြားဆိုရင်တော့ ခင်ဗျားတို့ဟာ ရောက်ရာ နေရာမှာ တတ်သမျှ ပညာအားလုံးနဲ့ ကိုယ်စွမ်းသလောက် လုပ်နေရမှာ ဖြစ်တယ်။ ဒီအချိန်ရောက်တဲ့အခါ အလုပ်မပြောင်းသင့်တော့ဘူး။ ပြောင်းချင်ရင်တော့ ရတယ်။ သို့သော် ကျဆုံးဖို့ ရာခိုင်နှုန်း အရမ်းများနေပြီ။
ဒါ့ကြောင့် ဒီ အသက်အရွယ် အပိုင်းအခြားမှာ ကိုယ်ပိုင် ကုမ္ပဏီ လုပ်နေပြီ ဆိုရင်ဖြစ်ပါစေ ကုမ္ပဏီကြီး တစ်ခုခု မှာ ဝင်လုပ်နေရင် ဖြစ်ပါစေ အကောင်းဆုံး ဦးဆောင်ရမှာ ဖြစ်တယ်။
အသက် ၅၀ ကနေ ၆၀ ကြားကာလ မှာ လူငယ်တွေကို ရှေ့တန်းတင် လုပ်ပါ။ ဘာလို့လဲ။ လူငယ်တွေက ခင်ဗျားတို့ထက် ပိုလုပ်နိုင်တယ်။ ဒါ့ကြောင့် လူငယ်တွေနဲ့လုပ်ပါ။ သူတို့အတွက် လုပ်ပေးပါ။ သူတို့ အပေါ် ရင်းနှီး မြှုပ်နှံပါ။
အသက် ၆၀ ကျော်ရင် ဘာအလုပ်ကိုမှ ရှေ့တန်းမတင်နဲ့တော့။ ကိုယ့်အတွက်ကိုယ် ကြည့်ပါ။ တစ်သက်လုံး ဖြစ်လာခဲ့တဲ့ အောင်မြင်မှုတွေ ကျဆုံးမှုတွေဟာ ဒီအချိန်မှာ နောင်တလည်း မဖြစ်သင့်တော့သလို ဂုဏ်ယူစရာလည်း မဖြစ်သင့်တော့ဘူး။ သင်ခန်းစာ အနေနဲ့ နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းရစ်ပါ။
Jack Ma ၏ ကိုရီးယား လူငယ် ဟောပြောပွဲတစ်ခုမှ ထုတ်နှုတ် ဖော်ပြသည်။
Credit: မှတ်စုကြမ်း
လေးစားလျှက် Aung Ko Latt
**************************

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။