Nine Nine Sanay @ နိုင်းနိုင်းစနေ
အချစ်ဆုံးကို နားလည်ပါ
-----------------
ခင်ပွန်း
တစ်ခါတလေမှာ သူဟာ
ကလေးဆိုးကြီးနဲ့တူတတ်တယ်။
ရုံးဝတ်စုံကိုချွတ်ပြီးနောက်
သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့သူ့ကို
ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ်သတိပေးမှ
ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို
ခွင့်လွှတ်နားလည်ပေးပါ။
တကယ်တော့...
သန်မာထွားကြိုင်းတဲ့သူ့ခန္ဓာအောက်က
အသည်းနှလုံးတစ်စုံဟာ ကိုယ့်ဆီက
ခွင့်လွှတ်နားလည်မှုနည်းနည်းနဲ့
ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။
------
ဇနီး
သူ့ဆီမှာကိုယ်တောင်းဆိုတဲ့အရာတွေက
ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို
သဘာဝကျပါသလား။
တခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ သူ့အစား ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့စကားတွေ သူ့ကိုနည်းနည်းပိုပေးလိုက်ပါ။
------
သားသမီး
သေးငယ်တဲ့သူ့ရဲ့လက်တွေက
နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး
ဖြစ်လာနိုင်မလဲ။
ရီပို့ကတ်ပေါ်ကအမှတ်တွေကို သူ့ဆီက
ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊
သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို
နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံရှိသင့်ကြောင်းလည်း
ပြောပြပါ။
သူကြီးပြင်းရာလမ်းတစ်လျှောက်မှာ
လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။
-------
မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက
ကိုယ့်မိဘတွေရဲ့သက်ပြင်းချသံထက်
ပိုကြင်နာမှုရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို
ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကိုမျှော်နေတတ်တဲ့
မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့
ကိုယ်လျှစ်လျှူရှူမိတတ်တယ်။
လောဘရမ္မက်ရဲ့တောင်းဆိုမှုကို
ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။
အရေးကြီးတာက မိဘတွေကို
ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။
-----
မောင်နှမ
stand by me ကိုယ့်ဘက်မှာပဲ သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ၊
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဘက်မှာ ရှိနေခဲ့ပါတယ်။
------
ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။
ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ့ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ့ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ့ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင်
အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး အချင်းချင်း
တွေ့ဆုံချစ်ကြိုက်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....
.
.
ဖတ်မိတာလေး ဘာသာပြန်ခဲ့တာ နှစ်တော်တော်တောင်ကြာခဲ့ပြီ။ ဒါပေမယ့် ဖတ်လို့ကောင်းနေဆဲ ☺️
.
#NineNineSaNay(Thursday, March 19, 2009)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။