ကမ္ဘာပေါ်က အံ့သြစရာအကောင်းဆုံး (၇) ခုကို ပြောပြသွားခဲ့တဲ့ ကလေးမလေး
တစ်ခါက တောရွာလေးတစ်ရွာမှာ အသက် (၉) နှစ် အရွယ်ရှိပြီဖြစ်တဲ့ အန်နာ လို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ရှိခဲ့ပါတယ်။ အန်နာလေးဟာ မူလတန်း အဆင့် ပြီးဆုံးသွားတဲ့အခါမှာတော့ ရွာအနီး မြို့မှာရှိတဲ့ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့တက်ရောက်ခဲ့ရ ပါတော့တယ်။သူမ တက်ရမယ့်ကျောင်းဟာ နာမည်ကြီး တဲ့ ကျောင်းတစ်ကျောင်းဖြစ်ခဲ့တာ မို့ သူမ ဟာ အရမ်း ပျော်ရွှင်လို့ ဂုဏ်ယူနေခဲ့ပါတယ်။
ပထမဆုံး အလယ်တန်းကျောင်းကို စတက်တဲ့နေ့ မှာ တော့ သူမဟာ စိတ်တွေလှုပ်ရှားနေခဲ့ပါတယ်။ ကျောင်းကားလေးနဲ့ သူမ ကျောင်းသို့ရောက်ရှိပြီး ကျောင်းခန်းထဲစ၀င်ချိန်မှာေ တာ့
တောရွာလေးကနေ ကျောင်းလာတက်တဲ့သူမရဲ့ နွမ်းဖတ်ဖတ် အ၀တ်အစား ကိုကြည့်ပြီး
မြို့ကျောင်းသူတွေက ကွက်ကြည့် ကွက်ကြည့် လုပ်ကာ လှောင်ပြောင်ကြပါတော့တယ်။
အဲ့ဒီနောက် ဆရာမ အတန်းထဲ ရောက်လာချိန်မှပဲ သူတို့ရဲ့လှောင်ပြောင်မှုတွေ ရပ်တန့်လို့ တိတ်ဆိတ် သွားခဲ့ကြပါတယ်။
ဆရာမက စာမသင်မီ ကျောင်းသား တစ်ယောက်ချင်းစီ ကို မိတ်ဆက်စကားဆိုခိုင်းခဲ့ပြီး
တဲ့ နောက်မှာတော့ စိတ်ဝင်စားစရာ မေးခွန်းလေး တစ်ခုနဲ့ ပထမဆုံးနေ့ကို
စတင်ခဲ့ပါတယ်။ အဲ့ဒါကတော့ ကိုယ့်စိတ်ထဲ ထင်တဲ့ ကမ္ဘာပေါ်က
အံ့သြစရာအကောင်းဆုံး (၇) ခုကို စာရွက် ပေါ်မှာချရေးခိုင်းတာပဲဖြစ်ပါတယ်။
တခြားကျောင်းသားတွေ အားလုံးက ဆရာမ မေးခွန်း အတွက် အဖြေကို လျှင်မြန်စွာနဲ့ ချရေးကြပေမယ့် အန်နာ ကတော့ ဖြည်းဖြည်းချင်း စဉ်းစားလို့ ရေးနေခဲ့ ပါတယ်။
တခြားကျောင်းသားတွေရဲ့ အဖြေလွှာတွေက ဆရာမဆီ အကုန်ရောက်ရှိခဲ့ပေမယ့် အန်နာ့အဖြေလွှာ မရောက်ရှိ သေးတဲ့အခါမှာ ဆရာမက အန်နာ့အနားသို့လာပြီး…
“ဘာဖြစ်လို့လဲ သမီး ... သမီးစိတ်ထဲမှာထင်တဲ့ အရာ၊ သမီးရဲ့သိခဲ့ဖူးတဲ့ဗဟုသုတတွေနဲ့ဆက်စပ်ပြီး ချရေးလို့ ရတယ်လေ” လို့ ပြောခဲ့တဲ့အခါ အန်နာက……
“ကမ္ဘာပေါ်မှာ အံ့သြစရာကောင်းတဲ့အရာတွေအများကြီး
ရှိပါတယ် ဆရာမ။ အဲ့ဒီထဲကမှ အရေးကြီးဆုံးလို့ ထင်ရ တဲ့ (၇)ခု ကို သမီး
ချရေးထားပါတယ်” …ဆိုပြီး သူမရဲ့ အဖြေလွှာလေးကို ဆရာမဆီသို့
လှမ်းပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဆရာမက သူမရဲ့ကျောင်းသားတွေ ရေးသားထားတဲ့ အံ့သြစရာအကောင်းဆုံး ဆိုတဲ့ အရာတွေ ကို ရွတ်ပြခဲ့ပါတယ်။ အဲ့ဒါတွေကတော့… တရုတ်နိုင်ငံက ဂရိတ်ဝေါ၊ ရောမ က Colosseum လို့ ခေါ်တဲ့ ပွဲကြည့်စင်၊ အီဂျစ်က ဂီဇာရဲ့ပိရမစ်၊ အီတလီမှာ ရှိတဲ့ Pisa မျှော်စင်… စသဖြင့်ထင်ရှားကျော်ကြားတဲ့ နေရာအများအပြားကို တစ်ယောက်နဲ့တစ်ယောက် မတူညီစွာ ရေးသားထားခဲ့ကြပါတယ်။ဆရာမကေ တာ့ သူ့တပည့်တွေရဲ့ စာတွေကိုဖတ်ပြီး ကလေးတွေရဲ့ ဗဟုသုတရှိမှုတွေအတွက် ကျေနပ်ပီတိ ဖြစ်နေမိပါတယ်။
နောက်ဆုံးမှာတော့ အန်နာရဲ့အဖြေလွှာလေးဆီသို့ ရောက်ရှိခဲ့ပါတယ်။ အန်နာ့အဖြေလွှာကို ဆရာမ ကြည့်လိုက်တဲ့အချိန်မှာ ဆရာမကိုယ်တိုင် အံ့အားသင့် သွားပြီး အသံထွက်လို့ဖတ်ပြလိုက်တဲ့အချိန်မှာတော့ အတန်း တစ်တန်းလုံးက ကျောင်းသား အားလုံးလည်း ဘာမှငြင်းခုန် တုန့်ပြန်မှု မလုပ်နိုင်ခဲ့ကြပါဘူး။
အန်နာရေးထားတဲ့ ကမ္ဘာပေါ်ကအထူးဆန်းဆုံး
(၇) ခု ကတော့ ...
မြင်နိုင်ခြင်း၊ကြားနိုင်ခြ င်း၊ခံစားတတ်ခြင်း၊ ရယ်မောနိုင်ခြင်း၊ တွေးတောနိုင်ခြင်း၊ ကြင်နာခြင်း နဲ့ ချစ်ခြင်းမေတ္တာ ဆိုတဲ့ (၇)ခုပဲဖြစ်ပါတယ်။
အန်နာ့စာလေးကိုဖတ်ပြီးနောက် မှာတော့…ဆရာမက…
"အန်နာဆိုတဲ့သမီးလေး ရေးထားတဲ့ (၇)ချက် က အင်မတန် အဖိုးထိုက်တန်လှပါတယ်။ ဒီ (၇) ချက် က ဘုရားပေးတဲ့ အမှန်တကယ်စစ်မှန်တဲ့ အံ့သြစရာ (၇)ခုပဲ ဖြစ်တယ်… ဆိုပြီးချီးမွမ်းစကား ဆိုခဲ့ပါတော့တယ်။
#Credit_Momolay
တစ်ခါက တောရွာလေးတစ်ရွာမှာ အသက် (၉) နှစ် အရွယ်ရှိပြီဖြစ်တဲ့ အန်နာ လို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ရှိခဲ့ပါတယ်။ အန်နာလေးဟာ မူလတန်း အဆင့် ပြီးဆုံးသွားတဲ့အခါမှာတော့ ရွာအနီး မြို့မှာရှိတဲ့ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့တက်ရောက်ခဲ့ရ ပါတော့တယ်။သူမ တက်ရမယ့်ကျောင်းဟာ နာမည်ကြီး တဲ့ ကျောင်းတစ်ကျောင်းဖြစ်ခဲ့တာ
ပထမဆုံး အလယ်တန်းကျောင်းကို စတက်တဲ့နေ့ မှာ တော့ သူမဟာ စိတ်တွေလှုပ်ရှားနေခဲ့ပါတယ်။
ဆရာမက စာမသင်မီ ကျောင်းသား တစ်ယောက်ချင်းစီ ကို မိတ်ဆက်စကားဆိုခိုင်းခဲ့ပြီ
တခြားကျောင်းသားတွေ အားလုံးက ဆရာမ မေးခွန်း အတွက် အဖြေကို လျှင်မြန်စွာနဲ့ ချရေးကြပေမယ့် အန်နာ ကတော့ ဖြည်းဖြည်းချင်း စဉ်းစားလို့ ရေးနေခဲ့ ပါတယ်။
တခြားကျောင်းသားတွေရဲ့ အဖြေလွှာတွေက ဆရာမဆီ အကုန်ရောက်ရှိခဲ့ပေမယ့် အန်နာ့အဖြေလွှာ မရောက်ရှိ သေးတဲ့အခါမှာ ဆရာမက အန်နာ့အနားသို့လာပြီး…
“ဘာဖြစ်လို့လဲ သမီး ... သမီးစိတ်ထဲမှာထင်တဲ့ အရာ၊ သမီးရဲ့သိခဲ့ဖူးတဲ့ဗဟုသုတတေ
“ကမ္ဘာပေါ်မှာ အံ့သြစရာကောင်းတဲ့အရာတွေအမျ
အဲ့ဒီနောက်မှာတော့ ဆရာမက သူမရဲ့ကျောင်းသားတွေ ရေးသားထားတဲ့ အံ့သြစရာအကောင်းဆုံး ဆိုတဲ့ အရာတွေ ကို ရွတ်ပြခဲ့ပါတယ်။ အဲ့ဒါတွေကတော့… တရုတ်နိုင်ငံက ဂရိတ်ဝေါ၊ ရောမ က Colosseum လို့ ခေါ်တဲ့ ပွဲကြည့်စင်၊ အီဂျစ်က ဂီဇာရဲ့ပိရမစ်၊ အီတလီမှာ ရှိတဲ့ Pisa မျှော်စင်… စသဖြင့်ထင်ရှားကျော်ကြားတဲ့
နောက်ဆုံးမှာတော့ အန်နာရဲ့အဖြေလွှာလေးဆီသို့ ရောက်ရှိခဲ့ပါတယ်။ အန်နာ့အဖြေလွှာကို ဆရာမ ကြည့်လိုက်တဲ့အချိန်မှာ ဆရာမကိုယ်တိုင် အံ့အားသင့် သွားပြီး အသံထွက်လို့ဖတ်ပြလိုက်တဲ့အခ
အန်နာရေးထားတဲ့ ကမ္ဘာပေါ်ကအထူးဆန်းဆုံး
(၇) ခု ကတော့ ...
မြင်နိုင်ခြင်း၊ကြားနိုင်ခြ
အန်နာ့စာလေးကိုဖတ်ပြီးနောက်
"အန်နာဆိုတဲ့သမီးလေး ရေးထားတဲ့ (၇)ချက် က အင်မတန် အဖိုးထိုက်တန်လှပါတယ်။ ဒီ (၇) ချက် က ဘုရားပေးတဲ့ အမှန်တကယ်စစ်မှန်တဲ့ အံ့သြစရာ (၇)ခုပဲ ဖြစ်တယ်… ဆိုပြီးချီးမွမ်းစကား ဆိုခဲ့ပါတော့တယ်။
#Credit_Momolay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။