Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 16, 2017

ယောက်ျားလေးများအတွက် အသက် (၃၀) မတိုင်ခင် သိသင့်သော အရာများ

ယောက်ျားလေးများအတွက် အသက် (၃၀) မတိုင်ခင်
သိသင့်သော အရာများ
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
(တစ်ခေါက်ဖတ်ဖူး၇ုံနဲ့ အကျိုးရှိမှာပါ)

.
၁ ။ စီးပွားရေးကို အလေးထားပါ
•••••••••••••••••••••••••••••••••••••
တချို့လူတွေက ပြောကြတယ် ပိုက်ဆံ၇ှိတိုင်း
အကုန်လုပ်လို့မရနိုင်ဘူးတဲ့၊ဒါပေမဲ့ ပိုက်ဆံမရှိရင်ရော
ဘ၀ဟာ ကျေနပ်စရာ တွေနဲ့ ပြည့်စုံပါ့မလား.... ။ဒါကြောင့်
အသက် (၃၀) မတိုင်ခင် သင့်ရဲ့ အားအင် အများစုကို
သင့်ဘ၀ရဲ့အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ
ဘ၀တိုးတက်ဖို့အတွက် ကြံဆနေပါ။

.
.

၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့
•••••••••••••••••••••••••••••••••••••••••
အလုပ်မှာ လစာ နည်းတယ်ဆိုပြီး စောဒက မတက်ပါနဲ့။
ဘဏ်ထဲမှာ ပိုက်ဆံပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ
ရှိပါလား ဆိုပြီးသောကရောက်မနေပါနဲ့။ အနာဂတ်ကို
ကြိုပြီး စိတ်ပူမနေပါနဲ့....ပင်ပန်းပါတယ်။
အခုလက်ရှိလုပ်ရမှာက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်
လေ့လာ သင်ယူပါ.... သင့်မှာ တကယ်လို့ ဘွဲ့ ဒီဂရီ
တခု ရှိထားတယ်ဆိုရင်သင်သိထားတဲ့ သဘောတရား
သီအိုရီ တွေကို လက်တွေ့ဘ၀မှာအသုံးချဖို့ကြိုးစားပါ။
ရေရှည်စီမံကိန်းနဲ့ လေ့လာသင်ယူပါ....
အလုပ်ဟာတကယ်တော့ အခမ်းနားဆုံး
ကျောင်းတော်ကြီးပါပဲ။

အဲဒီအလုပ်ကပဲသင်လေ့လာခဲ့တာထက်ပိုပြီးတော့
အတွေ့အကြုံတွေ အတွေးအခေါ်တွေကို
သင်ပေးပါလိမ့်မယ်... ပညာမပြည့်စုံသေးရင်
စိတ်မပူပါနဲ့ ဆက်တိုက်သင်ယူနေပါ....
ပိုက်ဆံမျက်နှာ တခု ထဲကို မကြည့်နေပါနဲ့။
အသက်၃၀မတိုင်ခင် ကိုယ်ပိုင် တိုက်တွေကားတွေ
ဝယ်နိုင်တဲ့ သူဆိုတာ ရှားပါတယ၊်။

.
.

၃။ မိဘတွေကို စာနာ နားလည်ဖို့ကြိုးစားပါ
•••••••••••••••••••••••••••••••••••••••••••••••••
မိဘတွေ ဆုံးမတဲ့ အရာတွေကို စိတ်မဆိုးပါနဲ့....
သူတို့ကို စာနာနားလည်ပေးပါ... သင်ဟာ ဘယ်လောက်ပဲ
အရွယ်ရောက်ရောက် သူတို့ရဲ့မျက်လုံး ထဲမှာ
သင်ဟာ ကလေးပါပဲ... သူတို့ကိုပျော်ရွင်အောင်ထားပါ။

မတတ်နိုင်ရင်တောင် အနည်းဆုံးတော့ဖုန်းဆက်တာ၊
လက်ဆောင်လေးတွေပေးတာ တွေက
သူတို့ကိုစိတ်ချမ်းသာစေပါတယ် ၊ သူတို့ စိတ်ပျော်၇ွင်ရင်
သင့်မှာလဲ ကောင်းတာတွေ ရရှိလာပါလိမ့်မယ်။

.
.

၎။ မိတ်ဆွေကောင်းတွေကို ပေါင်းသင်းဆက်ဆံပါ
••••••••••••••••••••••••••••••••••••••••••••••••••••••••••
မိတ်ဆွေ သူငယ်ချင်းဆိုတာ ဘ၀မှာ အရေးပါပါတယ်....ကိုယ်ကောင်းတဲ့အချိန်မှာပဲ
ပေါင်းတဲ့ မိတ်ဆွေမျိုးတွေချည်းနဲ့ပဲသင့်အချိန်ကို
မကုန်ပါစေနဲ့.... အနည်းဆုံးတော့
ကိုယ်အခက်အခဲရှိတဲ့အချိန်မှာ ကူညီနိုင်မှသာ
မိတ်ဆွေစစ်ဖြစ်တယ်။မိတ်ဆွေကောင်းတွေကို
ကောင်းကောင်းဆက်ဆံပါ.... သူတို့တွေ
ဆင်းရဲ သည်ဖြစ်စေ...ချမ်းသာသည်ဖြစ်စေ
မိတ်ဆွေကောင်းဖြစ်ရင် ပေါင်းသင်းပါ၊

.
.

၅။ အချစ်ကို မကိုးကွယ်ပါနဲ့
••••••••••••••••••••••••••••••••••
အချစ်တွေ သင့်ရင်ထဲမှာ ဖြစ်လာရင် ရင်ထဲမှာပဲ
သိမ်းထားပါ။ ချစ်တယ်ဆိုတာ ကောင်းပါတယ်...
လောကမှာ အချစ်အရေးကြီးဆုံးဆိုတဲ့သူတွေ
ပြောစကားကို နားမယောင်ပါနဲ့ ....
တကယ်ကတာဝန်ယူနိုင်စွမ်းကသာ အရေးပါတာပါ။
မိန်းကလေးတွေရဲ့ စိတ်ကိုနားလည်ဖို့ခက်ပါတယ် ...
သင်လုပ်ရမယ့် အလုပ်က လက်တွဲချိန်တွဲ ....
လက်တွဲ ဖြုတ်သင့်ရင် ဖြုတ်ဖို့ပါပဲ။
အသက်၃၀ မတိုင်ခင် အချစ်ဟာအတုအယောင်တော့
မဟုတ်ပါဘူး ။

ဒါပေမဲ့ များသောအားဖြင့် သူတို့ဟာကောင်းကောင်း
မွန်မွန်မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေ
ချို့တဲ့နေပါတယ်၊ အရင်ဆုံးလေ့လာ သင်ယူသင့်ပါတယ် ...
မျက်စိမှိတ်ပီး မယုံသင့်ပါဘူး။

.
.

၆။ အနမ်းတော့ ရှိနိုင်ပါတယ် စိတ်မပူပါနဲ့
•••••••••••••••••••••••••••••••••••••••••••••••
အချစ်ဆိုတာ အရေးအကြီးဆုံး မဟုတ်ပေမယ့်
အရေးတော့ပါပါတယ် ။လူအများစုက အသက်
(၂၀) ကျော်လို့မှ ချစ်သူရည်းစားမရှိတော့ဘူးဆိုရင်
တဘ၀လုံးပဲလူပျိုကြီးဘ၀နဲ့ အရိုးထုတ်ရချည်ဆိုပြီး
ကြောက်လန့်နေတတ်ကြပါတယ်။ ဒါဟာ
ယောက်ျားလေးတွေထက်မိန်းခလေးတွေက ပိုပြီး
ပူပန်တတ်ကြပါတယ်။

အသက် (၃၀) အရွယ်ယောက်ျား တယောက်ဟာ
တက်သစ်စပန်းတပွင့်နဲ့တူပါတယ်၊ကြွေကျဖို့ထက်
ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်...
ရင့်ကျက်တဲ့ယောက်ျား တယောက်မှသာ
အချစ်ဆိုတာကို ရေရှည်တန်ဖိုးထားတတ်မှာပါ။ ..
ဒါကြောင့် မိန်းကလေးတွေကို ရယူဖို့အတွက်ရူးရူးမူးမူး
ကြိုးစားနေမယ့် အစား အသက် (၃၀)မတိုင်ခင်မှာ
တယောက်တည်းနေခြင်းရဲ့ အရသာကို ခံစားပါ။

.
.

၇၊ အကုန်လုံးကို မလုပ်ချင်ပါနဲ့
••••••••••••••••••••••••••••••••••••
သင့်မှာ အွန်လိုင်း ဂိမ်း ကစား တာ၊ သူငယ်ချင်းတွေနဲ့
လျှောက်လည်တာ ...ဓာတ်ပုံရိုက်တာ စသဖြင့်
ဝါသနာတွေ၇ှိနိုင်ပါတယ်။ ဒါတွေဟာ ကျောင်းမပြီးခင်
အချိန်အထိတော့ အချိန်ပေးလုပ်ခဲ့နိုင်ပါတယ် ....
ဒါပေမယ့်ကျောင်းပြီးလို့ အခုလို အလုပ်ထဲဝင်တဲ့
အချိန်မှာတော့ အဲလိုဝါသနာတွေအတွက် အချိန်နဲ့
စွမ်းအင်တွေ အားစိုက်မှုတွေ လုပ်ဖို့မတတ်နိုင်တော့ပါဘူး...
စိတ်ဝင်စားမှု ၀ါသနာဆိုတာ လူတိုင်းမှာရှိပါတယ်....
ဒါပေမယ့် အရေးကြီးတာ မကြီးတာကို ခွဲခြားနိုင်ဖို့
ကြိုးစားပါ ...အကုန်လုံးကို လုပ်ဖို့ မလွယ်ပါဘူး...

.
.

၈။ လူငယ်ဆိုတာ မဆုံးရှုံးပါဘူး
••••••••••••••••••••••••••••••••••••
ကျွန်တော်တို့ဟာ စိတ်ပူပန်စရာတွေနဲ့
ကြုံလာရင်စိတ်ပျက်အားငယ်သွားတတ်ကြပါတယ်။
အဲလိုအချိန် လူငယ်တွေမှာအကောင်းမြင်သဘောထား၇ှိဖို့
လိုပါတယ်။ ဆုံးရှုံးသွားရင် အစက ပြန်စပါ...
မှားယွင်းသွားရင် နောက်တခါ ထပ်မဖြစ်အောင်
ကြိုးစားပါ...အရှုံးပေးတာဟာ ကလေးဆန်တဲ့
အပြုအမူပါ။ အစွန်ဆုံးထိ အရှုံး မပေးပါနဲ့။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ.. အမှားတခုဖြစ်ပြီး ရင်
ကိုယ့်ကိုယ်ကိုအတိတ်မှာပဲအဆုံးမသတ်လိုက်ပါနဲ့...
ထပ် ကြိုးစားလို့ အောင်မြင်ရင်အတိုင်းမသိ
ဝမ်းသာဖို့ကောင်းပါတယ်....

.
.

၉။ လူတွေကို အားကျပါ ဒါပေမဲ့ အတုမခိုးပါနဲ့၊
ကိုယ်နဲ့တွေ့တဲ့သူတွေကို မေတ္တာထား ဆက်ဆံပါ
••••••••••••••••••••••••••••••••••••••••••••••••••••••••••
လူတွေမှာ အားကျစရာ လူတွေရှိပါတယ်...
ဒါပေမယ့်ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ...သူတို့ကို
အတုခိုးပြီးလိုက်လုပ်တာ ပင်ပန်းပါတယ်...
ဘာလို့လဲဆိုတော့သင်ဟာ သင်ပါပဲ ....
ကိုယ်မကြိုက်တဲ့လူနဲ့တွေ့ရင် လဲ မဝေဖန်ပါနဲ့လူတွေမှာ
သူတန်ဖိုးနဲ့ သူ၇ှိကြပါတယ်... သူတို့ကို
နားမလည်နိုင်ဘူးဆိုရင်လက်ခံနိုင်ဖို့ အားထုတ်ပါ၊

.
.

၁၀။ တာဝန်ယူ စိတ် ၇ှိပါစေ
••••••••••••••••••••••••••••••••
အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ၊ လုပ်ခဲလုပ်ခဲ့
အခုအချိန်က စပြီးမှန်ကန် ယုံကြည်ရတဲ့ လူဖြစ်အောင်
ကြိုးစားပါ.... ယောက်ျားလေးတွေဟာအလုပ်မှာပဲ ဖြစ်ဖြစ်
ဘ၀မှာပဲ ဖြစ်ဖြစ်၊ တာဝန်ယူတတ်တဲ့စိတ်ရှိဖို့လိုပါတယ်....
ဒါမှ လူတွေက သင့်ကို ယုံကြည်ကြမှာပေါ့...
နောက်ဆုံး အိမ်ထောင်ဖက် ရွေးတဲ့ နေရာမှာတောင်
မိန်းကလေးတွေဟာတာဝန်ယူရဲတဲ့
ယောကျာ်းလေးတွေပဲ ရွေးချယ်ကြတယ်မဟုတ်လား။

.
.

၁၁။ ယောကျာ်းလေးတွေမှာ အဆင်းက အရေးမပါပါဘူး
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ရုပ်ရည် ချောမောမှုကို ဦးစားမပေးပါနဲ့ ။ ကြင်နာတဲ့
နှလုံးသား၊ သန့်၇ှင်းတဲ့စိတ်.. ရိုးသားတဲ့
ဂုဏ်အင်တွေက ပိုပြီး အရေးပါပါတယ်..လူတွေက
ရုပ်ချောတဲ့ လူထက် မညစ်ပတ်တဲ့ သူကို
ပိုသဘောကျပါတယ်။ တကယ်လို့ရုပ်ချောတာမှ
ကြိုက်တယ် ဆိုတဲ့ သူတွေနဲ့ တွေ့ခဲ့ရင်
အလေးမထားပါနဲ့...ဒီလိုလူမျိုးတွေက
အမြင်ကျဉ်းမြောင်းတဲ့သူတွေ ဖြစ်နေလို့ပါပဲ၊

.
.

၁၂။ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ သင်ယူထားပါ
••••••••••••••••••••••••••••••••••••••••••••••••••••••
ဆေးလိပ်သောက်တာ၊ အ၇က်သောက်တာ၊
ညဘက် နောက်ကျမှ အိပ်တာတွေက
အခုအချိန်မှာတော့ အရေးမကြီးဘူးဆိုပြီး
ဆက်လုပ်ဖို့မကြိုးစားပါနဲ့... အခုအချိန်မှာ
မသိသာပေမယ့် ၃၀ ကျော်လာတဲ့အခါမှာ
သိသာကွာခြားသွားပါတယ် .... ဘ၀မှာ ရှင်သန်ဖို့
အတွက် ကျန်းမာဖို့ လိုပါတယ်... မကျန်းမာရင်
ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့်ပုံမှန်ကျန်းမာဖို့ကြိုးစားပါ....
ကိုယ့်ကိုယ်ကို ကာကွယ်ပါ။

.
.

၁၃။ မအောင်မြင်မှာကို မစိုးရိမ်ပါနဲ့
••••••••••••••••••••••••••••••••••••••••
အခုအချိန်အထိသင်ဟာ အောင်မြင်တဲ့သူ
တစ်ယောက်မဖြစ်သေးဘူးဆို ပြီးစိုးရိမ်မနေပါနဲ့ ...
အလုပ်ကို ပုံမှန်လုပ်ပြီး အသိပညာကိုသာ လေ့လာပါ...
သင်နဲ့ အသင့်တော်ဆုံးအလုပ်ကို လုပ်ပြီး သင့်ရဲ့
အောင်မြင်မှုကိုလှမ်းယူပါ...

.
.

၁၄။ အလုပ်ကို ဂရုတစိုက်လုပ်ပါ
•••••••••••••••••••••••••••••••••••••••
အခုလက်ရှိအလုပ်ဟာ ပျင်းစရာ
ဘယ်လောက်ပဲကောင်းကောင်း...
ဘယ်လောက်ပဲနိမ့်တဲ့အလုပ်ဖြစ်ပါစေ...
အစွမ်းကုန်အားထုတ်လုပ်ဆောင်ပါ....
အောင်မြင်တဲ့လူဆိုတာအသေးအဖွဲအလုပ်တွေက
စခဲ့ကြတာပါ၊ အဓိကက အလုပ်မှာ ထားတဲ့စိတ်ထားနဲ့
အလုပ်သဘောတရားလေးတွေကို နားလည်ဖို့ကသာ
အနာဂတ်အတွက် အရေးကြီးပါတယ်။

.
.

၁၅။ စစ်မှန်တဲ့ ခံစားမှု တွေကိုပဲ အလေးပေးပါ
••••••••••••••••••••••••••••••••••••••••••••••••••••
မိန်းကလေးတွေကို ဖိနပ်လဲစီးပေးနိုင်တဲ့ ၊
အ၀တ်အစားလှလှလေးတွေဝယ်ပေးနိုင်တဲ့
သူတွေကို မနာလို မဖြစ်ပါနဲ့ ...
သင့်အတွက်အချိန်ကုန်ပါတယ်... မိန်းကလေး တွေ
အစိုးရိမ်ဆုံး က ချစ်သူရှာမတွေမှာ မဟုတ်ဘူး....
ကိုယ့်ချစ်သူ ကိုယ့်အပေါ် အချစ်တွေ
ကုန်ခမ်းသွားမှာကို ပဲ။ ချစ်တယ်ဆိုတဲ့
စကားလုံးလေးတစ်လုံးက သာ သင့်ချစ်သူကို
ပျော်ရွင်မှုတွေ အမှန်တကယ်ရရှိစေပါတယ်..
လောကမှာတခြားသူထက် ပိုပေးနိုင်တာထက်
စစ်မှန်တဲ့ခံစားမှု အကြင်နာကသာ အောင်မြင်ခြင်းကို
ပို့ဆောင်ပေးပါတယ်...

.
.

၁၆။ အပြစ်ကင်းတဲ့ကလေးလိုစိတ်မျိုး
နည်းနည်းတော့ထားပါ
•••••••••••••••••••••••••••••••••••••••••••
တခါတလေမှာ ကလေးဆန်တဲ့ ရိုးရှင်းတဲ့
စိတ်သဘောထားလေးကိုထားတတ်ဖို့လိုပါတယ် ...
အပြစ်ကင်းတာ တုံးအတာ မဟုတ်ပါဘူး...
ဖြူစင်တာပါ... စိတ်ထား ဖြူစင်မှသာ
တကယ်ပျော်ရွင်မှုကို သင်ရရှိမှာပါ...
ဘ၀မှာ အောင်မြင်တာ ကျရှုံးတာ မပြည့်စုံတာ
အစရှိတဲ့ လောကဓံတွေကိုဖြူစင်တဲ့ စိတ်ထားလေးနဲ့ 
ကြည့်ပြီး ပျော်ရွင်နိုင်ဖို့ကြိုးစားကြည့်ပါ။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/knowledgevillage11/
#Gentleman

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။