Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 14, 2017

BLACK BOX ကိုဘာကြောင့်ရှာ

BLACK BOX ကိုဘာကြောင့်ရှာ
*********************
လေယာဉ်တစ်စီး Accident ဖြစ်ပြီဆိုလျင်
(က) လေယာဉ်မှူးများအပါအဝင်ထိုလေယာဉ်ပေါ်တွင်
လိုက်ပါသွားသူအားလုံးနှင့်လေယာဉ်ပျက်စီးဆုံး
ရှုံးခဲ့ခြင်း ။
(ခ)လေယာဉ်မှူး(သို့မဟုတ်) ထိုလေယာဉ်ပေါ်တွင်လိုက်
ပါသွားသူတစ်ချို့အသက်ရှင်လျက်ကျန်ရစ်ပြီး
လေယာဉ်ကြီးပျက်စီးဆုံးရှုံးခဲ့ခြင်း။
(ဂ)လေယာဉ်ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်းထိုလေ
ယာဉ်ပေါ်လိုက်ပါသွားသူအားလုံးအသက်ရှင်လျက်
ရှိနေခြင်း ။
စသော ယေဘူယျ အခြေအနေ တွေနှင့်ကြုံရတတ်ပါ
သည်။
လေယာဉ်တစ်စီးaccident ဖြစ်ပြီဆိုသည်နှင့်
ချက်ခြင်းပင်သက်ဆိုင်ရာအာဏာပိုင်က investigation team
ဖွဲ့ပေးပြီး ထို crash scene
ရှိရာသို့အမြန်ဆုံးရောက်အောင်သွားရကာ
ထိုလေယာဉ် accident ဖြစ်ရခြင်းအကြောင်းအရင်း
ကို investigation လုပ်ရပါသည်။
ထို Team တွင်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း
မှကျွမ်းကျင်ပုဂ္ဂိုလ်(၁)ဦး(၂)ဦး ၊ထိုလေယာဉ်qualified ဖြစ်သည့် ကျွမ်းကျင်လေယာဉ်မှူး(၁)ဦး၊ထိုလေယာဉ်
ကိုqualified ဖြစ်သည့် ကျွမ်းကျင်အင်ဂျင်နီယာတစ်ဦ
တို့ အနည်းဆုံးပါဝင်ရပါသည်။
ကျွန်တော်တို့နိုင်ငံတွင်လက်ရှိပြုလုပ်နေသောအခြေ
အနေဖြစ်ပါသည်။
ထိုinvestigation team ၏တာဝန်သည်အလွန်ကြီး
မားလှပါသဖြင့်ဖြစ်နိုင်ခြေများကိုရှာဖွေရခြင်း၊
မေးမြန်းစုဆောင်းမှတ်သားရခြင်း၊မှတ်တမ်းတင်ရခြင်း၊
သုံးသပ်ရခြင်း၊ဆုံးဖြတ်ရခြင်း၊အတည်ပြု ရခြင်း၊
နောက်ထပ်ထိုသို့သော accident မျိုးမဖြစ်စေရန်အကြံပြုရခြင်းတို့ကိုသတ်မှတ်ရက်
အတွင်းပြီးစီးအောင်ဆောင်ရွက်ရပါသည်။
(က)အမျိုးအစား accident ဖြစ်သည့်
"လေယာဉ်မှူးများအပါအဝင်ထိုလေယာဉ်ပေါ်လိုက်ပါ
သွားသူအားလုံးနှင့်လေယာဉ်ပျက်စီးဆုံးရှုံးခဲ့ရသော
ဖြစ်စဉ်မျိုးတွင် investigation team အနေဖြင့်
အတော်ကိုကြိုးစားပမ်းစားလိုက်ရပါသည်။
မျက်မြင်သက်သေသာ အားကိုးစရာရှိတော့သည်။
မျက်မြေသက်သေရှိခဲ့လျင်ထိုသူတို့ပြောပြသမျှမှတ်
တမ်းတင်ရပါသည်။
မျက်မြင်သက်သေပင်မရှိခဲ့လျင်တော့ investigation
သည်အတော်ကိုခက်ခဲပါပြီ။
လေယာဉ်အပျက်နေရာကိုသိခဲ့လျင်ထိုနေရာသို့ရောက်
ခဲ့လျင် Black box ရအောင်ရှာရုံသာရှိပါသည်။
Black box ရှာပုံတော်ကတော့၊အတော်ကိုတာဝန်
ကြီးမားသလို၊ဝိုင်းဝန်းပံ့ပိုးမှုများ၊အကူအညီများ
များစွာလိုပါသည်။
လေယာဉ်ပျက်၏အခြေအနေ၊လေယာဉ်ပျက်တည်ရှိ
ရာနေရာပေါ်မူတည်၍လည်း Black box ပြန်ရရေး၊
မရရေးသည်ကန့်သတ်ချက်ဖြစ်နေပြန်ပါသည်။
လေယာဉ်ပျက်သည်
ရာသီဥတုကြမ်းတမ်းပြီးသွားလာရခက်ခဲသော
တောင်ထိပ်၊တောင်ကမ်းပါးယံတွေမှာလား၊
တောနက်ကြီးတွေထဲမှာလား၊ပင်လယ်သမုဒ္ဒရာကြမ်း
ပြင်မှာလားဆိုသောကန့်သတ်ချက်တွေရှိနေပါသည်။
တိုးတက်ချမ်းသာသောတိုင်းပြည်ကြီးများတွင်တော့
လူတို့၏တီထွင်ဖန်တီးမှုစွမ်းရည်ဖြင့်ရသမျှကြိုးစား
နေကြတာတွေ့ရသည်။
ပင်လယ်သမုဒ္ဒရာကြမ်းပြင်အထိ အထူးပြုလုပ်ထားသောရေငုပ်သင်္ဘောအငယ်စား
ကလေးများနှင့်ဆင်းရှာနေတာတွေကိုလေ့လာဖတ်ရှု
ရပါသည်။
သို့သော် Black box သည်လည်းလူတို့ဖန်တီးထား
သောအထူးပစ္စည်းတစ်ခုသာဖြစ်ပါ၍ ကန့်သတ်ချက်
ရှိပါသည်။
လောင်းကျွမ်းသောမီးအပူချိန်အတော်ပြင်းပြင်းကို
အချိန်ကန့်သတ်ချက်တစ်ခုအထိသာခံနိုင်ခြင်း၊
ရေအောက်ကြမ်းပြင် ဆားငံရေတွင်လည်းသတ်မှတ်ဖိအား၊
သိပ်သည်းဆနှင့်အချိန်ကာလတစ်ခုအထိသာခံနိုင်ခြင်းစ
သည့်ကန့်သတ်ချက်တွေရှိပါသည်
လူတို့မစွမ်းသာသောကန့်သတ်ချက်များရှိနေပြီး
ထို Black box ကို Serviceable condition
တွင်မရရှိနိုင်လျင်တော့ investigation result ရရန်
အတော်ကိုခက်ခဲပါတော့မည်။
(ခ)အမျိုးအစား accident ဖြစ်သည့်
လေယာဉ်မှူး (သို့မဟုတ်)လေယာဉ်ပေါ်တွင်လိုက်ပါ
သွားသူတစ်ချို့အသက်ရှင်၍ ကျန်ရစ်ခဲ့သော်လည်း
လေယာဉ်ကြီးပျက်စီးဆုံးရှုံးခဲ့သောဖြစ်စဉ်မျိုးတွင်
investigation team အနေဖြင့်အတော်ကိုအသက်
ရှူချောင်သည်ဟုဆိုနိုင်ပါသည်
ကြုံတွေ့ခဲ့သမျှကိုလေယာဉ်မှူးအားစစ်ဆေးခြင်း၊
အသက်ရှင်လျက်ကျန်ရစ်သောခရီးသည်တစ်ချို့အား
စစ်ဆေးခြင်း၊မျက်မြင်သက်သေများအားစစ်ဆေးခြင်း
ဖြင့်ကနဦးသတင်းများရှိနိုင်ပါသည်။
ထိုလေယာဉ်ပျက်မှ Black box ပါ Serviceable
condition ဖြင့်ပြန်ရခဲ့လျင်တော့ Black box အဖြေ
များနှင့် ထိုလေယာဉ်ပေါ်ပါအသက်ရှင်ကျန်ရစ်
သောလေယာဉ်မှူး၊ခရီးသည်တို့၏ ထွက်ဆိုချက်များ
နှင့်တိုက်ဆိုင်စစ်ဆေးပြီး
investigation result ထုတ်ယူရုံသာရှိပါသည်။
(ဂ)အမျိုးအစား accident ဖြစ်သည့်
လေယာဉ်ကြီးထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း
လေယာဉ်ပေါ်လိုက်ပါသွားသူအားလုံးအသက်ရှင်
သည့်အခြေအနေမျိုးတွင်လည်း
investigation team အနေဖြင့် စုံစမ်းဖော်ထုတ်
ရတာ မခက်ခဲလှပါပာုပြောနိုင်ပါသည်။
(ခ)accident ကဲ့သို့ပင်ဆောင်ရွက်နိုင်ပါသည်။
၂၀၁၄ခုနှစ်မတ်လ(၈)ရက်ညပိုင်းက
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ
ပီကင်းသိုပျံသန်းလာသော
Malaysia Airlines Flight 370(MH 370)
Boeing 777 လေယာဉ်ကြီးပျောက်ဆုံးသွားခဲ့သော
ဖြစ်စဉ်အတွက် investigation team များ
ယနေ့ထက်တိုင်မပြီးဆုံးနိုင်သေးပါ။
ခေတ်မီသော၊ဓနအင်အားပြည့်စုံသောတကမ္ဘာလုံး
မှနိုင်ငံကြီးတွေကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသော်
လည်းယနေ့တိုင်အဖြေမရှာနိုင်သေးပါ။
Black box ကိုလည်းရရှိပြီဟုတရားဝင်သတင်းထုတ်
ပြန်တာမတွေ့ရသေးပါ။
အာဖရိကကမ်းခြေဖက်တွင်လေယာဉ်အစိတ်အပိုင်းဟု
ယူဆရသော အစိတ်အပိုင်းတချို့တွေ့ရသည်ဟုသာ
သိရပါသည်။
ကျွန်တော်တင်ပြခဲ့သည့်(က)accident အမျိုးအစား
ဖြစ်ပါသည်။အလွန်ခက်ခဲနက်နဲသောinvestigation
ဖြစ်ပါသည်။
Aircraft accident investigation တစ်ခုတွင်
Black box ကိုရှာဖွေတွေ့ရှိပြီဟုဆိုလျင်စနစ်တကျ
ချိတ်ပိတ်သိမ်းဆည်းထားရသည်။
ပြီလျင် ထို Black box ကိုအဖြေထုတ်ပေးနိုင်မည့်
နိုင်ငံ၊အဖွဲ့အစည်းကိုဆက်သွယ်ရပါသည်။
ကမ္ဘာပေါ်တွင် Black box ကိုအဖြေထုတ်ပေးနိုင်
သောနိုင်ငံ၊အဖွဲ့အစည်းများသိပ်တော့မများလှပါ။
ကျွန်တော်သည် Aircraft accident investigation
team တစ်ခုတွင်ပါဝင်ခဲ့ဖူးပြီး၊Black box
ကိုအဖြေရှာသည့် team တွင်ပါ ကိုယ်တိုင်ကိုယ်ကျ
ပါဝင်ခဲ့ဖူးပါသည်။
ကျွန်တော်တို့ team သည်စနစ်တကျချိတ်ပိတ်ထုတ်
ပိုးထားသော Black box ကိုကိုယ်တိုင်ကိုယ်ကျ
သယ်ယူ၍ Australia နိုင်ငံ Canberra မြို့ရှိ
ATSB (Australian Transport Safety Bureau)
တွင်ထိုနိုင်ငံမှပညာရှင်များနှင့်အတူ
Black box investigation ပြုလုပ်ခဲ့ပါသည်။
Black box တွင်အဓိကပစ္စည်း (၂)မျိုးပါဝင်ပါသည်။
CVR (Cockpit Voice Recorder)နှင့်
FDR (Flight Data Recorder )ဖြစ်ပါသည်။
Black box မှCVR နှင့် FDR ကိုသီးခြားစီခွဲထုတ်ပြီး
အဖြေရှာရပါသည်။
တိုးတက်သောနည်းပညာများ၏အံ့မခန်းသော
ရလဒ်များကိုတွေ့ရှိခဲ့ရပါသည်။
Cockpit Voice Recorder မှာ
လေယာဉ်မှူးအချင်းချင်းပြောသမျှအပြန်အလှန်
စကား၊လေယာဉ်မှူးနှင့်လေကြောင်းထိန်းဝန်ထမ်းတို့
အပြန်အလှန်ပြောသောစကား၊လေယာဉ်မှူးနှင့်
Cabin crew လေယာဉ်မယ်တို့သတင်းပို့ချက်များ
အားလုံးကိုတစ်ခွန်းမျှမကျန်အောင်အသံပီပီသသဖြင့်
interpretation ပြုလုပ်နိုင်ပါသည်။
Flight Data Recorder မှာတော့
Flight စတင်ပျံသန်းလာကတည်းက အင်ဂျင်စက်
အခြေအနေ(Engine parameters)၊
လေယာဉ်မှူး၏ကိုင်တွယ်ထိန်းသိမ်းမှု(Pilot's engine
handling and control)၊
လေယာဉ်ပျံသန်းခဲ့သည့်လမ်းကြောင်း
(Flight track ) ၊Flight ၏နောက်ဆုံးအခြေအနေ
(The last situation of flight)အထိပင်
ဇယားများ၊ဂရပ်များဖြင့်တိတိကျကျ
အဖြေထုတ်ပေးပါသည်။
(ခ)နှင့်(ဂ)accident မျိုးတွင်သက်ရှိထင်ရှားရှိသော
လေယာဉ်မှူး၏ထွက်ဆိုချက်များနှင့် CVR ,FDR
တို့မှအဖြေများနှင့်တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။
လေယဉ်မှူးအနေဖြင့်အခြေအနေမှန်နှင့်သွေဖီ၍
ထွက်ဆိုထားလျင်သော်မှ အဖြေမှန်ကို
BLACK BOX ကပေးပါလိမ့်မည်။
ထိုBLACK BOX အဖြေများကို သုံး၍သက်ဆိုင်ရာ
ပညာရှင်က ထိုAccident flight ကိုအစမှအဆုံးအထိ
Animation Flight အဖြစ်ပင်ပြုလုပ်ပေးနိုင်ပါသည်။
ထို Animation သည် ထို flight အစမှအဆုံးအထိ
ကိုတကယ့်flight ပျံသန်းနေသည့်အတိုင်းကြည့်ရှုရ
ခြင်းဖြစ်ပါသည်။
ထို့ကြောင့် Aircraft accident investigation များတွင်
BLACK BOX အားရအောင်ရှာယူရခြင်းဖြစ်ပါသည်။
ကျွန်တော်သိသမျှယေဘူယျ သဘောမျှသာတင်ပြ
ခြင်းဖြစ်ပါသည်။
လေယာဉ် Accident ဖြစ်ပြီဆိုလျင်
ဘာဖြစ်သွားတာ၊ဘယ်လိုဖြစ်သွားတာ ဆိုတာတွေကို
ထင်တစ်လုံးဖြင့်"ငါ့စကားနွားရ "မပြော၊မရေးသင့်ပါ။
အပြောတွေစည်းစောင့်ရန်လိုသလို၊အရေးတွေလည်း
စည်းစောင့်ရန်လိုပါသည်။
မိမိ၏ ငါ့စကားနွားရ"အပြော" "အရေး" ဖြင့်
အကုသိုလ်မယူသင့်သလို ပါဝင်ပတ်သက်နေသူများ
ကိုလည်း စိတ်အနှောက်အယှက်မပေးသင့်ပါ
အကြောင်းရှိ၍ အကျိုးဖြစ်ခြင်းဖြစ်ပါသည်။
အချိန်တန်လျင် ထိုအကြောင်းကို
Accident Investigation Team ကထုတ်ပြန်ပေးပါလိမ့်မည် ။
ချစ်ဆွေတို့အားလုံး
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ ရှိကြပါစေခင်ဗျာ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။