ESR ဆိုတာ
ဆရာရှင့် ESR ရဲ့အဓိပ္ပာယ်ကဘာလဲရှင့်။ ကျမခင်ပွန်း ဖျားတာရက်ရှည်ပြီမို့ သွေးစစ်ကြည့်တာ ကျန်တာအားလုံး normal ဖြစ်ပေမယ့် ESR 40 ဖြစ်နေပါတယ်။ ပုံမှန်ရှိသင့်တာထက်တော်တော်များနေတာတွေ့ရပါတယ်။ ESR များရင် ဘယ်လိုဆိုးကျိုးရှိလဲသိချင် ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။
Erythrocyte sedimentation rate (ESR) ဆိုတာ သွေးနီဥတွေ ၁ နာရီအတွင်း အနယ်ထိုင်တဲ့နှုန်း ဖြစ်တယ်။
ESR ဂဏန်းမြင့်နေတဲ့ အခြေအနေနဲ့ ရောဂါတွေက များတယ်။ အမျိုးသမီးတွေက နဲနဲပိုများတတ်တယ်။ အသက်ရရင်လဲ ပိုများတယ်။ Multiple myeloma, Temporal arteritis, Polymyalgia rheumatica, Auto-immune diseases, SLE နဲ့ Chronic kidney diseases ရောဂါတွေကို နာမယ်တပ်ရင် အသုံးဝင်တယ်။ Kawasaki's disease, TB နဲ့ Infective endocarditis တွေမှာလဲ ရောဂါ ခွဲခြားဘို့ သုံးရတယ်။
မတိကျလှပေမဲ့ ဘယ်လောက်ထိ နေမကောင်းဘူး ဆိုတာတော့ သိရတယ်။ အထဲ တနေရာရာမှာ ရောင်နေတာကို သိရစေတယ်။ ESR လျော့လာရင် သက်သာလာလို့ဘဲ။
ပုံမှန် ESR
• ယောက်ျားလူကြီး = 12-14-19 mm/hr
• မိန်းမလူကြီး = 18-21-23-29 mm/hr
• မွေးစကလေး = 0-2 mm/hr
• ၁ နှစ်သားကနေ အရွယ်ရောက်ချိန် = 3-13 mm/hr
သွေးအားနည်း၊ နှလုံးသားရောင်၊ ကျောက်ကပ်ရောဂါ၊ အရိုးတွင်းရောင်၊ ကိုယ်ဝန်ဆောင်၊ လေးဘက်နာ၊ (ရူမက်တစ်) အဆစ်နာရောဂါ၊ (ဆစ်ဖလစ်)၊ (အက်စ်-အယ်လ်-အီး) ရောဂါ၊ လည်ပင်းကြီးရောဂါ၊ တီဘီ၊ စတာတွေမှာ ESR များ နေတတ်တယ်။
(အင်ဖက်ရှင်) တကိုယ်လုံးပြန့်နေတာ၊ Giant cell arteritis အဆစ်နာရောဂါတမျိုး၊ သွေးထဲမှာ ခဲစေတတ်တဲ့ ပစ္စည်း များနေတာ၊ စတာတွေမှာ ESR သိပ်များနေတတ်တယ်။
နှလုံးရောဂါ၊ သွေးပျစ်နေတာ၊ သွေးထဲမှာ ခဲစေတတ်တဲ့ပစ္စည်း နည်းနေတာ၊ သွေးထဲမှာ ပရိုတင်း နည်းနေတာ၊ Sickle cell anemia သွေးအားနည်းရောဂါ စတာတွေမှာ ESR နည်းနေတတ်တယ်။
ESR စစ်ခိုင်းတဲ့ ဆရာဝန်ကနေ ရောဂါနာမယ် တပ်ပါလိမ့်မယ်။ ရောဂါအတိုင်း ကုသ-လိုက်နာ-စားသောက်-နေထို င် ရပါလိမ့်မယ်။ ကျန်းမာ-ချမ်းသာပါစေ။
Dr. တင့်ဆွေ
ဆရာရှင့် ESR ရဲ့အဓိပ္ပာယ်ကဘာလဲရှင့်။ ကျမခင်ပွန်း ဖျားတာရက်ရှည်ပြီမို့ သွေးစစ်ကြည့်တာ ကျန်တာအားလုံး normal ဖြစ်ပေမယ့် ESR 40 ဖြစ်နေပါတယ်။ ပုံမှန်ရှိသင့်တာထက်တော်တော
Erythrocyte sedimentation rate (ESR) ဆိုတာ သွေးနီဥတွေ ၁ နာရီအတွင်း အနယ်ထိုင်တဲ့နှုန်း ဖြစ်တယ်။
ESR ဂဏန်းမြင့်နေတဲ့ အခြေအနေနဲ့ ရောဂါတွေက များတယ်။ အမျိုးသမီးတွေက နဲနဲပိုများတတ်တယ်။ အသက်ရရင်လဲ ပိုများတယ်။ Multiple myeloma, Temporal arteritis, Polymyalgia rheumatica, Auto-immune diseases, SLE နဲ့ Chronic kidney diseases ရောဂါတွေကို နာမယ်တပ်ရင် အသုံးဝင်တယ်။ Kawasaki's disease, TB နဲ့ Infective endocarditis တွေမှာလဲ ရောဂါ ခွဲခြားဘို့ သုံးရတယ်။
မတိကျလှပေမဲ့ ဘယ်လောက်ထိ နေမကောင်းဘူး ဆိုတာတော့ သိရတယ်။ အထဲ တနေရာရာမှာ ရောင်နေတာကို သိရစေတယ်။ ESR လျော့လာရင် သက်သာလာလို့ဘဲ။
ပုံမှန် ESR
• ယောက်ျားလူကြီး = 12-14-19 mm/hr
• မိန်းမလူကြီး = 18-21-23-29 mm/hr
• မွေးစကလေး = 0-2 mm/hr
• ၁ နှစ်သားကနေ အရွယ်ရောက်ချိန် = 3-13 mm/hr
သွေးအားနည်း၊ နှလုံးသားရောင်၊ ကျောက်ကပ်ရောဂါ၊ အရိုးတွင်းရောင်၊ ကိုယ်ဝန်ဆောင်၊ လေးဘက်နာ၊ (ရူမက်တစ်) အဆစ်နာရောဂါ၊ (ဆစ်ဖလစ်)၊ (အက်စ်-အယ်လ်-အီး) ရောဂါ၊ လည်ပင်းကြီးရောဂါ၊ တီဘီ၊ စတာတွေမှာ ESR များ နေတတ်တယ်။
(အင်ဖက်ရှင်) တကိုယ်လုံးပြန့်နေတာ၊ Giant cell arteritis အဆစ်နာရောဂါတမျိုး၊ သွေးထဲမှာ ခဲစေတတ်တဲ့ ပစ္စည်း များနေတာ၊ စတာတွေမှာ ESR သိပ်များနေတတ်တယ်။
နှလုံးရောဂါ၊ သွေးပျစ်နေတာ၊ သွေးထဲမှာ ခဲစေတတ်တဲ့ပစ္စည်း နည်းနေတာ၊ သွေးထဲမှာ ပရိုတင်း နည်းနေတာ၊ Sickle cell anemia သွေးအားနည်းရောဂါ စတာတွေမှာ ESR နည်းနေတတ်တယ်။
ESR စစ်ခိုင်းတဲ့ ဆရာဝန်ကနေ ရောဂါနာမယ် တပ်ပါလိမ့်မယ်။ ရောဂါအတိုင်း ကုသ-လိုက်နာ-စားသောက်-နေထို
Dr. တင့်ဆွေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။