သင်နဲ့ သင့်ရဲ့ ပထမဆုံး ဒေါ်လာ တစ်သန်းကြားက အမှား ၁၁ချက်
ကျွန်တော့ရဲ့ ဘဝမှာ သုံးကြိမ်တိတိ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော့ရဲ့ဘဏ်စာရင်းထဲမှာ ဒေါ်လာ တစ်သန်းလောက်ကိုတွေ့ရတဲ့အချိန်တုန်းက
ကျွန်တော်ဟာ အားမရှိတော့သလို ခံစားခဲရတယ်။ ကျွန်တော့စာရင်းထဲမှာ ငွေတွေ
ရှိနေသေးပေမဲ့လည်း ပျောက်ဆုံးသွားမှာပဲဆိုတဲ့ အသိကပဲ ဖမ်းစားနေခဲ့တယ်။
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ် ဖို့အတွက် အများယုံကြည်ထားကြသလို သိပ်မခဲယဉ်းပါဘူး။ တိကျတဲ့ပန်းတိုင်၊ စိတ်ရှည်မှုနဲ့ အာရုံစူးစိုက်လုပ်မယ်ဆိုရင် တော့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ် လာနိုင်ပါတယ်။ ကျွန်တော်တောင်လုပ်နိုင်တာပဲ တစ်ခြားသူတွေလည်း လုပ်နိုင်ရမှာပေါ့။
ကဲ ဒါဆိုရင် ဘယ်အရာက ခက်ခဲတာလဲ။ ပထမဆုံး ဒေါ်လာတစ်သန်းပိုင်ဆိုင်တဲ့အ ချိန်ရောက်ဖို့ ဘာ့ကြောင့် အခက်အခဲတွေတွေ့နေရလဲဆိုပြီး လေ့လာကြည့်တော့ အောက်ကနည်းလမ်းအမှားအတိုင်း တွေ့ရတာပါပဲ။
၁။ နည်းလမ်းအမှန်ကိုမစဉ်းစားခြ င်း
၁၉၃၇ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Napoleon Hill ရဲ့ ကျော်ကြားအောင်မြင်တဲ့ " Think and grow Rich" စာအုပ်ထဲမှာဆိုရင် ချမ်းသာတဲ့သူတွေဟာ သာမန်လူတွေရဲ့အတွေးနဲ့မတူပဲ တစ်မျိုးတွေးတယ်လို့ရေးထားတ ယ်။ ကျွန်တော်လည်း လူချမ်းသာ တစ်ထောင်လောက်နဲ့တွေ့ဆုံစကားပြောကြည့်ပြီးတဲ့အချိန်မှာ Hill ရေးတာ သိပ်မှန်တာပဲဆိုတာ လက်ခံလိုက်တယ်။
- ချမ်းသာတဲ့လူတွေက ဆင်းရဲခြင်းက မကောင်းဆိုးဝါးတစ်ကောင်လို့ မြင်တယ်။
- တစ်ကိုယ်ကောင်းစိတ်ရှိကြတယ် ။
- သူတို့တွေမှာ အမြဲတွေးခေါ်နေတတ်ကြတယ်။
- လူချမ်းသာတွေမှာ ရှိသင့်တဲ့ ဗဟုသုတတွေ ရှိကြတယ်။
- အနာဂတ်ကို အကောင်းဆုံး မျှော်မှန်းထားကြတယ်။
- သူတို့ရဲ့ စိတ်ပျော်ရွှင်ရာနောက်ကို လိုက်တတ်ကြတယ်။
- စိန်ခေါ်မှုတွေကို သဘောကြတယ်။
- တစ်ခြားသူတွေရဲ့ ငွေကြေးကို ဘယ်လို သုံးရမလဲကောင်းကောင်းသိတယ်။
- ပိုက်ဆံရှာဖို့ပဲ အဓိကထားပြီး စုဆောင်းဖို့ဆိုတာကို သိပ်အာရုံမရှိကြဘူး။
- ဘယ်အချိန်မှာ စွန့်စားရမလဲ ဆိုတာကိုလည်း သိတယ်။
သင့်အနေနဲ့ လူချမ်းသာတစ်ယောက်ဖြစ်ချင်တ ယ်ဆိုရင် ငွေကြေးနဲ့ အောင်မြင်မှုအကြောင်း စဉ်းစားနေတဲ့ ပုံစံကို စပြီးပြောင်းလိုက်တော့ဗျာ။
၂။ ပြည့်စုံမှုအပေါ် အလွန်အာရုံထားခြင်း
အရာရာဟာ မပြည့်စုံဘူးဆိုတဲ့ အချက်ဟာ ကျွန်တော့အတွက် တန်ဖိုးရှိတဲ့သင်ခန်းစာပါ။ မပြည့်စုံဘူးဆိုတဲ့အချက်ကို လက်ခံလိုက်ရင် သင့်အနေနဲ့ လက်ရှိနေရာမှာ ပြည့်စုံအောင်လုပ်ရင်း ရပ်တန့်နေရာကနေ ရှေ့ဆက်လှမ်းနိုင်လာပါလိမ့် မယ်။ ဆိုကြပါစို့ဗျာ သင့်အနေနဲ့အခုမှစပြီး စီးပွားရေးစလုပ်တယ်ဆိုပါတော့ 
။ သင့်ရဲ့ကုန်ပစ္စည်းအတွက် ပြည့်စုံအောင်ကြိုးစားရင်း
အချိန်တွေကြာနေမယ်ဆိုရင် သင့်ရဲ့ပြိုင်ဖက်တွေက သင့်ရဲ့ ဖောက်သည်တွေကို
ယူသွားကြလိမ့်မယ်။ ဒါ့ကြောင့် ဈေးကွက်ကို မြန်မြန်ဝင်နိုင်အောင်ကြိုး စားပါ လုပ်ငန်းတစ်ခု အခြေကျပြီဆိုမှ ပိုပြီးပြည့်စုံအောင် ကြိုးစားပါ။
၃။ ရှာဖွေနိုင်သမျှကို သုံးစွဲပစ်ခြင်း
သင်သာ ဂဏန်းခြောက်လုံးပါတဲ့ Check တစ်စောင် ရခဲ့မယ်ဆိုရင် ဇိမ်ခံကားတစ်စီးလောက်တော့ြေ ပးဝယ်မိမှာပါပဲ။ လူချမ်းသာတွေက ဘယ်လိုခြိုးခြံရမလဲဆိုတာသိတ ယ်ဗျ။ သူတို့က ဘယ်တော့မှ ရှာသမျှ အကုန်မသုံးကြဘူး။ Warren Buffett ဆိုရင် သာမန်အိမ်လေးနဲ့ပဲနေတယ်။ သာမန်ကားလေးကိုပဲ မောင်းတယ်။
၎။ လက်တွေ့မကြတဲ့ စိတ်ကူးတွေကို ချမှတ်ခြင်း
ချမ်းသာသူတွေက အိမ်မက်အကြီးကြီးတွေ ရှိကြပြီး အဲဒီအိမ်မက်တွေကလည်း တကယ်ဖြစ်နိုင်တဲ့ အရာတွေပါပဲ။ သူတို့က တစ်ညတည်းနဲ့ သန်းကြွယ်သူဌေးတစ်ယောက် မဖြစ်ဘူးဆိုတာ သိကြတယ်။ သူတို့တွေဟာ ကြိုးကြိုးစားစား စိတ်ရှည်လက်ရှည် အလုပ်လုပ်ကြရင်း သူတို့ရဲ့ ပန်းတိုင်ဆီကို ရောက်အောင်သွားကြတယ်။ မာရသွန်အပြေးသမားတစ်ယောက်လိုပေါ့။
၂၆ မိုင်ဆိုတာ ပြေးဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နေ့တိုင်းလေ့ကျင့်ပြီး
တိုးတက်မှုတွေကို သုံးသပ်ပြီး ကိုယ်ရဲ့ ပန်းတိုင်ဆီ သွားမယ်ဆိုရင်တော့
ဖြစ်လာပါလိမ့်မယ်။
၅။ မျက်စိစုံမှိတ်ပြီး သူများနောက်လိုက်ခြင်း
ချမ်းသာတဲ့သူတွေရဲ့ အတွေးအခေါ်တွေနဲ့ ပညာရှိတွေရဲ့ စကားတွေကို လေ့လာတာ၊ မှတ်သားတာတွေက အကျိုးရှိနိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ပြဿနာက သူတို့အတွက်အတွက် အလုပ်ဖြစ်သမျှတွေက သင့်အတွက် အလုပ်ဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဥပမာဆိုရရင်- Jobs နဲ့ Gates တို့ Apple တို့ Microsoft တို့လိုကုမ္ပဏီမျိုးတည်ထောင် တုန်းက
နည်းလမ်းမျိုးတွေက ဒီနေ့ခေတ် သင့်ရဲ့ အမျိုးအစားမတူတဲ့ လုပ်ငန်းတွေမှာ
အလုပ်ဖြစ်မှာ မဟုတ်လောက်ဘူး။ သင့်အလုပ်နဲ့ စီးပွားရေးအတွက် ဘယ်အရာက
အကျိုးရှိတယ်ဆိုတာကို သေချာနားလည်ရင် သင့်အတွက် အောင်မြင်နိုင်ပါတယ်။
အပိုင်း (၁)အနေနဲ့ ပထမ ၅ ချက်ကိုပဲ ဖော်ပြလိုက်ပါတယ်။ ဒီအချက်တွေ သင့်မှာ ရှိနေရင်တော့ သန်းကြွယ်ဖြစ်ဖို့ နှောင့်နှေးကြန့်ကြာနေပါလိမ့်မယ်။
ကိုယ့်ကိုယ်ကို လေ့လာဆန်းစစ်ပြီးတော့ အချိန်မှီ ပြုပြင်ကြအောင်ခင်ဗျ။
မနက်ဖြန် ညနေမှာ အပိုင်း (၂) ကိုဆက်တင်ပါမယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
************************** ************************** *********
ယခု ပိုစ့်ကို “Hope” Digital Advertising လုပ်ငန်းမှ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်လုပ်ငန်းရှင်များ များစွာ ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်တင်ဆက်ပါတယ်။
************************** ************************** *********
> ကိုယ်ပိုင်လုပ်ငန်းရှင်ြ ဖစ်ဖို့ ရှိရမယ့် အခြေခံစိတ်ဓာတ်များ
> ခွန်အားဖြည့်စာပေများ
> အရင်းအနှီးနည်းနည်းဖြင့် လုပ်ကိုင်လို့ရမယ့်လုပ် ငန်းများ
> စီးပွားရေးဆိုင်ရာ ဗဟုသုတများ
> ကိုယ်ပိုင်လုပ်ငန်းရှင်တ စ်ယောက်လုပ်ဆောင်ရမယ့် လုပ်ဆောင်ပုံအဆင့်ဆင့်
စတဲ့ ပိုစ့်များကို နေ့စဉ် တင်ဆက်ပေးနေပါတယ်။
Hope
-------
Digital Advertising & Business Services
Facebook: www.facebook.com/hopeads/
Instagram: www.instagram.com/ hope_digitaladvertising/
Website : www.hopedigitaladvertising .com
-
***ယုံကြည်မျှော်လင့်ချက်ရှိရာသို့သာ တစ်လှမ်းချင်းဦးတည်သွားပါ။
တိုးတက်ပြောင်းလဲမှုတွေက သင့်ကို စောင့်ကြိုနေမှာပါ။ ***
ကျွန်တော့ရဲ့ ဘဝမှာ သုံးကြိမ်တိတိ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော့ရဲ့ဘဏ်စာရင်းထဲမှာ
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်
ကဲ ဒါဆိုရင် ဘယ်အရာက ခက်ခဲတာလဲ။ ပထမဆုံး ဒေါ်လာတစ်သန်းပိုင်ဆိုင်တဲ့အ
၁။ နည်းလမ်းအမှန်ကိုမစဉ်းစားခြ
၁၉၃၇ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Napoleon Hill ရဲ့ ကျော်ကြားအောင်မြင်တဲ့ " Think and grow Rich" စာအုပ်ထဲမှာဆိုရင် ချမ်းသာတဲ့သူတွေဟာ သာမန်လူတွေရဲ့အတွေးနဲ့မတူပဲ
- ချမ်းသာတဲ့လူတွေက ဆင်းရဲခြင်းက မကောင်းဆိုးဝါးတစ်ကောင်လို့
- တစ်ကိုယ်ကောင်းစိတ်ရှိကြတယ်
- သူတို့တွေမှာ အမြဲတွေးခေါ်နေတတ်ကြတယ်။
- လူချမ်းသာတွေမှာ ရှိသင့်တဲ့ ဗဟုသုတတွေ ရှိကြတယ်။
- အနာဂတ်ကို အကောင်းဆုံး မျှော်မှန်းထားကြတယ်။
- သူတို့ရဲ့ စိတ်ပျော်ရွှင်ရာနောက်ကို လိုက်တတ်ကြတယ်။
- စိန်ခေါ်မှုတွေကို သဘောကြတယ်။
- တစ်ခြားသူတွေရဲ့ ငွေကြေးကို ဘယ်လို သုံးရမလဲကောင်းကောင်းသိတယ်။
- ပိုက်ဆံရှာဖို့ပဲ အဓိကထားပြီး စုဆောင်းဖို့ဆိုတာကို သိပ်အာရုံမရှိကြဘူး။
- ဘယ်အချိန်မှာ စွန့်စားရမလဲ ဆိုတာကိုလည်း သိတယ်။
သင့်အနေနဲ့ လူချမ်းသာတစ်ယောက်ဖြစ်ချင်တ
၂။ ပြည့်စုံမှုအပေါ် အလွန်အာရုံထားခြင်း
အရာရာဟာ မပြည့်စုံဘူးဆိုတဲ့ အချက်ဟာ ကျွန်တော့အတွက် တန်ဖိုးရှိတဲ့သင်ခန်းစာပါ။ မပြည့်စုံဘူးဆိုတဲ့အချက်ကို
၃။ ရှာဖွေနိုင်သမျှကို သုံးစွဲပစ်ခြင်း
သင်သာ ဂဏန်းခြောက်လုံးပါတဲ့ Check တစ်စောင် ရခဲ့မယ်ဆိုရင် ဇိမ်ခံကားတစ်စီးလောက်တော့ြေ
၎။ လက်တွေ့မကြတဲ့ စိတ်ကူးတွေကို ချမှတ်ခြင်း
ချမ်းသာသူတွေက အိမ်မက်အကြီးကြီးတွေ ရှိကြပြီး အဲဒီအိမ်မက်တွေကလည်း တကယ်ဖြစ်နိုင်တဲ့ အရာတွေပါပဲ။ သူတို့က တစ်ညတည်းနဲ့ သန်းကြွယ်သူဌေးတစ်ယောက် မဖြစ်ဘူးဆိုတာ သိကြတယ်။ သူတို့တွေဟာ ကြိုးကြိုးစားစား စိတ်ရှည်လက်ရှည် အလုပ်လုပ်ကြရင်း သူတို့ရဲ့ ပန်းတိုင်ဆီကို ရောက်အောင်သွားကြတယ်။ မာရသွန်အပြေးသမားတစ်ယောက်လိ
၅။ မျက်စိစုံမှိတ်ပြီး သူများနောက်လိုက်ခြင်း
ချမ်းသာတဲ့သူတွေရဲ့ အတွေးအခေါ်တွေနဲ့ ပညာရှိတွေရဲ့ စကားတွေကို လေ့လာတာ၊ မှတ်သားတာတွေက အကျိုးရှိနိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ပြဿနာက သူတို့အတွက်အတွက် အလုပ်ဖြစ်သမျှတွေက သင့်အတွက် အလုပ်ဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဥပမာဆိုရရင်- Jobs နဲ့ Gates တို့ Apple တို့ Microsoft တို့လိုကုမ္ပဏီမျိုးတည်ထောင်
အပိုင်း (၁)အနေနဲ့ ပထမ ၅ ချက်ကိုပဲ ဖော်ပြလိုက်ပါတယ်။ ဒီအချက်တွေ သင့်မှာ ရှိနေရင်တော့ သန်းကြွယ်ဖြစ်ဖို့ နှောင့်နှေးကြန့်ကြာနေပါလိမ
**************************
ယခု ပိုစ့်ကို “Hope” Digital Advertising လုပ်ငန်းမှ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်လုပ်ငန်းရှင်မ
**************************
> ကိုယ်ပိုင်လုပ်ငန်းရှင်ြ
> ခွန်အားဖြည့်စာပေများ
> အရင်းအနှီးနည်းနည်းဖြင့် လုပ်ကိုင်လို့ရမယ့်လုပ်
> စီးပွားရေးဆိုင်ရာ ဗဟုသုတများ
> ကိုယ်ပိုင်လုပ်ငန်းရှင်တ
စတဲ့ ပိုစ့်များကို နေ့စဉ် တင်ဆက်ပေးနေပါတယ်။
Hope
-------
Digital Advertising & Business Services
Facebook: www.facebook.com/hopeads/
Instagram: www.instagram.com/
Website : www.hopedigitaladvertising
-
***ယုံကြည်မျှော်လင့်ချက်ရ
တိုးတက်ပြောင်းလဲမှုတွေက သင့်ကို စောင့်ကြိုနေမှာပါ။ ***
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။