အောင်မြင်မှု
လမ်းပေါ်လျှောက်လမ်းတဲ့ အခါ သင်လိုအပ်တဲ့ လူ ၄ မျိုးရှိပါတယ်။ ထိုလူ ၎
မျိုးဟာ သင့်ပန်းတိုင်ကို ရောက်အောင် လျှောက်လမ်းတဲ့ ခရီးတစ်ခုလုံးကို
ပိုမိုလွယ်ကူစေမှာ ဖြစ်တဲ့ အပြင် သင့် ခရီးလမ်းကိုလည်း တိုတောင်းစေမှာ
ဖြစ်ပါတယ်။
အဲ့လူ ၄ မျိုးက အောက်ပါအတိုင်းဖြစ်ပါတယ်။
၎။ အကြံဥာဏ်ကောင်းပေးသူ (The mentor)
သူရဲကောင်းတိုင်းမှာ သူတို့ကို အကြံဥာဏ်ကောင်းပေးတဲ့ သူရှိတယ်လို့ ပြောကြတဲ့ အတိုင်းပဲ အောင်မြင်မှု ရချင်တဲ့ သူတိုင်း အကြံဥာဏ်ကောင်းပေးတဲ့သူ လိုအပ်ပါတယ်။ အကြံပေးသူဟာ သင်သွားနေတဲ့ ခရီးကို သွားဖူးပြီး၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တဲ့ သူဖြစ်တဲ့ အပြင် သင့်မတိုင်မီ အောင်မြင်မှု ရနေပြီ ဖြစ်ပါတယ်။
သူဟာ သင်အကူအညီလိုတဲ့ အခါတိုင်း လိုအပ်တဲ့ မေးခွန်းတွေ မေးမြန်နိုင်သူ၊ အကြံဥာဏ်ကောင်းတွေ ရယူနိုင်သူ ဖြစ်ပါတယ်။ သင်လုပ်နေတဲ့ လုပ်ငန်း တိုးတက်လာဖို့အတွက် သင်လုပ်နေတဲ့ လုပ်ငန်းနဲ့ တူညီတဲ့ အလုပ်ကို အောင်မြင်စွာ လုပ်နေတဲ့ သူနဲ့ အတူပေါင်းသင်းဆက်ဆံဖို့ လိုအပ်ပါတယ်။
ဥပမာ - သင်ဝိတ်ကျလိုတယ်ဆိုရင် သင့်အရင် ဝိတ်ချဖူးထားပြီး ဝိတ်ချဖို့ အတွက် လိုအပ်တဲ့ အလုပ်နဲ့ အခက်အခဲတွေကို သေချာသိတဲ့ သူပေါ့။
ဒါ့ကြောင့် သင့်အရင် ဘယ်သူက သင်လုပ်နေတဲ့ လုပ်ငန်းမှာ အောင်မြင်နေပြီဆိုတာကို သိအောင် လုပ်ပါ။ သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရရှိအောင် တည်ဆောက်ပါ။ သင့်ကို အကြံပေးတဲ့သူရှိရင် သင်တစ်ယောက်တည်း ကြိုးစားရုန်းကန်ရမယ့် အစား သင့်ပန်းတိုင်ကို မြန်မြန်နဲ့ လွယ်လွယ်ရောက်ဖို့ ကူညီ ပါလိမ့်မယ်။
၃။ သင် ယုံကြည်မှု ရလိုတဲ့သူ။ (The mark)
သင်ယုံကြည်မှု ရလိုတဲ့သူဟာ သင်လုပ်နေတဲ့ အလုပ်အပေါ် “ကောင်းတယ်။” လို့ပြောတာကို သင်ကြားလိုတဲ့ သူဖြစ်ပါတယ်။ လူတိုင်းမှာ ဒီလို လူတစ်ယောက်ယောက် (သို့မဟုတ်) တစ်ယောက်ထက် ပိုရှိတတ်ပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက် ဒါမှ မဟုတ် သင့် အမျိုးသား/အမျိုးသမီး ဒါမှ မဟုတ် သင့် အထက်အရာရှိ တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်။
ဒီလူဟာ သူ “ကောင်းပြီ” လို့ပြောရင် အဆင်ပြေသွားပြီး “မကောင်းဘူး” လို့ပြောရင် အစစအရာရာ ဒုက္ခရောက် သွားနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ပန်းတိုင်ကို ရောက်ဖို့အတွက် ဘယ်သူ့ဆီက “ကောင်းတယ်” လို့ သင်ကြားချင်သလဲ။ သင်ယုံကြည်မှု ရလိုတဲ့သူက သင့်ဖောက်သည်လား။ သင့်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမယ့်သူလား။ သင့်အထက်အရာရှိလား။
သင်ယုံကြည်မှု ရလိုတဲ့သူဟာ ဘယ်သူလဲ ဆိုတာကို ကွဲကွဲပြားပြား သတ်မှတ်နိုင်ဖို့ မမေ့ပါနဲ့။
၂။ အားပေး ကူညီမယ့်သူ။ (The sidekicks)
လူတိုင်း အားပေးကူညီမယ့်သူ လိုပါတယ်။ အားပေးကူညီမယ်ဆိုတာ ကိုယ့် အလုပ်မှာ ဝင်ရောက် လုပ်ကိုင် တာကို ဆိုလိုတာ မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ အရ အားပေး အားမြောက်ပြုတာကို ဆိုလိုတာ ဖြစ်ပါတယ်။
ဆိုလိုတာက ကိုယ်လျှောက်နေတဲ့ ခရီးလမ်းမှာ စိန်ခေါ်မှုတွေ၊ အဆင်မပြေမှုတွေ ကြုံတွေ့လာတဲ့ အချိန် ကိုယ့်ဘေးမှာနေပြီး ကိုယ့်ကို ယုံကြည်မှု ရှိရှိနဲ့ အားပေးမယ့်သူဖြစ်ပါတယ်။ သင့်အတွက် သင့်ကို အားပေးမယ့်သူ ဘယ်သူဆိုတာ ကွဲကွဲပြားပြား မသိသေးရင် သင် ဒုက္ခရောက်ချိန်မှာ ဘယ်သူ့ဆီသွားရမှန်း မသိ ဖြစ်နေပါလိမ့်မယ်။
သင့်ကို အားပေးမယ့်သူဟာ ဘယ်သူလဲဆိုတာကို သိအောင်လုပ်ပြီး သင်လိုအပ်နေတဲ့ အချိန်မှာ သင့်အနားမှာ ရှိပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်းပြောပါ။
၁။ အဆက်အသွယ် လုပ်ပေးမယ့်သူ။ (The connector)
အဆက်အသွယ် လုပ်ပေးမယ့်သူဟာ ကျွှန်တော်တို့အားလုံး မေ့ထားတတ်တဲ့ အရေးအကြီးဆုံး လူဖြစ်ပါတယ်။ သင့်မှာ ပန်းတိုင်ရှိတယ်။ ဒီပန်းတိုင်အတွက် သင် အရမ်း အရေးကြီးတဲ့ သူတစ်ယောက်ဆီက ယုံကြည်မှု ရဖို့ လိုအပ်နေတယ်။
ဒါပေမယ့် သူ့ကို သိလည်း မသိတဲ့ အပြင် သူနဲ့ စကားပြောဖို့တောင် ခက်ခဲနေတယ်ဆိုရင် သင်လိုအပ်နေတာဟာ အဆက်အသွယ် လုပ်ပေးမယ့်သူ ဖြစ်ပါတယ်။ ဒါဆိုရင် သင်ယုံကြည်မှု ရလိုတဲ့ သူနဲ့ ဘယ်သူ အဆက်အသွယ် ရှိလဲဆိုတာကို သင်သိအောင် လုပ်ရမှာဖြစ်ပြီး လေ့လာ၊ ဆက်သွယ်၊ ယုံကြည်မှု ရယူ ဆိုတဲ့ အဆင့် ၃ ဆင့်ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
သင်ယုံကြည်မှု ရယူချင်တဲ့ သူက ဘယ်သူနဲ့ အဆက်အသွယ် ရှိတယ်။ ဘာကြိုက်တတ်တယ် ဆိုတာကို ဦးစွာ လေ့လာရမှာ ဖြစ်ပြီး သူ့ဆီကို သင်နဲ့ ဆက်သွယ်ပေးနိုင်မယ့်သူဟာ ဘယ်သူလဲ ဆိုတာကို ရှာဖွေရမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်ကို သူနဲ့ ဆက်သွယ်ပေးနိုင်တဲ့ သူကို သင်မသိသေးဘူးဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ၃ ဆင့်ကို ၂ ခေါက် လုပ်ရမှာ ဖြစ်ပါတယ်။
သင့်ပန်းတိုင်ကို ရောက်ဖို့လျှောက်လမ်းတဲ့ ခရီးမှာ အထက်မှာ ဖော်ပြတဲ့ လူ ၄ ယောက်ကို ရအောင် ခေါ်ယူသွားဖို့ လိုအပ်ပါတယ်။ ပန်းတိုင်ကို ရောက်ဖို့လျှောက်လမ်းတာဟာ တစ်ယောက်တည်းပြတဲ့ ပြဇာတ် မဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ အရေအတွက် နဲ့ ရယူရတာဖြစ်ပါတယ်။
Ref: Entrepreneur
ကျော်စွာ
အဲ့လူ ၄ မျိုးက အောက်ပါအတိုင်းဖြစ်ပါတယ်။
၎။ အကြံဥာဏ်ကောင်းပေးသူ (The mentor)
သူရဲကောင်းတိုင်းမှာ သူတို့ကို အကြံဥာဏ်ကောင်းပေးတဲ့ သူရှိတယ်လို့ ပြောကြတဲ့ အတိုင်းပဲ အောင်မြင်မှု ရချင်တဲ့ သူတိုင်း အကြံဥာဏ်ကောင်းပေးတဲ့သူ လိုအပ်ပါတယ်။ အကြံပေးသူဟာ သင်သွားနေတဲ့ ခရီးကို သွားဖူးပြီး၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တ
သူဟာ သင်အကူအညီလိုတဲ့ အခါတိုင်း လိုအပ်တဲ့ မေးခွန်းတွေ မေးမြန်နိုင်သူ၊ အကြံဥာဏ်ကောင်းတွေ ရယူနိုင်သူ ဖြစ်ပါတယ်။ သင်လုပ်နေတဲ့ လုပ်ငန်း တိုးတက်လာဖို့အတွက် သင်လုပ်နေတဲ့ လုပ်ငန်းနဲ့ တူညီတဲ့ အလုပ်ကို အောင်မြင်စွာ လုပ်နေတဲ့ သူနဲ့ အတူပေါင်းသင်းဆက်ဆံဖို့ လိုအပ်ပါတယ်။
ဥပမာ - သင်ဝိတ်ကျလိုတယ်ဆိုရင် သင့်အရင် ဝိတ်ချဖူးထားပြီး ဝိတ်ချဖို့ အတွက် လိုအပ်တဲ့ အလုပ်နဲ့ အခက်အခဲတွေကို သေချာသိတဲ့ သူပေါ့။
ဒါ့ကြောင့် သင့်အရင် ဘယ်သူက သင်လုပ်နေတဲ့ လုပ်ငန်းမှာ အောင်မြင်နေပြီဆိုတာကို သိအောင် လုပ်ပါ။ သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရရှိအောင် တည်ဆောက်ပါ။ သင့်ကို အကြံပေးတဲ့သူရှိရင် သင်တစ်ယောက်တည်း ကြိုးစားရုန်းကန်ရမယ့် အစား သင့်ပန်းတိုင်ကို မြန်မြန်နဲ့ လွယ်လွယ်ရောက်ဖို့ ကူညီ ပါလိမ့်မယ်။
၃။ သင် ယုံကြည်မှု ရလိုတဲ့သူ။ (The mark)
သင်ယုံကြည်မှု ရလိုတဲ့သူဟာ သင်လုပ်နေတဲ့ အလုပ်အပေါ် “ကောင်းတယ်။” လို့ပြောတာကို သင်ကြားလိုတဲ့ သူဖြစ်ပါတယ်။ လူတိုင်းမှာ ဒီလို လူတစ်ယောက်ယောက် (သို့မဟုတ်) တစ်ယောက်ထက် ပိုရှိတတ်ပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက် ဒါမှ မဟုတ် သင့် အမျိုးသား/အမျိုးသမီး ဒါမှ မဟုတ် သင့် အထက်အရာရှိ တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်။
ဒီလူဟာ သူ “ကောင်းပြီ” လို့ပြောရင် အဆင်ပြေသွားပြီး “မကောင်းဘူး” လို့ပြောရင် အစစအရာရာ ဒုက္ခရောက် သွားနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ပန်းတိုင်ကို ရောက်ဖို့အတွက် ဘယ်သူ့ဆီက “ကောင်းတယ်” လို့ သင်ကြားချင်သလဲ။ သင်ယုံကြည်မှု ရလိုတဲ့သူက သင့်ဖောက်သည်လား။ သင့်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမယ့်သူလား။
သင်ယုံကြည်မှု ရလိုတဲ့သူဟာ ဘယ်သူလဲ ဆိုတာကို ကွဲကွဲပြားပြား သတ်မှတ်နိုင်ဖို့ မမေ့ပါနဲ့။
၂။ အားပေး ကူညီမယ့်သူ။ (The sidekicks)
လူတိုင်း အားပေးကူညီမယ့်သူ လိုပါတယ်။ အားပေးကူညီမယ်ဆိုတာ ကိုယ့် အလုပ်မှာ ဝင်ရောက် လုပ်ကိုင် တာကို ဆိုလိုတာ မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ အရ အားပေး အားမြောက်ပြုတာကို ဆိုလိုတာ ဖြစ်ပါတယ်။
ဆိုလိုတာက ကိုယ်လျှောက်နေတဲ့ ခရီးလမ်းမှာ စိန်ခေါ်မှုတွေ၊ အဆင်မပြေမှုတွေ ကြုံတွေ့လာတဲ့ အချိန် ကိုယ့်ဘေးမှာနေပြီး ကိုယ့်ကို ယုံကြည်မှု ရှိရှိနဲ့ အားပေးမယ့်သူဖြစ်ပါတယ်။ သင့်အတွက် သင့်ကို အားပေးမယ့်သူ ဘယ်သူဆိုတာ ကွဲကွဲပြားပြား မသိသေးရင် သင် ဒုက္ခရောက်ချိန်မှာ ဘယ်သူ့ဆီသွားရမှန်း မသိ ဖြစ်နေပါလိမ့်မယ်။
သင့်ကို အားပေးမယ့်သူဟာ ဘယ်သူလဲဆိုတာကို သိအောင်လုပ်ပြီး သင်လိုအပ်နေတဲ့ အချိန်မှာ သင့်အနားမှာ ရှိပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်းပြောပါ။
၁။ အဆက်အသွယ် လုပ်ပေးမယ့်သူ။ (The connector)
အဆက်အသွယ် လုပ်ပေးမယ့်သူဟာ ကျွှန်တော်တို့အားလုံး မေ့ထားတတ်တဲ့ အရေးအကြီးဆုံး လူဖြစ်ပါတယ်။ သင့်မှာ ပန်းတိုင်ရှိတယ်။ ဒီပန်းတိုင်အတွက် သင် အရမ်း အရေးကြီးတဲ့ သူတစ်ယောက်ဆီက ယုံကြည်မှု ရဖို့ လိုအပ်နေတယ်။
ဒါပေမယ့် သူ့ကို သိလည်း မသိတဲ့ အပြင် သူနဲ့ စကားပြောဖို့တောင် ခက်ခဲနေတယ်ဆိုရင် သင်လိုအပ်နေတာဟာ အဆက်အသွယ် လုပ်ပေးမယ့်သူ ဖြစ်ပါတယ်။ ဒါဆိုရင် သင်ယုံကြည်မှု ရလိုတဲ့ သူနဲ့ ဘယ်သူ အဆက်အသွယ် ရှိလဲဆိုတာကို သင်သိအောင် လုပ်ရမှာဖြစ်ပြီး လေ့လာ၊ ဆက်သွယ်၊ ယုံကြည်မှု ရယူ ဆိုတဲ့ အဆင့် ၃ ဆင့်ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
သင်ယုံကြည်မှု ရယူချင်တဲ့ သူက ဘယ်သူနဲ့ အဆက်အသွယ် ရှိတယ်။ ဘာကြိုက်တတ်တယ် ဆိုတာကို ဦးစွာ လေ့လာရမှာ ဖြစ်ပြီး သူ့ဆီကို သင်နဲ့ ဆက်သွယ်ပေးနိုင်မယ့်သူဟာ ဘယ်သူလဲ ဆိုတာကို ရှာဖွေရမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်ကို သူနဲ့ ဆက်သွယ်ပေးနိုင်တဲ့ သူကို သင်မသိသေးဘူးဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ၃ ဆင့်ကို ၂ ခေါက် လုပ်ရမှာ ဖြစ်ပါတယ်။
သင့်ပန်းတိုင်ကို ရောက်ဖို့လျှောက်လမ်းတဲ့ ခရီးမှာ အထက်မှာ ဖော်ပြတဲ့ လူ ၄ ယောက်ကို ရအောင် ခေါ်ယူသွားဖို့ လိုအပ်ပါတယ်။ ပန်းတိုင်ကို ရောက်ဖို့လျှောက်လမ်းတာဟာ တစ်ယောက်တည်းပြတဲ့ ပြဇာတ် မဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ အရေအတွက် နဲ့ ရယူရတာဖြစ်ပါတယ်။
Ref: Entrepreneur
ကျော်စွာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။