လူပျင်းဆင်းရဲသား နဲ့ နို့တစ်အိုး
*********************
တစ်ခါက လူကလည်း ဆင်းရဲ တယ် ပျင်းလည်း ပျင်းတဲ့ ငပျင်းဆိုတဲ့ လူတစ်ယောက် ရှိခဲ့ ပါသည်။ လူက သာ ပျင်း
သော် လည်း အလွန်ချမ်းသာ ချင်သော စိတ်
အပြည့် ရှိပါသည်။
စိတ်ကူး အတွေး အိပ်မက်ထဲ အလွန်ချမ်းသာ
ချင်လည်း ဘာအလုပ်မှ လက်ကျောတင်း
အောင် လုပ်ချင်စိတ် မရှိ။ စိတ်ထဲက သာ
ဘယ်တန်ခိုးရှင် ညာတန်ခိုးရှင် မပါ စောင့်ရှောက်ပါ ဟု အမြဲ ဆုတောင်းမိသည်။
တစ်နေ့ မိုးလင်း အိပ်ယာထတော့ အိမ်ရှေ့
မှာ နွားနို့ အိုး တစ်လုံး ကိုတွေ့တော့ သူ ဝမ်းသာ သွားပြီး နို့အိုး ကို ကျိုကာ နွားနို့ ပူပူ
အဝ သောက်လိုက်ပါသည်။
ကျန်သော နွားနို့ တွေကို အိုးလိုက် ထားလိုက်ပြီး ပြန်အိပ် ချင်လာ၍ နွားနို့ အိုး
ဘေး၌ အိပ်ပျော်သွား ပြီး အိပ်မက် မက်
ပါ လေရော ။
အိပ်မက်ထဲမှာ့ သူ့ရဲ့ လက်ကျန်နို့အိုး ထဲက နွားနို့ တွေကနေ ဒိန်ခဲ ဖြစ့့် ဒိန်ခဲ ကနေ ထောပတ် လုပ့့် ထောပတ်ကို
ဈေး မှာသွား ရောင်း ရတဲ့ ပိုက်ဆံ နဲ့ ကြက်မ
တစ်ကောင် ဝယ့့် သားဖေါက် ကြက်ဥတွေ
ရ့ ဝင်ငွေတွေ တိုးလာ့
့ နောက်ထပ် စီးပွားရေး တွေ တိုးချဲ့ သူဌေး ကြီး ဖြစ်လာ မိန်းမ ယူ သားတစ်ယောက်မွေး အရှည်ကြီး မက်ပစ် လိုက်ပါတယ်။
အိပ်မက်ထဲမှာ ပဲ မွေးထားတဲ့ သားကို ပြောမရ လို့ တုတ်ယူပြီး ရိုက်လိုက်ပါတယ်
သားက ရိုက်တဲ့ တုတ်ကို လုတော့ ယောင်ပြီး
ခြေထောက်နဲ့ ကန်မိတဲ့ အခါ့ တစ်ကယ် လည်း ဂွမ်း ဆို ကန်မိလိုက်ချိန် ဗြုန်း ကနဲ အိပ်ယာ က လန့်နိုး မိတော့ သူ့ဘေး က
နို့အိုး သည် သူကန်ချက် ကြောင့်ကွဲ နေသလို
လက်ကျန်နို့ တွေကလည်း ကြမ်းပြင် ပေါ်
ပလဲ့ နေတော့ ငပျင်း တစ်ယောက်
ပလုပ်တုတ် ခေါက်တာ ပေါ့
-------------------------- ------
ဘဝ မှာ အလုပ်လုပ် ခြင်း မရှိပဲ နဲ့ ပြည့်စုံတဲ့
အိပ်မက်ဆို တာ မရှိပါဘူး ဗျာ။
အိပ်မက် ထဲက အတိုင်း ဖြစ်မယ် ဆိုရင်တော့
အိပ်မက် မက်ဖို့ မထ တိုင်း အိပ်နေ ကြတော့
မှာပေါ့ ။
တစ်ကယ်တော့ အိပ်မက် ကို လက်တွေ့
ဘဝ ထဲ မခေါ်ပါနှင့် လက်တွေ့ ဘဝ ကို သာ
အိပ်မက် ထဲ ခေါ်ဆောင် သင့်ပါတယ် ဗျာ
#kazaw
မှ တ် စု ကြ မ်း
Ref : The Lazy Poor Man and Milk Pot.

--------------------------

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။