Heaven Jade added 6 new photos.
မြန်မာနိုင်ငံသားများအတွက် ထိုင်ဝမ်ပြည်ဝင်ဗီဇာစည်းမျဉ်းသစ်များ ယနေ့ စတင်အသက်ဝင် - - -
ယခုနှစ်မေလ(၂၀)ရက်နေ့ တွင် အာဏာရလာသော ထိုင်ဝမ်နိုင်ငံရဲ့ DPPပါတီအစိုးရလက်ထက်တွင် အာဆီယံ(၁၀)နိုင်ငံနှင့်တောင်အာရှနိုင်ငံများအပေါ်ပိုမိုဖေါ်ရွေသော မူဝါဒသစ်များချမှတ်ခဲ့ရာတွင် ဖြေလျော့ ပေးလိုက်သော ပြည်ဝင်ဗီဇာစည်းမျဉ်းသစ်များလည်း အပါအ၀င်ဖြစ်ပါတယ်။
ယနေ့ စက်တင်ဘာ(၁)ရက်နေ့ မှစပြီး မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသောမြန်မာနိုင်ငံသားများအနက် အောက်ပါအခြေအနေနှင့်ကိုက်ညီပြည့်စုံသော နိုင်ငံသားများသည် ထိုင်ဝမ်ပြည်ထဲရေးဝန်ကြီးဌါနလက်အောက်ခံ လ၀ကဌါန (National Immigration Agency)ရဲ့ သတ်မှတ်ထားသော ၀ဘ်ဆိုက်တွင် eVisa ပုံစံကဲ့သို့ တရားဝင်လျှောက်ထားနိုင်ပြီလို့ ထိုင်ဝမ်အစိုးရမှ တရားဝင်ထုတ်ပြန်ပါတယ်။ နိုင်ငံတကာအကြမ်းဖက်အဖွဲ့ အစည်း၊အမည်ပျက်စာရင်း၊စီးပွါးရေးရာဇ၀တ်မှု စသည့်အချက်များနျှင့်တိုက်ဆိုင်စစ်ဆေးပြီးနောက် ကင်းရှင်းသူများသည် ရက်ပေါင်း(၃၀)အထိနေထိုင်နိုင်ပြီး သက်တမ်းမပြည့်မှီ စုစုပေါင်း(၃)လအထိသက်တမ်းတိုးသွားနိုင်သော ထိုင်ဝမ်ပြည်ဝင်လက်မှတ် (Travel Authorization Certificate)ကို ထုတ်ပေးသွားမည်ဟုဆိုပါတယ်။ စည်းမျဉ်းသစ်ဖြင့်အကျုံးဝင်သော အချက်အလက်များကတော့ -
၁။အမေရိကန်、ကနေဒါ、ဂျပန်、သြစတြေးလျ、နယူးဇီလန်、ဗြိတိန်、ဥရောပ Schengen (EU) အဖွဲ့ ဝင်နိုင်ငံ、တောင်ကိုရီးယား နိုင်ငံတို့ ၏ Green Card/PR ရာသက်ပန်နေထိုင်ခွင့်ကဒ် ရရှိထားသော မြန်မာနိုင်ငံသားများ
၂။ အထက်ပါနိုင်ငံများရဲ့  ရာသက်ပန်မဟုတ်သော်လည်း သက်တမ်းရှိနေထိုင်ခွင့်ကဒ်၊ လွန်ခဲ့သော(၁၀)နှစ်အတွင်းအဆိုပါနိုင်ငံများရဲ့ ပြည်ဝင်ဗီဇာရရှိထားခဲ့သောမြန်မာနိုင်ငံသားများ ဖြစ်ပါတယ်။
တဆက်တည်းမှာပင် အုပ်စုလိုက်ပြည်ပခရီးသွားလာမည့်မြန်မာနိုင်ငံသားများအတွက်လည်း ဦးဆောင်စီစဉ်သည့်ခရီးသွားအေဂျင်စီမှ သတ်မှတ်အရည်အချင်းများကိုက်ညီခဲ့ပါက ထိုင်ဝမ်လ၀က (National Immigration Agency)ရဲ့ အထူးဝဘ်ဆိုက်တွင် One Stop Service ပုံစံကဲ့သို့ Online Group eVisa လျှောက်ထားခွင့်ပြု လိုက်ပြီလို့ သိရပါတယ်။ Dr.Myo Tun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။