Si Hein
ငါးသလောက်ပေါင်းနည်း
ငါးသလောက်
စပါးလင် ၄ပင်
ရှာလကာရည် စတီးဇွန်း ၃ ဇွန်း
သကြားလက်ဖက်စားဇွန်း တဝက်
ရှောက်သီး တစ်စိပ်
ဟင်းခတ်မှုန့်အနည်းငယ်
ဆားအနည်းငယ်
ငံပြာရည်အနည်းငယ်
ကြက်သွန်နီ ၁၀လုံး
ခရမ်းချဉ်သီး ၄ လုံး
ကြက်သွန်ဖြူ ဥကြီး ၄မွှာ
ငါးသလောက်ပေါင်းလုပ်နည်း
ငါးများကိုရေစင်စွာဆေး၍ ဆား
ဟင်းခတ်မှုန့် ဆနွန်းမှုန့်တို့ဖြင်နှယ်ပါ
စပါးလင် ၃ပင်ကိုရေစင်စင်ဆေး၍
၃ ပိုင်းပိုင်းပါ စပါးလင်ဥများကို အနည်းငယ်ထုပါ
pressure cooker ထဲသို့ စပါးလင်အပိုင်းများကိုထည့်ပြီး
ဖြန့်ခင်းထားပါ
ပြီးလျှင် ငါးများကိုစီစီရီရီထည့်ပါ
ရှာလကာရည်သုံးဇွန်းထည့်ပါ
ရှောက်သီးအနည်းငယ် ညှစ်ထည့်ပါ
ငံပြာရည် အနည်းငယ် ဟင်းခတ်မှုန့်
အနည်းငယ်ထည့်ပါ
သကြားအနည်းငယ်ထည့်ပါ
ငါးမြှပ်သည်ထိရေကိုထည့်ပါ
ပြီးလျှင် အိုးကိုလုံအောင်ဖုံး၍
၄၅မိနစ်ခန့်တည်ပါ
ကြက်သွန်နီ ၃လုံး ဖြူ ၄ မွှာ ငရုတ်သီးမှုန့်
စပါးလင် ၁ ဥကိုပါးပါးလှီးထည့်၍ ညက်
အောင်ထောင်းထားပါ
ခရမ်းချဉ်သီး များကိုလှီးထားပါ
ကြက်သွန်နီ ၇ လုံးကိုအခွံခွာထားပါ
ငါးပေါင်းအိုး ၄၅မိနစ်ပြည့်သွားသောအခါ
ထောင်းထားသော ကြက်သွန်ဖြူ နီ
တို့ကိုဆီသတ်၍ ခရမ်းချဉ်သီးများကို
ထည့်ပါ ခရမ်းချဉ်သီးကြေပါက
ငါးနှင့်ကြက်သွန်ဥများကိုထည့်၍
ရေအနည်းငယ်ထည့်ပါ
ဆီပြန်လာသောအခါ အပေါ့အငံမြည်း၍
မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ
Credit....Yinyin shwe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။