လက်ရွေးစင် စွန့်ဦးတီထွင်သူများ
************************** ********
လက်လီရောင်းဝယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေကြေး၊ အစားအသောက်နှင့်ဖြေဖျော်ရေး လုပ်ငန်းများ
ရေးသူ-ဇော်ဝင်းကြူ (ပျဉ်းမနား)
'ထိုးထွင်းဥာဏ်'ဆိုတဲ့မီးပွားကလေးတစ်ခုကလှုံ့ဆော်မှုဆိုတဲ့ယမ်းအိုးကြီးပေါ်ကိုကျသွား တဲ့အခါပေါက်ကွဲထွက်လာတဲ့သက် ရောက်မှုတွေထဲကဘယ်လုပ်ငန်းမှ မလွတ်နိုင်ပါဘူး။ ဒီနေ့လုပ်ငန်းတည်ထောင်သူတွေ ဟာ မနက်ဖြန်အဲဒီလုပ်ငန်း မျိုးတွေရဲ့ခေါင်းဆောင်တွေအ ဖြစ်ကိုရောက်သွားဖို့ အလားအလာတွေရှိနေပါ တယ်။ ဒါကြောင့် လုပ်ငန်းတွေအပေါ်မှာ ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ သက်ရောက်ထိခိုက်မှုတွေဖြစ်အောင်လုပ်နေတဲ့ လုပ်ငန်းဖြိုလှဲသူ ၁၅ ဦးကို အခုတင်ပြလိုက်ပါတယ်။ ဒါကြောင့် လုပ်ငန်းလုပ်ကိုင်နေသူတွေအေ နနဲ့ 'သတိနဲ့နေကြပါ' လို့ အကြံပြုလိုက်ပါရစေ။
S.B.Projects ကုမ္ပဏီကိုတည်ထောင်သူ Scooter Braun
သူ့ရဲ့အယ်လ်ဘမ်အသစ်ဖြစ်တဲ့ Purpose ကို Justin Bieber မထုတ်ခင် သီတင်းပတ် တော်တော်များများအလိုမှာ အပတ်စဉ်လူကြိုက်အများဆုံးသီ ချင်း စာရင်းနံပါတ် ၁ အတွက် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြ စ်လာတော့မယ်ဆိုတာ ကို အထောက်အထား တချို့ကဖော်ပြနေပါတယ်။၂၀၀၈ ခုနှစ်က YouTube ပေါ်မှာ ဒီပေါ့ပ်ကြယ်ပွင့်ကိုရှာတွေ့ ခဲ့ကတည်းက Bieber ရဲ့ မန်နေဂျာဖြစ်တဲ့ Scooter Braun ဟာ သူ့ကြယ်ပွင့်ရဲ့တစ်ကျော့ပြန်ခေတ်စား မှုကြီးပျက်ပြားသွားမယ့်ကိစ္စ ကို အဖြစ်မခံနိုင်ခဲ့ပါဘူး။သူဟာ လော့စ်အိန်ဂျယ် လိစ်မှာ အရေးပေါ်အစည်းအဝေးတစ်ခုကိုခေါ်ပြီး အဲဒီအစည်းအဝေးမှာတေး ဂီတဖြေဖျော်ပွဲတစ် ၀က်၊ထုတ်ဖော်ကြော်ငြာမှု တစ်ဝက်ပါတဲ့ 'အားပေးသူ ပရိသတ်နဲ့တွေ့ဆုံပွဲ'တွေကို တစ်သီတစ်တန်းကြီးလုပ်ဖို့နဲ့  အဲဒီပွဲတွေအတွက် လက်မှတ်တွေကိုသီချင်းဓာတ်ပြားရောင်းတဲ့အခါ
ထည့်ပေးဖို့ သူကအကြံပေး ခဲ့ပါတယ်။ Braun ဟာ နာမည်ကျော် Staple Center
အားကစားရုံကြီးကို အမြန်ဘွတ်ကင်လုပ်ခဲ့သလို ကျင်းပမယ့်ပွဲကို
လူမှုကွန်ရက်ကတစ်ဆင့် Bieber ကကြေညာခဲ့တဲ့အတွက် ပထမပတ် အတွင်း Purpose
ရဲ့ရောင်းအားဟာ တစ်နှစ်ကျော်အတွင်း သီချင်းဓာတ်ပြားတွေရဲ့ပထမပတ်အတွင်းရောင်း အားတွေအားလုံးထဲမှာ အကောင်းဆုံးဖြစ်သွားခဲ့ပါတယ်။
အဲဒါဟာ အသက် ၃၄ နှစ်ပဲရှိ သေးတဲ့၊ ကောလိပ်က တစ်ဝက်တစ်ပျက်နဲ့
ကျောင်းထွက်လာသူ Braun ရဲ့ပြောင်မြောက်တဲ့ နောက်ဆုံးလုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်၊ သူဟာအနုပညာရှင်တွေနဲ့ သူတို့ရဲ့မန်နေဂျာတွေကိုဓာတ်ပြားစာတမ်းတွေ ထဲမှာ တန်းတူထားဖော်ပြပေးပြီး တေးဂီတလုပ်ငန်းကိုပြောင်းပြ န်လှန်ပစ်ခဲ့ပါ တယ်။ Braunရဲ့ S.B. Project ကုမ္ပဏီမှာရှိတဲ့အနုပညာရှင်စာရင်းကို လူ ကြိုက်အများဆုံးတစ်ရာစာရင်း တစ်ခုလိုဖော်ပြထားပါတယ်။
သူ့ရဲ့ကုမ္ပဏီကို CBSအစီအစဉ်၊ Scorpion နဲ့ Bieber တေးဂီတ
ဖြေဖျော်ပွဲရုပ်ရှင်တွေလို ရုပ်မြင်သံကြားနဲ့ရုပ်ရှင်စီမံကိန်းတွေဖြစ်အောင်လည်းချဲ့ထွင်ထားပါတယ်။
ဒါပေမဲ့ အားကစားတော့မပါပါဘူး။ အားကစားပရိသတ်က Braun အတွက်
ကြီးမားလွန်းနေပါတယ်။ "ကျွန်တော့်အနေနဲ့ အဲဒီအားက စားနဲ့ဘာမှမပတ်
သက်သေးပါဘူး"လို့ သူကပြောပြီး သူတို့အတွက်ကိုယ်စားပြုပေးဖို့သူ့ကို အားကစားသမားတွေက ချဉ်းကပ်ခဲ့တယ်လို့လည်းထည့် ပြောခဲ့ပါတယ်။ ပြီးတော့ Ithaca ဆိုတဲ့ ဒေါ်လာသန်း ၁၂၀ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုရန်ပုံေ ငွ အဖွဲ့အစည်း ရှိပါသေးတယ်။ S.B. Project ဟာ Ithaca ကတစ်ဆင့် Spotify နဲ့ Uber လိုနည်းပညာကုမ္ပဏီအသစ်တွေကို ငွေကြေးထောက်ပေးနေပါတယ်။
အဲဒီအဖွဲ့အစည်းဟာ စွန့်စားရင်းနှီးမြှုပ်နှံမှုမတည်ငွေလုပ်ငန်းလောက်သာမက ဘူးဆိုတာကို Fortune ကသိရှိထားပါတယ်။ S.B. Project နဲ့နိုင်ငံရဲ့ အကြီး ဆုံးတေးဂီတစီမံခန့်ခွဲမှုကုမ္ပဏီကြီးခုနှစ်ခုထဲမှာ အရင်ကထုတ်ပြန်ကြေညာ မထားတဲ့ပိုင်ဆိုင်မှုအကျိုးစီးပွားတွေအတွက်ဦးပိုင်ကုမ္ပ ဏီတစ်ခုလိုလည်း Ithaca ကဆောင်ရွက်ပေးနေပါတယ်။ဒီအဖွဲ့ရဲ့ဖွဲ့စည်းပုံအရBraunရဲ့ လွှမ်းမိုးမှု (နဲ့ဝင်ငွေတွေ)ဟာအရင်တုန်းက သိထားခဲ့တာထက်အများကြီးပြို ပီးခိုင်မာတောင့်တင်းနေပါတယ်။သူ့ကိုအခုလိုလုပ်ငန်းတွေပျားပန်းခတ်အောင်လုပ်နေဖို့ သူ့ရဲ့ အဖိုး Irving Slavinကလှုံ့ဆော်ပေးခဲ့တာဖြစ်တယ်လို့Braunကပြောပါတယ်။ သူ့အဘိုးဟာသူ့အိတ်ကပ်ထဲကဒေါ် လာကလေးနည်းနည်းနဲ့အိမ်ခြံြေ မလုပ်ငန်းကိုစပြီးလုပ်ဖို့C atskillsဒေသကိုပြည်ပကပြောင်းရွှေ့ဝင်ရောက်လာခဲ့တဲ့ရုရှလူမျိုးတစ်ယောက်ဖြစ်ပါတယ်။"သူဟာအလုပ်ကြိုးစားပြီးသူ့ရဲ့ အိပ်မက်တွေကိုလက်တွေ့အကောင် အထည်ဖော်သွားခဲ့ပါတယ်" လို့ Braun ကပြောပါတယ်။
တစ်သီတစ်တန်းကြီးလုပ်နေတဲ့ေ တးဂီတလုပ်ငန်းတွေဟာဓာတ်ပြား သွင်းတဲ့ လုပ်ငန်းကြီးကိုဖျက်ဆီးနေတာ ပဲဆိုပြီး အပြစ်တင်ခံနေရပါတယ်။ ဒါဆိုရင် Spotify ကုမ္ပဏီထဲမှာခင်ဗျားဘာဖြစ်လို့ ရင်းနှီး မြှုပ်နှံခဲ့တာလဲ။
နည်းပညာကိုဆန့်ကျင်ပြီးတိုက်ရင် ခင်ဗျားတို့ပဲရှုံးသွား လိမ့်မယ်။ ခင်ဗျားတို့က အဲဒီနည်းပညာနဲ့လိုက်လျောညီေ ထွဖြစ်အောင် လိုက်ပြီးပြောင်းမှရမှာ။ အမေ ရိကန်နိုင်ငံတွင်းစွန့်စားမ တည်ရင်းနှီးငွေအားလုံး
ရဲ့ ၄၀ ရာခိုင်နှုန်းကို သူတို့ ဆီမှာလုပ်နေတယ်လို့ စီလီကွန်တောင်
ကြားကဆိုလိုက်ပါတယ်။ စွန့်ဦး တီထွင်သူအသစ်တွေရဲ့ ၃၃ ရာခိုင်နှုန်းဟာ
တက္ကသိုလ်ကဆင်းလာတဲ့ ဘွဲ့ ရတွေဖြစ်ပါတယ်။
Code 2040 ကုမ္ပဏီ၏ CEO Laura Weidman Powers နှင့် ဥက္ကဋ္ဌ Tristan Walker
Code 2040 ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ကြတဲ့ Tristan Walker နဲ့ Laura Weidman Powersတို့နှစ်ယောက် ဟာ နောက်ခံသမိုင်းချင်းသိပ်မကွာကြတဲ့
နယူးယောက် ဇာတိတွေ ဖြစ်ကြပါတယ်။ Powers ဟာ Manhattan စီရင်စုက လူလတ်
တန်းစားထဲကလာခဲ့ပြီး Walker ကတော့ Queens စီရင်စုဇာတိဖြစ် ပါတယ်။ Walker
ရဲ့အဖေဟာ သူသုံးနှစ်သားအရွယ်မှာ လူသတ်လို့သေခဲ့ပါ တယ်။ သူတို့နှစ်ယောက်ဟာ
Code 2040 ရဲ့ အရိပ်အောက်မှာ ပေါင်းစည်း ခဲ့ကြပါတယ်။ Code 2040 ဟာ
စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတစ် ခုဖြစ်ပြီး လူမည်းနဲ့လက်တင်အမေရိကကျောင်းသားတွေကို (မကြာသေးခင်က ဖက်စပ် လုပ်ကိုင်ခဲ့တဲ့ Apple နဲ့ Google) နည်းပညာကုမ္ပဏီကြီးတွေထဲမှာအ လုပ်တွေ သွင်းပေးနေပါတယ်။ ဒီပူးတွဲတည်ထောင်သူနှစ်ယောက်ဟာနည်းပညာလုပ်ငန်း ထဲမှာ စစ်မှန်တဲ့မျိုးစုံမျိုးကွဲ ပါဝင်မှုကိုရှာဖွေနေပါတယ်။
''အခုအလုပ်သွင်းပေး ထားတဲ့လူတွေဟာ စီလီကွန်တောင်ကြားမှာ
လူတွေနောက်ထပ်ပါဝင်လုပ် ကိုင်ကြဖို့ လှုံ့ဆော်ပေးမယ့်လူတွေပါပဲ" လို့ အသက်
၃၁ နှစ်ပဲ ရှိသေးတဲ့ Walker ကပြောပါတယ်။
လူတွေရဲ့မျိုးနွယ်နဲ့ပတ်သက် ပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ေ ပြာကြမယ်ဆိုရင် Code 2040 ကို လူကြီးမင်းဘယ်လိုမြင်ပါသလဲ။
Weidman Powers : "အသားအရောင်ကိုမမြင်တဲ့အတွေးအခေါ်နဲ့ ကျွန်တော် တို့မျိုးဆက်ကြီးပြင်းခဲ့တယ်။ ခင်ဗျားဟာ အသားအရောင်ကိုမမြင်တတ်တဲ့လူ ဆိုရင် အခုလိုကျွန်တော့်ကိုလာပြီးေ တွ့မှာမဟုတ်ပါဘူး"။အမေရိကန် နိုင်ငံထဲ က စွန့်ဦးတီထွင်သူအသစ်တွေအား လုံးရဲ့၂၈.၅ရာခိုင်နှုန်းဟြာ ပည်ပ ကရွှေ့ပြောင်း ၀င်ရောက်လာ တဲ့စွန့်ဦးတီထွင်သူတွေဖြစ် ကြပါတယ်။လွန်ခဲ့တဲ့ ငါးနှစ်အတွင်းစပြီးလုပ်ဆောင်ခဲ့တဲ့လုပ်ငန်း အသစ်တွေထဲမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၃၆၂ ဘီလီယံရှိပါတယ်။တစ်ကိုယ်တော်လုပ်ငန်း တည်ထောင်သူတွေရဲ့မတည်ရင်းနှီးမှုတန်ဖိုးဟာတည်ထောင်သူတစ် ယောက်ထက်ပိုပြီးပါတဲ့ အဖွဲ့နဲ့တည်ထောင်တဲ့မတည်ရင်းနှီးမှုတန်ဖိုးထက် ၂၅ ရာခိုင်နှုန်းပိုပြီးနည်းပါတ ယ်။
Dailysave ကိုတီထွင်သူ Anya Pogharian
Anya Pogharianရဲ့ Dialysis (ကျောက်ကပ်ဆေးစက်) ဟာ Bill Clinton နဲ့ Cleveland ဆေးရုံကြီးတွေရဲ့အာရုံ စိုက်မှုကိုရအောင်ဖမ်းစားခဲ့ ပါတယ်။ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ Pogharianဟာ သမားရိုးကျ Dialysis စက် တစ်လုံးရဲ့တန်ဖိုးဟာ ဒေါ်လာသုံးသောင်းရှိတယ်ဆိုတာ ကိုသိရတဲ့အချိန်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတ ယ်။ ဒါဟာလူ့အသက်တစ်ချောင်းကိုကယ်ဖို့ကိစ္စ အတွက် တန်ဖိုးကြီးလွန်းနေတယ်လို့ သူကယူဆခဲ့ပါတယ်။ Pogharian ရဲ့ ကိရိယာပုံစံကတော့ ပုံမှန်ကြာနေတဲ့လေးနာရီထက်အ များကြီးမြန်သွားပြီး ၂၅ မိနစ်အတွင်းမှာ သွေး လေးလီတာ ကိုသန့်စင်ပေးနိုင်စွမ်းရှိ ပါတယ်။အခုဆိုရင် သူဟာ သူ့ရဲ့ကောလိပ်ပထမနှစ်ကကျောင်းစာတွေကိုလုပ်ရင်းနဲ့ တတိယ ပစ္စည်းပုံစံတစ်ခုကိုထပ်ပြီး လုပ်နေပြီဖြစ်သလို သူ့ရဲ့တီထွင်မှုအတွက်လုပ်ငန်း မူဘောင်တစ်ခုကိုလည်းလုပ်နေပါပြီ။
အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ခင်ဗျားရဲ့ Dailysis စက်အတွက် နောက် ထပ် ဘာအဆင့်တွေရှိသေးလဲ။
အဲဒီပစ္စည်းရဲ့နည်းပညာကိုအာရုံစိုက်နေသလိုအဲဒီပစ္စည်းကို ပြီးပြည့်စုံသွားတဲ့အဆင့်အထိရောက်သွား အောင်ကျွန်မအာရုံစိုက်နေပါတ ယ်။ဒါပေမဲ့ကျွန်မအနေနဲ့သိပ္ပံပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းအစုစပ်ဝင်တွေပါတဲ့အဖွဲ့တစ်ဖွဲ့ကို တည်ဆောက်ဖို့လည်းလိုအပ်ပါတယ်။
အခုအချိန်မှာတော့ အားလုံးကို ကျွန်မ တစ်ယောက်တည်းနဲ့ စီမံခန့်ခွဲနေပါတယ်။
အဲဒါတွေအားလုံးကို ကျွန်မ တစ်ယောက်တည်းနဲ့ ဟန်ချက်ညီအောင်လုပ်ဖို့ဆိုတာဟာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်ရတာကိုမှ ကျွန်မကအရမ်းကြိုက်နေ ပါတယ်။
Slack ကုမ္ပဏီ၏ CEO Stewart Butterfield
Unicorn (ဒဏ္ဍာရီထဲက ချိုတစ်ချောင်းနဲ့မြင်း) လို့ခေါ်တဲ့ အလုပ်စလုပ်လုပ် ချင်းအောင်မြင်တဲ့ကုမ္ပဏီတွေ တော်တော်များများဟာ ၂၀၁၅ ခုနှစ်မှာ သူတို့ ရဲ့မြန်မြန်ဆန်ဆန်လုပ်ဆောင် မှုတွေကြောင့် အဆင်မပြေမှုတွေဖြစ်ခဲ့ကြပေမဲ့  Slackကတော့အရှိန်မပျက်ခဲ့ပါ ဘူး။ စီးပွားရေးလုပ်ငန်းဆက်သွယ်ေ ရးဆော့ဖ်
ဝဲ တွေကိုဖန်တီးပေးတဲ့ ဒီကုမ္ပဏီရဲ့တန်ဖိုးဟာ မနှစ် ကဒေါ်လာ ၂.၈ ဘီလီယံ
အထိတက်လာခဲ့သလို ၀န်ထမ်းဦးရေကို ၃၅၀ အထိတိုးခဲ့ပြီးသူ့ဆီကိုငွေေ ပးနေ တဲ့သုံးစွဲသူတွေရဲ့အရေအတွက် ဟာလည်း ၄၇၀,၀၀၀ အထိတိုးလာခဲ့ပါတယ်။ သူ့ရဲ့ပလက်ဖောင်းအတွက်ဆော့ဖ်ဝဲတွေတည်ဆောက်နေတဲ့
ကုမ္ပဏီတွေ ကိုထောက်ပံ့ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဒေါ်လာသန်း
၈၀ ကိုတောင် ကုမ္ပဏီကမတည်ပေးထားပါတယ်။ ပရိုဂရမ်ထုတ်သူတွေကတင်ပြလာတဲ့
App တွေကများလွန်းနေတဲ့အတွက် Slack ရဲ့ဝေဖန်သုံးသပ်မှုလုပ်ငန်း
စဉ်တောင်ပျက်သွားခဲ့ပါတယ်။ "သူတို့ဆီက တက်လာတာတွေဟာ တကယ်
ကိုအားတက်စရာကောင်းပါတယ်" လို့ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Butterfield
ကပြောပါတယ်။
အကောင်းဆုံးအကြံပြုချက်အနေနဲ့ မလုပ်ပါနဲ့လို့တားမြစ်ချင် တာဘာများရှိပါ သလဲ။
ဖြုတ်ပစ်သင့်တဲ့လူတွေကိုကုမ္ပဏီမှာသိပ်အကြာကြီးနေခွင့်မ ပေးပါနဲ့။ အဲဒါဟာ သူတို့အတွက်ကြီးကျယ်တဲ့ပြဿနာမဟုတ်ပေမဲ့ သူတို့နဲ့အတူအလုပ်လုပ်နေတဲ့ လူတွေကိုတော့ တကယ့်ကို ပျက်စီးစေမှာဖြစ်ပါတယ်။ လူတစ်ယောက်အတွက် ထားစရာတခြားနေရာကဏ္ဍတစ်ခုကိုရှာလို့မတွေ့တော့ပေမဲ့ သင်က သဘောကောင်း တဲ့အတွက်ညှာတာမှုမရှိဘူး၊ရက် စက်တယ်ဆိုတာမျိုး မဖြစ်အောင် သူတို့ကိုအနားမှာဆက်ပြီးထား မယ်ဆိုရင် အဲဒါဟာနောက်ဆုံးမှာ ဘယ်သူ့အတွက်မှ ပိုပြီးကောင်းလာမှာမဟုတ်ပါဘူး။
Revolve ကုမ္ပဏီ၏ပူးတွဲ CEO များဖြစ်ကြသည့် Michael Menteနှင့် Mike Karanikdlas
အွန်လိုင်းက အ၀တ်အထည်လက်လီရောင်းချတဲ့ Revolve ကုမ္ပဏီဟာ စတင် တည်ထောင်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ဖြည်းဖြည်းမှန်မှန်နဲ့ အကျိုး အမြတ်ကောင်းကောင်းရပြီး ကြီးထွားလာခဲ့ပါတယ်။ လော့စ်အိန်ဂျလစ်မြို့မှာ ရှိတဲ့ ဒီကုမ္ပဏီဟာ မနှစ်တုန်းကအနုပညာရှင်တွေဝတ်တဲ့
၁၉၇၀ ပြည့်လွန်နှစ် စတိုင်နဲ့ ထူးခြားတဲ့ဝတ်စုံတွေ၊ အတိုအပြတ်အင်္ကျီတွေ၊
ခုံမြင့်ဖိနပ်တွေ ကို ဒေါ်လာသန်း ၄၄၀ ဖိုးအထိရောင်းခဲ့ပါတယ်။ Revolve ကို
ပူးတွဲ တည်ထောင်သူတွေဖြစ်ကြပြီး သူတို့ရဲ့ဝန်ထမ်းပေါင်းလေးရာက Mike တွေ လို့သိထားကြတဲ့ အသက် ၃၅ နှစ်အရွယ် Michael Mente နဲ့ အသက် ၃၇ နှစ် အရွယ် Mike Karanikdlas တို့ဟာနည်းပညာနဲ့အမွှမ်းတင်ေ ကြာ်ငြာတဲ့ လမ်းေ ကြာင်းနောက်ကိုမလိုက်ခဲ့သလိုစွန့်စားမတည်ရင်းနှီးငွေနဲ့ ကြီးထွားလာမယ့် နည်းလမ်းနောက်ကိုလည်းမလိုက် ခဲ့ပါဘူး။
အဲဒီလို မလိုက်ခဲ့တဲ့သူတို့ရဲ့မဟာ ဗျူဟာက အလုပ်ဖြစ်ခဲ့ပါတယ်။ Nasty Galနဲ့
Gilt Groupeတို့လို တက်ကြွပြီး ရန်ပုံငွေတောင့်တင်းတဲ့ပြို င်ဘက်ကုမ္ပဏီတွေဟာဝန်ထမ်းတွေ မလျှော့ချဘဲတောင့်ခံပြီးသူတို့ရဲ့တန်ဖိုးတွေတစ်စိတ်တစ် ပိုင်းတက်နေဖို့အတွက်အပေးအယူတွေ ကိုလုပ်ခဲ့ကြတဲ့အချိန်မှာ Revolve ကတော့ မျှော်လင့်ထားတာထက် ပိုပြီးအောင်မြင်ခဲ့ပါတယ်။ဒီကုမ္ပဏီဟာသူ့ရဲ့ ၂၀၁၅ခုနှစ်ဝင်ငွေလျာထားချက် ကို ၁၀ ရာခိုင်နှုန်းတိုးမြှင့်ခြဲ့ ပီး နောက်နှစ်မှာလည်း ၄၀ ရာခိုင်နှုန်း က ၅၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးဖို့မျှော်လင့် ထားပါတယ်။ "ရေ ရှည်လုပ်ငန်းကြီးတစ်ခု တည်ဆောက်ဖို့ကျွန်တော်တိြု့ ကိုးစားနေပါတယ်။ အဲဒါဟာ ကျွန်တော်တို့အမြဲ တမ်းပိုင်ဆိုင်သွားချင်တဲ့လုပ်ငန်းတစ်ခုပါပဲ"
လို့ Mente ကပြောပါတယ်။ Revolve ကို ဒေါ်လာဘီလီယံနဲ့ချီပြီး တန်တဲ့
ကုမ္ပဏီတစ်ခုဖြစ်လာဖို့ Mike က မျှော်လင့်နေပါတယ်။ သူကအရောင်းတန်ဖိုးကို
ဒေါ်လာတစ်ဘီလီယံ အထိ ဖြစ်လာစေချင်တာပါ။
မကြာသေးခင်တုန်းကအွန်လိုင်း ရောင်းဝယ်ရေးလုပ်ငန်းအတွက် ခက်ခဲကြမ်း တမ်းမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီခက်ခဲမှုတွေဟာ လူကြီးမင်းအတွက် ဘယ်လို အဓိပ္ပာယ်ရှိခဲ့ပါသလဲ။
Mente: လုပ်ငန်းစလုပ်တဲ့ ဒီလိုကုမ္ပဏီတချို့ဟာ ဘယ် နေရာကပေါ်လာ မှန်းမသိဘဲပေါ်ထွက်လာပြီး ကြော်ငြာတွေကိုလည်း အလွန်အမင်းလုပ်ကြတဲ့ အခါ ကျွန်တော်တို့ကသူတို့ကို စောင့်ကြည့်ပြီး အဲဒီနေရာတွေမှာတစ်ခုခုများ ရှိနေလားလို့စဉ်းစားပါတယ်။ကျွန်တော်တို့မသိလိုက်တာတစ်ခုခုများရှိနေသလားလို့
ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အာရုံစိုက်ပြီးနေဖို့က အရေးကြီးပါတယ်။ လုပ်ငန်းကို
အစကစလုပ်ပြီး၊ အဲဒီမှာရှိတဲ့အခွင့်ကောင်းေ တွကိုယူပြီးသင့်တော်တဲ့ အရှိန် အဟုန်နဲ့ အရောင်းတန်ဖိုးဒေါ်လာတစ်ဘီလီ ယံကိုရအောင်လုပ်ဖို့ဆိုတဲ့ ရှေးရိုး စဉ်လာနည်းလမ်းဟာခိုင်လုံတယ် ဆိုတာကို အဲဒီအချက်ကပြနေပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းပေါင်း ၉.၄ သန်းကို အမျိုးသမီးတွေက ပိုင်ဆိုင်ထားပါတယ်။
လူသတ်သမားတစ်ယောက်ကိုဖန်တီး ခြင်းဇာတ်လမ်းတွဲ၏ ဒါရိုက်တာများဖြစ် ကြသော Laura Ricciardi နှင့် Moira Demos
ရုပ်ရှင်ထုတ်လုပ်သူတွေဖြစ်ြ ကတဲ့ Laura Ricciardiနှင့် ဒါရိုက်တာ Moira Demos တို့က ဒီဇင်ဘာလမှာ အလွန်အမင်းလူကြိုက်များတဲ့ လူသတ်သမား တစ်ယောက်ကိုဖန်တီးခြင်းဆိုတဲ့သူတို့ရဲ့တီဗီဇာတ်လမ်းတွဲ ကို Netflix ကုမ္ပဏီ ကလွှင့်ထုတ်လိုက်တဲ့အခါ လူတွေအသည်းခိုက်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက် ဟာ Wesconsin ပြည်နယ်မှာ မှားယွင်းပြီးထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံခဲ့ရတဲ့ Steven Avery ဆိုတဲ့လူတစ်ယောက်ရဲ့နောက်ကိုလိုက် ရင်း ဆယ်စုနှစ်တစ်ခုကုန်လွန်သွား ခဲ့ပါတယ်။ သူတို့ဟာ အဲဒီမှတ်တမ်းရုပ်ရှင် ကို HBO ကုမ္ပဏီကိုရောင်းဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ အဲဒီဇာတ်ကားနဲ့ ပတ်သက်တဲ့လုပ်ပိုင်ခွင့်တွေ ကို Netflix ကိုရောင်းခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရာနဲ့ထောင်နဲ့ချီတဲ့လူတွေဟာ Avery လွှတ်ပေးရေးအသနားခံစာမှာ လက် မှတ်ရေးထိုးခဲ့ကြပါတယ်။
Wisconsin ပြည်နယ် Manitowoc စီရင်စုမှာရုပ်ရှင်ရိုက်နေတုန်းက လူကြီးမင်း ထမင်းစားဖို့သွားတဲ့နေရာဟာ ဘယ်နေရာပါလဲ။
ကျွန်မတို့နှစ်ယောက်စလုံးက ကုန်းသတ္တ၀ါမစားတဲ့အတွက် ကျွန်မတို့ အတွက်တော့ အဲဒါဟာ တော်တော်ခက်ခဲခဲ့ပါတယ်။ ၈ လမ်းမှာ အစစ် အမှန်ရောင်းတဲ့ထိုင်းစားသော က်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲဒီမှာ အစပ်ပေါ့ပေါ့တော့မှာရတယ်။ စပ်ရင် တခြားဘာမှလုပ်လို့မရတော့ဘူး ။
Hometeam ကုမ္ပဏီ၏ CEO Josh Bruno
အသက် ၂၉ နှစ်ပဲရှိသေးတဲ့ Josh Brunoဟာ Bain Capital Ventures ကုမ္ပဏီအလုပ်ကထွက်လိုက်သလို ဟားဗတ်တက္ကသိုလ်စီးပွားရေးကျောင်း ရဲ့ကမ်းလှမ်းချက်ကိုလည်း ပယ်ချခဲ့ပြီး Hometeam ကုမ္ပဏီကိုတည်ထောင်ခဲ့ပါ တယ်။ စွန့်စားမတည်ရင်းနှီးငွေဒေါ် လာ ၃၈.၅ သန်းရှိတဲ့နယူးယောက်မြို့ကြီး က သူ့ရဲ့အဲဒီနှစ်နှစ်သားကုမ္ပဏီကလေးဟာအိမ်တွင်းသက်ကြီးရွယ် အိုစောင့်ရှောက်မှုပေးမယ့်နည်းသစ်ကို ပြန်ပြီးစဉ်းစားဖို့ရည်ရွယ် နေပါ တယ်။ ခေတ်ပေါ်လွတ်လပ်တဲ့ ကန်ထရိုက်လုပ်ငန်းပုံစံကို Bruno ကပယ်ချခဲ့ပြီး ကျန်းမာရေးအကျိုးခံစားခွင့် တွေ၊ အလုပ်အကိုင်တိုးတက်မှုလမ်ြးေ ကာင်းတွေ ပါတဲ့ W-2 (နာရီစား) အလုပ် သမားတွေအဖြစ်နဲ့ စောင့်ရှောက်မှုပေးသူတွေကို ခန့်ပြီးတာဝန်ပေးနေပါတယ်။ စပြီးလုပ်ကိုင်တဲ့အချိန်မှာ လခတွေကို ဒီလုပ်ငန်း ရဲ့တစ်နာရီလုပ်ခစံနှုန်းထက် ၃၀ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းအထိပိုပေး ခဲ့ပြီးစောင့်ရှောက်မှုပေးသူ တွေနဲ့ အသက်ကြီးသူတွေနဲ့လိုက်ဖက် ညီအောင် ဆော့ဖ်ဝဲကိုအသုံးပြုထားပါတယ်။
Hometeam ဟာ ဒေါ်လာဘီလီယံနဲ့ချီအောင်တန်ဖိုးရှိတဲ့ကုမ္ပဏီတစ်ခုဖြစ် လာနိုင်မလား။
မနက်ဖြန်မှာဒေါ်လာတစ်ဘီလီယံဖိုးရောင်းဖို့ ကျွန်တော်တို့ကိုလာပြီးကမ်း လှမ်း ရင် ကျွန်တော်တို့အဲဒီဟာကိုလုံး ၀လက်ခံ ဦးမှာမဟုတ်ပါဘူး။ ကျွန်တော့်ကို တွန်းအားပေးနေတာက အဲဒီငွေမဟုတ်ပါဘူး။ လုပ်စရာရှိတာတွေ ကျွန်တော် တို့လုပ်လို့မပြီးသေးပါဘူး။ စွန့်စားမတည်ရင်းနှီးငွေကို ရှာဖွေနေတဲ့စတင် လုပ်ဆောင် စလုပ်ငန်းငါးခုထဲကတစ်ခုမှာအ မျိုးသမီးပူးတွဲတည်ထောင်သူ တစ်ယောက်ပါပါတယ်။ ပထမဆုံးအကြိမ်စလုပ်တဲ့စွန့် ဦးတီထွင်သူတွေရဲ့ ၄၁ ရာခိုင်နှုန်းဟာမျက်နှာဖြူမဟုတ်သူတွေဖြစ်ကြပါတယ်။
Sweetgreen ကုမ္ပဏီ၏ပူးတွဲ CEO များဖြစ်ကြသော Nicolas Jammet ၊ Jonathan Neman နှင့် Nathaniel Ru
မိသားစုပုံစံစားသောက်ဆိုင်လုပ်ငန်းကုမ္ပဏီတွေဟာ
လုပ်ငန်းအသစ်အနေနဲ့ စပြီးလုပ်ကြတယ်ဆိုရင် သူတို့အများစုဟာ Sweetgreen
ကုမ္ပဏီနဲ့ပဲတူချင်ကြ ပါလိမ့်မယ်။ Steve Case၊ Danny Meyerနဲ့ Daniel Boulud
တို့လိုနာမည် ကြီးရင်းနှီးမြှုပ်နှံသူတွေ က ငွေကြေး ထောက်ပံ့ထားတဲ့ Sweetgreen ကုမ္ပဏီရဲ့ တန်ဖိုးမြင့်အသုပ်ဆိုင်ခွဲေ တွဟာဒီနေ့ကျန်းမာရေးနဲ့ညီညွ တ်တဲ့၊လတ်ဆတ်တဲ့၊ဒေသထွက်အော်ဂင်းနစ်စားသောက်ကုန်လုပ်ငန်းမှာအံဝင်ခွင်ကျဖြစ်တာတွေအားလုံးကိုလုပ်နေပါတယ်။ သူတို့ရဲ့အစားအသောက်ဖန်တီးန ည်းတွေက Sweetgreen ရဲ့နေရာပေါင်း ၄၀ မှာ အများကြီးလာပြီးတန်းစီနေတဲ့ စားသောက်သူတွေရဲ့ အကြိုက်နဲ့ကိုက်ညီနေပါတယ်။ဒါပေမဲ့ရှေးရိုးစဉ်လာ စားသောက်ဆိုင်ခွဲတွေအနေနဲ့အ စားအသောက်တွေ အကြောင်းတွေသာမက တခြားပညာတွေကိုလည်း ဒီပူးတွဲ CEO တွေဆီက လေ့လာသင်ယူနိုင်ကြပါ တယ်။တက္ကသိုလ်မှာအတန်းဖော်တွေဖြစ်ခဲ့တဲ့သူတို့သုံးယောက် ဟာ နည်း ပညာရှေ့ဆောင်လမ်းပြတွေဖြစ်ခဲ့ပြီှးSweetgreen
ရဲ့အရောင်းအ၀ယ်တွေရဲ့ ၃၀ ရာခိုင်နှုန်းကို ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်၊ ဒါမှမဟုတ်
Mobile App က တစ်ဆင့်လုပ်ခဲ့ပါတယ်။အခုဆို ရင်ဒီသုံးယောက်ဟာစီမံခန့်ခွဲရေးမဟာဗျူဟာတွေကိုလည်းပြန် ပြီးစဉ်းစားနေပါတယ်။ Sweetgreen ဟာ Customer တွေနဲ့ ပိုပြီး နီးစပ်အောင်နေဖို့အတွက် သူ့ရဲ့ကော်ပိုရိတ်ရုံးတွေကို တစ်နှစ်မှာငါးကြိမ် လုံးဝ နီးပါးပိတ်ပေးပြီးလူတိုင်းကို သူ့ရဲ့စားသောက်ဆိုင်တွေမှာဝ င်ပြီးအလုပ် လုပ်နိုင်အောင်စီစဉ်ပေးထားပါတယ်။
လူကြီးမင်းဟာအခုမှအသက်၂၀ပဲရှိသေးတယ်လို့သဘောထားပြီးကို ယ့်ကိုယ်ကိုယ်အကြံတစ်ခုခုပြ န်ပေးရမယ်ဆိုရင် ဘယ်လိုအကြံဥာဏ်ကိုပေးမလဲ။
Ru : စာတွေပိုဖတ်ပါ။ ကိုယ့်မှာရနိုင်သမျှအချိန်ေ တွအားလုံးမှာ စာတွေဖတ် ပါလို့ ကျွန်တော့်ကိုယ် ကျွန်တော်ပြောမှာပါ။
Digital Asset Holding ကုမ္ပဏီ၏ CEO Blythe Masters
Blythe Masters ဟာ Wall Street မှာသြဇာအရှိဆုံးအမျိုးသမီးတ စ်ယောက် သာမကဘဲ Blockမှာလည်း သြဇာအရှိ ဆုံးအမျိုးသမီးတစ်ယောက်ဖြစ် နေပါပြီ။ Block ဆိုတာကတော့ Bitcoin လိုဒစ်ဂျစ်တယ်ငွေကြေးတွေကို
အသက် သွင်းပေးပြီး ဖြန့်ထားတဲ့ Blockchain လယ်ဂျာ စာရင်းနည်းပညာထဲက Block
ပဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက Credit Default Swap ဆိုတဲ့
ငွေချေးစာချုပ်ရောင်းဝယ်မှုေ တွကို ကူညီတီထွင်ဖန်တီးခဲ့တဲ့. J.P. Morgan ကုမ္ပဏီကအမှုဆောင်ဟောင်းဖြစ်သူMasters
ဟာ Digital Asset Holding ဆိုတဲ့စွန့်စားမှုလုပ်ငန်း အသစ်တစ်ခုနဲ့
နောက်တစ်ကျော့ပြန်လာခဲ့ ပါတယ်။ အဲဒီလုပ်ငန်းဟာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းရဲ့တခြားအစိတ်
အပိုင်းတွေမှာ လျှို့ဝှက်သင်္ကေတ ငွေကြေးနဲ့လိုက်ဖက်တဲ့ ညှိနှိုင်းချက်မှတ်
တမ်းကို ဘယ်လိုသုံးမယ်ဆိုတာကို စူးစမ်းလေ့လာနေပါတယ်။ Block chain ဟာ Bond
နဲ့ Equity တွေလို Asset တွေကိုရောင်းဝယ်ပြီးနောက်ပိုင်း
လုပ်ငန်းစဉ်မှာဖြစ်ပွားတဲ့ ဒေါ်လာဘီလီယံနဲ့ချီပြီး တန်ကြေးရှိတဲ့မလိုအပ်တဲ့
အပိုတွေ၊ တိမ်မြုပ်နေမှုတွေ၊ အမှားတွေ အတွက်ကုန်ကျ စရိတ်တွေကိုဖယ်ရှား
ပစ်နိုင်တယ်လို့ အသက် ၄၆ နှစ် ရှိပြီဖြစ်တဲ့ Masters ကပြောပါတယ်။
အဲဒီရည်မှန်းချက်ဟာ ဘဏ်လုပ်ငန်းလောကရဲ့ အာရုံစိုက်မှုကိုရလာအောင်
ဆွဲဆောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံးငွေကြေးနဲ့နည်းပညာ
ကုမ္ပဏီကြီး ၁၅ ခုဆီက ဒေါ်လာသန်း ၆၀ ကျော်ကောက်ခံရရှိ ခဲ့ပြီး Masters
ရဲ့အရင်က အလုပ်ရှင်ဟောင်းနဲ့ အတူစမ်းသပ်မှု အစီအစဉ်တစ်ခုကို စလုပ်နေ
ပြီဖြစ်ပါတယ်။
Blockchain ကိုသာမန်လူတွေနားလည်တဲ့ စကားနဲ့ရှင်းပြပေးပါ။
ခေါင်းစဉ်တစ်ခုကို နားရှင်းအောင်လုပ်ဖို့ လိုလာခဲ့ရင် ဒီလိုပဲပြောရမှာပါပဲ။ ဒီနည်းပညာဟာ ပိုပြီးဆန်းသစ်တဲ့၊ ပိုပြီးကောင်းတဲ့၊ ပိုပြီးခေတ်မီဆန်းပြားတဲ့ Database နည်းပညာ ပုံစံတစ်ခုဖြစ်ပါတယ်။
Celmatix ကုမ္ပဏီ၏ CEO Piraye Yurttas Beim
အချက်အလက်သရုပ်ခွဲစိစစ်မှုဟာ ကုမ္ပဏီတွေရဲ့ဆုံးဖြတ်ချက်ချ ပုံချနည်း ကိုပြောင်းလဲပစ်နေပါတယ်။ အဲဒီနည်းလမ်းဟာ ကလေးယူမလားမယူဘူးလား ဆိုတဲ့ဆုံးဖြတ်ချက်လိုပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်တွေကိုလည်း
ပြောင်းလဲပစ်နိုင် တယ်လို့ Piraye Yurttas Beim ကယုံကြည်ထားပါတယ်။ Beim
စပြီးလုပ်ခဲ့တဲ့ Celmatix ကုမ္ပဏီဟာ သန်းဂဏန်းအရေအတွက်ရှိတဲ့အမျိုးသမီးတွေ ဆီက ဆေးဘက်ဆိုင်ရာအချက်အလက်တွေကို ကွန်ပျူတာမှာထည့်ပြီး မျိုးဥကို အသုံးပြုတဲ့ ဘယ်နည်းလမ်းနဲ့ကိုယ်ဝန်ရှိေ အာင်လုပ်လို့ရမလဲဆိုတာကို အတိ အကျခန့်မှန်းပေးဖို့အတွက်Po laris လို့ခေါ် တဲ့ဆော့ဖ်ဝဲကိုဖန်တီးထားပါတ ယ်။ အမေရိကန်အမျိုးသမီးခုနစ် သန်းလောက်ဟာပဋိသန္ဓေဆောင်ရာမှာပြဿနာတွေ ရှိကြတဲ့အတွက်ပဋိသန္ဓေဆောင်တဲ့ကိစ္စကိုလုပ်ကိုင်ပေးနေတဲ့ ဆေးပညာ လုပ်ငန်းကြီးဟာဒေါ်လာကိုးဘီလီယံတန်ဖိုးရှိတဲ့အထိကြီးထွားလာနေပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ ပဋိသန္ဓေဆိုင်ရာကုသမှုဆေးခန်း ၁၂ ခုကျော်ကျော် ဟာ သောင်းနဲ့ချီနေတဲ့ကုသမှုခံယူ သူအမျိုး သမီးတွေကို Polaris Software ကို အသုံးပြုပြီးပဋိသန္ဓေရှိအောင် လုပ်ကိုင်ပေးနေပါတယ်။ Beim ဟာနောက်ထပ် ဘာတွေကိုလုပ်ဦးမှာလဲ။ မျိုးမပွားနိုင်ဘဲမြုံနေမယ့် ကိစ္စကိုခန့်မှန်းပေးမယ့် မျိုးဗီဇ စစ်ဆေးမှုကို ပထမဆုံးအနေနဲ့ဖော်ထုတ်နေပါတ ယ်။
စွန့်ဦးတီထွင်သူတစ်ယောက်အေ နနဲ့ လူကြီးမင်းဆီမှာဘာအကြုံချက် များလက်ခံ ရရှိထားပါသလဲ။
သီတင်းပတ်တိုင်းကိုထူးခြားေ အာင်လုပ်ပါလို့ ကျွန်မရဲ့ ဒါရိုက်တာအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ Cory Ondrejka ကပြောပါတယ်။ရုပ်ပိုင်းဆိုင် ရာအရ လုပ်ငန်းကိုတိုးတက်အောင်သင် ဘယ်လိုလုပ်ထားတယ်ဆိုတာကို သင့်အနေနဲ့ အပတ်တိုင်းရှင်းမပြနိုင်ရင် စပြီးလုပ်တဲ့လုပ်ငန်းတစ်ခုမှာ သင်အောင်မြင်မှာ မဟုတ်ပါဘူး။ ရည်ညွှန်း- Forbes
#MyanmarB2BManagementMagaz ine
**************************
လက်လီရောင်းဝယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေကြေး၊ အစားအသောက်နှင့်ဖြေဖျော်ရေး
ရေးသူ-ဇော်ဝင်းကြူ (ပျဉ်းမနား)
'ထိုးထွင်းဥာဏ်'ဆိုတဲ့မီးပွ
S.B.Projects ကုမ္ပဏီကိုတည်ထောင်သူ Scooter Braun
သူ့ရဲ့အယ်လ်ဘမ်အသစ်ဖြစ်တဲ့ Purpose ကို Justin Bieber မထုတ်ခင် သီတင်းပတ် တော်တော်များများအလိုမှာ အပတ်စဉ်လူကြိုက်အများဆုံးသီ
အဲဒီအဖွဲ့အစည်းဟာ စွန့်စားရင်းနှီးမြှုပ်နှံမ
တစ်သီတစ်တန်းကြီးလုပ်နေတဲ့ေ
နည်းပညာကိုဆန့်ကျင်ပြီးတိုက
Code 2040 ကုမ္ပဏီ၏ CEO Laura Weidman Powers နှင့် ဥက္ကဋ္ဌ Tristan Walker
Code 2040 ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ကြတဲ့ Tristan Walker နဲ့ Laura Weidman Powersတို့နှစ်ယောက် ဟာ နောက်ခံသမိုင်းချင်းသိပ်မကွ
လူတွေရဲ့မျိုးနွယ်နဲ့ပတ်သက်
Weidman Powers : "အသားအရောင်ကိုမမြင်တဲ့အတွေ
Dailysave ကိုတီထွင်သူ Anya Pogharian
Anya Pogharianရဲ့ Dialysis (ကျောက်ကပ်ဆေးစက်) ဟာ Bill Clinton နဲ့ Cleveland ဆေးရုံကြီးတွေရဲ့အာရုံ စိုက်မှုကိုရအောင်ဖမ်းစားခဲ့
အလွယ်တကူသယ်ဆောင်သွားနိုင်တ
အဲဒီပစ္စည်းရဲ့နည်းပညာကိုအာရ
Slack ကုမ္ပဏီ၏ CEO Stewart Butterfield
Unicorn (ဒဏ္ဍာရီထဲက ချိုတစ်ချောင်းနဲ့မြင်း) လို့ခေါ်တဲ့ အလုပ်စလုပ်လုပ် ချင်းအောင်မြင်တဲ့ကုမ္ပဏီတွေ
အကောင်းဆုံးအကြံပြုချက်အနေန
ဖြုတ်ပစ်သင့်တဲ့လူတွေကိုကုမ
Revolve ကုမ္ပဏီ၏ပူးတွဲ CEO များဖြစ်ကြသည့် Michael Menteနှင့် Mike Karanikdlas
အွန်လိုင်းက အ၀တ်အထည်လက်လီရောင်းချတဲ့ Revolve ကုမ္ပဏီဟာ စတင် တည်ထောင်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ဖြည်းဖြည်းမှန်မှန်နဲ့ အကျိုး အမြတ်ကောင်းကောင်းရပြီး ကြီးထွားလာခဲ့ပါတယ်။ လော့စ်အိန်ဂျလစ်မြို့မှာ ရှိတဲ့ ဒီကုမ္ပဏီဟာ မနှစ်တုန်းကအနုပညာရှင်တွေဝတ
မကြာသေးခင်တုန်းကအွန်လိုင်း
Mente: လုပ်ငန်းစလုပ်တဲ့ ဒီလိုကုမ္ပဏီတချို့ဟာ ဘယ် နေရာကပေါ်လာ မှန်းမသိဘဲပေါ်ထွက်လာပြီး ကြော်ငြာတွေကိုလည်း အလွန်အမင်းလုပ်ကြတဲ့ အခါ ကျွန်တော်တို့ကသူတို့ကို စောင့်ကြည့်ပြီး အဲဒီနေရာတွေမှာတစ်ခုခုများ ရှိနေလားလို့စဉ်းစားပါတယ်။က
လူသတ်သမားတစ်ယောက်ကိုဖန်တီး
ရုပ်ရှင်ထုတ်လုပ်သူတွေဖြစ်ြ
Wisconsin ပြည်နယ် Manitowoc စီရင်စုမှာရုပ်ရှင်ရိုက်နေတ
ကျွန်မတို့နှစ်ယောက်စလုံးက ကုန်းသတ္တ၀ါမစားတဲ့အတွက် ကျွန်မတို့ အတွက်တော့ အဲဒါဟာ တော်တော်ခက်ခဲခဲ့ပါတယ်။ ၈ လမ်းမှာ အစစ် အမှန်ရောင်းတဲ့ထိုင်းစားသော
Hometeam ကုမ္ပဏီ၏ CEO Josh Bruno
အသက် ၂၉ နှစ်ပဲရှိသေးတဲ့ Josh Brunoဟာ Bain Capital Ventures ကုမ္ပဏီအလုပ်ကထွက်လိုက်သလို ဟားဗတ်တက္ကသိုလ်စီးပွားရေးကေ
Hometeam ဟာ ဒေါ်လာဘီလီယံနဲ့ချီအောင်တန်ဖ
မနက်ဖြန်မှာဒေါ်လာတစ်ဘီလီယံဖ
Sweetgreen ကုမ္ပဏီ၏ပူးတွဲ CEO များဖြစ်ကြသော Nicolas Jammet ၊ Jonathan Neman နှင့် Nathaniel Ru
မိသားစုပုံစံစားသောက်ဆိုင်လ
လူကြီးမင်းဟာအခုမှအသက်၂၀ပဲရ
Ru : စာတွေပိုဖတ်ပါ။ ကိုယ့်မှာရနိုင်သမျှအချိန်ေ
Digital Asset Holding ကုမ္ပဏီ၏ CEO Blythe Masters
Blythe Masters ဟာ Wall Street မှာသြဇာအရှိဆုံးအမျိုးသမီးတ
Blockchain ကိုသာမန်လူတွေနားလည်တဲ့ စကားနဲ့ရှင်းပြပေးပါ။
ခေါင်းစဉ်တစ်ခုကို နားရှင်းအောင်လုပ်ဖို့ လိုလာခဲ့ရင် ဒီလိုပဲပြောရမှာပါပဲ။ ဒီနည်းပညာဟာ ပိုပြီးဆန်းသစ်တဲ့၊ ပိုပြီးကောင်းတဲ့၊ ပိုပြီးခေတ်မီဆန်းပြားတဲ့ Database နည်းပညာ ပုံစံတစ်ခုဖြစ်ပါတယ်။
Celmatix ကုမ္ပဏီ၏ CEO Piraye Yurttas Beim
အချက်အလက်သရုပ်ခွဲစိစစ်မှုဟာ
စွန့်ဦးတီထွင်သူတစ်ယောက်အေ
သီတင်းပတ်တိုင်းကိုထူးခြားေ
#MyanmarB2BManagementMagaz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။