" စာဖတ်ဖြစ်ဖို့က အဓိကပဲ။ ဘာဖတ်ဖတ် အရေးကြီးတာက ဖတ်ဖို့ပဲ "
#ကြည်မင်း
Q. လူငယ်တွေ အတွေးအခေါ်တိုးတက်လာအောင် ဘယ်လိုစာပေမျိုးတွေ ဖတ်ရမလဲဆရာ။
A. ဘာစာဖတ်ရမလဲလို့ စာပေဟောပြောပွဲတွေသွားရင် မေးကြတယ်။ အဲဒါက သူ့ဟာသူ ဖတ်ချင်တာ ဖတ်လေ။ အရေးကြီးတာက ဖတ်နေဖို့ပဲ။ မင်းတို့ငယ်ငယ်တုန်းက ဘာတွေဖတ်ခဲ့သလဲ။ ဆရာတို့ ငယ်ငယ်က ကာတွန်းရုပ်ပြတွေ ဖတ်ခဲ့တယ်။ အဲဒီကတစ်ဆင့် စုံထောက်ဝတ္ထုတို့၊ သရဲတစ္ဆေ၀တ္ထုတွေ ဖတ်လာတယ်။ အဲဒါပြီးတော့ ဘာဖတ်လာလဲဆိုရင် အချစ်ဝတ္ထုတွေ ဖတ်လာတာပေါ့။ အခုအရွယ်ကျတော့ ကြုံရာဖတ်လာပြီ။ ဘာသာရေးလည်း ဖတ်လိုက်တာပဲ။ ကျမ်းစာလည်း ဖတ်တာပဲ။ ၀တ္ထုရေးနည်းအကြောင်းလည်း ဖတ်လိုက်တာပဲ။ နိုင်ငံရေးလည်း ဖတ်လိုက်တာပဲ။ စာဖတ်ဖြစ်ဖို့က အဓိကပဲ။ ဘာဖတ်ဖတ် အရေးကြီးတာက ဖတ်ဖို့ပဲ။
တချို့တွေက ပေါက်လွှတ်ပဲစားစာတွေ မဖတ်ရဘူး၊ ကွမ်းယာလို ၀ါးပြီး ထွေးပစ်ရမှာတွေဆိုပြီး လက်သီးလက်မောင်းတန်းကြတယ်။ ဘယ်ဟုတ်မလဲ။ မဖတ်ဘဲနေတာနဲ့စာရင် ဘာဖတ်ဖတ်ပေါ့။ တစ်သက်လုံး ကာတွန်းဖတ်နေတဲ့သူ တွေ့ဖူးလား။ အသက် ၇၀ မှာ သေသာသွားတယ်။ ကာတွန်းပဲဖတ်နေတာမျိုး မြင်ဖူးလား။
ရင့်ကျက်ဖို့အတွက် စာဖတ်ခိုင်းတာလေ။ အဲဒီလိုဖတ်ဖို့ ဘာပဲဖတ်၊ ဘာမဖတ်နဲ့လို့ ဘယ်တော့မှ သွားမပြောနဲ့။ နယ်မှာ စာကြည့်တိုက်တွေ ထောင်ဖြစ်ရင် ဆရာဘာပြောဖြစ်လဲ သိလား။ ရုပ်ပြတွေ၊ ကလေးကာတွန်းတွေ တင်လိုက်လို့ပြောတော့ ဘာဖြစ်လို့လဲ၊ ကလေးတွေပဲ ဖတ်မှာပေါ့လို့ ပြန်ပြောကြတယ်။ ကလေးတွေ စာဖတ်နေရင် မိဘက စိတ်ချလက်ချလွှတ်တယ်လေ။ ကလေးလည်း ပျော်နေပြီ။ မိဘကလည်း ကလေးကို လာခေါ်ရင်းနဲ့ စာအုပ်တွေ တွေ့သွားပြီး မိတ်ကပ်အကြောင်း ကြိုက်တဲ့သူက သရဖူ ဖတ်လိမ့်မယ်။ အနုပညာအကြောင်း သိချင်တဲ့သူက အလင်းတန်းဂျာနယ်ဖတ်မယ် စသဖြင့် သူကြိုက်တာ သူဖတ်ဖြစ်သွားမယ်။ ကလေးကိုလည်း ယုံကြည်လို့ ရသွားပြီ။ အဲဒီကလေးကလည်း တဖြည်းဖြည်းနဲ့ စာဖတ်တဲ့အကျင့် ရသွားပြီး ကြာရင် ဘောလုံးဂျာနယ် ဖတ်လာမယ်။ ပြီးတော့မှ အတင်းအဖျင်းအကြောင်းတို့၊ ရုပ်ရှင်မင်းသား မင်းသမီးအကြောင်းတို့၊ ဂီတအကြောင်းတို့ ဖတ်လာမယ်။ ပြီးတော့မှ တကယ်အသိပညာရမယ့် စာအုပ်တွေကို ဖတ်လာမှာပေါ့။ တစ်ဆင့်ချင်းပေါ့။ အရေးကြီးတာက စာကြည့်တိုက်ထဲ ရောက်ဖို့ပဲ။
(“ပညာရှာဖို့ သတ္တိရှိပါ”ဆိုတဲ့ ဆရာကြည်မင်းနှင့် တွေ့ဆုံခြင်းအင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ချက်)
Eternal Light Magazine
September 2016
#ပညာနှင့်အတွေးအခေါ်
(လွတ်လပ်စွာ Share နိုင်ပါသည်။)
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart, Orange နှင့် စာအုပ်ဆိုင်များတွင်လည်းကော င်း၊
Mobile Phone ဖြင့် စာဖတ်သူများအတွက် Wun Zinn application
တွင်လည်းကောင်း၊ နယ်မှ တစ်အုပ်ချင်း မှာယူလိုသူများအတွက် WE Distribution
တွင်လည်းကောင်း အားပေးဝယ်ယူဖတ်ရှုနိုင်ပါသည် ။ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ Message ပို့ပြီး ဆက်သွယ်အလှူခံနိုင်ပါသည်။
#ကြည်မင်း
Q. လူငယ်တွေ အတွေးအခေါ်တိုးတက်လာအောင် ဘယ်လိုစာပေမျိုးတွေ ဖတ်ရမလဲဆရာ။
A. ဘာစာဖတ်ရမလဲလို့ စာပေဟောပြောပွဲတွေသွားရင် မေးကြတယ်။ အဲဒါက သူ့ဟာသူ ဖတ်ချင်တာ ဖတ်လေ။ အရေးကြီးတာက ဖတ်နေဖို့ပဲ။ မင်းတို့ငယ်ငယ်တုန်းက ဘာတွေဖတ်ခဲ့သလဲ။ ဆရာတို့ ငယ်ငယ်က ကာတွန်းရုပ်ပြတွေ ဖတ်ခဲ့တယ်။ အဲဒီကတစ်ဆင့် စုံထောက်ဝတ္ထုတို့၊ သရဲတစ္ဆေ၀တ္ထုတွေ ဖတ်လာတယ်။ အဲဒါပြီးတော့ ဘာဖတ်လာလဲဆိုရင် အချစ်ဝတ္ထုတွေ ဖတ်လာတာပေါ့။ အခုအရွယ်ကျတော့ ကြုံရာဖတ်လာပြီ။ ဘာသာရေးလည်း ဖတ်လိုက်တာပဲ။ ကျမ်းစာလည်း ဖတ်တာပဲ။ ၀တ္ထုရေးနည်းအကြောင်းလည်း ဖတ်လိုက်တာပဲ။ နိုင်ငံရေးလည်း ဖတ်လိုက်တာပဲ။ စာဖတ်ဖြစ်ဖို့က အဓိကပဲ။ ဘာဖတ်ဖတ် အရေးကြီးတာက ဖတ်ဖို့ပဲ။
တချို့တွေက ပေါက်လွှတ်ပဲစားစာတွေ မဖတ်ရဘူး၊ ကွမ်းယာလို ၀ါးပြီး ထွေးပစ်ရမှာတွေဆိုပြီး လက်သီးလက်မောင်းတန်းကြတယ်။ ဘယ်ဟုတ်မလဲ။ မဖတ်ဘဲနေတာနဲ့စာရင် ဘာဖတ်ဖတ်ပေါ့။ တစ်သက်လုံး ကာတွန်းဖတ်နေတဲ့သူ တွေ့ဖူးလား။ အသက် ၇၀ မှာ သေသာသွားတယ်။ ကာတွန်းပဲဖတ်နေတာမျိုး မြင်ဖူးလား။
ရင့်ကျက်ဖို့အတွက် စာဖတ်ခိုင်းတာလေ။ အဲဒီလိုဖတ်ဖို့ ဘာပဲဖတ်၊ ဘာမဖတ်နဲ့လို့ ဘယ်တော့မှ သွားမပြောနဲ့။ နယ်မှာ စာကြည့်တိုက်တွေ ထောင်ဖြစ်ရင် ဆရာဘာပြောဖြစ်လဲ သိလား။ ရုပ်ပြတွေ၊ ကလေးကာတွန်းတွေ တင်လိုက်လို့ပြောတော့ ဘာဖြစ်လို့လဲ၊ ကလေးတွေပဲ ဖတ်မှာပေါ့လို့ ပြန်ပြောကြတယ်။ ကလေးတွေ စာဖတ်နေရင် မိဘက စိတ်ချလက်ချလွှတ်တယ်လေ။ ကလေးလည်း ပျော်နေပြီ။ မိဘကလည်း ကလေးကို လာခေါ်ရင်းနဲ့ စာအုပ်တွေ တွေ့သွားပြီး မိတ်ကပ်အကြောင်း ကြိုက်တဲ့သူက သရဖူ ဖတ်လိမ့်မယ်။ အနုပညာအကြောင်း သိချင်တဲ့သူက အလင်းတန်းဂျာနယ်ဖတ်မယ် စသဖြင့် သူကြိုက်တာ သူဖတ်ဖြစ်သွားမယ်။ ကလေးကိုလည်း ယုံကြည်လို့ ရသွားပြီ။ အဲဒီကလေးကလည်း တဖြည်းဖြည်းနဲ့ စာဖတ်တဲ့အကျင့် ရသွားပြီး ကြာရင် ဘောလုံးဂျာနယ် ဖတ်လာမယ်။ ပြီးတော့မှ အတင်းအဖျင်းအကြောင်းတို့၊ ရုပ်ရှင်မင်းသား မင်းသမီးအကြောင်းတို့၊ ဂီတအကြောင်းတို့ ဖတ်လာမယ်။ ပြီးတော့မှ တကယ်အသိပညာရမယ့် စာအုပ်တွေကို ဖတ်လာမှာပေါ့။ တစ်ဆင့်ချင်းပေါ့။ အရေးကြီးတာက စာကြည့်တိုက်ထဲ ရောက်ဖို့ပဲ။
(“ပညာရှာဖို့ သတ္တိရှိပါ”ဆိုတဲ့ ဆရာကြည်မင်းနှင့် တွေ့ဆုံခြင်းအင်တာဗျူးဆောင်
Eternal Light Magazine
September 2016
#ပညာနှင့်အတွေးအခေါ်
(လွတ်လပ်စွာ Share နိုင်ပါသည်။)
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart, Orange နှင့် စာအုပ်ဆိုင်များတွင်လည်းကော
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။