ငါ
---
စွဲကိုင်မိတဲ့ မီးစ တစ်ခု
အတ္တလောင်စာထည့်မိလေတော့
အမှားတွေရဲ့နောက်မှာ
နောင်တကို ဖိတ်စာကမ်းနေမိသလို...
ရယူဖို့တွေးနေရင်းနဲ့ အချိန်တွေဟာ
ကြီးရင့်လာတယ် ငါဆိုတာ ရင့်ထော်လာတယ်
တန်ပြန်မှုရဲ့ ပူလောင်ခြင်းတွေ
နုပျိုလာခဲ့ပြီ....
ဘဝ မှာ လိုမှ သုံးရမယ့် ငါ ဆိုတာကို
မလိုအပ်ဘဲ သုံးမိနေသမျှ
မီးတောက်တစ်ခု တောက်လောင်နေမှာပဲလေ...
ည လည်း ည နေ့ လည်း နေ့ပေါ့
တစ်ခုတည်းပဲ တစ်ခုလိုချင်
တစ်ခုပေးဆပ်ရမြဲလေ...
ပူလောင်ခြင်းတွေကင်းပြီး
မေတ္တာကန်ကြည်လင်ချင်ရင်
ငါ ဆိုတဲ့ အမှိုက်တော့ ဆယ်ပါ
လေ လွင့် လူ
---
စွဲကိုင်မိတဲ့ မီးစ တစ်ခု
အတ္တလောင်စာထည့်မိလေတော့
အမှားတွေရဲ့နောက်မှာ
နောင်တကို ဖိတ်စာကမ်းနေမိသလို...
ရယူဖို့တွေးနေရင်းနဲ့ အချိန်တွေဟာ
ကြီးရင့်လာတယ် ငါဆိုတာ ရင့်ထော်လာတယ်
တန်ပြန်မှုရဲ့ ပူလောင်ခြင်းတွေ
နုပျိုလာခဲ့ပြီ....
ဘဝ မှာ လိုမှ သုံးရမယ့် ငါ ဆိုတာကို
မလိုအပ်ဘဲ သုံးမိနေသမျှ
မီးတောက်တစ်ခု တောက်လောင်နေမှာပဲလေ...
ည လည်း ည နေ့ လည်း နေ့ပေါ့
တစ်ခုတည်းပဲ တစ်ခုလိုချင်
တစ်ခုပေးဆပ်ရမြဲလေ...
ပူလောင်ခြင်းတွေကင်းပြီး
မေတ္တာကန်ကြည်လင်ချင်ရင်
ငါ ဆိုတဲ့ အမှိုက်တော့ ဆယ်ပါ
လေ လွင့် လူ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။