သူငယ်ချင်းများစွာ
==========
ကျွန်တော့် သူငယ်ချင်းတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ နေရာမှာ ဘာကြီးပဲဖြစ်နေပါစေ အားလုံးဆုံတဲ့အချိန်မှာတော့ ကြမ်းပြင်ပေါ်မှာ အတူတူထိုင်ကြတယ်။ တစ်ယောက်ကြောင့် တစ်ယောက်မျက်နှာငယ်စေနိုင်တဲ့ အပြုအမူမျိုး မလုပ်ကြဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှ ကြေးမြင့်မြင့်စကားမျိုးတွေ မသုံးဘူး။ ကြေးမြင့်မြင့် အသုံးအနှုန်းတွေ ရှောင်ကြတယ်။
ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ဆယ်တန်း အောင်ခဲ့တဲ့သူတွေရှိသလို ကျခဲ့တဲ့သူတွေလည်းရှိတယ်။ နေ့ကျောင်း တက်နေတဲ့သူတွေရှိသလို အဝေးသင်တက်နေတဲ့သူတွေလည်းရှိတယ်။
ဒီလိုအခြေအနေတွေကြောင့် သူငယ်ချင်းတွေ အချင်းချင်း နေရာဒေသတွေ
ကွဲပြားသွားခဲ့ပေမယ့် ဘယ်နေရာရောက်ရောက် ဘယ်အချိန်ချိန်ဖြစ်ဖြစ်
ကျွန်တော်တို့က သူငယ်ချင်းတွေပါပဲ။ ဘာလို့လဲဆိုတော့
ကျွန်တော်တို့အချင်းချင်း ရင်ဘတ်ကြီးနဲ့ ပေါင်းခဲ့ကြတာလေ။ ဒါ့ကြောင့်
ရင်ဘတ်ချင်းကတော့ အမြဲတမ်း နီးနေကြပါတယ်။
ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ ဆင်းရဲချမ်းသာ ကွာခြားမှုရှိပေမယ့် အားနည်းချက်/အားသာချက် ကိုယ်စီ ရှိကြတဲ့ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့အချင်းချင်း တစ်ယောက်အားနည်းချက်ကို တစ်ယောက်အားသာချက်လေးတွေနဲ့  အပြန်အလှန် ဖြည့်ဆည်းပေးတတ်ကြတယ်။
အားလုံးကတော့ ရည်မှန်းချက်ကိုယ်စီနဲ့ ဘ၀ကို တည်ဆောက်နေကြပါတယ်။ လုပ်ဆောင်ချက် ကိုယ်စီနဲ့ အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနေကြတယ်။ အပြန်အလှန် လေးစားမှု ကိုယ်စီကြောင့် ကောင်းမွန်တဲ့ သူငယ်ချင်းရပ်ဝန်လေး ဖြစ်လာစေတယ်။ အပြန်အလှန် အားပေမှု ကိုယ်စီကြောင့် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စည်းလုံးမှု ပိုပိုရှိလာတယ်။ အပြန်အလှန် ဖေးမမှုကိုယ်စီကြောင့် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ခိုင်မာတဲ့ သံယောဇဉ်တွေ ဖြစ်တည်လာခဲ့တယ်။
တကယ်တော့ သူငယ်ချင်းဆိုတာ အပြန်အလှန်ဖေးမကူညီမှုတွေနဲ့
ဘာမျှော်လင့်ချက်မှ မရှိဘဲ ဒုက္ခတွေကို အတူမျှဝေခံစား နှစ်သိမ့်ပေးသလို
သုခတွေကိုလည်း အတူမျှဝေခံစား ပျော်ရွှင်ပေးနေတဲ့ ဘ၀လက်တွဲဖော်တွေပါပဲ။
တိုးတက်အောင်(ပဲခူး) ရေးသားသည်။
-------------------------- --------------------------
ယခုပို့စ်နှင့်ပတ်သက်ပြီး ဝေဖန်လို၍ ဖြစ်စေ အကြံပြုလို၍ ဖြစ်စေ
တိုးတက်အောင်(ပဲခူး) ၏ ဖေ့ဘွတ်ခ် အကောင့်
(https://www.facebook.com/ writertoetataung)
သို့ ဆက်သွယ်နိုင်ပါသည်။
==========
ကျွန်တော့် သူငယ်ချင်းတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ နေရာမှာ ဘာကြီးပဲဖြစ်နေပါစေ အားလုံးဆုံတဲ့အချိန်မှာတော့
ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ဆယ်တန်း အောင်ခဲ့တဲ့သူတွေရှိသလို ကျခဲ့တဲ့သူတွေလည်းရှိတယ်။ နေ့ကျောင်း တက်နေတဲ့သူတွေရှိသလို အဝေးသင်တက်နေတဲ့သူတွေလည်းရှ
ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ ဆင်းရဲချမ်းသာ ကွာခြားမှုရှိပေမယ့် အားနည်းချက်/အားသာချက် ကိုယ်စီ ရှိကြတဲ့ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့အချင်းချင်း တစ်ယောက်အားနည်းချက်ကို တစ်ယောက်အားသာချက်လေးတွေနဲ့  အပြန်အလှန် ဖြည့်ဆည်းပေးတတ်ကြတယ်။
အားလုံးကတော့ ရည်မှန်းချက်ကိုယ်စီနဲ့ ဘ၀ကို တည်ဆောက်နေကြပါတယ်။ လုပ်ဆောင်ချက် ကိုယ်စီနဲ့ အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနေကြတယ်။ အပြန်အလှန် လေးစားမှု ကိုယ်စီကြောင့် ကောင်းမွန်တဲ့ သူငယ်ချင်းရပ်ဝန်လေး ဖြစ်လာစေတယ်။ အပြန်အလှန် အားပေမှု ကိုယ်စီကြောင့် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စည်းလုံးမှု ပိုပိုရှိလာတယ်။ အပြန်အလှန် ဖေးမမှုကိုယ်စီကြောင့် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ခိုင်မာတဲ့ သံယောဇဉ်တွေ ဖြစ်တည်လာခဲ့တယ်။
တကယ်တော့ သူငယ်ချင်းဆိုတာ အပြန်အလှန်ဖေးမကူညီမှုတွေနဲ့
တိုးတက်အောင်(ပဲခူး) ရေးသားသည်။
--------------------------
ယခုပို့စ်နှင့်ပတ်သက်ပြီး ဝေဖန်လို၍ ဖြစ်စေ အကြံပြုလို၍ ဖြစ်စေ
တိုးတက်အောင်(ပဲခူး) ၏ ဖေ့ဘွတ်ခ် အကောင့်
(https://www.facebook.com/
သို့ ဆက်သွယ်နိုင်ပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။