နယူးယောက်ကိုရောက်လို့ ၉/ ၁၁ အထိမ်းအမှတ်ပြတိုက်ဘက်ရောက်ခဲ့ ရင် သစ်ပင်တွေအများကြားမှာ အကာအရံနဲ့ကာရံထိန်းသိမ်းထား တဲ့ သစ်ပင်တစ်ပင်ကို တွေ့ရပါလိမ့်မယ်။ အဲဒီသစ်ပင်က ၉/ ၁၁ အကြမ်းဖက်မှုမှာ ပြိုလဲသွားတဲ့အဆောက်အဦးနဲ့အတူ ထိခိုက်ပျက်စီးခံခဲ့ရတဲ့သစ် ပင်ဖြစ်တယ်။ အဲဒီသစ်ပင်ကို "Survivor Tree" လို့အမည်ပေးထားတယ်။ အောက်မှာက ကျွန်မဖတ်မိတဲ့ သူ့အကြောင်းပဲဖြစ်တယ်။
.
“Survivor Tree(သက်ရှင်ကျန်ရစ်နေတဲ့သစ်ပင်)” လို့အမည်ပေးထားတဲ့ သစ်ပင်က ၉/ ၁၁
အကြမ်းဖက်မှုမှာ ရှင်သန်ကျန်ရစ်နေခဲ့တဲ့ Callery Pear အပင်ကြီးပေါ့။
အဲဒီသစ်ပင်ဟာ ၂ဝရာစု၇ဝခုနှစ်ကစ နယူးယောက် World Trade Center
အမှတ်၅အဆောက်အဦးအနီးမှာ စိုက်ပျိုးခဲ့တာဖြစ်တယ်။
နှင်းတွေနဲ့ဖုံးလွှမ်းထားတဲ့ အေးစက်စက်လောကကြီးထဲ
နွေဦးရာသီရောက်လာပြီဆိုတဲ့ အကြောင်းကို သူ့ရဲ့အဖြူရောင်ပန်းပွင့်လေးတွေနဲ့ လူတွေကို နှစ်စဉ်နှစ်တိုင်း သတင်းပါးနေခဲ့တယ်။ အကြမ်းဖက်မှုမှာခံလိုက်ရတဲ့ အဲဒီအဆောက်အဦးထဲက အရာဝတ္ထုတော်တော်များများလို သူလည်းပဲ ပြိုကျခဲ့တဲ့တိုက်ညီနောင်ကြားမှာ အမြှုပ်ခံနေခဲ့ရတယ်။
.
အချိန်တစ်လအကြာမှာမှ အဆောက်အဦးပျက်တွေကိုရှင်းလ င်းတဲ့ ဝန်ထမ်းတစ်ဦးက သူ့ကိုတွေ့သွားတာဖြစ်တယ်။ အဲဒီတုန်းက သူ့ရဲ့အကိုင်းအခက်တွေ “အစိတ်စိတ်ပိုင်းဖြတ်”ခံခဲ့ ရပြီ။ ပြိုကျလာတဲ့အင်္ဂတေတစ်ချပ်ကြောင့်
သူ့ခေါင်းမရှိတော့ဘဲ ငုတ်တိုဖြစ်ခဲ့ပြီ၊ ကျန်နေတဲ့ အခက်အလက်တွေကလည်း
မီးကျွမ်းနေခဲ့ပြီ။ သစ်မြစ်ကလည်း အပြင်းအထန်ထိခိုက်ခံထားရတယ် ။ လူတွေက သူ့ကို နယူးယောက်ပန်းဥယျာဉ်ထဲသယ်ဆောင်ပြီး ပြုစုပျိုးထောင်ထားလိုက်တယ် ။
.
ဥယျာဉ်အုပ်ချုပ်ရေးမှူးက ကျွန်မကိုပြောပြတယ်… ပထမဆုံးအကြိမ် ဒီသစ်ပင်ငုတ်တိုကို သူတွေ့တုန်းက ဘယ်လိုနည်းနဲ့မှ ဒီသစ်ပင်ကိုပြန်လည်ရှင်သန်ဖို့ လုပ်နိုင်မှာမဟုတ်ဘူးလို့ သူထင်ထားခဲ့တယ်။ မီးကျွမ်းထားတဲ့အပိုင်းကြို ဖတ်ထုတ်ထားတဲ့ သစ်ငုတ်တိုဟာ သူ့ကိုပြန်လည်ပျိုးယူထားတဲ့ မြေကြီးထဲမှာ အမြစ်ပေါက်လာလိမ့်မယ်လို့ သူထင်မထားခဲ့မိဘူး။
.
ဆန်းကြယ်တဲ့ဘဝ ကံတရားရဲ့အစီရင်ကိုခံထားရတဲ့  “Survivor Tree(သက်ရှင်ကျန်ရစ်နေတဲ့သစ်ပင်)”ဟာ ၂ဝ၁ဝခုနှစ် နွေဦးရာသီမှာ လောင်ကျွမ်းတဲ့မီးထဲ ပါသွားခဲ့ရပြန်တယ်။ တစ်နာရီ မိုင်၁၆ဝနှုန်းနဲ့တိုက်ခိုက် တဲ့ မုန်တိုင်းတစ်ခုဟာ “Survivor Tree” ရှိရာအရပ်ဆီမှာ တိုက်ခိုက်သွားပြီဆိုတဲ့အြေ ကာင်း ဥယျာဉ်အုပ်ချုပ်ရေးမှူး သတင်းရလိုက်တယ်။ ကလေးသုံးယောက်နဲ့ “Survivor Tree” ဆီ အုပ်ချုပ်ရေးမှူးရောက်သွားချိန်မှာ သူ့ရဲ့အမြစ်တချို့က မြေပြင်ပေါ်ရောက်နေခဲ့ပြီဖြစ်တယ်။ ကလေးတွေအပါအဝင် တခြားလာရောက်ကူညီသူတချို့နဲ့  “Survivor Tree” ကို ခွဲစိတ်ကုသမှုထပ်တစ်ကြိမ် သူတို့ပြုလုပ်ခဲ့ကြတယ်။
.
စစချင်းမှာ လှုပ်ရှားမှုပြင်းပြင်းထန်ထန် သူတို့မလုပ်ရဲကြဘူး။ သစ်ကိုင်းတချို့ကို မ,ပြီး သစ်ပင်ကို မြေကြီးပေါ်မှာ ထောင်မတ်နိုင်တဲ့အနေအထားနဲ့ အပင်ရင်းမှာ မြေသြဇာနဲ့ အရာဝတ္ထုတချို့ဖုံးအုပ်ရုံပဲ သူတို့လုပ်ခဲ့တယ်။ ရေတောင် တိုက်ရိုက်မလောင်းရဲဘဲ နေ့တိုင်း ရေနည်းနည်းဖြန်းရုံလောက်ပဲ လုပ်ခဲ့တယ်။
ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ ကရိန်းကားကြီးတစ်စီးက ဒီ ၉မီတာမြင့်တဲ့သစ်ပင်ကို “အရိုးတည့်” (မတ်မတ်ထောင်မတ်)ပေးလိုက်တယ်။ “Survivor Tree” သေရာက ပြန်လည်ရှင်သန်လာခဲ့ပြန်တယ် ။
.
၂ဝ၁ဝခုနှစ် ဒီဇင်ဘာလမှာ သူ့ကိုတွေ့ရှိခဲ့တဲ့ သူ့နဂိုနေရာဆီ ပြန်ပို့လိုက်ပါတယ်။ သူ့ကို ပြန်ပို့ဖို့ အကြံပေးသူက ၉/ ၁၁
အထိမ်းအမှတ်ပြတိုက်ကို တာဝန်ယူဒီဇိုင်းရေးဆွဲတဲ့ Ron Vega ဖြစ်တယ်။
စစချင်းမှာ သူ့ရဲ့အကြံပြုချက်ကို လူတချို့က ဆန့်ကျင်ခဲ့ကြတယ်။
အဲဒီနဂိုနေရာမှာ အခြားသစ်ပင်အသစ်တွေ စိုက်ပျိုးထားပြီဖြစ်တာကတစ်ကြောင်း၊ “Survivor Tree” က Callery Pear သစ်ပင်အမျိုးအစားဖြစ်တာကြော င့် သစ်တောရှုခင်းကိုဖျက်ဆီးရာရောက်နိုင်ကြောင်း ဆိုကြတယ်။
.
တကယ်တမ်း ပြောင်းရွေ့စိုက်ပျိုးလိုက် ချိန်မှာ သူဟာ အကြမ်းဖက်ခံရချိန်အဲဒီဝန်းကျင်မှာ တစ်ဦးတည်းအသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်တာကြောင့် လူတွေဟာ သူနဲ့အတူ အမှတ်တရဓာတ်ပုံတွေရိုက်ကြတယ်။ ဖဲကြိုးပြာတွေ သူကိုယ်ပေါ်မှာ စည်းနှောင်ကြတယ်။
----------
The Chic မဂ္ဂဇင်း စက်တင်ဘာလအတွက် ရေးခဲ့တဲ့စာလေးတစ်ပုဒ်ထဲက အပိုင်းအစလေးတစ်ခုပါ။ ဘာသာပြန်စာတစ်ပုဒ်ဖြစ်ပြီး သစ်ပင်ကိုချစ်မြတ်နိုးသူတစ် ဦးရဲ့ အရမ်းချစ်စရာကောင်းတဲ့စာမူတ စ်ပုဒ်လို့ ဘာသာပြန်နေရင်း ခံစားမိပါတယ်။ အပြည့်အစုံကိုတော့ မဂ္ဂဇင်းထွက်ပြီးမှ ပြန်လည်မျှဝေပါဦးမယ်။
#NineNineSanay
.
“Survivor Tree(သက်ရှင်ကျန်ရစ်နေတဲ့သစ
.
အချိန်တစ်လအကြာမှာမှ အဆောက်အဦးပျက်တွေကိုရှင်းလ
.
ဥယျာဉ်အုပ်ချုပ်ရေးမှူးက ကျွန်မကိုပြောပြတယ်… ပထမဆုံးအကြိမ် ဒီသစ်ပင်ငုတ်တိုကို သူတွေ့တုန်းက ဘယ်လိုနည်းနဲ့မှ ဒီသစ်ပင်ကိုပြန်လည်ရှင်သန်ဖ
.
ဆန်းကြယ်တဲ့ဘဝ ကံတရားရဲ့အစီရင်ကိုခံထားရတဲ
.
စစချင်းမှာ လှုပ်ရှားမှုပြင်းပြင်းထန်ထန်
ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ
.
၂ဝ၁ဝခုနှစ် ဒီဇင်ဘာလမှာ သူ့ကိုတွေ့ရှိခဲ့တဲ့ သူ့နဂိုနေရာဆီ ပြန်ပို့လိုက်ပါတယ်။ သူ့ကို ပြန်ပို့ဖို့ အကြံပေးသူက ၉/
.
တကယ်တမ်း ပြောင်းရွေ့စိုက်ပျိုးလိုက်
----------
The Chic မဂ္ဂဇင်း စက်တင်ဘာလအတွက် ရေးခဲ့တဲ့စာလေးတစ်ပုဒ်ထဲက အပိုင်းအစလေးတစ်ခုပါ။ ဘာသာပြန်စာတစ်ပုဒ်ဖြစ်ပြီး သစ်ပင်ကိုချစ်မြတ်နိုးသူတစ်
#NineNineSanay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။