Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 7, 2016

Measles ဝက်သက်ရောဂါ

Measles ဝက်သက်ရောဂါ

သတင်း = နာဂပြည်သူတွေ ဝက်သက်ကြောင့်သေဆုံး

ဝက်သက်ရောဂါကို Measles လို့ခေါ်တယ်။ Rubella ဆိုတာက ဂျာမန်ဝက်သက်။ Morbillivirus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်။ လူနာရဲ့ နှာခေါင်း-ပါးစပ်က ပိုးပါတဲ့အရည်ဟာ တခြားလူရဲ့ အသက်ရှူလမ်းကနေဝင်ပြီး ကူးစက်တယ်။ ပိုးဝင်ပြီး ၄-၁၂ ရက် အကြာ ရောဂါပေါ်တယ်။ လက္ခဏာတွေ စပေါ်တဲ့ရက်ကနေစပြီး အနီစက်တွေပေါ်ပြီး ၃-၅ ရက်အကြာထိ သူများကို ကူးစက်စေနိုင်တယ်။

ဝက်သက်ကို အလွန်ကူးစက်မြန်ရောဂါလို့သတ်မှတ်ထားတယ်။ ၂ဝ၁၄ ခုနှစ်က တကမ္ဘာလုံးမှာ ဝက်သက်ဖြစ်ခဲ့သူပေါင်း ၁၁၄၉ဝဝ ယောက်နဲ့ နေ့စဉ် သေဆုံးသူပေါင်း ၃၁၄ ယောက် ရှိခဲ့တယ်။ အများဆုံးက ၅ နှစ်အောက်ကလေးတွေဖြစ်တယ်။ ကာကွယ်ဆေးကြောင့် ၂ဝဝ ခုကနေ ၂ဝ၁၄ အတွင်း ဖြစ်နှုန်း ၇၉% ကျဆင်းခဲ့ပါတယ်။

လက္ခဏာတွေ -
ပိုးကူးစက်ခံရပြီးနောက် ၁ဝ-၁၂ နေရင်စတယ်။ အပြင်းဖျားတာနဲ့စတယ်။ ၄ ရက်ကနေ ၇ ရက်ကြာတယ်။ ချောင်းဆိုး၊ ခေါင်းကိုက်၊ နှာရည်ယို၊ မျက်စိနာမယ်။ အစားပျက်မယ်၊ အနီရောင်အစက်တွေထွက်၊ ဦးခေါင်းပိုင်းကစထွက်၊ ယားတယ်။ ၅-၆ ရက်ဆိုမှိန်လာမယ်။ တတိယနေ့မှာ ပေါ်လာတဲ့အနီစက်လေးတွေကို Koplik's spots လို့ခေါ်တယ်။ ပါးစပ်ထဲမှာလဲ ပေါက်တတ်တယ်။ နားနောက်နားမှာစတွက်တယ်။ ယားမယ်။ နီရာကနေညိုပြီး ၄-၈ ရက်အထိ ကြာနိုင်တယ်။ တိတိကျကျ ဆိုရင် ၄ ရက် ဖျားတယ်။ နူမိုးနီးယားနဲ့ နားကိုက်တာလဲ ဆက်ဖြစ်တတ်တယ်။ ဦးနှောက်ရောင်၊ မျက်ကြည်လွှာ ရောင်တာ ဖြစ်နိုင်တယ်။ ရှားပါတယ်။ အသက်ကြီးမှ ဝက်သက်ပေါက်ရင် ပိုဆိုးတယ်။

ကုသရန်
ပိုးသေမည့်ဆေး မရှိ။ လက္ခဏာများကိုသာကုပါ။ Acetaminophen (Paracetamol) ပါရာစီတမောခေါ်တယ်။
၂-၆ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကိုယ်ပူတာနဲ့ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊
• ၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊
• ၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊

ယားတာသက်သာအောင် Calamine lotion ကိုလဲ လိမ်းပေးနိုင်တယ်။ (အင်တီဟစ်တမင်း) ဆေး Chlorpheniramine (ဘာမီတွန်) နဲ့ Cetrizine (စီထရဇင်း) ဆေးပေးနိုင်တယ်။
Cetirizine
လူကြီး = တနေ့ 5 mg or 10 mg
၆-၁၁ နှစ်ကလေး = တနေ့ 5 mg or 10 mg
၆ လမှ ၁-၅ နှစ်ကလေး = တနေ့ 2.5 mg (½ teaspoon)

ချောင်းဆိုးတာအတွက် Fast-acting bronchodilator cough Syrup ချောင်းဆိုးပျောက်ဆေးရည် ပေးတယ်။ ဗီတာမင် (အေ) ကိုလဲ ပေးတာကောင်းတယ်လို့ဆိုနိုင်တယ်။

ဝက်သက်ရောဂါကာကွယ်ရန်
ဖြစ်နေတဲ့ကလေးကို သည်းခြားထားပါ၊ အခြားကလေးတွေကို ကူးစက်စေမယ်။ MMR vaccine (Measles, Mumps, Rubella) ကို (၁၈) လ အထက်ကလေးတွေကို ထိုးပေးတယ်။ ၄-၅ နှစ်အရွယ် ထပ်ထိုးပါ။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ကာကွယ်ဆေးကို အသက် ၆ လ နဲ့ ၉ လတွေမှာ တခါစီထိုးတယ်။ MMR ကာကွယ်ဆေးကနေ Autism ခေါ်တဲ့ ကလေးရောဂါဆက်ဖြစ်သလား သံသယရှိတယ်။

နောက်ဆက်တွဲဆက်ဖြစ်တာကို အသက် ၅ နှစ်အောက်ကလေးတွေနဲ့ အသက် ၂ဝ ကျော်တွေမှာဆိုးတယ်။
မျက်စိကွယ်နိုင်တယ်။ ဦးနှောက်အဖုံးလွှာရောင်နိုင်တယ်။ ဝမ်းလျှောမယ်။ ရေ-ဆားခမ်းခြောက်မယ်။ နားရောင်မယ်။ အသက်ရှူလမ်းပိုးဝင်မယ်။ နူမိုးနီးယားဖြစ်မယ်။ အာဟာရမပြည့်သူတွေနဲ့ ဗီတာမင်အေနည်းသူတွေမှာ ပိုဆိုးကြတယ်။ HIV-AIDS ရှိနေသူတွေမှာလည်း ဆိုးတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်ရင်လည်း ဆိုးတယ်။ ကိုယ်ဝန်ပျက်ကျနိုင်တယ်။ စောမွေးနိုင်တယ်။ တခါဖြစ်ဖူးရင် တသက်တာခံနိုင်ရည်ရမယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။