လောကမှာ ဝေဖန်ခံရခြင်းနဲ့
ကင်းတဲ့သူ မရှိပါဘူး....
စကားတစ်ခုကလဲ "အဝေဖန်ခံနိုင်မှ ပညာရှိ"
လို့ ဆိုထားပါသေးတယ်....
ဒါပေမယ့် ကိုယ့်မကောင်းကြောင်း
ကိုယ့်အားနည်းချက်ကို ဝေဖန်ခံရတာကို
အေးအေးဆေးဆေးလက်ခံနိုင်ဖို့ ဆိုတာ
တော်ရုံ စကေးနဲ့ မရတာ သေချာတယ်....
တစ်ခု သတိထားဖို့ကောင်းတာက ဝေဖန်ခံ
ရတယ်ဆိုတာ ကိုယ်ကစိတ်ဝင်စားစရာကောင်းလို့
အဝေဖန်ခံရတာပါ....ဘယ်သူမှ "ခွေးသေကို
ခြေထောက်နဲ့ မကန်ဘူး" ဆိုတာ သိစေချင်တယ်......
ဝေဖန်တာမှာ နှစ်မျိုးရှိပါသေးတယ်
အပြုသဘောဆောင်တဲ့ ဝေဖန်ခြင်းနဲ့
အပျက်သဘောဆောင်တဲ့ ဝေဖန်ခြင်း ပါ....
အပြုသဘောဆောင်တဲ့ ဝေဖန်ခြင်းမှာ
ကိုယ့်အပေါ်ထားတဲ့ စေတနာကောင်းတွေ
ပါနေတဲ့အတွက် လိုလိုလားလား လက်ခံ
ကြိုဆိုသင့်တယ်.....လူ့သဘာဝ အရ ကိုယ့်
အားနည်းချက်ကို ကိုယ်မြင်တာထက်
သူများက ပိုမြင်တတ်တာကြောင့် ဒီလိုထောက်ပြ
ဆုံးမပေးတဲ့သူရှိရင် ကျေးဇူးတင်ရမှာပါ.....
အပျက်သဘောဆောင်တဲ့ ဝေဖန်မှုကတော့
အပြစ်တင်ချင်စိတ်၊ချိုးနှိမ်ချင်စိတ်၊ကဲ့ရယ်ချင်စိတ်
ကြောင့်ဖြစ်လာရတာပါ.....စေတ နာဆိုးလို့
ပြောနိုင်ပါတယ်.....
ဘယ်လိုကြောင့်ဖြစ်ဖြစ် အဲဒီဝေဖန်မှုထဲကလဲ
ကိုယ့်အတွက် ယူမယ်ဆို သင်ခန်းစာရနိုင်
ပါသေးတယ်...
အကယ်၍ မဟုတ်တာကို ဝေဖန်စွတ်စွဲတာ
မျိုးဆိုရင်တော့ လိုက်ပါ ခံစားမနေပါနဲ့တော့...
လွှတ်သာထားလိုက်ပါ....
မကြာခင်မှာ လေထဲကစကား လေထဲတင်
ပျောက်ကွယ်သွားမှာပဲလေ....
ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ပဲ မဟုတ်လား.....
အမှိုက်ဆိုတာ ခေါင်းထဲထည့်စရာမှ မဟုတ်တာ....
~WPH~
ကင်းတဲ့သူ မရှိပါဘူး....
စကားတစ်ခုကလဲ "အဝေဖန်ခံနိုင်မှ ပညာရှိ"
လို့ ဆိုထားပါသေးတယ်....
ဒါပေမယ့် ကိုယ့်မကောင်းကြောင်း
ကိုယ့်အားနည်းချက်ကို ဝေဖန်ခံရတာကို
အေးအေးဆေးဆေးလက်ခံနိုင်ဖို့
တော်ရုံ စကေးနဲ့ မရတာ သေချာတယ်....
တစ်ခု သတိထားဖို့ကောင်းတာက ဝေဖန်ခံ
ရတယ်ဆိုတာ ကိုယ်ကစိတ်ဝင်စားစရာကောင်းလ
အဝေဖန်ခံရတာပါ....ဘယ်သူမှ "ခွေးသေကို
ခြေထောက်နဲ့ မကန်ဘူး" ဆိုတာ သိစေချင်တယ်......
ဝေဖန်တာမှာ နှစ်မျိုးရှိပါသေးတယ်
အပြုသဘောဆောင်တဲ့ ဝေဖန်ခြင်းနဲ့
အပျက်သဘောဆောင်တဲ့ ဝေဖန်ခြင်း ပါ....
အပြုသဘောဆောင်တဲ့ ဝေဖန်ခြင်းမှာ
ကိုယ့်အပေါ်ထားတဲ့ စေတနာကောင်းတွေ
ပါနေတဲ့အတွက် လိုလိုလားလား လက်ခံ
ကြိုဆိုသင့်တယ်.....လူ့သဘာဝ
အားနည်းချက်ကို ကိုယ်မြင်တာထက်
သူများက ပိုမြင်တတ်တာကြောင့် ဒီလိုထောက်ပြ
ဆုံးမပေးတဲ့သူရှိရင် ကျေးဇူးတင်ရမှာပါ.....
အပျက်သဘောဆောင်တဲ့ ဝေဖန်မှုကတော့
အပြစ်တင်ချင်စိတ်၊ချိုးနှိမ
ကြောင့်ဖြစ်လာရတာပါ.....စေတ
ပြောနိုင်ပါတယ်.....
ဘယ်လိုကြောင့်ဖြစ်ဖြစ် အဲဒီဝေဖန်မှုထဲကလဲ
ကိုယ့်အတွက် ယူမယ်ဆို သင်ခန်းစာရနိုင်
ပါသေးတယ်...
အကယ်၍ မဟုတ်တာကို ဝေဖန်စွတ်စွဲတာ
မျိုးဆိုရင်တော့ လိုက်ပါ ခံစားမနေပါနဲ့တော့...
လွှတ်သာထားလိုက်ပါ....
မကြာခင်မှာ လေထဲကစကား လေထဲတင်
ပျောက်ကွယ်သွားမှာပဲလေ....
ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ပဲ မဟုတ်လား.....
အမှိုက်ဆိုတာ ခေါင်းထဲထည့်စရာမှ မဟုတ်တာ....
~WPH~
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။