Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 8, 2016

"ဘိုးဘိုးပြောတဲ့ လူ့ကမ္ဘာ "

"ဘိုးဘိုးပြောတဲ့ လူ့ကမ္ဘာ "
@@@@@@@@@@@@

ကျွန်ုပ်တို့လူသားတွေရဲ့ ဦးနှောက်မှာ ငယ်စဉ်ကလေးဘဝကတည်းက စဉ်းစားတွေးခေါ်နိုင်တဲ့ အရည်အချင်းတွေရှိပါတယ်
ကလေးငယ်တွေဆိုရင် သူတို့မသိတာတွေကို နှိုက်နှိုက်ချွတ်ချွတ်ပြန်မေးတတ်ကြတယ်မဟုတ်လား
ဘယ်သတ္တဝါမျိုးမှာမှ ကျွန်ုပ်တို့ လူသားများကဲ့သို့ တွေးတောကြံဆတတ်တဲ့ အရည်အသွေးတွေ မရှိကြပါဘူး
ကျွန်ုပ်တို့လူသားများဟာ အကြောင်းတစ်ခုဖြစ်လာပြီဆိုရင် အသိအလင်း ထင်ထင်ရှားရှားမသိကြသည့်အတွက်
ဘာ့ကြောင့် ဘယ်လိုကြောင့် ဘယ်အတွက်ကြောင့်ဆိုတဲ့ မေးခွန်းများနဲ့ အကျိုးအကြောင်းကို သိချင်လိုကြပါတယ်
သိချင်တာကို သိအောင်လည်း ကြိုးစားနိုင်ကြပါတယ်
စာဖတ်သူအားလုံးကိုယ်တိုင်လည်း လောကမှာ ဘယ်အရာမဆို ပြု လုပ်ခြင်းအပေါ် အကျိုးမပါဘဲ အကြောင်းဖြစ်လာမှာမဟုတ်ပါဘူးဆိုတာ သိနေမှာပါ
တစ်ခုလုပ်လိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ဦးစွာ သိထားဖို့ လိုအပ်ပါတယ်

ဒီအကြောင်းအရာလေးနဲ့ ပက်သတ်ပြီး ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါရစေ…

မြေးအဖိုး နှစ်ယောက်ရှိတယ်ဗျ
ကလေးဆိုတော့ သိတဲ့အတိုင်းပဲလေ အမှားအမှန်မသိဘဲ ထင်ရာလုပ်တတ်ကြတယ်မဟုတ်လား
ပြီးရင် ပြန်မေးမယ် … လူကြီးတွေက ဆူလိုက်တယ်ဆိုရင် ငိုတတ်ကြတယ်လေ

တစ်နေ့ အဖိုးဖြစ်သူက-
" မြေးလေး… အဘိုးဆီလာပါဦး"

" ဟုတ်ကဲ့ …… ဘိုးဘိုး … ဘာလို့လဲ ဘိုးဘိုး"

" လာ…… ဒီမှာ ဘိုးဘိုးနဲ့ သရက်သီးမှည့်လေးတွေ အတူစားကြရအောင်…… အရမ်းချို တယ် ငါ့မြေးရဲ့"

" ဟာ… ဟုတ်တယ်နော် ဘိုးဘိုး … စားလို့ ကောင်းလိုက်တာ … အရမ်းလည်း ချို နေတာပဲ၊
ဒါနဲ့ ဘိုးဘိုး … မြေး မသိလို့မေးပါဦးမယ်"

" မေးလေ မြေး… ဘိုးဘိုးကို ဘာများ မေးချင်လို့လဲ"

" ဘိုးဘိုး… ဒီသရက်သီးတွေက ဘာလို့ ဒီလောက်ချို နေရတာလဲဟင်"

" သြော်… ဒါလား မြေးရ……
သရက်သီးတွေက အစပထမတော့ ချဉ်တယ်လေ…
အဲ့ဒီနောက် ရေ ၊ လေ ၊နေရောင်ခြည်တို့ကြောင့် ရင့်မှည့်လာကြတယ်လေ…
တဖြည်းဖြည်းနဲ့ ချို လာတော့တာပေါ့ မြေးရယ်"

"ဟုတ်လား… ဘိုးဘိုး… ဘိုးဘိုးက သရက်သီးအကြောင်းတွေလည်း သိတာပဲနော်"

"ဟုတ်တယ် မြေးလေး… မြေးရဲ့ အဘိုးလည်း ငယ်ငယ်တုန်းက ဒီသရက်သီးလေးလိုပဲ ချဉ်တာပဲလေ… အခုအသက်ကြီးလာမှ ချို လာတာ…"

" ဟင် ဘိုးဘိုးကလည်း … ဘိုးဘိုးလည်း သရက်သီးလိုပဲလား
ဘိုးဘိုးပြောမှ မြေးလည်း နားမလည်တော့ပါဘူး
ပြောပြပါဦး ဘိုးဘိုး"

" သြော်… ဒါတွေက မြေးလေး ကြီးလာရင် သိလာမှာပါ"

" အာ… ဘိုးဘိုးကလည်း မြေးက ဘယ်လိုလုပ်သိလာမှာလဲ "

" မြေးလေးက … ကျောင်းနေရမယ်… စာသင်ရမယ်…နောက် စာတွေ ဗဟုသုတတွေလေ့လာတော့ သိလာမှာပေါ့ "

" ဟုတ်လား ဘိုးဘိုး… မြေးတို့လို လူတွေက သင်ကြားတတ်မြောက်ရင် သိလာတာပဲလား "

" ဟုတ်တယ် မြေး … လူတွေဆိုတာ စာရေးစာဖတ်လို့လည်း ပညာတတ်လာတယ်… နောက် စကားပြောတွေလည်း တတ်လာတယ်လေ"

" အခြား သတ္တဝါတွေရော မြေးတို့လို့ သင်လို့မရဘူးလားဟင် ဘိုးဘိုး"

" ဘယ်သတ္တဝါမှ လူတွေလို အသိဉာဏ်မကြွယ်တော့ သင်ကြားရတာ ခက်ခဲသလို စကားလည်း လူတွေလို မပြောတတ်ကြဘူးလေ မြေး"

" ဒါနဲ့ ဘိုးဘိုး… ကွန်ပျု တာကြီးက အရမ်းတော်တာပဲနော်"

"ဟားးးး … အဘိုးမြေးလေးက ကွန်ပျု တာကို ဘယ်မှာ တွေ့ဖူးလို့လဲကွ"

" မြေးတို့ ကျောင်းက မီဒီယာအခန်းထဲမှာ အသုံးပြု နေတာ တွေ့ရတာ ဘိုးဘိုး "

"ဟုတ်လား မြေးလေး… သူက ဘာလုပ်လို့ရလဲဟင် (အဘိုးဖြစ်သူက မသိဟန်ဆောင်လျက် စကားဆွဲပြီး မေးလေတော့တယ်)"

" ကွန်ပျု တာက စာရေးလို့ စာဖတ်လို့ ပုံတွေလည်းဆွဲလို့ရတာပေါ့ ဘိုးဘိုး…
မြေးတို့ တစ်နေ့ တစ်နာရီ အသုံးပြု ချိန်သင်ပေးတယ်လေ…
ဒါနဲ့ ဘိုးဘိုး… သူက လူတွေခိုင်းတာ အကုန်လုပ်ပေးနေတာဆိုတော့ အဲ့ဒါ ဘာ့ကြောင့်လဲဟင်"

" မြေး… ကွန်ပျု တာဆိုတာက လူလုပ်တဲ့ ဦးနှောက်တစ်ခုပါပဲ၊ သူ့ဆီမှာ လုပ်လို့ရနိုင်တဲ့ ဝါယာကြိုးမျှင်လေးတွေ တပ်ဆင်ပေးထားရတယ်လေ…
လူတွေအချင်းချင်းလည်း အသုံးပြုဆက်သွယ်လို့ရတဲ့ ကိရိယာတစ်ခုပေါ့ "

" သြော် …ဟုတ် ဘိုးဘိုး
ဘိုးဘိုးလာ မြေးနဲ့ စာအုပ်အတူဖတ်ကြည့်ကြရအောင်"

" ဘာစာအုပ်တွေလဲ မြေး"

" ဟိုနေ့က မြေးဖတ်ဖို့ ဖေကြီးဝယ်ပေးထားတယ် စာအုပ်တွေပါ ဘိုးဘိုး၊ အစပိုင်းက အရမ်းဖတ်ကောင်းတယ် "

" ဟုတ်လား … ဒါဆို မြေးအတွက် ဗဟုသုတတွေ ကြွယ်ဝတာပေါ့ "

"ဘိုးဘိုး ဒီမယ်ကြည့်-( မြေးက စာအုပ်ပါ ရုပ်ပုံများကို အဘိုးဖြစ်သူအား လက်ညိုးညွန်ပြလျက်)
ဒီမှာ တိုက်အမြင့်ကြီးတွေ "

"ဟုတ်တယ်နော် မြေး "

"ဒီမယ် မော်တော်ကားတွေ ၊ ပြို င်ကားတွေ၊ မီးရထားတွေ ၊ သဘောင်္ကြီးတွေ အကြီးတွေပဲနော် ဘိုးဘိုး"

" ဟုတ်တယ် "

" ဟာ ဘိုးဘိုးဒီမှာ လေယာဉ်ပျံကြီး၊ ဒုံးပျံကြီး "

" အင်း "

" ဘိုးဘိုး ဒါတွေက ဗုံးကျဲတဲ့ တိုက်လေယာဉ်တွေ မဟုတ်လား ၊ ဘယ်သူတွေ လုပ်တာလဲဟင် တော်လိုက်တာနော် "

" အဲ့ဒါတွေအားလုံးကို လူတွေကပဲ နှစ်ရှည်ကြာပြီး ကြိုးစား လုပ်ခဲ့တာလေ မြေး "

" ဟုတ်လား … အရမ်းတော်ကြတာပဲနော် ဘိုးဘိုး…
အကုန်လုံး လုပ်နိုင်ကြတာ "

" ဒါပေါ့ ငါ့မြေးရဲ့ "

" ဒါဆို ဘိုးဘိုး… လူတွေထက် ပိုကောင်းအောင် လုပ်နိုင်တဲ့သူတွေ ရှိသေးလားဟင် "

" ဟဟ … မရှိပါဘူး မြေးရယ် "

" ဟင် ဒါဆို ဘိုးဘိုးတို့ မြေးတို့လို လူတွေထက် လုပ်နိုင်တာ ဘာမှမရှိဘူးပေါ့ "

" ဒါပေါ့ ငါ့မြေးရ"

မြေးဖိုးနှစ်ယောက် စကားပြောတာကြာတော့ အညောင်းပြေ ခြံထဲလမ်းလျှောက်ရင်း စကားဆက်ပြောကြတယ်

" မြေးလေး … ဘိုးဘိုး ပြောတာကို သေချာနားထောင်ပါကွာ "

"ဟုတ် ဘိုးဘိုး၊ မြေး နားထောင်နေပါတယ် "

"တကယ်တော့ လူတွေဟာ ပြို င်စရာဆိုလို့ လူအချင်းချင်းပဲ ရှိတယ် သာတယ် ဝယ်နိုင်တယ် စားနိုင်တယ် ဆိုတာတွေပဲ ပြို င်နေကြတာ၊ ဒါကတော့ ငါ့မြေးလေး ကြီးလာရင် ပိုသိလာမှာပါ
ဒီအကြောင်းတွေကို ငါ့မြေးလေး ပြန်ပြောပြနေတာ နားလည်ပါ့မလားတော့ မသိဘူး
အဘိုးတို့ ကမ္ဘာကြီးကို ဘယ်သူတွေက အုပ်စိုးနေတာ
သူတို့တွေက ဘာတွေလုပ်နေကြတယ်ဆိုတာ သိစေချင်တယ်
နေရာအချို့တွေမှာ ဒုံးကျည်လက်နက်တွေနဲ့ တိုက်ပွဲဝင်နေသူတွေ
အဏုမြူ လက်နက်တွေနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေကြသူတွေ
အသံထက်မြင့်တဲ့ လေယာဉ်တွေနဲ့ ဗုံးကြဲနေကြသူတွေ
မြေမြု ပ်ဗုံးတွေနဲ့ လူတွေကို အသက်အန္တရာယ်ပြု နေကြသူတွေ
ဒါတွေအားလုံးကလည်း မြေးတို့ ဘိုးဘိုးတို့လို လူသားတွေကပဲ လုပ်နေကြတာ
လူသားတွေက တီထွင်ကြံဆတတ်ကြတယ်
အတွေးအခေါ်ဉာဏ်ပညာတွေလည်း ကောင်းကြတယ် ငါ့မြေး
ဒါပေမယ့် ငါ့မြေး-
ကမ္ဘာပေါ်ရှိ တောတောင်ရေမြေတွေကို လူသားတွေကပဲ ဖြု န်းတီးတတ်ကြတယ်
သစ်တောတွေကို ခုတ်တယ်
ဲ့အဲ့ဒီနောက် ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ထုတ်လွှတ်ကြတယ်
နောက်ဆုံး ကမ္ဘာကြီးက ပူးနွေးလာတော့တာပေါ့
အိုဇုန်းလွှာတွေ ပေါက်တယ်
တဆက်တည်းမှာပဲ အခုခံစားနေကြရတဲ့ လူတွေကို ကင်ဆာဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည်တွေ ကမ္ဘာပေါ်ကို ကျရောက်တော့တာပဲပေါ့ မြေးရယ်
ဟော … တခြားတဖက်က ကမ္ဘာ့ရေထုထဲကို အဆိပ်တွေ သွန်တယ်
ကမ္ဘာမြေပေါ်မှာ အဏုမြူ ဓာတ်ပြာတွေ ကျရောက်ပြန်တယ်
ဒါတွေအားလုံးဟာ ပြု လုပ်လိုက်ခြင်းရဲ့ အကျိုးဆက်တွေပဲ မဟုတ်လား မြေးလေး
မြေးလေးသိထားသလိုပါပဲ
လူတွေက အရာအားလုံးကို လုပ်နိုင်ပါတယ်
အဆိုး အကောင်းတွေအားလုံးကို လူသားတွေကိုယ်တိုင်ကပဲ ဖန်တီးကြရတာပဲလေ

တကယ်တော့
ကမ္ဘာမြေကြီးကို တခြားသူတွေ မဖျက်ပါဘူး

သဘာဝဘေးအန္တရာယ်ဆိုးတွေ ကျရောက်အောင် တခြားသူတွေ မဖျက်ပါဘူး

ဘေးဆိုး ကပ်ဆိုးတွေ ကျရောက်အောင် တခြားသူတွေမဖျက်ပါဘူး

သယံဇာတ သစ်တောတွေပြု န်းတီးစေအောင် တခြားသူတွေ မဖျက်ပါဘူး

တောတောင်ရေမြေ အင်းအိုင်တွေကို ပျက်သုဉ်းအောင် တခြားသူတွေ မဖျက်ပါဘူး

လူတွေကပဲ ဖျက်နေကြတာပါ

အလွန့်အလွန် တန်ဖိုးရှိတဲ့ လူသားများနဲ့ လူသားတိုင်း မှီတင်းနေထိုင်ရာ ကမ္ဘာကြီးရဲ့ အနာဂတ်ကို ငါ့မြေးလေးတို့ ခေတ်မှာ ငါ့မြေးလေးတို့လက်ထဲမှာ ကယ်ဆယ်နိုင်ပါစေလို့တော့ ဘိုးဘိုးဆုတောင်းနေမှာပါ
ဘိုးဘိုးလည်း ကမ္ဘာကြီးကို အေးချမ်းပြီး ရေမြေတောတောင် သဘာဝသယံဇာတတွေ ပေါများတဲ့ စိန်းလန်းစိုပြည်တဲ့ ကမ္ဘာကြီးအဖြစ် ပြန်လည်မျှော်လင့်ပါတယ် မြေးလေးရယ် "

စာပေဖတ်ရှု့သူများကို
ကျေးဇူးတင်စွာဖြင့် -

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။