အမေရိကန်သမ္မတ အိုဘားမားရဲ့သမီးငယ်ဖြစ်သူ ဆာရှာအိုဘားမားဟာ နွေရာသီအားလပ်ရက်အဖြစ် ပင်လယ်စာ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေကြောင်း သိရပါတယ်။
မက်ဆာချုးဆက်ပြည်နယ်အတွင်းက ကျွန်းငယ်လေးတစ်ခုမှာ ဆက်ရှာတစ်ယောက် အလုပ်လုပ်နေတာ ဖြစ်ပြီး အဆိုပါအရပ်ဟာ အိုဘားမား အပန်းဖြေလေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အိုဘားမားရဲ့ သမီးဖြစ်သူဟာ စားသောက်ဆိုင်ဝန်ထမ်းယူနီဖောင်းအဖြစ် အင်္ကျီနဲ့ ဦးထုတ်ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။
ဒါပေမယ့် ဆက်ရှာကို ကူညီစောင့်ရှောက်ပေးဖို့အတွက် လျှို့ဝှက်အေးဂျင့် ၆ ဦးလောက် စားသောက်အနီးမှာ ရှိနေတယ်လို့ သိရပါတယ်။ " သူမက အောက်ထပ်မှာ တာဝန်ကျကပါတယ်။ ပထမတော့ ဒီမိန်းကလေးကို ကူညီပေးဖို့ လူ ၆ ဦးလောက် ရှိနေလို့ အံ့သြရပါတယ်။ နောက်တော့ သူဘယ်သူလဲဆိုတာ အားလုံးသိသွားတော့တာပါပဲ" လို့ ဆိုင်ရဲ့ဝန်ထမ်းတစ်ဦက ပြောပါတယ်။
Source : BBC
http://www.duwun.com.mm
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။