"ပေါတောတောနေတတ်တိုင်း ငပေါမဟုတ်ပါ။"
ပျော်ရွှင်မှုဆိုတာရယူဖို့လွယ်ကူတာမဟုတ်သလို ကိုယ်တိုင်လုပ်ယူလို့မလွယ်လှပါဘူး။ ဒါပေမယ့် လူတစ်ယောက်ကို ပျော်ရွှင်အောင်လုပ်ပြီး ပြန်ရလာတဲ့ကျေနပ်မှုနဲ့ပျော် ရွှင်မှုကိုတော့ ဘယ်ပျော်ရွှင်မှုနဲ့မှနှိုင်းလို့ရပါဘူး။
လူတစ်ယောက်က ဟာသစကားပေါက်ကရလေးဆယ်နှောပြီး သင့်ကိုရယ်မောစေနိုင်တယ်ဆို ငပေါ၊ ငပေါမ လို့အမည်မတပ်သင့်ဘူး။ ပေါတတ်တဲ့လူတိုင်းက အများအားဖြင့် သင်ထင်သလိုအချိန်တိုင်းပျော်ရွှင်နေတာမဟုတ်ပါဘူး။ သာမန်အားဖြင့်အထီးကျန်ခံစား နေရပြီး အခြားလူတွေထက်ပျော်ရွှင်မှုလစ်ဟင်းတဲ့အတွက် သူတစ်ပါးကိုပျော်ရွှင်စေ၊ရယ် မောစေပြီး ကျေနပ်မှုတွေရယူသူပါ။
စကားတွေခပ်ပေါပေါပြောပေမယ့် လည်း စိတ်ထဲမှာ လျို့ဝှက်ထားသူပါ။ သူစိတ်ညစ်နေရင် အလွယ်တကူမသိနိုင်ကြဘူး။ ကိစ္စတိုင်းအလေးအနက်မထားတတ်ဘူးထင်ရလောက်အောင် ခပ်ပေါပေါမျက်နှာပေးနဲ့ ကွယ်ဝှက်နေသူတွေပါ။ပြောင်ချော်ချော်နေတတ်ပေမယ် အခြားသူတစ်ပါးပေါ်ကြင်နာပြီး စိတ်ထားကောင်းတတ်ကြပါတယ်။
အကယ်၍ သင်အဲ့လိုလူမျိုးမနှစ်သက်ဘူးဆိုရင်တောင်
ငပေါ /ငပေါမ လို့အမည်မတပ်ပါနဲ့။ သင့်အရှေ့မှာ သွားဖော်ရယ်နေပေမယ့်လည်း
အဲ့စကားလုံးဟာ သူ့ရဲ့ဝမ်းနည်းမှု အထီးကျန်ဆန်မှုတွေကို တိုးလာစေပါတယ်။
ငပေါ၊ငပေါမ လို့မခေါ်မိခင် သင့်ကိုယ်သင်မေးကြည့်ပါ။ သူ့ကြောင့်သင်တစ်ခါမှ မရယ်ခဲ့ရဘူးဆိုရင်ပေါ့။ :-D
credit-For Her Myanmar
ပျော်ရွှင်မှုဆိုတာရယူဖို့လွယ
လူတစ်ယောက်က ဟာသစကားပေါက်ကရလေးဆယ်နှောပြ
စကားတွေခပ်ပေါပေါပြောပေမယ့်
အကယ်၍ သင်အဲ့လိုလူမျိုးမနှစ်သက်ဘူ
ငပေါ၊ငပေါမ လို့မခေါ်မိခင် သင့်ကိုယ်သင်မေးကြည့်ပါ။ သူ့ကြောင့်သင်တစ်ခါမှ မရယ်ခဲ့ရဘူးဆိုရင်ပေါ့။ :-D
credit-For Her Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။