ယုန်နှင့်လိပ်# တကယ်ပြိုင်ခဲ့သော်
--------------------
ယုန်နဲ့ လိပ် အပြေးပြိုင်ပွဲ ထဲက ကြွားဝါတတ်တဲ့ ယုန်ကလေး အကြောင်း ကြားဖူးကြမှာပါ။ ယုန်ဆိုတာ အပြေးမြန်တယ်။ လိပ် ဆိုတာ အသွားနှေးတယ်။ ဒီတော့ ပုံပြောသူဟာ အပြေးပြိုင်ပွဲမှာ လိပ်ရှုံး လိမ့်မယ် လို့ ယေဘူယျ အမြင်ရှိတာကို ရိုက်ချိုးပြီး လိပ်ကို အနိုင်ပေးလိုက်တယ်။
ဒီမှာ သင်ခန်းစာက ယုန်ဟာ မြန်ပေမယ့်လည်း အပျင်းကြီးတဲ့ အတွက် လိပ်ကို ရှုံးရပါတယ် ဆိုတာကို ကမ္ဘာကျော် အီစွတ်ပုံပြင် လေးက ကျွန်တော်တို့ကို သင်ခန်းစာ ပေးခဲ့တယ်။
ဒါပေမယ့်... တကယ့်တကယ်တမ်းသာ ယုန်နဲ့လိပ်ဟာ အပြင်လောက မှာ အပြေးပြိုင်ခဲ့မယ်ဆိုရင် ဘယ်သူနိုင်လိမ့်မလဲ။ လိပ်ဟာ တကယ်ပဲ ယုန်ကို နိုင်ပါ့မလား။
ယုန်ဆိုတာ တွင်းအောင်း သတ္တဝါမျိုး ဖြစ်ပြီးတော့ တွင်းနဲ့ အနီး တဝိုက် မှာသာ ရှင်သန် ကျက်စား လေ့ ရှိကြပါတယ်။ သူတို့ကို မြင်လိုက်တိုင်း အစာနဲ့ပါးစပ်နဲ့ မပြတ် အမြဲ တစ်ခုခုကို ကိုက်နေတာကို တွေ့ရ မှာ ဖြစ်ပြီးတော့ ဒီလိုအပ်ချက်ဟာ ဆာလောင်မှုကို ဖြည့်တင်း ဖို့ထက် သဘာဝရဲ့ တွန်းအားလို့ ဆိုရ မယ် ထင်ပါတယ်။
ဘာလို့လဲ ဆိုတော့ ယုန်တွေသာ တကယ်တမ်း တစ်စုံတစ်ခုကို မကိုက်ပဲ တစ်နေကုန် နေခဲ့မယ် ဆိုရင် သူ့ရဲ့ အပေါ်သွားတွေဟာ အောက်သွားဖုံးကို ဖောက်၊ အောက်သွားတွေဟာ အပေါ်သွားဖုံးကို ဖောက် လို့ သေပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကြောင့် ယုန်တွေ ဟာ အမြဲတစေ တစ်စုံတစ်ရာကို ကိုက် ရင်းနဲ့ သွားတွေကို တုံးအောင် သွေး နေရပါတယ်လို့ ဆိုပါတယ်။
ယုန်တွေဟာ အမြန်ဆုံး ပြေးမယ် ဆိုရင် တစ်နာရီကို ၁၈ မိုင်ကနေ မိုင် ၂၀ ကြား ပြေးနိုင်တယ်လို့ လေ့လာမှတ်သားခဲ့ဖူးပါတယ်။ အမြန်ဆုံး ဆိုတဲ့ Jackrabbit ယုန်မျိုးစိတ်ဟာ ဆိုရင် တစ်နာရီကို ၆၄ ကီလို မီတာ အထိ ပြေးနိုင်ကြောင်း National Geographic က မှတ်တမ်း တင်ထားတာ ဖတ်လိုက် ရပါတယ်။
လိပ်ဆိုတာ ကတော့ နယ်မြေပြောင်းရွှေ့တတ်ကြတဲ့ မျိုးစိတ် ဖြစ်ပြီး တစ်လကို ဆယ်ကီလိုမီတာ မျှသာ သွားလာလေ့ ရှိကြပါတယ်။ ဒီတော့ တစ်နှစ်ကို ကီလိုမီတာ ၁၂၀ နီးပါး လိပ်တစ်ကောင်ဟာ ခရီးသွားနိုင်တယ်လို့ အကြမ်းဖျဉ်း မှတ်ယူလို့ရပါတယ်။
ဒီတော့ ကျွန်တော်တို့ စိတ်ကူးထဲမှာ ခဏလောက် ယုန်နဲ့ လိပ်တို့ကို အပြေးပြိုင်ခိုင်း ကြည့်ကြ ရအောင်။ ယုန်လည်း အပျင်းမကြီးဘူး။ လိပ်လည်း အဲ့ဒီပုံ အတိုင်း သွားမယ်။ ဒါဆို ဘာတွေ ဖြစ်ကုန် ကြမလဲ။
အကယ်၍ တာတို ကွင်းပတ် အပြေး ပြိုင်ပွဲသာ ဆိုခဲ့ရင် ယုန်တစ်ကောင်ရဲ့ တစ်နာရီ ကို ၆၄ ကီလိုမီတာ ပြေးနှုန်းဟာ လိပ်တစ်ကောင်ကို အသာလေး အနိုင်ယူသွားကောင်း ယူသွားပါလိမ့်မယ်။
ဒါပေမယ့် တစ်သက်စာ အပြေးပြိုင်ပွဲမှာဆိုရင်တော့ 
ရလဒ်ဟာ စိတ်ဝင်စားဖို့ ကောင်းနေလိမ့်မယ် ထင်တယ်။ လိပ်မျိုးတွေဟာ
တစ်နေရာကနေ နောက်တစ်နေရာကို အချိန်တိုင်း ခရီးထွက်နေချိန်မှာ ယုန်တွေကတော့
တွင်းပတ်လည် ၄၀ ကီလိုမီတာပတ်လည် ထက် ပိုဝေးဝေးကို မသွားရဲကြပါဘူး။ ပြီးတော့
လိပ်တစ်ကောင်သက်တမ်းဟာ ပျမ်းမျှ ၁၅၀ ခန့် အသက်ရှည်ပေမယ့် ယုန်တစ်ကောင်
ကတော့ အလွန်ဆုံး ကြာကြာနေရရင် ၇ နှစ်မျှသာ အသက်ရှည်တဲ့ မျိုးစိတ်
ဖြစ်ပါတယ်။
ဒါ့ကြောင့် တစ်သက်စာ အပြေးပြိုင်ပွဲမှာ ယုန်တစ်ကောင်ဟာ ကီလိုမီတာ ၄၀ မျှပဲ ခရီးရောက် နိုင် ပေမယ့် လိပ်တွေဟာ တစ်သက်တာ ကာလ (နှစ် ၁၀၀) မှာ ကီလိုမီတာ ၁၂,၀၀၀ ခန့် ကမ္ဘာအနှံ့ ခရီးထွက်ပြီး နေပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် လိပ်ဖြစ်တိုင်း ဝမ်းမနည်း အားမလျှော့ပါနဲ့။ ကွင်းပတ်ပြီးတော့ မြန်နေတဲ့ ယုန်ထက် အပြင်ထွက်ပြီးတော့ နှေးနေတဲ့လိပ်က အစစအရာရာ သာပါတယ်။
ကိုးကား အချက်အလက်များ -
https://www.reference.com/ pets-animals/ fast-can-rabbit-run-5d03918 aee48e6b5#
http:// animals.nationalgeographic. com/animals/mammals/ jackrabbit/
http://rabbit.org/ faq-chewing/
http://www.bbc.com/earth/ story/ 20150921-can-a-tortoise-bea t-a-hare
- မှတ်စုကြမ်း #kyawnge
--------------------
ယုန်နဲ့ လိပ် အပြေးပြိုင်ပွဲ ထဲက ကြွားဝါတတ်တဲ့ ယုန်ကလေး အကြောင်း ကြားဖူးကြမှာပါ။ ယုန်ဆိုတာ အပြေးမြန်တယ်။ လိပ် ဆိုတာ အသွားနှေးတယ်။ ဒီတော့ ပုံပြောသူဟာ အပြေးပြိုင်ပွဲမှာ လိပ်ရှုံး လိမ့်မယ် လို့ ယေဘူယျ အမြင်ရှိတာကို ရိုက်ချိုးပြီး လိပ်ကို အနိုင်ပေးလိုက်တယ်။
ဒီမှာ သင်ခန်းစာက ယုန်ဟာ မြန်ပေမယ့်လည်း အပျင်းကြီးတဲ့ အတွက် လိပ်ကို ရှုံးရပါတယ် ဆိုတာကို ကမ္ဘာကျော် အီစွတ်ပုံပြင် လေးက ကျွန်တော်တို့ကို သင်ခန်းစာ ပေးခဲ့တယ်။
ဒါပေမယ့်... တကယ့်တကယ်တမ်းသာ ယုန်နဲ့လိပ်ဟာ အပြင်လောက မှာ အပြေးပြိုင်ခဲ့မယ်ဆိုရင် ဘယ်သူနိုင်လိမ့်မလဲ။ လိပ်ဟာ တကယ်ပဲ ယုန်ကို နိုင်ပါ့မလား။
ယုန်ဆိုတာ တွင်းအောင်း သတ္တဝါမျိုး ဖြစ်ပြီးတော့ တွင်းနဲ့ အနီး တဝိုက် မှာသာ ရှင်သန် ကျက်စား လေ့ ရှိကြပါတယ်။ သူတို့ကို မြင်လိုက်တိုင်း အစာနဲ့ပါးစပ်နဲ့ မပြတ် အမြဲ တစ်ခုခုကို ကိုက်နေတာကို တွေ့ရ မှာ ဖြစ်ပြီးတော့ ဒီလိုအပ်ချက်ဟာ ဆာလောင်မှုကို ဖြည့်တင်း ဖို့ထက် သဘာဝရဲ့ တွန်းအားလို့ ဆိုရ မယ် ထင်ပါတယ်။
ဘာလို့လဲ ဆိုတော့ ယုန်တွေသာ တကယ်တမ်း တစ်စုံတစ်ခုကို မကိုက်ပဲ တစ်နေကုန် နေခဲ့မယ် ဆိုရင် သူ့ရဲ့ အပေါ်သွားတွေဟာ အောက်သွားဖုံးကို ဖောက်၊ အောက်သွားတွေဟာ အပေါ်သွားဖုံးကို ဖောက် လို့ သေပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကြောင့် ယုန်တွေ ဟာ အမြဲတစေ တစ်စုံတစ်ရာကို ကိုက် ရင်းနဲ့ သွားတွေကို တုံးအောင် သွေး နေရပါတယ်လို့ ဆိုပါတယ်။
ယုန်တွေဟာ အမြန်ဆုံး ပြေးမယ် ဆိုရင် တစ်နာရီကို ၁၈ မိုင်ကနေ မိုင် ၂၀ ကြား ပြေးနိုင်တယ်လို့ လေ့လာမှတ်သားခဲ့ဖူးပါတယ်။ အမြန်ဆုံး ဆိုတဲ့ Jackrabbit ယုန်မျိုးစိတ်ဟာ ဆိုရင် တစ်နာရီကို ၆၄ ကီလို မီတာ အထိ ပြေးနိုင်ကြောင်း National Geographic က မှတ်တမ်း တင်ထားတာ ဖတ်လိုက် ရပါတယ်။
လိပ်ဆိုတာ ကတော့ နယ်မြေပြောင်းရွှေ့တတ်ကြတဲ့ မျိုးစိတ် ဖြစ်ပြီး တစ်လကို ဆယ်ကီလိုမီတာ မျှသာ သွားလာလေ့ ရှိကြပါတယ်။ ဒီတော့ တစ်နှစ်ကို ကီလိုမီတာ ၁၂၀ နီးပါး လိပ်တစ်ကောင်ဟာ ခရီးသွားနိုင်တယ်လို့ အကြမ်းဖျဉ်း မှတ်ယူလို့ရပါတယ်။
ဒီတော့ ကျွန်တော်တို့ စိတ်ကူးထဲမှာ ခဏလောက် ယုန်နဲ့ လိပ်တို့ကို အပြေးပြိုင်ခိုင်း ကြည့်ကြ ရအောင်။ ယုန်လည်း အပျင်းမကြီးဘူး။ လိပ်လည်း အဲ့ဒီပုံ အတိုင်း သွားမယ်။ ဒါဆို ဘာတွေ ဖြစ်ကုန် ကြမလဲ။
အကယ်၍ တာတို ကွင်းပတ် အပြေး ပြိုင်ပွဲသာ ဆိုခဲ့ရင် ယုန်တစ်ကောင်ရဲ့ တစ်နာရီ ကို ၆၄ ကီလိုမီတာ ပြေးနှုန်းဟာ လိပ်တစ်ကောင်ကို အသာလေး အနိုင်ယူသွားကောင်း ယူသွားပါလိမ့်မယ်။
ဒါပေမယ့် တစ်သက်စာ အပြေးပြိုင်ပွဲမှာဆိုရင်တော
ဒါ့ကြောင့် တစ်သက်စာ အပြေးပြိုင်ပွဲမှာ ယုန်တစ်ကောင်ဟာ ကီလိုမီတာ ၄၀ မျှပဲ ခရီးရောက် နိုင် ပေမယ့် လိပ်တွေဟာ တစ်သက်တာ ကာလ (နှစ် ၁၀၀) မှာ ကီလိုမီတာ ၁၂,၀၀၀ ခန့် ကမ္ဘာအနှံ့ ခရီးထွက်ပြီး နေပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် လိပ်ဖြစ်တိုင်း ဝမ်းမနည်း အားမလျှော့ပါနဲ့။ ကွင်းပတ်ပြီးတော့ မြန်နေတဲ့ ယုန်ထက် အပြင်ထွက်ပြီးတော့ နှေးနေတဲ့လိပ်က အစစအရာရာ သာပါတယ်။
ကိုးကား အချက်အလက်များ -
https://www.reference.com/
http://
http://rabbit.org/
http://www.bbc.com/earth/
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။