စီးကရက်တစ်ဗူး ၉၀၀ အကုန်ခံပေမယ့်
ဂျာနယ်တစ်စောင် ၆၀၀ နှမြောတွန့်တိုကြတဲ့နိုင်ငံ ။
ဘီယာတစ်ဝိုင်းစာ ၁၀၀၀၀ မထောင်းသာပေမယ့်
စာအုပ်တစ်အုပ် ၅၀၀၀ ဆိုရင် ကိုင်တော င်မကြည့်ကြတော့တဲ့ နိုင်ငံ။
ရှိုးပွဲတစ်ခါသွား သုံးသောင်းလောက် ကုန်ချင်ကုန်
သီချင်းတစ်ခွေ ၃၀၀၀ ကို မတန်ဘူး ထင်ကြတဲ့ နိုင်ငံ။
ကေတီဗီထဲမှာ နဂါးနီသီချင်းသံ ညံနေပေမယ့်
လမ်းဆုံက ရေဘေးအလှူခံ ကောင်မလေး အသံတွေ တိမ်ဝင်နေတဲ့ နိုင်ငံ။
လမ်းပေါ်က လူတွေက စည်းကမ်းမရှိဘူး လို့
ကားပေါ်ကနေ ကွမ်းသွေး ထွေးချရင်း ပြောတတ်တဲ့ နိုင်ငံ။
ရက် ၁၀၀ မှာ အရင်ကထက် ဆိုးလာတယ်လို့
ဓာတ်တိုင်အောက် အမှိုက်ထုပ်သွားချရင်း ပြောတဲ့လူတွေ ရှိတဲ့နိုင်ငံ။
မနက်ပိုင်း မေတ္တာသုတ် ရွတ်ပြီးတာနဲ့
ဖေ့ဘုတ်ပေါ်တက် ဆဲရေးနေကြတဲ့ နိုင်ငံ။
အစိုးရ ကောင်းတယ်ဆိုတာကို လိုက်ခ်ပေး မန့်ရေးရုံနဲ့
တကယ် စွန့်လွှတ် အနစ်နာခံသူတွေလို့ (ကျနော်လဲ အပါအဝင်) အထင်ရောက်နေတဲ့ နိုင်ငံ။
အဲဒီလို နိုင်ငံကိုမှ....ကယ်တင်ပေးဖို့ အတွက်တဲ့.....
အသက် ၇၀ ကျော် အဖွားအို တစ်ယောက်ခမျာ.............. .....။
#သက်ငြိမ်
Credit ***
Thurein Htun
ဂျာနယ်တစ်စောင် ၆၀၀ နှမြောတွန့်တိုကြတဲ့နိုင်ငံ
ဘီယာတစ်ဝိုင်းစာ ၁၀၀၀၀ မထောင်းသာပေမယ့်
စာအုပ်တစ်အုပ် ၅၀၀၀ ဆိုရင် ကိုင်တော င်မကြည့်ကြတော့တဲ့ နိုင်ငံ။
ရှိုးပွဲတစ်ခါသွား သုံးသောင်းလောက် ကုန်ချင်ကုန်
သီချင်းတစ်ခွေ ၃၀၀၀ ကို မတန်ဘူး ထင်ကြတဲ့ နိုင်ငံ။
ကေတီဗီထဲမှာ နဂါးနီသီချင်းသံ ညံနေပေမယ့်
လမ်းဆုံက ရေဘေးအလှူခံ ကောင်မလေး အသံတွေ တိမ်ဝင်နေတဲ့ နိုင်ငံ။
လမ်းပေါ်က လူတွေက စည်းကမ်းမရှိဘူး လို့
ကားပေါ်ကနေ ကွမ်းသွေး ထွေးချရင်း ပြောတတ်တဲ့ နိုင်ငံ။
ရက် ၁၀၀ မှာ အရင်ကထက် ဆိုးလာတယ်လို့
ဓာတ်တိုင်အောက် အမှိုက်ထုပ်သွားချရင်း ပြောတဲ့လူတွေ ရှိတဲ့နိုင်ငံ။
မနက်ပိုင်း မေတ္တာသုတ် ရွတ်ပြီးတာနဲ့
ဖေ့ဘုတ်ပေါ်တက် ဆဲရေးနေကြတဲ့ နိုင်ငံ။
အစိုးရ ကောင်းတယ်ဆိုတာကို လိုက်ခ်ပေး မန့်ရေးရုံနဲ့
တကယ် စွန့်လွှတ် အနစ်နာခံသူတွေလို့ (ကျနော်လဲ အပါအဝင်) အထင်ရောက်နေတဲ့ နိုင်ငံ။
အဲဒီလို နိုင်ငံကိုမှ....ကယ်တင်ပေးဖ
အသက် ၇၀ ကျော် အဖွားအို တစ်ယောက်ခမျာ..............
#သက်ငြိမ်
Credit ***
Thurein Htun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။