၂၀၁၅ ခုနှစ်၏ အဆိုးရွားဆုံး password များစာရင်းတွင် ‘QWERTY’ နှင့် ‘12345’ က ထိပ်ဆုံး၌ ရပ်တည်
Password များသည် ယခင်ထက် ပိုမိုရှည်လျားလာသော်လည်း လုံခြုံစိတ်ချမှု မရှိကြောင်း password-management application များကို ဖန်တီးသော SplashData ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့်နှစ်၏ အဆိုးရွားဆုံး pssword စာရင်းတွင် “1234567890”, “qwertyuiop” နှင့် “welcome” တို့ပါဝင်လာခဲ့ကြောင်း၊ အဆိုပါ password များသည် “1234”, “12345” နှင့် “qwerty” တို့နှင့်နှိုင်းယှဉ်လျှင် ပိုမိုရှည်လျားလာသော်လည်း လုံခြုံစိတ်ချမှုမရှိကြောင်း ကုမ္ပဏီမှ ပြောကြားသည်။
“လူတွေက သူတို့ရဲ့ password တွေမှာ စာလုံးတွေကို ထပ်ထည့်ပြီး ပိုမိုလုံခြုံမှုရှိအောင် ပြုလုပ်လာကြပါတယ်။ ဒါပေမဲ့ ရှည်လျားတဲ့ password တွေက ရိုးရိုးရှင်းရှင်းပုံစံပဲ ဖြစ်နေမယ်ဆိုရင် ဟက်ကာတွေရဲ့ identity ခိုးယူတဲ့ ဘေးအန္တရာယ်နဲ့ ပိုမိုကြုံတွေ့နိုင်ပါတယ်” ဟု SplashData မှ အမှုဆောင်ချုပ် မော်ဂန်စလိန်းက ပြောကြားခဲ့သည်။
SplashData သည် ဟက်ကာများက အွန်လိုင်းတွင် ဖော်ပြခဲ့သော ပေါက်ကြားမှုဖြစ်ပွားခဲ့သည့်
password ၂ သန်းကျော်မှ အချက်အလက်များကို စုဆောင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
အချက်အလက်အများစုကို မြောက်အမေရိကနှင့် အနောက်ဥရောပတွင် နေထိုင်သူများထံမှ
ရရှိခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်၏ အဆိုးရွားဆုံး password စာရင်းတွင် “starwars” နှင့် “solo” တို့က အသစ်အနေဖြင့် ပါဝင်လာခဲ့သည်။
Password များနေရာတွင် လက်ဗွေဖတ်စနစ်များ၊ မျက်နှာ သို့မဟုတ် အသံဖြင့် သိမှတ်နိုင်သည့်စနစ်များဖြင့် အစားမထိုးနိုင်မီအချိန်တွင်
လုံခြုံမှုရှိသော password များဖြစ်စေရန်အတွက် စာလုံးအကြီးနှင့်
စာလုံးအသေးများ၊ အထူးစကားလုံးများ ပေါင်းစပ်ပါဝင်သော အနည်းဆုံး
စာလုံးအရေအတွက် ၁၂ လုံးပါဝင်သော password များကို အသုံးပြုသင့်ကြောင်း
SplashData မှ ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အချက်အလက် ပေါက်ကြားမှုများမှ တွေ့ရှိခဲ့ရသည့် နာမည်ကျော် password များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) 123456
(၂) password
(၃) 12345678
(၄) qwerty
(၅) 12345
(၆) 123456789
(၇) football
(၈) 1234
(၉) 1234567
(၁၀) baseball
(၁၁) welcome
(၁၂) 1234567890
(၁၃) abc123
(၁၄) 111111
(၁၅) 1qaz2wsx
(၁၆) dragon
(၁၇) master
(၁၈) monkey
(၁၉) letmein
(၂၀) login
(၂၁) princess
(၂၂) qwertyuiop
(၂၃) solo
(၂၄) passw0rd
(၂၅) starwars
Ref: WSJ
Internet Journal ဆီက ကူးယူဖော်ပြပါသည်
Password များသည် ယခင်ထက် ပိုမိုရှည်လျားလာသော်လည်း လုံခြုံစိတ်ချမှု မရှိကြောင်း password-management application များကို ဖန်တီးသော SplashData ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့်နှစ်၏ အဆိုးရွားဆုံး pssword စာရင်းတွင် “1234567890”, “qwertyuiop” နှင့် “welcome” တို့ပါဝင်လာခဲ့ကြောင်း၊ အဆိုပါ password များသည် “1234”, “12345” နှင့် “qwerty” တို့နှင့်နှိုင်းယှဉ်လျှင် ပိုမိုရှည်လျားလာသော်လည်း လုံခြုံစိတ်ချမှုမရှိကြောင်း
“လူတွေက သူတို့ရဲ့ password တွေမှာ စာလုံးတွေကို ထပ်ထည့်ပြီး ပိုမိုလုံခြုံမှုရှိအောင် ပြုလုပ်လာကြပါတယ်။ ဒါပေမဲ့ ရှည်လျားတဲ့ password တွေက ရိုးရိုးရှင်းရှင်းပုံစံပဲ ဖြစ်နေမယ်ဆိုရင် ဟက်ကာတွေရဲ့ identity ခိုးယူတဲ့ ဘေးအန္တရာယ်နဲ့ ပိုမိုကြုံတွေ့နိုင်ပါတယ်” ဟု SplashData မှ အမှုဆောင်ချုပ် မော်ဂန်စလိန်းက ပြောကြားခဲ့သည်။
SplashData သည် ဟက်ကာများက အွန်လိုင်းတွင် ဖော်ပြခဲ့သော ပေါက်ကြားမှုဖြစ်ပွားခဲ့သည့်
၂၀၁၅ ခုနှစ်၏ အဆိုးရွားဆုံး password စာရင်းတွင် “starwars” နှင့် “solo” တို့က အသစ်အနေဖြင့် ပါဝင်လာခဲ့သည်။
Password များနေရာတွင် လက်ဗွေဖတ်စနစ်များ၊ မျက်နှာ သို့မဟုတ် အသံဖြင့် သိမှတ်နိုင်သည့်စနစ်များဖြင
၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အချက်အလက် ပေါက်ကြားမှုများမှ တွေ့ရှိခဲ့ရသည့် နာမည်ကျော် password များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) 123456
(၂) password
(၃) 12345678
(၄) qwerty
(၅) 12345
(၆) 123456789
(၇) football
(၈) 1234
(၉) 1234567
(၁၀) baseball
(၁၁) welcome
(၁၂) 1234567890
(၁၃) abc123
(၁၄) 111111
(၁၅) 1qaz2wsx
(၁၆) dragon
(၁၇) master
(၁၈) monkey
(၁၉) letmein
(၂၀) login
(၂၁) princess
(၂၂) qwertyuiop
(၂၃) solo
(၂၄) passw0rd
(၂၅) starwars
Ref: WSJ
Internet Journal ဆီက ကူးယူဖော်ပြပါသည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။