Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 21, 2016

အမေရိကန် သမ္မတများ အသုံးပြုခဲ့သော နာရီများ

အမေရိကန် သမ္မတများ အသုံးပြုခဲ့သော နာရီများ

=========================

အချိန်ကို တန်ဖိုးရှိစွာ အသုံးချသူများ အတွက် နာရီသည် မရှိမဖြစ် လိုအပ်သည်။ ထို့ကြောင့် ယနေ့အချိန်အထိ နာရီကိုဝတ်ဆင် အသုံးပြုနေကြခြင်း ဖြစ်သည်။ အထူးသဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေသူများသည် တိကျသော အချိန်ဇယားအောက်တွင် လုပ်ဆောင်ရနေသောကြောင့် နာရီကို အသုံးပြုနေရဆဲ ဖြစ်သည်။

ကမ္ဘာ့သြဇာ အရှိဆုံး နိုင်ငံဖြစ်သော အမေရိကန်တွင်လည်း နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့သည့် သမ္မတများမှာလည်းနာရီကို နှစ်သက်စွာ ၀တ်ဆင်ခဲ့ကြသည်။ ထို့ကြောင့် အမေရိကန် သမ္မတများ အသုံးပြုခဲ့သော နာရီများအကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

၁။ ဂျော့ဝါရှင်တန်

အမေရိကန် သမ္မတ ဂျော့ဝါရှင်တန်သည် နာရီကို အလွန်နှစ်သက်သူ ဖြစ်သည်။ ထိုစဉ်က နာရီတစ်လုံး

ရရှိဖို့ အလွန်ခဲယဉ်းသည်။ ဂျော့ဝါရှင်တန်သည် နာရီတစ်လုံး လိုချင်ကြောင်း ပြည်နယ် အုပ်ရေးမူး တစ်ဦးဖြစ်သည့် မောရစ်ကို ပြောဆိုခဲ့သည်။ ၁၇၈၈ ၀န်းကျင်က ဖြစ်ပြီး၊ မောရစ်သည် ၀န်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် ပြင်သစ်နိုင်ငံသို့ ခရီးထွက်ခဲ့သည်။

ထို့နောက် မောရစ်သည် ဂျော့ဝါရှင်တန် အတွက် နာရီတစ်လုံး ရရှိရန် နာရီပြုလုပ်သူများကို ရှာဖွေခဲ့သည်။ မောရစ်သည် ထိုစဉ်က အကောင်းဆုံးစံနှုန်း ဖြစ်သည့် သေသပ်လှပပြီး ရွှေဖြင့်ပြုလုပ်ထားသည့် နာရီပြုလုပ်ရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် နာရီပြုလုပ်သူများနှင့် ဆွေးနွေးရာတွင် အဆင်မပြေ ဖြစ်သောကြောင့် နောက်တစ်ဦးနှင့် ထပ်မံဆွေးနွေးခဲ့သော်လည်း အောင်မြင်ခြင်း မရှိပေ။

သို့သော် တတိယမြောက် နာရီပြုလုပ်သူနှင့် ဆွေးနွေးရာတွင် အကောင်းဆုံးနာရီ ပြုလုပ်ရန် သဘောတူညီခဲ့သည်။ ထို့ကြောင့် မောရစ်သည် နာရီနှစ်လုံး ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ တစ်လုံးက ဂျော့ဝါရှင်တန် ၀တ်ဆင်ရန်ဖြစ်ပြီး နောက်တစ်လုံး ကတော့ သူကိုယ်တိုင် ၀တ်ဆင်ရန် ဖြစ်သည်။

ယင်းနာရီသည် ထိုခေတ်က စမတ်ကျသည့် အိတ်ဆောင်နာရီ ဖြစ်ပြီး လက်ရာလည်း အလွန်ကောင်းကာ ကျောဘက်တွင် နာရီပြုလုပ်သူ အမည်ကို ရေးထိုးထားသည်။ အဆိုပါ နာရီသည် ၁၉၃၅ အထိ ဂျော့ဝါရှင်တန်၏ မိသားစုတွင် ရှိနေခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဂျော့ဝါရှင်တွင် နောက်ထပ်နာရီတစ်လုံး ရှိခဲ့ပြီး၊ ဗိုလ်မူး သောမတ်ဂျွန်ဆင်ကို လက်ဆောင် အဖြစ် ပေးအပ်ခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ သောမတ်ဂျွန်ဆင်သည် ၁၇၇၇ တွင် မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမူး အဖြစ် ပထမဆုံး ခန့်အပ်တာဝန် ပေးခံထားရသူ ဖြစ်သည်။

ဂျော့ဝါရှင်တန်က လက်ဆောင်အဖြစ် ပေးရာ၌ နာရီတွင် မည်သည့် အမှတ်အသားကိုမှ ပြုလုပ်ခြင်း မရှိသော်လည်း ဆွစ်ဇာလန် နိုင်ငံထုတ် တန်ဖိုးကြီး နာရီတစ်လုံး ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။

၂။ အေဘရာပာင် လင်ကွန်း

အေဘရာ ဟင်လင်ကွန်းသည် နာရီကို နှစ်သက်သည့် အမေရိကန် သမ္မတများတွင် တစ်ဦး အပါအ၀င် ဖြစ်သည်။ လင်ကွန်း လက်ထက် တွင် အမေရိကန် ပြည်ထောင်စုသည် ပြည်တွင်းစစ်များ ဖြစ်ပွားနေပြီး စစ်သားများလည်း နာရီများကို ပိုင်ဆိုင်ထားကြသည်။ လင်ကွန်းနှင့် စစ်သားများသည် WM Ellery အမည်ရ နာရီကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ယင်းနာရီကို ၁၈၆၃ ၀န်းကျင်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါနာရီ၏ အမည်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ လွတ်လပ်ရေး သီချင်းကို သီဆိုသူနှင့် ကွန်ဂရက် အမတ်၏ အမည်ကို ပေးထားခြင်း ဖြစ်သည်။ နာရီမှာ ဈေးချိုသောကြောင့် ၀ယ်ယူသူ အများအပြား ရှိခဲ့သော်လည်း ၁၈၆၅

တွင် စိတ်ဝင်စားသူ နည်းပါးခဲ့သည်။ ယင်းနောက် အမေရိကန်တွင် ပြည်တွင်းဖြစ် နာရီများ ခေတ်စားလာခဲ့သည်။

ဆွစ်ဇာလန် ကုမ္ပဏီများသည် အမေရိကန် စီးပွားရေးသမားများနှင့် ပူးပေါင်းကာ နာရီများကို ထုတ်လုပ်ခဲ့သည်။ လင်ကွန်းမှာလည်း အမေရိကန်ထုတ် နာရီကို ၀ယ်ယူမှုများ ပြုလုပ်ခဲ့သည်။ လင်ကွန်းသည် ဇနီးဖြစ်သူနှင့် သားသမီးသုံးဦးကို ခရစ္စမတ် လက်ဆောင်အဖြစ် နာရီများ ၀ယ်ယူပေးခဲ့ဖူးသည်။

၃။ ၀ါရင်းဂျီပာာဒင်း

အမေရိကန် ပြည်ထောင်စု၏ (၁၄) ယောက်မြောက် သမ္မတဖြစ်သော ၀ါရင်းဂျီပာာဒင်းသည် နာရီကို ရူးသွပ်သူဖြစ်ပြီး၊ ဆွစ်ဇာလန် နိုင်ငံထုတ် နာမည်ကျော် နာရီများကို ၀ယ်ယူလေ့ရှိသည်။ ဟာဒင်းသည် မာဆိုနစ် အမျိုးအစားကို နှစ်သက်သူ ဖြစ်သည်။ ယင်းနာရီသည် ပုံစံအမျိုးမျိုးဖြင့် ထုတ်လေ့ရှိပြီး အိတ်ဆောင်နာရီ၊ လက်ကောက်ဝတ်နာရီတို့မှာ လူကြိုက်များသည်။

ထို့ပြင် နာရီတွင် သံလိုက်အိမ်မြှောင်ကိုလည်း ထည့်သွင်း ပေးထားသည်။ ဟာဒင်းသည် ဆော်လမွန် ဘုရင်နန်းတော်ပုံစံ ပြုလုပ်ထားသည့် နာရီကို အထူးပြုလုပ်စေခဲ့သည်။ ထို့ကြောင့် နာမည်ကျော် နာရီပညာရှင် ပီာရန်အဘစ်က ဟာဒင်းအတွက် အကောင်းဆုံး နာရီကို ပြုလုပ်ပေးခဲ့သည်။ နာရီ ပြုလုပ်ပြီးနောက် ၁၉၂၀ တွင် ဟာဒင်းမှာလည်း သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။

၎။ ရုစဗဲ့

အမေရိကန် သမ္မတ ရုစဗဲ့သည် ဆွစ်ဇာလန် နိုင်ငံထုတ် နာရီများကို နှစ်သက်သူ ဖြစ်သည်။ နာမည်ကျော် ဆွစ်ဇာလန်နာရီ ကုမ္ပဏီဖြစ်သည့် Tiffany ထုတ်နေ့စွဲနှင့်လ ပါဝင်သည့် ပြက္ခဒိန် နာရီကို လက်ဆောင် အဖြစ်ရရှိခဲ့သည်။ ထို့ပြင် အိတ်ဆောင်နာရီကိုလည်း ကိုင်ဆောင်လေ့ ရှိသည်။

Tiffany သည် ကျော်ကြားသည့် သူတို့၏ နာရီများကို အမေရိကန် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများကို ပေးအပ်လေ့ရှိသည်။ ရုစဗဲ့ပတ်သည့် နာရီတွင် ယင်း၏ လက်မှတ်ပုံစံကို ရေးခြစ်ပေးထားသည်။ အမေရိကန် သမ္မတ အိုက်ဆင်ပောာင်ဝါမှာလည်း နာရီများကို နှစ်သက်ပြီး ရိုးလက်စ် အမျိုးအစားကို ၀တ်ဆင်လေ့ ရှိသည်။ သို့သော် TAG Heuer အမျိုးအစားကိုလည်း ၀တ်ဆင်ခဲ့သေးသည်ဟု ဆိုထားသည်။

၅။ ထရူးမန်း

ထရူးမန်းသည် နာရီကို နှစ်သက်သည့် အမေရိကန် သမ္မတ တစ်ဦး ဖြစ်ပြီး၊ ယင်းအချိန်က ခေတ်မီဆန်းပြားသည့် နာရီကို ၀တ်ဆင်ခဲ့သည်ဟု ဆိုထားသည်။ ထရူးမန်း၏ နာရီကို Gallet ကုမ္ပဏီက ပြုလုပ်ပေးခြင်း

ဖြစ်သည်။ ထရူးမန်း၏ နာရီသည် ကမ္ဘာတစ်ဝန်းရှိ အချိန်များကို သိရှိနိုင်အောင် ပြုလုပ်ပေးထားသည်။ ဒိုင်ခွက်မှာလည်း ခေတ်မီဆန်းပြားပြီး ရေစိမ်ခံသည့် အမျိုးအစား ဖြစ်သည်။

ထိုခေတ်က သီးသန့် ပြုလုပ်ပေးသည့် နာရီမျိုးဖြစ်သည်။ ထရူးမန်းသည် ယင်းနာရီ အမျိုးအစားကို ၀န်ထမ်းများအား လက်ဆောင်အဖြစ် ပြန်ပေးခဲ့ကြောင်း သိရသည်။ အမေရိကန် သမ္မတများ ဖြစ်သည့် ရစ်ချတ်နစ်ဆင်နှင့် ဂျွန်အက်ဖ် ကနေဒီ တို့မှာလည်း နာရီများကို နှစ်သက်သူများ ဖြစ်သည်။

ဂျွန်အက်ဖ် ကနေဒီကို နာမည်ကျော် မင်းသမီး မွန်ရိုးက အိုမီဂါနာရီကို လက်ဆောင် ပေးအပ်ခဲ့သည်။ ယင်းနာရီ၏ နောက်ကျောတွင် မွန်ရိုးက စာများရေးသားမှု ပြုလုပ်ခဲ့သည်။

၆။ အိုဘားမား

အမေရိကန် ပြည်ထောင်စု၏ (၄၄) ယောက်မြောက် သမ္မတ အိုဘားမားသည် Jorg Gray မှ အထူး လက်ဆောင် ပေးအပ်ထားသည့် အနက်ရောက် လက်ပတ်နာရီကို မကြာခဏ ၀တ်ဆင်လေ့ ရှိသည်။ ၂၀၀၇ တွင် မွေးနေ့ လက်ဆောင် အဖြစ် နာရီကုမ္ပဏီက ပေးထားခြင်း ဖြစ်သည်။ ယင်းနာရီကို ၀တ်ဆင်ပြီး အိုဘားမားသည် မိန့်ခွန်းပြောခြင်း၊ အရေးပါသည့် လက်မှတ်များ ရေးထိုးခြင်း စသည်တို့ကို ပြုလုပ်ပေးခဲ့သည်။

နာရီ၏ နောက်ကျောတွင် အိုဘားမား အမည်ကို လေဆာဖြင့် ရေးထိုးပေးထားသည်။ အိုဘားမားသည် နာရီကို ထည်လဲဝတ်ဆင်သူ ဖြစ်ပြီး TAG Heuer ၊ Ellen အမှတ်တံဆိပ် နာရီများကိုလည်း ၀တ်ဆင်လေ့ရှိသည်။ သတင်းများ ဖော်ပြချက်အရ Apple မှ ထုတ်လုပ်သည့် စမတ်နာရီသည် အိုဘားမားတွင် မရှိကြောင်း သိရသည်။

ကလင်တန်၊ ဂျော့ဒဗလျူဘုရှ် တို့မှာလည်း နာရီများကို နှစ်သက်ကြသည့် အမေရိကန် သမ္မတာများ ဖြစ်သည်။ ကလင်တန်သည် အဖိုးတန် နာရီများကို ၀ယ်ယူ ၀တ်ဆင်ခဲ့ဖူးကြောင်း ဆိုထားသည်။

Messenger News Journal

#သုတဇုန်
www.thutazone.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B