Yoyarlay added 3 new photos — with Thet Hlaing.
အားလံုးက ခရီးထြက္ခ်င္စိတ္ျဖစ္ေပၚေနၾကတဲ့ ခုလိုေဆာင္းတြင္းကာ လေလးမွာ ခရီးထြက္ျခင္းေၾကာင္း ရရွိတဲ့အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပး လိုက္ပါတယ္။ အလုပ္ေတြနဲ႕ ဖိအားေတြမ်ားေနခ်ိန္မွာ မိသားစုနဲ႕ ခ်စ္သူ ခင္သူေတြကို အခ်ိန္မေပးႏိုင္ခဲ့တာေၾကာင့္ အပန္းေျဖ ခရီးအတူတူ ထြက္ ရင္း မိသားစုကို အခ်ိန္ေပးတဲ့ အခါ ေန႔စဥ္ပံုမွန္လည္ပတ္ေနတဲ့ ဘ၀ပံုစံ မွ ေခတၱအနားရျပီး ေအာက္ပါ ရလာဒ္ေကာင္းေတြကို ခံစားရရွိ ႏိုင္ပါတယ္။
(၁) ခရီးမထြက္ခင္ကတည္းက ၾကိဳတင္ျပင္ဆင္ျပီး ဘယ္ေနရာ ဘာလုပ္မယ္၊ ဘယ္လိုျမဴးေပ်ာ္ပစ္လိုက္မယ္ စသျဖင့္ေတြးျပီး ေပ်ာ္ေန မိတာေၾကာင့္ အလုပ္ကို ေပ်ာ္ရႊင္စြာ ျမန္ျမန္အျပီးသတ္ႏိုင္ပါတယ္။
(၂) ခရီးအတူတူထြက္တဲ့အခါ မိသားစု၀င္ေတြ၊ မိတ္ေဆြေတြ၊ လုပ္ေဖာ္ကုိင္ဖက္ေတြအခ်င္းခ်င္း ပိုမို ပြင့္လင္းလာျပီး ရင္းႏွီးမႈပိုလာေစပါတယ္။ ဆယ္ေက်ာ္သက္သားသမီးေတြနဲ႕ ေခတ္ကုိ အဆက္ျပတ္ေနတဲ့ လူၾကီးမိဘေတြၾကား နာလည္မႈပိုတိုးပြားလာႏုိင္ပါတယ္။
(၃) ပံုမွန္ျမင္ေတြ႕ေနက်မဟုတ္တဲ့ ျမင္ကြင္းအသစ္ေတြကို ေတြ႕ျမင္ရျပီး စိတ္လႈပ္ရွားတက္ၾကြေစပါတယ္။ လႈပ္ရွားသြားလာရတဲ့အတြက္ ေခၽြး ထြက္ျပီး က်န္းမာေရးကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။
(၄)ေနရာသစ္မွာ လူေနမႈပံုစံသစ္ေတြ၊ ဓေလ့ထံုးတမ္းအသစ္ေတြကို ထိေတြ႕ခြင့္ရျပီး ေဒသႏၱရဗဟုသုတ တိုးပြားလာေစပါတယ္။ ခ်က္ျပဳတ္နည္း အသစ္ေတြလည္း ေလ့လာခြင့္ရျပီး ေဒသခံအစားအစာေတြ၊ စားစရာ အသစ္အဆန္းေတြကို ခံစားႏိုင္ပါတယ္။
(၅) မိတ္ေဆြသစ္မ်ားရျပီး အေတြ႕အၾကံဳေတြ ဖလွယ္ေ၀မွ်ရင္း ေနရာေဒသ အမ်ိဳးမ်ိဳးမွ လူအမ်ားနဲ႕ ဆံုေတြ႕ဆက္ဆံရတာေၾကာင့္ ေပါင္းသင္း ဆက္ဆံေရး ပိုမို ေကာင္းမြန္လာေစပါတယ္။
(၆) ခရီးကျပန္လာျပီးေနာက္ လုပ္ငန္းခြင္ကို ျပန္၀င္ရတဲ့အခါလည္း စိတ္ေပါ့ပါးျပီး အားသစ္ျပန္ျပည့္ကာ အလုပ္ထဲမွာ ပိုမိုအားစိုက္ႏိုင္ လာပါတယ္။ စိတ္ဖိစီးမႈမရွိပဲ အေတြးအျမင္သစ္ေတြ ေပၚလာကာ အလုပ္မွာ ပိုမိုထိေရာက္အက်ိဳးရွိေစပါတယ္။
Photo Credit – travelwiththekidsguide.com,stuff.co.nz, charlierrocketbrudges
စံ၀န္းနီ (႐ိုးရာေလး)
www.yoyarlay.com
#swn_yyl #travel_yyl
(Unicode Version)
အပန်းဖြေခရီးထွက်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ
အားလုံးက ခရီးထွက်ချင်စိတ်ဖြစ်ပေါ်နေကြတဲ့ ခုလိုဆောင်းတွင်း ကာလလေးမှာ ခရီးထွက်ခြင်းကြောင်း ရရှိတဲ့အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အလုပ်တွေနဲ့ ဖိအားတွေများနေချိန်မှာ မိသားစုနဲ့ ချစ်သူခင်သူတွေကို အချိန်မပေးနိုင်ခဲ့တာကြောင့် အပန်းဖြေခရီးအတူတူထွက်ရင်း မိသားစုကို အချိန်ပေးတဲ့ အခါ နေ့စဉ်ပုံမှန်လည်ပတ်နေတဲ့ဘဝပုံစံမှ ခေတ္တအနားရပြီး အောက်ပါ ရလာဒ်ကောင်းတွေကို ခံစားရရှိ နိုင်ပါတယ်။
(၁) ခရီးမထွက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီး ဘယ်နေရာ ဘာလုပ်မယ်၊ ဘယ်လိုမြူးပျော် ပစ်လိုက်မယ် စသဖြင့်တွေးပြီး ပျော်နေမိတာကြောင့် အလုပ်ကို ပျော်ရွှင်စွာ မြန်မြန်အပြီးသတ်နိုင် ပါတယ်။
(၂) ခရီးအတူတူထွက်တဲ့အခါ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း ပိုမို ပွင့်လင်းလာပြီး ရင်းနှီးမှု ပိုလာစေပါတယ်။ ဆယ်ကျော်သက်သားသမီးတွေနဲ့ ခေတ်ကို အဆက်ပြတ်နေတဲ့ လူကြီးမိဘတွေကြား နာလည်မှုပိုတိုးပွား လာနိုင် ပါတယ်။
(၃) ပုံမှန်မြင်တွေ့နေကျမဟုတ်တဲ့ မြင်ကွင်းအသစ်တွေကို တွေ့မြင်ရပြီး စိတ်လှုပ်ရှားတက်ကြွစေပါတယ်။ လှုပ်ရှားသွားလာရတဲ့အတွက် ချွေးထွက်ပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။
(၄)နေရာသစ်မှာ လူနေမှုပုံစံသစ်တွေ၊ ဓလေ့ထုံးတမ်းအသစ်တွေကို ထိတွေ့ခွင့်ရပြီး ဒေသန္တရဗဟုသုတ တိုးပွားလာစေပါတယ်။ ချက်ပြုတ်နည်းအသစ်တွေလည်း လေ့လာခွင့်ရပြီး ဒေသခံအစား အစာတွေ၊ စားစရာအသစ်အဆန်းတွေကို ခံစားနိုင်ပါတယ်။
(၅) မိတ်ဆွေသစ်များရပြီး အတွေ့အကြုံတွေ ဖလှယ်ဝေမျှရင်း နေရာဒေသအမျိုးမျိုးမှ လူအများနဲ့ ဆုံတွေ့ဆက်ဆံရတာကြောင့် ပေါင်းသင်းဆက်ဆံရေး ပိုမို ကောင်းမွန်လာစေပါတယ်။
(၆) ခရီးကပြန်လာပြီးနောက် လုပ်ငန်းခွင်ကို ပြန်ဝင်ရတဲ့အခါလည်း စိတ်ပေါ့ပါးပြီး အားသစ်ပြန်ပြည့်ကာ အလုပ်ထဲမှာ ပိုမိုအားစိုက် နိုင်လာပါတယ်။ စိတ်ဖိစီးမှုမရှိပဲ အတွေးအမြင်သစ်တွေ ပေါ်လာကာ အလုပ်မှာ ပိုမိုထိရောက်အကျိုးရှိစေပါတယ်။
Photo Credit – travelwiththekidsguide.com,stuff.co.nz, charlierrocketbrudges
စံဝန်းနီ (ရိုးရာလေး) www.yoyarlay.com
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။