''John Myung'' (သို့) နားလည်ရခက်သောကိုရီးယားမှော်ဝင် Bass သမား။ (အပိုင်း ၁-၂ စ/ဆုံး)
==================
John Myung ကို 24.01.1967 မှာမွေးခဲ့တော့ဒီနေ့ 24.01.16 ဟာသူ့ရဲ့ ၄၉ နှစ်မြောက်မွေးနေ့ဖြစ်လို့ အမှတ်တရအနေနဲ့တင်ခဲ့ဘူးတဲ့ အပိုင်း ၁-၂ ကိုအစအဆုံးပေါင်းတင်ပေးလိုက်ပါတယ်။
ခင်ဗျားတို့ Rock တွေကြိုက်တယ် Metal တွေကြိုက်တယ်။ ဟုတ်ပီ ဒါဆိုရင်ဒိမှာ world wideသြဇာအရှိဆုံး Band DREAM THEATER ကိုကောင်းကောင်းသိမှာပါ။ သီချင်းတပုဒ်ကို နက်နဲတဲ့ သီအိုရီတွေ MUSIC Creation အဆန်းအပြားတွေနဲ့တည်ဆောက်ထားပီး တပုဒ်တပုဒ်ကို Intro နဲ့ တင် ၆ မိနစ်ခွဲလောက်တီးပြပီးတပုဒ်
လုံး ဆိုရင် ၁၅ မိနစ် ၂၀ မိနစ်စာလောက်ဗြုတ်ထားတဲ့ Band Progressive. Rock
နဲ့ Progressive Metalဘုရင်တွေဖြစ်တဲ့ အမေရိကန်။ကနေဒီယန်ဝိုင်း DREAM
THEATER ဟာ 1985 ထဲကနေခုချိန်ထိ အောင်မြင်ဆဲဖြစ်တဲ့Rock နဲ့ Metal လောကမှာ
အရှိန်အဝါ ကြီးမားတဲ့ဝိုင်း ဖြစ်တယ်ဆိုတာ ငြင်းလို့မရဘူး။တော်ရုံ တန်ရုံနဲ့
ဒီ Band ရဲ့ သီချင်းတွေကို cover မတီးရဲကြဘူးနည်းနည်းပါးပါး မှားတာနဲ့ သီချင်းတပုဒ်လုံးရဲ့ technique တွေပါပျက်မှာလေ။ သူတို့ဆီမှာလဲ #DT cover တီးဖို့ကိုအတော်လေးပြင်ဆင်ပီးမှ တီးတဲ့ bandတွေဟာ ရှိတော့ရှိတယ် ရှားတယ်ပေါ့ဗျာ။
Rock band တွေ မက်တယ် Band တွေအကုန်သိတယ်။ ဥပမာ Corey Taylor လို့ပြောရင် Slipknot ကိုမြင်တယ်။ Slash လို့ဆိုလိုက်တာနဲ့Guns & Roses ကိုပြေးမြင်မယ်။ Synyster Gates ဆိုတာနဲ့ A7X ကိုသိကြမယ်။ ဟုတ်ပါပီ ဒါဆို A7X ကBass သမား ကဘယ်သူလဲ။ ဘယ်နိုင်ငံကလဲသူဟာ Band မှာဘယ်လိုအရေးပါလဲ။ Lamb Of God က Bass သမားနံမည် ရော?စသဖြင့်မေးလိုက်ရင်ရုတ် တရတ်တော့တွေဝေသွားမှာအမှန်ပဲဗျ။
ကျနော်တို့ကြိုက်နေတဲ့ Band တွေမှာ Bass သမားတယောက်ရဲ့ အခန်းကဏ္ဍကဘာလဲ၊ support ကဘယ်လိုမျိုးလဲ။သူတို့ရဲ့ Band မှာဘယ်လို Creation တွေလုပ်လဲ? ဒါကိုသိပ်သတိမထားတတ်ကြပါဘူး ...Metal band တော်တော်များများက Bass သမားတွေဟာ အေးဆေးတည်ငြိမ်သလောက်အနည်းင ယ်နားလည်ရခက်တဲ့သူတွေပါ(ကျေ နာ့်အမြင်) နောက်ပီးတော်တော်များများမသိသေးတဲ့အချက်က Metal band တော်တော်များရဲ့Bassသမားတွေ ဟာသီချင်းတပုဒ်ကိုစတည်တဲ့သူ မွေးဖွားတဲ့သူအသက်သွင်းတဲ့သူလည်းဖြစ်နေတတ်ကြပါသေးတယ်။ ဒါပေမယ့် သီချင်းတပုဒ်အောင်မြင်မှုရပီဆိုရင်လဲ ဒါ ငါစပြီး creation လုပ်ထားတဲ့ဟာကွ ဘာညာမျိုးလည်းမသာယာတတ်ကြပါဘူး ရှေ့ကဖန်တီးထားထက်ဟာထက်ပြို ပီးကောင်းအောင်ဖန်တီးဖို့အာ ရုံစိုက်နေတတ်ကြသူများဖြစ်ြ ကပါတယ်။ခုတင်ပြမှာကလဲဒိလိုထူးခြားပီးနားလည်ရခက်တဲ့ဂီတသ မား၊ သြဇာတိက္ကမ ကြီးလှတဲ့#DT က နားလည်ရခက်တဲ့ပဟေဠိ လည်း နည်းနည်းဆန်တဲ့ကိုရီးယားကြီး တယောက်အကြောင်းကိုကျနော်တို့  \\MMUCP// ကနေ ကြိုးစားပြီးလေ့လာထားသမျှလေး ကို မျှဝေပေးလိုက်ပါတယ်။
John Ro Myung နာမည်ကြောင့်ကိုရီးယားမင်းသားလို့မထင်လိုက်ကြပါနဲ့။ မှန်ပါတယ်၊ သူဟာကိုရီးယန်းမိဘတွေကနေမွေးဖွားခဲ့တဲ့ အမေရိကန်ဘေ့စ်သမား တစ်ယောက်၊ ကောင်မလေးတွေအများကြီးရဲ့စကားဝိုင်းတွေမှာ ရေပန်းစားချင်မှ စားလိမ့်မယ်။ ကျနော်တို့တွေ အပတ်စဉ်ကြည့်နေကြတဲ့ ဇာတ်ကားတွေရဲ့ဇာတ်ဆောင်လည်း မဟုတ်ဘူး။ သို့သော် ဂီတနဲ့ပတ်သက်တဲ့ သူ့ရဲ့ကဏ္ဏကတော့အခန်းများစွာ
ဆက်ခဲ့ပြီးပြီ။ 24 Jan 1967 ချီကာဂိုမှာ မှာမွေးခဲ့တဲ့ ဂျွန်မြောင်းဟာ
ဩဇာကြီးမားတဲ့ ခေတ်ဦးမက်တယ်ဘန် Dream Theater ရဲ့ founder bassist
ဖြစ်ပြီးလက်ရှိလည်း တီးခတ်နေတုန်းဗျ။ သူ့ရဲ့ငယ်ဘဝ ၅ နှစ်သားမှာတော့
တယောတီးခဲ့တဲ့ ကောင်လေးတစ်ယောက်ပါ။ အသက် ၁၅ ရောက်တဲ့အခါမှာ ဘန်တစ်ခုမှာ
ဘေ့စ်တီးဖို့ကမ်းလှမ်းခံ ခဲ့ရတာက သူ့ဘဝတစ်ဆစ်ချိုး
အပြောင်းအလဲဖြစ်လာဖို့ပေါ့။ အထက်တန်းကျောင်းပြီးလာတဲ့ အခါမှာ ကျောင်းက သူငယ်ချင်း John Petrucci, နောက်ပိုင်းဘော်ဒါဖြစ်လာတဲ့
Mike Portnoy, အပြင် Kevin Moore, Chris Collins တို့နဲ့ Dream Theater
ဖြစ်လာမယ့် Majesty ကိုအရင်ထောင်ခဲ့ကြတာပါ။ နောက်မှ Dream Theater
လို့ပြောင်းခဲ့ကြတယ်။1985 မှာစတင်ခဲ့တဲ့##DT ဟာသူ့ရဲ့ ပင်တိုင် ဝိုင်း
ဖြစ်ပေမယ့်လဲ John Myung ဟာ progessive Rock band တခုဖြစ်တဲ့ ##Platypus မှာ ကယ်ရီယာ အနေနဲ့ဝင်တီးခဲ့သေးတယ်။၂၀၀၀
ခုနှစ်မှာ Band ပြိုကွဲတော့ ကျန်ခဲ့တဲ့ Band members တွေနဲ့ The Jelly Jam
ဆိုတဲ့ ဝိုင်းအဖြစ်နဲ့ Album 2 ခု အသံသွင်းခဲ့ကြသေးတယ်
အဲ့နောက်ပိုင်းမှာတော့သူဟာ သူ့ရဲ့ပင်တိုင်ဝိုင်း # DT
မှာပဲအာရုံစိုက်ပီးသံယောဇဉ် မပြတ်တဲ့ဘော်ဒါတွေBabdဆီမှာ ရံဖန်ရံခါလောက်သာGuest အနေနဲ့သာ တီးတော့တယ်။
John Myung ဟာအတော်လေးတော့နားလည်ရခက်တဲ့ ဘဲကြီးလို့မြင်ကြတယ်။ Interviewers တွေ Musicians အချင်းချင်းတွေတောင်သူ့ရဲ့စ ကားနည်းမှု။ အနေတည်မှုတွေကြောင့်တော်ရုံ တန်ရုံဆိုရှိန်ကြတယ်ဗျ။
တချို့ကလည်း ဘဝင်မတွေ့ကြဘူးပေါ့။ လူမှုဆက်ဆံရေးညံ့တယ်ဘာညာ ပေါ့ဗျာ။ သူဟာ
စကာနည်းရုံတင်မက ဘူးဗျ။ အမြဲလိုအရယ်အပြုံးမရှိတဲ့မျ က်နှာထားကြီးနဲ့ဆိုတော့သူဟာ ပဟေဠိဆန်တဲ့နားလည်ရခက်တဲ့သူ ကြီးလို့ပြောကြတာလည်းမမှားဘူးဗျ။
သူမှမဟုတ်ပါဘူး #DT က Band member တွေအားလုံးဟာခပ်တည်တည် နေတတ်တဲ့
သူတွေချည်းပဲ။ ကျနော် ကတော့ John Petrucci တယောက်ပဲဒီဝိုင်းမှာ
ဖေါ်ဖေါ်ရွေရွေရှိတဲ့သူတယောက် လို့မြင်တယ်ဗျ။
(ကျနော့်အမြင်ကိုပြောတာပါ) ဒါပေမယ့် John Myung ဟာ ##DT
တို့ရဲ့Documentary DVD တွေ။ သူ့ရဲ့Lesson ခွေတွေမှာတော့သူ့
အပိုင်းနဲ့သူ့တင်ဆက်မှုတွေမှာတော့ စကားပြောလေ့ရှိတယ် (ဆိုလိုတာကတော့မဖြစ်မနေ ပြောတယ်ပေါ့ဗျာ) အဲ့ show တွေဘာတွေမှာတော့သူ့ရဲ့ fan တွေဘာတွေကိုလည်းကောင်းကောင်းမွန်မွန်တော့ဆက်ဆံပါတယ်ဒိလိုနားလည်ရခက်တဲ့ကိုယ့်ဆြာသမားကညားမယ့်ညားတော့လဲ1985
86 လောက်ကဖွဲ့ခဲ့တဲ့ Female Heavy Metal Band ## Meanstrak က ဘေ့စ်
သမားစကီ လေး Lisa Marteys Pace နဲ့ အိမ်ထောင်ပြုခဲ့သဗျ (ကိုယ့်ဆြာက
ဒါတော့တတ်တယ်) အံမယ် သူတင်မကဘူးအဲ့ Band က Rena နဲ့ Marlene တို့ဟာလည်း #
DT guitarist John Petrucci နဲ့ Mike Portnoy (Drummer) တို့နဲ့
ညားကြသေးတယ်ဗျ (အားကျစရာနော့် )
2010 Sep မှာတော့ ၂၅ နှစ်လောက်လက်တွဲခဲ့တဲ့ # DT ရဲ့Drummer Mike Portnoy ထွက်သွားတော့ Band သားတွေတိုင်ပတ်ကြပါလေရော။ အဲ့ဒိမှာ world wide အကောင်းဆုံးထဲကအကောင်းဆုံး Drummer တွေကို invite လုပ်ပြီး # DT အတွက် Audition လုပ်ပြီး drum သမားအသစ်ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒိ Audition ဖြစ်တဲ့ The Spirit Carries On မှာ ခုလက်ရှိ Drummer # Mike Mangini (2011 April to Present) က # DT တို့စိတ်ကျေနပ်မှုအဖြစ်ဆုံး Drummer အဖြစ် blind audition ပါအောင်မြင်ခဲ့ပါတယ်။ Mike Mangini က ကျနော် အတတ်နိုင်ဆုံးစိတ်ကျေနပ်မှု အကောင်းဆုံးပုံစံနဲ့ တီးခဲ့တယ်ဗျာ။ဒါပေမယ့် တပုဒ်တီးပီးတိုင်း ဒီဘဲ (John Myung) ကအေးတိအေးစက်ပုံစံနဲ့ ကျနော့်ကိုလှမ်းလှမ်းကြည့်တာမြင်ရတော့ ငါတီးထားတာဘယ်နေရာမှာစောက်တ လွဲဖြစ်နေပါလိမ့်ဆိုပီးထူထူ ပူပူ ဖြစ်သွားတယ်ဗျဆိုပြီးအရွှန်း ဖေါက်ခဲ့ပါသေးတယ်။အဲ့ဒိ
Audition မှာပဲ Mike Mangini နဲ့ ယှဉ်လိုက်ပီးမှ အရွေးမခံရတဲ့ Drum တီးရင်
မျက်နှာထားကပြုံး ဖြီးဖြီးနဲ့ တီးတတ်တဲ့Time Warp မှာအကောင်းဆုံး drummer
စာရင်းဝင်ထားတဲ့ Germany က drummer #Marco
Minnemann တီးပြတုန်းက John Petrucci ရော Vocal သမား James ရော။
ဒုတိယအနေအတည်ဆုံး KB ဘဲကြီး Jordan Rudess ရောဒီဘဲ တီးတဲ့အခိုက်မှာ
သူ့မျက်နှာပေးကို ကြည့်ပြီးဘယ် လိုမှဆက်တီးမရလောက်အောင် ဟီးဟီးဟားး
ဖြစ်နေကြချိန်မှာတောင် John Myung ဟာပြုံးတုံ့တုံ့ လေးပဲနေခဲ့သဗျ။ John
Myung ဟာ # DT ရဲ့Album တွေဖြစ်တဲ့ 1992 ကထွက်ခဲ့တဲ့ #Images and word ကနေ1999 မှာထွက်ခဲ့တဲ့ # Metropolis Part.2 Scence From A Memory ထိ Album တခုမှာ တပုဒ်လောက်စီသီချင်းစာသားတွေရေးသားဖန်တီးပေးခဲ့သေးသဗျ။ သူဟာ Show တီးခါနီး အထိ Stage နောက်ဘက်မှာ practice လုပ်တုန်းတက်ခဲ့တဲ့Show တခုပြီးသွားရင်လည်းအေးဆေးနွေးထွေးစွာနဲ့ကျေနပ်နေတတ်တဲ့ သူ။
ငယ်သူငယ်ချင်းလည်းဖြစ် Band Mate လည်းဖြစ်။ သူနဲ့သဟဇာတအဖြစ်ဆုံး Guitarist
John Petrucci နဲ့တွဲလို့ Band စတည်ကတည်းကခုချိန်ထိသူတို့ ၂
ယောက်သဘောတူထားတဲ့တနေ့ကိုလေ့ ကျင့်ချိန် ၆ နာရီ မပျက်မကွက်ထားရှိတဲ့အသက် ၄၉ နှစ်ရှိပေမယ့်လည်း Tour တွေမှာတီးတဲ့အခါအမြဲ ဖြတ်လတ်တက်ကြွနေတတ်တဲ့ဂီတအေ ပ်ါသစ္စာ တရားအပြည့်ထားတဲ့ 1992 တည်းကနေခုချိန်ထိ 6 strings Bass ကြီးနဲ့ဗြုတ်နေတဲ့ကိုရီးယား မှော်ဝင် Bass သမားကြီးအဖြစ်နဲ့ #Dream_Theater မှာအတွဲညီညီရှိနေတုန်းပါပဲဗျာ။ A Very Happy Birthday John Myung
Ref: Wiki,Google,DT official web.
\m/ \m/ \m/
Bo Zaw
\\MMUCP//
==================
John Myung ကို 24.01.1967 မှာမွေးခဲ့တော့ဒီနေ့ 24.01.16 ဟာသူ့ရဲ့ ၄၉ နှစ်မြောက်မွေးနေ့ဖြစ်လို့ အမှတ်တရအနေနဲ့တင်ခဲ့ဘူးတဲ့ အပိုင်း ၁-၂ ကိုအစအဆုံးပေါင်းတင်ပေးလိုက
ခင်ဗျားတို့ Rock တွေကြိုက်တယ် Metal တွေကြိုက်တယ်။ ဟုတ်ပီ ဒါဆိုရင်ဒိမှာ world wideသြဇာအရှိဆုံး Band DREAM THEATER ကိုကောင်းကောင်းသိမှာပါ။ သီချင်းတပုဒ်ကို နက်နဲတဲ့ သီအိုရီတွေ MUSIC Creation အဆန်းအပြားတွေနဲ့တည်ဆောက်ထာ
Rock band တွေ မက်တယ် Band တွေအကုန်သိတယ်။ ဥပမာ Corey Taylor လို့ပြောရင် Slipknot ကိုမြင်တယ်။ Slash လို့ဆိုလိုက်တာနဲ့Guns & Roses ကိုပြေးမြင်မယ်။ Synyster Gates ဆိုတာနဲ့ A7X ကိုသိကြမယ်။ ဟုတ်ပါပီ ဒါဆို A7X ကBass သမား ကဘယ်သူလဲ။ ဘယ်နိုင်ငံကလဲသူဟာ Band မှာဘယ်လိုအရေးပါလဲ။ Lamb Of God က Bass သမားနံမည် ရော?စသဖြင့်မေးလိုက်ရင်ရုတ်
ကျနော်တို့ကြိုက်နေတဲ့ Band တွေမှာ Bass သမားတယောက်ရဲ့ အခန်းကဏ္ဍကဘာလဲ၊ support ကဘယ်လိုမျိုးလဲ။သူတို့ရဲ့ Band မှာဘယ်လို Creation တွေလုပ်လဲ? ဒါကိုသိပ်သတိမထားတတ်ကြပါဘူး
John Ro Myung နာမည်ကြောင့်ကိုရီးယားမင်းသ
John Myung ဟာအတော်လေးတော့နားလည်ရခက်တဲ
2010 Sep မှာတော့ ၂၅ နှစ်လောက်လက်တွဲခဲ့တဲ့ # DT ရဲ့Drummer Mike Portnoy ထွက်သွားတော့ Band သားတွေတိုင်ပတ်ကြပါလေရော။ အဲ့ဒိမှာ world wide အကောင်းဆုံးထဲကအကောင်းဆုံး Drummer တွေကို invite လုပ်ပြီး # DT အတွက် Audition လုပ်ပြီး drum သမားအသစ်ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒိ Audition ဖြစ်တဲ့ The Spirit Carries On မှာ ခုလက်ရှိ Drummer # Mike Mangini (2011 April to Present) က # DT တို့စိတ်ကျေနပ်မှုအဖြစ်ဆုံး
Ref: Wiki,Google,DT official web.
\m/ \m/ \m/
Bo Zaw
\\MMUCP//
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။