မျောက်ရှုံးအောင်ဆော့တယ်
*******************
ဒီစကားလေး ကြားဖူးကြမှာပါ
အဲ့ အကြောင်းနဲ့ပတ်သက်ပြီး မိတ်ဆွေတယောက်က ပြောဘူးတာ မျှဝေချင်မိ့
အဲ့ မိတ်ဆွေက အသက်ကြီးမှ အိမ်ထောင်ကျ
ကလေး ရနောက်ကျ ရတဲ့ကလေးက ကျားလေး
ပျော်တာပေါ့
ကလေးက အသက်လေးရလာတော့ အသက်ကုန် ဆော့တာ့ ဆော့တာမှ ပေါက်ကရ
ကိုဆော့တာ အဖေနဲ့ အမေကလည်း တဦးတည်း သားဆိုတော့ အလိုလိုက် ပိုဆိုး
ဘယ်သူမှ မနိုင်ဘူး
တခု ပြောပြမယ့့် သူ့သား ၅ နှစ် ၆နှစ်သား
အိမ်ကို ဧည့်သည်လာရင့့် ဧည့်သည့်တွေ ဖိနပ်
တွေ တဖက်စီ ဖွက်တာ လောက်က အသေးအမွှား ဧည်သည်မှာ အပျိုအရွယ်လေး
ပါရင် မမ အန်တီလေး ခေါ် လူပေါ်ကောက်တက်
ဟယ် ကလေးက အသွက်လေး ဆိုပြီး မချီးမွှန်း
လိုက်နဲ့ ဇတ်ကနဲ့ ဧည့်သည့် နို့ဖမ်းကိုင်
နူတ်ခမ်းကို ကစ်စင်ဖမ်း လုပ်ပါလေ ရော့အများ
ရှေ့ဆိုတော့ သောက်ရှက်ကို ကွဲရော့
ဟော့ ဧည့်သည်မှာ ကလေးတွေပါရင် အစပိုင်း
တော့ ပြုံးပြုံးနဲ့ ဆော့ သိပ်မကြာဘူး
အခန်းထဲ ခေါ် ကြိုးတုတ် ပါးစပ်ကို စူပါဂလူး ကပ်ပစ်တာ့ ဒီတော့ ဧည်သည်တွေ လည်း
မလာရဲ တော့ဘူး
အကြောင်းကိစ္စရှိ လို့ လာရင်တောင် သူပဲ မျက်စိ
ထောင့်ထောက် ကြည့်နေရတာ
အဲ့ လို ဆိုးတာ
ကြာတော့ အဖေနဲ့ အမေလည်း စိတ်ညစ်တာပေါ့
ဒါနဲ့ အဖေအမေက ဝန်ထမ်းဆိုတော့ နယ်ဖက် တာဝန်
ကျရော့ ဟိုရောက်တော့ အဖေက သူသား
လေး ပျင်းနေမှာ ပဲဆို ပြီး အဖော်ရအောင် မျောက် တကောင် ဝယ်ပေး မိတယ် သူ့သားလေး မျောက်နဲ့ ဆော့ ပါစေ ပေါ့
တရက်နှစ်ရက်လောက် က Ok မျောက်ဆော့
သမျှ သူက လိုက်လျော့ ဟော သိပ်မကြာဘူး
တရက် မျောက် ကို အိမ်တိုင် မှာ ကြိုးတုတ်
ကလေးဆော့ လေးခွ နဲ့ ပစ်မှတ်ကျင့်တယ်တဲ့
သူ့ အဖေနဲ့ အမေက ပြန်လာတော့ မျောက်မှာ
မျောက်ရည်နဲ့ မျောက်ခွက် ဖြစ်နေရော
အဖေအမေ ရှေ့ ဆိုရင်တော့ မျောက်ကို ကြင်နာ
ပြသလား မမေးနဲ့
အဖေအမေ မရှိရင် တော့ သေဖို့သာပြင်တော့
တရက် ဘယ်လို လုပ်လိုက်လည်း မသိ
သူအဖေအမေ ပြန်လာ ချိန် မျောက်က လက် ကျိုး နေတာ တွေ့တယ့့် အော်တာပေါ့
သူ့အဖေ က မေးတယ် မင်း ဘယ်လို လုပ်တာ
လည်း ပေါ့
သူ့ သားက ဖြေတယ့်
ဘာမှ မလုပ်ပါဘူး အဖေ ရယ်
သားကြီး ကြီးလာရင် ဆရာဝန်ကြီး လုပ်မှာဆိုတော့ သူ လက်ကို အစမ်း ချိုးကြည့်
တာ့ ပြီးမှ ပြန်ကုပေး မလို့ ဟာကို
ဒီကောင်က အကိုင်မခံပဲ အဖေရှေ့ ပဲများနေ
တာတဲ့
ကဲ ဗျာ ဒီလို ခလေးမျိုး တွေ့ဘူးကြလား
ခုတော့ သူလည်း အရွယ်ရောက်ပြီ ထင်ပါတယ်
ဘာတွေ ဖြစ်နေလည်း မသိတော့
ကဲ မျောက်ရှုံး အောင် ဆော့တဲ့ စကား
ယုံ လိုက်တယ် ဗျာ့
မှတ်စုကြမ်း #kazaw

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။