Thiha Min Wai added 5 new photos.
ဆရာ ဆရာမတွေကလဲ ကဗျာရဲ့ အဓိပ္ပါယ်ကို ရှင်းမပြခဲ့ဘူး။ စော်ကားတာမဟုတ်ပေမယ့် တချို့ဆရာများ ကိုယ်တိုင်ကိုက ကဗျာတွေရဲ့ အဓိပ္ပါယ်ကို နားမလည်တာတွေ ရှိခဲ့ပါတယ်။ ဒီလိုနဲ့......အဖိုးတန်တဲ့ ကဗျာများစွာကို ဝေလေလေ နဲ့ ကုန်းအော်ခဲ့ရတယ်။
ကျနော်ဟာ အဲ့လိုပညာရေး စနစ်ကနေ ကြီးပြင်းခဲ့ရတယ်။
**** ဖိုးဆော်ကဲ ***
လွမ်းမပြေ မန်းမြေ တမိတော့
ကမ်းခြေ မှာ စမ်းရေ ကျတယ် နှင့်
ဖျန်းလေ က တသုန်သုန်
တဲတဖက်
ဆွဲဖျက်ကာ အလျင်လို ရော့ထင့်
ကရင်အို ယာပြင်ကြီး မှာ
မီးထည့် ကာလှုံ
မပူပေါင်
နောက်ဆီ က ချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည် ကြမ်းကိုလှ
လွှမ်းတဲ့လို့ လွှားကာခြုံ
ပါးမှာ ငုံပါလို့ နုရွှေကွမ်း
ဆေးအိပ်ကို လျှို
ဆေးလိပ်တို နားမှာ ထိုးပါလို့
တောင်ရိုးမှာ ဘာသာ ပျော်ကြ
အမိုးခေါ် ဖိုးဆော်ကဲ တို့မှာ
ကွင်းအငူ နှင်းမြူမှ မစဲခင်က
တဲဖျက်တဲ့လမ်း ...။ ။
ဦးကြင်ဥ
( ၁၈၁၉ - ၁၈၅၃ )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။